Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Showing posts with label သိမှတ်ဖွယ်ရာ. Show all posts
Showing posts with label သိမှတ်ဖွယ်ရာ. Show all posts

Friday, March 9, 2018

ခြင်္သေ့စိတ်ဓါတ်နဲ့ Plan-B

----------------- ခြင်္သေ့စိတ်ဓါတ်နဲ့ Plan-B -----------------

ဒီမေးခွန်းကတော့ မြန်မာနိုင်ငံက လူငယ်တော်တော်များများရဲ့ ရင်ထဲမှာ ရှိနေတဲ့ မေးခွန်းတစ်ခုပါ။

‘ကိုယ့်ကိုယ်ကိုယ် ဘာဝါသနာပါမှန်း မသိတဲ့ လူငယ်တွေ၊ သိလည်း ကိုယ့်ဝါသနာကို အကောင်အထည်ဖော်လို့ မရတဲ့ လူငယ်တွေ ဘာလုပ်သင့်ပါသလဲ’ တဲ့။

ကျွန်တော်တို့ဆီမှာ မိဘတွေရဲ့ အုပ်ထိန်းမှု၊ ကျောင်းက ဆရာဆရာမတွေရဲ့ လမ်းညွှန်မှုဟာ ဘယ်ကိုပဲ အဓိကဦးတည်လဲဆိုရင် စာမေးပွဲမှာ အမှတ်များဖို့နဲ့ ဆယ်တန်းအောင်တဲ့အခါ တက္ကသိုလ်ကောင်းကောင်းတက်ရဖို့ပါပဲ။ ကလေး ဘာဝါသနာပါတယ်ဆိုတာကို ထုတ်ဖော်ဖို့ အားမပေးတတ်ကြဘူး။ အဲဒီအပြင် ပိတ်ပင်ခံရတာတွေတောင် ရှိပါတယ်။ ဒီအရွယ်မှာ အပြင်စာတွေမဖတ်နဲ့၊ ဘောလုံးချည်းပဲ ကန်နေတာပဲ၊ စသဖြင့် ကျောင်းစာမှာ အမှတ်နည်းမှာစိုးတာကြောင့် ကန့်သတ်ချုပ်ချယ်ကြတာတွေ ရှိပါတယ်။ ကျွန်တော်တို့ရဲ့ ပညာရေးစနစ်ကလည်း ဒီလိုဖြစ်အောင် ဖန်တီးပေးထားတာကိုး။

Sunday, March 4, 2018

သူမ မရှုံးပါ့  ရှုံးတာ တစ်တိုင်းပြည်လုံး

သူမ မရှုံးပါ့  ရှုံးတာ တစ်တိုင်းပြည်လုံး
**********************************
ကျွန်တော် အရိုးအထူးကု ဆရာဝန်ကြီး တစ်ဦးပါ
ကုသရေး ဘက်မှာတော့ ရာထူးအကြီးဆုံးပါ ။
ဒီထက်ပိုတဲ့ ရာထူး လိုချင်ရင်တော့
သင်ကြားရေး ဘက်ပြောင်းပြီး
ပါမောက္ခ ဆက်လုပ်ရင်တော့ ရပါတယ် ။

Monday, January 15, 2018

ရောင်းအားကျနေတဲ့စားသောက်ဆိုင်ကို ဘယ်လိုရောင်းအားတက်အောင်လုပ်မလဲ


Copy ယူလာတာပါ
ရောင်းအားကျနေတဲ့စားသောက်ဆိုင်ကို ဘယ်လိုရောင်းအားတက်အောင်လုပ်မလဲ
=====================

ဆိုင်တစ်ဆိုင်မှာ အဓိက အရေးကြီးတာဟာ ရောင်းအားပါပဲ
ရောင်းအားတက်လာတာနဲ့အမျှ Overhead တွေ ကျပြီး ကိုယ့်အတွက်အမြတ်ကျန်ပါလိမ့်မယ်

Overhead ဆိုတာက Fix ဖြစ်နေတဲ့ ကုန်ကျစရိတ်တွေဖြစ်ပါတယ်
ဥပမာ ဆိုင်ခန်းခ ဝန်ထမ်းလခ အခွန်အခ စသည်ဖြင့်ပေါ့

