"ရထား ၃၃"ကို မောင်းနှင်ခဲ့သော စိုင်းလေး
2014 ခုနှစ်ဟာ ရော့ခ်ဂီတချစ်သူများအတွက် ကျေနပ်အားရစရာ နှစ်တစ်နှစ်ပါ။ လူဟောင်းတွေဆီက အသစ်တွေရခဲ့သလို အသစ်တွေဆီက ရသအသစ်တွေ ရခဲ့ပါတယ်။ ကျေနပ်အားရစရာကောင်းသော ကျွန်တော့်ရဲ့သောတရုံကို လာလှုပ်ခတ်သော အသစ်တွေထဲမှာ `စိုင်းလေး´တစ်ယောက်လည်း အပါအဝင်ပါ။ ရထားနဲ့ တေးသွားနံပါတ် ၃၃ သီချင်းနှစ်ပုဒ်ရဲ့ ခေါင်းစဉ်တွေနဲ့ ရထား ၃၃ ရယ်လို့ အမည်တပ်ထားသော သူ့အယ်လ်ဘမ် မထွက်ခင်တည်းက soundcloud ကနေ သံယောဇဉ်မပြတ်လို့ကို ရယူနားဆင်ဖူးပါတယ်။