Fashion Week 2012 ပွဲမှာ ရှိုးလျှောက်ခဲ့တဲ့ သန္တာ ဗိုက အနုပညာလှုပ်ရှားမှု အနေနဲ့လောလောဆယ်မှာတော့ကျောင်းစာမေးပွဲရှိနေတဲ့အတွက် ၂လ နားထား ကြောင်းပြောပါတယ်။
အစ်မဖြစ်သူ ချောရတနာရဲ့ မင်္ဂလာပွဲ (ဒင်နာ)မှာလည်း ပန်းကြဲမယ့်သန္တာဗိုက အစ်မအိမ်ထောင်ပြု ပြီးသွားတဲ့ အခါမှာလည်းအနုပညာအလုပ် ကိုကူညီပံ့ပိုးပေးမယ်ထင်ကြောင်း၊အစ်မ ဖြစ် သူမင်္ဂလာဆောင်တော့မှာဖြစ်တဲ့အတွက်ကြောင့်စိတ်ထဲမှာဝမ်း နည်းမိကြောင်းပြောပါတယ်။
အစ်မဖြစ်သူ ချောရတနာရဲ့ မင်္ဂလာပွဲ (ဒင်နာ)မှာလည်း ပန်းကြဲမယ့်သန္တာဗိုက အစ်မအိမ်ထောင်ပြု ပြီးသွားတဲ့ အခါမှာလည်းအနုပညာအလုပ် ကိုကူညီပံ့ပိုးပေးမယ်ထင်ကြောင်း၊အစ်မ ဖြစ် သူမင်္ဂလာဆောင်တော့မှာဖြစ်တဲ့အတွက်ကြောင့်စိတ်ထဲမှာဝမ်း နည်းမိကြောင်းပြောပါတယ်။
“သူနဲ့ တစ်အိမ်တည်းမှာ အကြာကြီး အတူတူနေလာပြီးတော့မှ ခွဲရ တော့မှာဖြစ်တဲ့အတွက် ဝမ်းနည်းတယ်။ ဒါပေမဲ့ မတွေ့ရတော့တဲ့သူမှ မဟုတ်တာ။ တွေ့ရမှာ ပဲ။ နွေးနွေးထွေးထွေးနေလာပြီးမှ ခွဲထွက်သွားမှာဆို တော့ဝမ်းနည်းတယ်။ သူအိမ်ထောင်ပြု သွားတဲ့အခါမှာလည်း အမြဲတမ်း ကူညီပံ့ပိုးပေးမှာပါ။ စလုပ်ကတည်းက ပံ့ပိုးပြီးလုပ်ပေးတယ်။ နောက်ပိုင်း လည်း ကူညီပံ့ပိုးပေးမယ်လို့ ထင်ပါတယ်” လို့ ပြောပါတယ်။သရုပ်ဆောင်အပြင်ကြော်ငြာပါအရိုက်များလာတဲ့ သန္တာဗိုက ကိုယ် နဲ့အ ဆင်ပြေမယ်ဆိုရင်တော့ ကြော်ငြာတွေကို လက်ခံဖြစ်ကြောင်း သူ့ အတွက် နှစ်ခုစလုံးက ခက်ခဲကြောင်း ပြောပါတယ်။”ကြော်ငြာက သီချင်းလေးဆိုပြီး ပေါ့ပေါ့ပါးပါးေ လးလုပ်ရုံပဲ။ ဒါပေမဲ့ နှစ်ခုစလုံးက ခက်ခဲပါတယ်။ လွယ်ကူတယ်ဆိုတာမရှိပါ ဘူး။ ဗီဒီယိုပိုင်းကျတော့ ဒိုင်ယာလော့ခ်လည်း ကျက်ရတယ်။ ကိုယ့် ရဲ့အိုက်တင်ကိုလည်း မု(ဒ်)သွင်းရတယ်။ ညီမအနေနဲ့တော့ အား လုံးခက်ခဲတယ်။အဆိုပိုင်းဆိုလည်း အဆိုပိုင်း၊ သရုပ်ဆောင်ဆိုလည်း သရုပ်ဆောင်အလျောက်ခက်ခဲပါတယ်”လို့ ပြောတဲ့ သန္တာဗိုကို နောက်ပိုင်းမှာ ပရိသတ်တွေအနေနဲ့ ဘယ်ဘက်မှာ ပိုပြီး မြင် တွေ့နိုင်မလဲ ဆိုတာကို မေးကြည့်တော့… “ညီမအကုန်လုံးတော့ လုပ်သွားမှာပါ။ အခွင့်အရေးရ ရင် ရသလိုလုပ်သွားမှာပါ။ သီချင်းကိုလည်း အားစိုက်ပြီးတော့ လုပ်သွားမယ်။ အဓိကကတော့ အဆိုဘက်ကို အားထားပြီး လုပ်သွားမယ်”လို့ ပြောပါတယ်။ သန္တာဗိုရဲ့ ပထမဦးဆုံးတစ် ကိုယ်တော်အခွေကိုလည်း ဘယ်နေ့ထွက်ရှိမလဲဆိုတာကို ပရိသတ်တွေအနေနဲ့စောင့်စားနေကြပါတယ်။စီးရီး ထွက် ရှိဖို့ကြန့်ကြာနေရခြင်းနဲ့ပတ်သ က်ပြီးသန္တာဗိုက… ”အဲဒါတော့ အတိအကျပြောလို့မရပါဘူး။ ကိုယ်က ပြောထားပြီးမှ မထွက်လို့ရှိရင် မကောင်းဘူးလေ။ တကယ့်ကို အတိအကျရက်တွေရွေးပြီးတော့ မှ ပြောပြချင်တယ်။ ညီမစီးရီးလုပ်တာ ၂နှစ်လောက် တောင်ရှိနေပြီ။ ခရီးတွေ သွားလိုက်တာနဲ့ ရပ်သွား တာ။ အခုတော့ကြိုးစားပြီးတော့ အကောင်းဆုံးလုပ်နေပြီ”ပြော ပါတယ်။
တွယ်တာ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။