ရောင်းအားကျတာနဲ့ အမျှ ဆိုင်ရှင်ပေါ်ကို ဒီဝန်ထုတ်ဝန်ပိုးက ပိလာပါလိမ့်မယ်

ဆိုင်ရောင်းအား တက်ဖို့ အခြေခံအကျဆုံး အချက်သူံးချက်က

Sunday, December 17, 2017

✅စိတ်ခွန်အားပြည့်ဝအောင်နေထိုင်နည်း✅


စိတ်ခွန်အားပြည့်ဝအောင်နေထိုင်နည်း

🔹တောနက်တွေထဲမှာ ဘယ်သတ္တဝါက အကြီးဆုံးလဲ
ဆင် လို့ပဲ သင်ကျွန်တော့်ကို ဖြေပါလိမ့်မယ်။

🔹တောနက်တွေထဲမှာ ဘယ်သတ္တဝါက အရပ်အရှည်ဆုံးလဲ
သစ်ကုလားအုတ် လို့ပဲ သင်ကျွန်တော့်ကို ဖြေပါလိမ့်မယ်။

Tuesday, December 5, 2017

သင်သိသင့်တဲ့ ATM အကြောင်းများ။



မျက်မှောက်ခေတ်မှာ ကုမ္ပဏီတွေ အတော်များများက လစာကို ကတ်တွေထဲ ထည့်ပေးတတ်ကြပါတယ်။
ဒါ့အပြင် ငွေသားသယ်ဆောင် မသွားလိုသူတွေကလည်း ATM ကတ်တွေ အသုံးပြုကြပါတယ်။
ATM ကတ်တွေ အသုံးပြုတာတွင် ကျယ်လာပေမယ့် ငွေထုတ်စက်တွေမှာ ငွေထုတ်တဲ့အခါ အခက်အခဲအမျိုးမျိုးကြောင့် တစ်ခါတစ်ရံ ငွေမထွက်တာမျိုး ရှိတတ်ပါတယ်။
ဒါ့အပြင်အတွေ့အင်္ကြု့မရှိတဲ့လူတွေရင်ဆိုင်ရတတ်တဲ့အခက်အခဲတစ်ချို့လည်းရှိပါတယ်။
အဲဒီအခက်အခဲတွေဘယ်လို ဖြေရှင်းရမယ်ဆိုတာကိုဖော်ပြပေးလိုက်ပါတယ်။

Friday, December 1, 2017

အလုပ်အင်တာဗျူးဖြေဆိုရာမှာ မပြောသင့်တဲ့ အကြောင်းအရာ ၁၁ မျိုး

အလုပ်အင်တာဗျူးဖြေဆိုရာမှာ မပြောသင့်တဲ့ အကြောင်းအရာ ၁၁ မျိုး
-------------------
သက်ဆိုင်ရာကုမ္ပဏီဘက်က အလုပ်လျှောက်လွှာတွေကို သေချာရွေးချယ်ကာ ကိုယ်နဲ့တွေ့ဖို့ ဆုံးဖြတ်ထားပြီးသားဖြစ်တဲ့အတွက် Impression ကောင်းကောင်းနဲ့ ဖြေဆိုနိုင်ဖို့က ကိုယ့်အပေါ်မှာပဲ မူတည်ပါတယ်။ အင်တာဗျူးမှာ ပြောလိုက်တဲ့ စကားလုံးတိုင်းက Impression ရဲ့ အစိတ်အပိုင်းတွေ ဖြစ်သွားပါပြီ။ အချိန်အကန့်အသတ်လေးတစ်ခုအတွင်းမှာ အကောင်းဆုံးဖြေဆိုနိုင်ဖို့အတွက် နည်းလမ်းက အင်တာဗျူးအတွင်း လုံးဝမပြောသင့်တဲ့ အကြောင်းအရာတွေကို ရှောင်ကြဉ်ဖို့ပါပဲ။

Tuesday, November 14, 2017

လမ်းဘေးဈေးသည် နဲ့ စီးပွားစလုပ်မယ်ဆိုရင်



Aung Ko Latt added 4 new photos.

