#တန်ဖိုးထားပါ
ရှုံးနိမ့်ဖူးသူမှသာ အောင်မြင်မှု အသီးအပွင့်ရဲ့ ချိုမြိန်မှုကို
ပိုပြီးတန်းဖိုးထား အရသာ ခံတတ်တယ်။
လမ်းပျောက်ဖူးသူမှသာ
လမ်းမှန်ကို
လျှောက်ရခြင်းရဲ့ တန်းဖိုးကို မြင်တတ် တန်ဖိုးထားတတ်မယ်။
နာနာကျင်ကျင် ငိုဖူးတဲ့ သူမှသာ
လှိုက်လှိုက်လှဲလှဲ ပျော်ရွှင်ရယ်မောခြင်းရဲ့ တန်ဖိုးကို ပိုပြီး မြတ်နိုးနှစ်ခြိုက်ရကောင်းမှန်း သိတယ်။
နောက်ကျဖူးတဲ့ ဒုက္ခကို ကြုံတွေ့ရဖူးမှသာ
အချိန်မီခြင်းရဲ့ တန်ဖိုးကို လေးစားတန်ဖိုးထားရကောင်းမှန်း ပိုသိလာတယ်။
အဲဒါ ဘာကြောင့်လဲ ဆိုရင်
ကျနော်တို့တွေ ဟာ ဒုက္ခ နဲ့ တွေ့မှ ကြုံဖူးမှ ဆင်ခြင်တတ်ကြတာမျိုးမို့ပါ။ "ခလုတ်ထိမှ အမိတ"ဆိုသလိုမျိုးလေ....။
တခြားအချိန်တွေမှာတော့ တန်ဖိုးထားအပ်သော အရာတွေကို သတိမပြု ဂရုမမူ မိ ကြတော့ပါဘူး။
အဲ့ဒီလို သိမြင်ဖို့ တန်ဖိုးထားတတ်ဖို့ အတွက်
ကျနော်တို့......
ရှုံးနိမ့်ဖို့.....
လမ်းပျောက်ဖို့.....
ငိုကြွေးဖို့...
နောက်ကျ ဖို့ ..... မလိုအပ်ပါဘူး...။
ကျနော်တို့လက်ထဲမှာရှိနေတဲ့ တန်ဖိုးထားအပ်တဲ့ တန်ဖိုးထားသင့်တဲ့ ကောင်းသောအမူအကျင့် အလုပ်အကိုင် အောင်မြင်မှု တွေကို
တန်ဖိုးထား မြတ်နိုးတတ်ဖို့ လိုအပ်ပါတယ်။
အဲ့ဒီလိုတန်ဖိုးထားဖို့
မေ့လျော့ မှုတွေကနေ ကျနော်တို့ဆီက ကောင်းတဲ့အမူအကျင့် တန်ဖိုးကြီးတဲ့ အောင်မြင်မှုတွေဟာ ဆုံးရှုံးပျောက်ကွယ် သွားတတ်ကြပါတယ်။
ဓား ဆိုတာ သွေးနေမှ ထက် သလိုမျိုး
ထက်နေမှ တန်ဖိုးထား နှစ်သက်စရာ ကောင်းတာပါ။
အဲ့ ဒီလို ထက် နေဖို့အတွက်က
ကျနော်တို့တွေ "သွေး" နေဖို့ လိုအပ်ပါတယ်။
"တုံး" သွားကာမှ "ထက်မြက်မှု" ရဲ့ တန်ဖိုးကို တ,သ နေမတဲ့လား။
မတုံးအောင် ဂရုတစိုက် သွေးနေမှသာ အမြဲတမ်း ထက်မြက်နေတဲ့ ဓားတစ်လက်ကို သင် ပိုင်ဆိုင်နိုင်မှာပါ။
သတိ
ကျနော်တို့တွေဆီမှာ ရှိတဲ့ ကောင်းမွန်သော တန်ဖိုး ထားအပ်တဲ့ အရာတွေကို သင် ဂရုတစိုက် တန်ဖိုးထားပေးဖို့ မမေ့ပါနဲ့....။
