အိမ်မက်တွေကို တိုက်စားတတ်တဲ့မနက်ဖြန်
=========================
မနက်ဖြန်ဆိုတာ အရမ်းပေးလို့ကောင်းတဲ့ ဆင်ခြေတစ်ခုပါ။
လူတိုင်းလည်း မနက်ဖြန်မှလုပ်မယ်ဆိုတဲ့ ဆင်ခြေပေးဖူးမှာ
ပါ။ ကျွန်တော်လည်း ပေးဖူးပါတယ်။ ဒါပေမယ့် မနက်ဖြန်နဲ့
ကိုင်ပေါက်တာများနေပြီး ဘာမှဖြစ်ဖြစ်မြောက်မြောက်မြ ပီး
သေးဘူးဆိုရင်တော့ သင်စိုးရိမ်သင့်ပါပြီ။
လူဆိုတာ ပျင်းတတ်တဲ့အမျိုးပါ။ ပုံမှန်ပျင်းတာ ဘာမှမဖြစ်
သေးပါဘူး။ ဒါပေမယ့် အပျင်းရောဂါကပ်သွားပြီဆိုရင်တော့
ပျောက်အောင်ကုဖို့အချိန်ကြာ တတ်ပါတယ်။ ဘာမှလည်း
မလုပ်ချင်။ တစ်ခုခုလုပ်တော့လည်း စိတ်မပါ။ လုပ်လိုက်
သမျှလည်း အရာမထင် နောက်ဆုံးတော့ ပြန်ပျင်းသည်။
ဒီလိုနဲ့ အပျင်းသံသရာစက်ဝိုင်းထဲမှာ လည်ပတ်ပြီးပြန်ထွက်
မရတဲ့သူဖြစ်သွားတတ်ပါတယ်။ ဒါဟာ အမှန်ပြောရရင်
ကြောက်ဖို့ကောင်းပါတယ်။ အခုအချိန်မှာ သိပ်ပြီးတော့
ထင်ထင်ရှားရှား မရှိသေးပေမယ့် အချိန်ကြာလာတာနဲ့
အမျှ နောက်မှာကျန်ခဲ့ပြီး Depression တွေဝင်လာတတ်
ပါတယ်။
တကယ်က အပျင်းဆိုတဲ့ အနာစပေါက်ချိန်မှာ မနက်ဖြန်
ဆိုတဲ့ ဆေးပဲ ထိုင်ထည့်နေခဲ့လို့ပါ။ သူများတွေ ဘဝမှာ
တစ်စုံတစ်ခု အောင်မြင်တဲ့အချိန်ကျမှ နောင်တရပြီး
အားငယ်စိတ်တွေဝင်လာပါလိမ့်မ ယ်။ အဲ့ဒီလိုအချိန်မှာ
ကုသရတာပိုခက်ပါတယ်။ အနာဟာ နုတုန်းကုတာ
အကောင်းဆုံးပါပဲ။ ရင့်သွားမှကုတဲ့သူတွေဟာ အခန့်
မသင့်ရင် ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ဆုံးရှုံးရတတ်
ပါတယ်။ တစ်ခါတစ်လေ အသက်အန္တရာယ်တောင်ရှိပါ
တယ်။ သင့်ရဲ့အပျင်းကိုလည်း မကုရင် သင့်အပျင်းက
သင့်ဘဝကို လှိုက်စားသွားပါလိမ့်မယ်။ အပျင်းဟာ
ကြာလေ ကုသရခက်လေ ဆိုတာ မမေ့ပါနဲ့။ မနက်ဖြန်
ဆိုတဲ့ ဆေးပဲ မထည့်နေပါနဲ့။ လုပ်စရာရှိတာကို စလုပ်
ပါ။ ဟိုနေ့လုပ်မယ် ဒီနေ့လုပ်မယ်ဆိုပြီး ဆင်ခြေပေးတာ
တွေ တတ်နိုင်သလောက်ရပ်တန့်သင့် ပါတယ်။
ရောင်ခြည်သန်းတဲ့မနက်ဖြန်ကို ဒီနေ့မှာသင်မကြိုးစားပဲ
နဲ့ မြင်ရမှာမဟုတ်ပါဘူး။