လမ်းဘေးဈေးသည် နဲ့ စီးပွားစလုပ်မယ်ဆိုရင်
++++++++++++++++++
လမ်းပေါ်မှာ ခင်းရောင်းတဲ့ ယာယီဈေးဆိုင်မျိုးကို ဆိုလိုတာပါ။
ပျံကျဈေးဆို်င်လို့လည်း ခေါ်ကြပါတယ်။ လမ်းဘေးဈေးသည်ပဲ ခေါ်ကြရအောင်၊
မိသားစု အသက်ရှင်ရပ်တည်ဖို့ ပဲဖြစ်ဖြစ်၊ စီးပွားရေး အိမ်မက် အကောင်အထည်
ဖေါ် ဖို့ပဲဖြစ်ဖြစ်၊ လမ်းဘေးဈေးဆိုင်ဟာ ကောင်းမွန်တဲ့လုပ်ငန်းတစ်ခုပါ။
နိုင်ငံခြားမျာ ယနေ့အောင်မြင်နေတဲ့ လုပ်ငန်းရှင်တော်တော်များများဟာ
လမ်းဘေးဈေးသည်ကနေ ဘ၀စခဲ့ဖူးတယ်ဆိုတာ လေ့လာမှတ်သားဖူးပါတယ်။
လမ်းဘေးဈေးသည်အလုပ်ဟာ အမြင်အားဖြင့်လွယ်သလောက်
အောင်မြင်အောင် လုပ်ဖို့ဆိုရင် အတော်လေး ပညာသားပါပါတယ်။

Thursday, October 12, 2017

၅ မိနစ်ပဲ အချိန်လေးပေးးပြီး ဖတ်ကြည့်ဗျာ ..( ဘဝအတွက် တန်ဖိုးရှိလွန်းလို့ မျှဝေတာပါ)


တစ်ခါက ဖခင် တစ်ဦးသည် အသက် (၁၅.၁၆)နှစ် ရှိနေပြီဖြစ်သော သားကို ယောက်ျားမပီသဟု ထင်ကာ အားမလိုအားမရ ဖြစ်နေသည်။ သား ကိုယောက်ျား ပီသစေလို၍ ဆရာ တစ်ဦးထံတွင် သွားရောက် အပ်နှံခဲ့သည်။ ဆရာ က
“ခင်ဗျားသားကို ကျုပ်ဆီမှာ အပ်နှံထားတဲ့ ၃လ အတွင်းမှာ သူ့ကို ခင်ဗျား လုံးဝ လာမတွေ့ရဘူး။ သူ့ကို ၃လ အတွင်းယောက်ျား ပီသအောင် ကျွန်တော် လေ့ကျင့်ပေးမယ်” ဟုပြောခဲ့သည်။
၃လ လွန်သောအခါ ဆရာ က ကရာတေးပြိုင်ပွဲ တစ်ခု ကျင်းပပေးပြီး ဖခင် ဖြစ်သူအား လာရောက် ကြည့်ရှုစေခဲ့သည်။

Friday, September 29, 2017

လွဲမှားနေသောတောင်းဆိုချက်များ

လွဲမှားနေသောတောင်းဆိုချက်များ

ကျနော်တို့နိုင်ငံမှာ. .
ဥာဏ်မမှီဘူးဆိုတဲ့စကား. . .
ခဏခဏသုံးကြတယ်. . .

ဘယ်နေရာမှာအသုံးများသလဲ. . .
ဘာသာရေးမှာအသုံးများတယ်. . .
ဘာသာရေးဟာ. . တစ်ခုခုကိုနားလည်ဖို့. . .
ဥာဏ်မှီအောင်အရင်ဆုံးတောင်းဆိုတယ်. . . .
ဒါဟာသဘာဝကျရဲ့လား. .
ဖြစ်သင့်ရဲ့လား. . .

"အားနာတတ်တာကို စီမံခန့်ခွဲပါ"

"အားနာတတ်တာကို စီမံခန့်ခွဲပါ"

လွန်ခဲ့တဲ့ ၃ရက်လောက်က ကျနော် ရန်ကုန်ကိုရောက်တော့ မိသားစုနဲ့  ညစာစားဖို့ စီစဉ်တယ်၊ ညီအရင်းလိုချစ်ရတဲ့ ညီငယ်တစ်ယောက်ကို မတွေ့ရတာကြာလို့  ညစာအတူစားရအောင် လှမ်းခေါ်လိုက်တယ်။သူနဲ့က လွန်ခဲ့တဲ့ အနှစ်၂၀လောက်ကထဲက အတူတူနေခဲ့ ကြတာ၊အခု သူက အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းတွေကို စီမံခန့် ခွဲနေတဲ့ သူတစ်ယောက်ဖြစ်နေပြီ။။ သူကလဲ "အကိုကြီးနဲ့ သိပ်တွေ့ချင်တယ်..လာမယ်"..လို့  ဝမ်းပန်းတသာပဲ ပြောတယ်။ ဒါနဲ့ ကျနောတို့ ည ၇နာရီလောက် ညစာ စစားကြတယ်၊ ၈နာရီ ခွဲ လောက်မှ သူမောမောပန်းပန်းရောက်လာတယ်.."အကိုကြီးရေ..ညနေကျမှ customer တစ်ယောက်ရောက်လာလို့ သူ့ကိုလဲ အားနာ၊ အကိုကြီး နဲ့ တွေ့ ချင် နဲ့ ..အလုပ်ကို အမြန်ပြီးလုပ်ပြီးမှ ထွက်ခဲ့ ရတယ်"လို့ ရောက်ရောက်ချင်းပြောတယ်၊ကျနော်က "တို့ ညီအကိုက နောက်နေ့မှ တွေ့ လဲ ရတာပဲကွာ"..ဆိုတော့  "အကိုကြီးလဲ အားနာတယ်"..တဲ့ ။ ဒါက သူငယ်ငယ်ကတဲက အကျင့် ၊ အလွန်အားနာတတ်တာ..။