#Sayarlay(DDE)
ပြောင်းလဲချင်သူ အောင်မြင်ချင်သူများအတွက်
ရှုံးနိမ့်ဖူးသူမှသာ အောင်မြင်မှု အသီးအပွင့်ရဲ့ ချိုမြိန်မှုကို
ပိုပြီးတန်းဖိုးထား အရသာ ခံတတ်တယ်။
လမ်းပျောက်ဖူးသူမှသာ
လမ်းမှန်ကို
လျှောက်ရခြင်းရဲ့ တန်းဖိုးကို မြင်တတ် တန်ဖိုးထားတတ်မယ်။
နာနာကျင်ကျင် ငိုဖူးတဲ့ သူမှသာ
လှိုက်လှိုက်လှဲလှဲ ပျော်ရွှင်ရယ်မောခြင်းရဲ့ တန်ဖိုးကို ပိုပြီး မြတ်နိုးနှစ်ခြိုက်ရကောင်းမ
နောက်ကျဖူးတဲ့ ဒုက္ခကို ကြုံတွေ့ရဖူးမှသာ
အချိန်မီခြင်းရဲ့ တန်ဖိုးကို လေးစားတန်ဖိုးထားရကောင်းမှန
အဲဒါ ဘာကြောင့်လဲ ဆိုရင်
ကျနော်တို့တွေ ဟာ ဒုက္ခ နဲ့ တွေ့မှ ကြုံဖူးမှ ဆင်ခြင်တတ်ကြတာမျိုးမို့ပါ။
တခြားအချိန်တွေမှာတော့ တန်ဖိုးထားအပ်သော အရာတွေကို သတိမပြု ဂရုမမူ မိ ကြတော့ပါဘူး။
အဲ့ဒီလို သိမြင်ဖို့ တန်ဖိုးထားတတ်ဖို့ အတွက်
ကျနော်တို့......
ရှုံးနိမ့်ဖို့.....
လမ်းပျောက်ဖို့.....
ငိုကြွေးဖို့...
နောက်ကျ ဖို့ ..... မလိုအပ်ပါဘူး...။
ကျနော်တို့လက်ထဲမှာရှိနေတဲ့
တန်ဖိုးထား မြတ်နိုးတတ်ဖို့ လိုအပ်ပါတယ်။
အဲ့ဒီလိုတန်ဖိုးထားဖို့
မေ့လျော့ မှုတွေကနေ ကျနော်တို့ဆီက ကောင်းတဲ့အမူအကျင့် တန်ဖိုးကြီးတဲ့ အောင်မြင်မှုတွေဟာ ဆုံးရှုံးပျောက်ကွယ် သွားတတ်ကြပါတယ်။
ဓား ဆိုတာ သွေးနေမှ ထက် သလိုမျိုး
ထက်နေမှ တန်ဖိုးထား နှစ်သက်စရာ ကောင်းတာပါ။
အဲ့ ဒီလို ထက် နေဖို့အတွက်က
ကျနော်တို့တွေ "သွေး" နေဖို့ လိုအပ်ပါတယ်။
"တုံး" သွားကာမှ "ထက်မြက်မှု" ရဲ့ တန်ဖိုးကို တ,သ နေမတဲ့လား။
မတုံးအောင် ဂရုတစိုက် သွေးနေမှသာ အမြဲတမ်း ထက်မြက်နေတဲ့ ဓားတစ်လက်ကို သင် ပိုင်ဆိုင်နိုင်မှာပါ။
သတိ
ကျနော်တို့တွေဆီမှာ ရှိတဲ့ ကောင်းမွန်သော တန်ဖိုး ထားအပ်တဲ့ အရာတွေကို သင် ဂရုတစိုက် တန်ဖိုးထားပေးဖို့ မမေ့ပါနဲ့....။
#Sayarlay(DDE)
ပြောင်းလဲချင်သူ အောင်မြင်ချင်သူများအတွက်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။