Credit to #မိုးရှင်း (I.M.T) ရေးသားသည်။
=========================
မနက်ဖြန်ဆိုတာ အရမ်းပေးလို့ကောင်းတဲ့ ဆင်ခြေတစ်ခုပါ။
လူတိုင်းလည်း မနက်ဖြန်မှလုပ်မယ်ဆိုတဲ့ ဆင်ခြေပေးဖူးမှာ
ပါ။ ကျွန်တော်လည်း ပေးဖူးပါတယ်။ ဒါပေမယ့် မနက်ဖြန်နဲ့
ကိုင်ပေါက်တာများနေပြီး ဘာမှဖြစ်ဖြစ်မြောက်မြောက်မြ
သေးဘူးဆိုရင်တော့ သင်စိုးရိမ်သင့်ပါပြီ။
လူဆိုတာ ပျင်းတတ်တဲ့အမျိုးပါ။ ပုံမှန်ပျင်းတာ ဘာမှမဖြစ်
သေးပါဘူး။ ဒါပေမယ့် အပျင်းရောဂါကပ်သွားပြီဆိုရင
ပျောက်အောင်ကုဖို့အချိန်ကြာ
မလုပ်ချင်။ တစ်ခုခုလုပ်တော့လည်း စိတ်မပါ။ လုပ်လိုက်
သမျှလည်း အရာမထင် နောက်ဆုံးတော့ ပြန်ပျင်းသည်။
ဒီလိုနဲ့ အပျင်းသံသရာစက်ဝိုင်းထဲမှာ လည်ပတ်ပြီးပြန်ထွက်
မရတဲ့သူဖြစ်သွားတတ်ပါတယ်။ ဒါဟာ အမှန်ပြောရရင်
ကြောက်ဖို့ကောင်းပါတယ်။ အခုအချိန်မှာ သိပ်ပြီးတော့
ထင်ထင်ရှားရှား မရှိသေးပေမယ့် အချိန်ကြာလာတာနဲ့
အမျှ နောက်မှာကျန်ခဲ့ပြီး Depression တွေဝင်လာတတ်
ပါတယ်။
တကယ်က အပျင်းဆိုတဲ့ အနာစပေါက်ချိန်မှာ မနက်ဖြန်
ဆိုတဲ့ ဆေးပဲ ထိုင်ထည့်နေခဲ့လို့ပါ။ သူများတွေ ဘဝမှာ
တစ်စုံတစ်ခု အောင်မြင်တဲ့အချိန်ကျမှ နောင်တရပြီး
အားငယ်စိတ်တွေဝင်လာပါလိမ့်မ
ကုသရတာပိုခက်ပါတယ်။ အနာဟာ နုတုန်းကုတာ
အကောင်းဆုံးပါပဲ။ ရင့်သွားမှကုတဲ့သူတွေဟာ အခန့်
မသင့်ရင် ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ဆုံးရှုံးရတတ်
ပါတယ်။ တစ်ခါတစ်လေ အသက်အန္တရာယ်တောင်ရှိပါ
တယ်။ သင့်ရဲ့အပျင်းကိုလည်း မကုရင် သင့်အပျင်းက
သင့်ဘဝကို လှိုက်စားသွားပါလိမ့်မယ်။ အပျင်းဟာ
ကြာလေ ကုသရခက်လေ ဆိုတာ မမေ့ပါနဲ့။ မနက်ဖြန်
ဆိုတဲ့ ဆေးပဲ မထည့်နေပါနဲ့။ လုပ်စရာရှိတာကို စလုပ်
ပါ။ ဟိုနေ့လုပ်မယ် ဒီနေ့လုပ်မယ်ဆိုပြီး ဆင်ခြေပေးတာ
တွေ တတ်နိုင်သလောက်ရပ်တန့်သင်
ရောင်ခြည်သန်းတဲ့မနက်ဖြန်ကိ
နဲ့ မြင်ရမှာမဟုတ်ပါဘူး။
Credit to #မိုးရှင်း (I.M.T) ရေးသားသည်။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။