Tuesday, September 26, 2017

ဒီလိုလူတွေနဲ့ ဝေးဝေးမှာနေပါ…

ဒီလိုလူတွေနဲ့ ဝေးဝေးမှာနေပါ…

(၁) အတင်းပြောတတ်သူတွေ။
______________________

ဒီလိုလူမျိုးတွေက သူတပါးအကြောင်းပဲ စိတ်ဝင်စားတတ်ကြပြီး သူတပါးအကြောင်းပဲ ပြောလေ့ရှိကြတဲ့လူစားမျိုးတွေပါ။ ပြောတဲ့အခါလဲ အကောင်းပြောကြတာက ရှားပါလိမ့်မယ်။ မကောင်းကြောင်းပြောကြတာသာ များပါတယ်။

ဒီလိုလူမျိုးတွေကိုတော့ အခုပဲနှူတ်ဆက်လိုက်ပါတော့။ ဒါနဲ့ပတ်သက်ပြီး ဖတ်ဖူးတာလေးတခု သတိရမိပါတယ်။ ဉာဏ်ရည်အဆင့်မြင့်မားသူတွေက စိတ်ကူးစိတ်သမ်း အိမ်မက်တွေအကြောင်းကို ပြောဆိုကြတယ် ပုံမှန်ဉာဏ်ရည်ရှိသူတွေကတော့ အဖြစ်အပျက်တွေအကြောင်းကို ပြောဆိုကြတယ် ဉာဏ်ရည်နိမ့်ပါးသူတွေကတော့ သူတပါးအကြောင်းကို ပြောဆိုကြတယ် ဆိုတာလေးပါပဲ။

Tuesday, September 19, 2017

ခြင်္သေ့ စိတ်ဓါတ် နဲ့ Plan-B


ဒီ မေးခွန်း ကတော့ မြန်မာနိုင်ငံ က လူငယ်တော်တော်များများရဲ့ ရင်ထဲမှာ ရှိနေတဲ့ မေးခွန်း တစ်ခုပါ။‘ကိုယ့်ကိုယ်ကိုယ် ဘာဝါသနာပါမှန်း မသိတဲ့ လူငယ် တွေ၊ သိလည်း ကိုယ့် ၀ါသနာ ကို အကောင်အထည်ဖော်လို့ မရတဲ့ လူငယ် တွေ ဘာလုပ်သင့်ပါသလဲ’ တဲ့။
မေးခွန်း လေးက ရိုးရှင်းသလို ဆရာ တို့ရဲ့အဖြေ ကလည်း ဆိုလိုရင်းအတိအကျပါပဲ။
ကျွန်တော် တို့ဆီမှာ မိဘ တွေရဲ့ အုပ်ထိန်းမှု၊ ကျောင်း က ဆရာ ဆရာမ တွေရဲ့ လမ်းညွှန်မှု ဟာ ဘယ်ကိုပဲ အဓိကဦးတည်လဲဆိုရင် စာမေးပွဲ မှာ အမှတ် များဖို့နဲ့ ဆယ်တန်း အောင်တဲ့အခါ တက္ကသိုလ် ကောင်းကောင်းတက်ရဖို့ပါပဲ။ လိမ္မာတယ်၊ စကားနားထောင်တယ်၊ စာတော်တယ် ဆိုရင် ဒီ ကလေး အတွက် သိပ် ဂုဏ်ယူ ကြပါတယ်။ သူ ဘာ ၀ါသနာ ပါတယ်ဆိုတာကို ထုတ်ဖော်ဖို့ အားမပေးတတ်ကြဘူး။ အဲဒီအပြင် ပိတ်ပင်ခံရတာတွေတောင် ရှိပါတယ်။ ဒီအရွယ်မှာ အပြင်စာတွေမဖတ်နဲ့၊ ဘောလုံး ချည်းပဲ ကန်နေတာပဲ၊ စသဖြင့် ကျောင်းစာ မှာ အမှတ်နည်းမှာစိုးတာကြောင့် ကန့်သတ်ချုပ်ချယ်ကြတာတွေ ရှိပါတယ်။ ကျွန်တော် တို့ရဲ့ ပညာရေး စနစ်ကလည်း ဒီလိုဖြစ်အောင် ဖန်တီးပေးထားတာကိုး။

