လတ်တလောက လက်ခံထားတဲ့ ရှိုးတွေဆိုဖြစ်တယ်။ ကမ်းလှမ်းထားတဲ့ အတွဲခွေတွေမှာ ၀င်ဆိုထားတယ်။ ပြည်ပမှာ နေထိုင်တုန်းက သင်္ကြန်နဲ့ သီတင်းကျွတ်အချိန်မျိုးဆို မြန်မာနိုင်ငံကို သတိရဆုံးပဲ။ အခု Facebook ပေါ်လာတဲ့နောက်ပိုင်းပရိသတ်တွေက ကိုယ့် Wall ပေါ်မှာ “သီတင်းကျွတ်ညလေးတစ်ည” သီချင်းလေးကို ပြန်တင်ပေးကြတယ်။
အဲဒီအချိန်မျိုးမှာ ပရိသတ်ကို ပိုလွမ်းသလို ကိုယ့်ကိုပရိသတ်တွေက အားပေးနေတယ် ဆိုတာသိရတော့ ရန်ကုန်ပြန်လာပြီး သီချင်းတွေ ပြန်လာဆိုချင်တယ်။ သီချင်းဆိုနေရတဲ့ အချိန်ဆို ရန်ကုန်ကို သတိအရဆုံးပဲ။
ယုတို့ငယ်ငယ်တုန်းက အိမ်ထောင်မကျခင်တုန်းက မိဘတွေနဲ့ နေတာဆိုတော့ စီးပွားရေးလုပ်ဖို့လည်း စိတ်ကူးမရှိခဲ့ဘူး။ ကိုယ်က ကလေးလေးလိုပဲ။ သီချင်းဆိုတယ်။ အနုပညာနဲ့ပဲ ရပ်တည်ခဲ့တာပေါ့။ အခု အိမ်ထောင်ကျပြီးနောက်ပိုင်း ရန်ကုန်ကို ပြန်အခြေချလာတဲ့အချိန်မှာ အနုပညာတစ်ခုတည်းနဲ့တော့ မရပ်တည်ချင်တော့ဘူး။ ရေရှည်အတွက် စဉ်းစားပြီး စီးပွားရေးလုပ်နေတယ်။ ဖက်ရှင်နဲ့ ပတ်သက်တဲ့ဆိုင်လေးကို နောက်လမှာ ပုဂံမှာစဖွင့်မယ်။ ဆိုင်နာမည်ကိုတော့ YARRA လို့ ပေးထားတယ်။ အစ်မကိုယ်တိုင်လည်း ဖက်ရှင်ကို စိတ်ဝင်စားတယ်။ အခုနောက်ပိုင်း တိုးရစ်တွေလည်း များလာပြီဆိုတော့ သူတို့စိတ်ဝင်စားမယ့် ဒီဇိုင်းမျိုးနဲ့ မြန်မာပြည်က ချည်ထည်တွေနဲ့ပေါင်းပြီး ဒီဇိုင်းလေးတွေ ဖန်တီးမယ်ဆိုတဲ့ ရည်ရွယ်ချက်လေးနဲ့ ဖွင့်ဖြစ်တာပါ။ ပုဂံမှာ ဖွင့်ဖြစ်သွားတာက အစ်မဆိုင်က နိုင်ငံခြားသားတွေကို အဓိကပစ်မှတ်ထားတဲ့ အတွက်ကြောင့်ပါ။ နောက်ပိုင်း ရန်ကုန်မှာ ဆိုင်ခွဲဖွင့်ဖို့လည်း စဉ်းစားထားပါတယ်။
Ref: 8 Days Journalhttp://www.delodelo.com/news/yuzana-to-open-a-fashion-shop-in-bagan/
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။