နိုဝင်ဘာလ ၁၇ရက်နေ့က Junction Square တွင် ကျင်းပသော Fashion Week 2012ရှိုးမှာ ထက်ထက်မိုးဦး ပါဝင်ခဲ့ပါတယ်။ အဆိုပါပွဲပြီးတဲ့နောက် ထက်ထက်မိုးဦး တစ်ယောက် အပြင်းဖျားနေခဲ့ ပါတယ်။ ဒီ့နောက် နိုဝင်ဘာ ၁၈ ရက်နေ့ ဝီတိုရိယဆေးရုံမှာ ထက်ထက်မိုးဦး ဆေးဝါးကုသမှု ခံယူခဲ့ပါတယ်။ ထက်ထက်မိုးဦးက စိတ်ပူပန် နေတဲ့ သူ့ပရိသတ်အတွက် စိတ်ပူစရာမရှိ ကြောင်း ပေါ်ပြူလာဂျာနယ်က တစ်ဆင့် ပြောကြားပေးခဲ့ပါတယ်။
ကြော်ငြာများ၊ ဇာတ်ကားများအပြင် ဖက်ရှင်ရှိုးပွဲ တော်တော် များများ လျှောက်ဖြစ်နေတဲ့အတွက် ကျန်းမာရေးနဲ့ ပတ်သက်ပြီး “ခုတော့ ကိုယ်ရေစစ်အောင် တော်တော်လေး ကြိုးစားနေတယ်။ အိမ်မှာရှိတဲ့ အပြေးစက်နဲ့ လေ့ကျင့်ခန်း လုပ်တယ်။ တခြားနည်းလမ်းတွေက ထက်ထက် ကျန်းမာရေးနဲ့ သိပ်အဆင်မပြေဘူး။ ဆေးသောက်တာတို့၊ အစားမစားတာတို့က အဆင်မပြေဘူး။ အစားလျှော့လိုက်ပြီ ဆိုတာနဲ့ ချက်ချင်းအားနည်းပြီး အဖျားဝင်တတ်တယ်။ အခုဆိုရင် အသည်းမှာ အင်ဇိုင်းများလို့ ဆေးတွေသောက်နေတယ်။ အဲဒီဆေးတွေ သောက်နေတဲ့အချိန်ဆို ထမင်း သိပ်မစားချင်ဘူး။ အဲဒီလို အစားမစားတာများရင် အားနည်းလာရော၊ ဒါကြောင့်တစ်နေ့ကို ၁နာရီ၊ ၂နာရီ လောက်တော့ အပြေးစက်ပေါ်မှာ လမ်းလျှောက်ဖြစ်တယ်”လို့ ထက်ထက်မိုးဦးက ပြောပါတယ်။နိုဝင်ဘာလ၂၉ရက်နေ့ တောင်ငူမှာရှိတဲ့ကောင်းသန့်ဟိန်းသင်္ကန်းဆိုင်ဖွင့်ပွဲကို ထက်ထက်မိုးဦးတို့ မိသားစုလိုက်သွားဖို့ရှိပြီး ဒီဇင်ဘာ ၂ ရက်နေ့မှာ ဒါရိုက်တာ လွင်မင်းရိုက်ကူးမယ့် Beauty ခေါင်းလျှော်ရည်ကြော်ငြာ၊ဒီဇင်ဘာ ၃ရက်နေ့မှာJ D2ကြော်ငြာရိုက်ဖို့ရှိကြောင်းသိရပါတယ်။ Beauty ခေါင်းလျှော် ရည်ကြော်ငြာနဲ့D2ကြော်ငြာကို သရုပ်ဆောင်ခန့်စည် သူနဲ့အတူရိုက်ကူးမှာဖြစ်ပါတယ်။ ကောင်းသန့်ဟိန်းသင်္ကန်းဆိုင် ကြော်ငြာအပြီး ဒုတိယအကြိမ် ကြော်ငြာ ရိုက်ကွင်းပေါ်မှာ ခန့်စည်သူနဲ့တွေ့ဆုံခြင်းဖြစ်ပါတယ်။”မနှစ်က အကယ်ဒမီပွဲတက် ဝတ်စုံကိုတော့မန္တလေးက ကိုတင်မောင်ခိုင် စီစဉ်ပေးတာ ဝတ်ဖြစ်တယ်။ ဒီနှစ် အကယ်ဒမီ ပွဲတက်ဝတ်စုံကို ခုချိန်ထိ မစဉ်းစားရသေးဘူး။ aromaကပဲ စီစဉ်ပေးဖို့ များတယ်”လို့ ထက်ထက်မိုးဦးကပြောပါယ်။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။