ဦးပေါ်ဦးရဲ့ ဒေသ အညာအလှ ဟာသများ
အရင်ဆုံးထွက်တဲ့ ကား
။။။။။။။။။။။။။။။။။။။။
"အရင်ဆုံးထွက်တဲ့ ကားနဲ့ လိုက်ခဲ့ပါဆို ဒီကားက အရင်ဆုံး ထွက်တာပဲဗျ"
ဖိုးလေးပျင်းရဲ့သား အငယ်ဆုံး "မောင်ပိတ်" တဲ့။ သူက လမ်းဗိုလ်ဆီမှာ အလုပ်သင် ဝင်လုပ်သည်။
လမ်းဗိုလ်ဆိုတာ လမ်းခင်းတဲ့ အင်ဂျင်နီယာကို ခေါ်ကြတာပါ။
တစ်ရက်တော့ လမ်းဗိုလ်က အရေးကြီးတဲ့ စက်ပစ္စည်း တစ်ခုလိုလို့  မောင်ပိတ်ကို တန့်ဆည် လမ်းဆုံမြို့ကို သွား အဝယ်ခိုင်းပါတယ်။
အရေးကြီးတာမို့  အမြန် ပြန်ရောက်အောင် "အရင်ဆုံး ထွက်တဲ့ ကားကို တက်စီးခဲ့ " ဟု သေချာ မှာလိုက်ပါသတဲ့။
မောင်ပိတ်ကလည်း သေချာ မှတ်သားပြီး တန့်ဆည် လမ်းဆုံမြို့ အရောက်သွား ပစ္စည်းကလဲ ဝယ်လို့ ရပါတယ်၊ ဒါနဲ့ ပစ္စည်းနဲ့ ကားဂိတ် ရောက်တော့ အရင်ဆုံး ထွက်မဲ့ကား စောင့်နေတုန်း ကျောက်ကြိတ်စက် ကားကြီးက ရှေ.ဆုံးက ထွက်လာတော့ မောင်ပိတ်လဲ တက်လိုက်လာခဲ့ပါရော။
တလိမ့်လိမ့် တစ်နာရီမှ ၂ မိုင် နှုန်းနဲ့ ကျောက်ကြိတ်စက် ကားကြီးနဲ့ မိုးချုပ်ပါမှ လမ်းရုံး ဗိုလ်တဲ ပြန်ရောက် ပါသတဲ့။
လမ်းဗိုလ်က ဆီးကြိုကာ "မောင်ပိတ်ရာ အရေးကြီးပါတယ်ဆို မြန်မြန်ပြန် မလာဘူးကွာ"
ဆူငေါက်ပါလေရော။ အဲဒီမှာ မောင်ပိတ် ပြန်ပြောပုံကတော့
"အရင်ဆုံး ထွက်တဲ့ကား နဲ့ လိုက်ခဲ့ပါဆို၊ ဒီကားက အရင်ဆုံး ထွက်တာပဲဗျ" တဲ့။
ယခုခေတ်မှာလည်း အရင်ဆုံး ရောက်ချင်တဲ့သူတွေ နောက်ကျနေတာတွေ တွေ့နေရတယ်ဗျ။
Photo credit

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။