Thursday, September 14, 2017

ရည်ရွယ်ချက်တွေ သိပါစေ …

ရည်ရွယ်ချက်တွေ သိပါစေ …
=====================

၁၂ ရက်နေ့က ကမ္ဘာကျော် Apple Event ကို စိတ်ဝင်တစားနဲ့ စောင့်ကြည့်ဖြစ်ပါတယ်။ Apple က Watch အတွက် series 3 နဲ့ iPhone အတွက် 8, 8+ , x ဆိုပြီးတော့ မော်ဒယ် ၃ ခု မိတ်ဆက်ခဲ့ပါတယ်။ ထုံးစံအတိုင်းပေါ့ ကြိုက်သူတွေရော … မကြိုက်သူတွေရော အွန်လိုင်းမှာ အမျိုးမျိုးပေါ့၊ မကြာသေးခင်ကပဲ Samsung က S8+ ကို မိတ်ဆက်ခဲ့ပါတယ်။ ကျွန်တော်ကတော့ နည်းပညာသမားမဟုတ်တဲ့ အတွက် နည်းပညာပိုင်းကို မပြောလိုပါဘူး။ အသစ်အသစ်တွေ ထွက်လာတယ်ဆိုတာက ပိုပိုကောင်းမွန်တဲ့ လုပ်ဆောင်ချက်၊ ဒီဇိုင်း၊ မြန်ဆန်မှု အစရှိတဲ့ပြောင်းလဲမှုတွေ နဲ့ Customer တွေကို သက်ဆိုင်ရာ Brand တစ်ခုစီမှာ ဆက်လက် စွဲငြိနေအောင် Brand အသီးသီးဟာ ကြိုးစားအားထုတ်ကြပါတယ်။

Sunday, September 10, 2017

" #ဘင်္ဂါလီ_ခိုးဝင်ပြဿနာ"

 
 
" #ဘင်္ဂါလီ_ခိုးဝင်ပြဿနာ"
+++++++++++++++%

*ကျွန်တော်တို့
လက်ခံချင်သည်ဖြစ်စေ
လက်မခံချင်သည်ဖြစ်စေ
သူတို့ကတော့ ကျွန်တော်တို့ အိမ်ထဲကို
ရောက်ရှိခဲ့ကြပါပြီ။***

#ဘာလို့ခိုးဝင်ကြသလဲ?

- *သူတို့်အိမ်ထက် ပိုကောင်းလို့ ခိုးဝင်တာပေါ့။
- *ဝင်လို့ရလို့ ဝင်တာပေါ့။
* ဝင်စရာလမ်းကြောင်း၊အခြေအနေ၊
အခွင့်အရေးရှိလို့ ခိုးဝင်တာပေါ့။***

*ဘယ်သူမဆို ကိုယ့်အိမ်ကကောင်းနေရင်
ဘယ်သူ့အိမ်မှ အလကားနေရင်း ခိုးမဝင်ဘူး။***

Tuesday, August 29, 2017

ဒီလိုစိတ်ဓါတ်တွေမပြင်ရင် အခုလည်းမနိုင်သလို နောက်လည်းနိုင်မှာမဟုတ်ဘူး

 
K Hein added 2 new photos.

ဒီလိုစိတ်ဓါတ်တွေမပြင်ရင် အခုလည်းမနိုင်သလို နောက်လည်းနိုင်မှာမဟုတ်ဘူး
အလောင်းမင်းတရား ဦးအောင်ဇေယျ ပုံကြီး သယ်သယ်သွားပြီး အမြဲတမ်း ငိုငိုပြီးပြန်လာရတော့ မင်းရှက်မရှက်တော့မသိဘူး ငါတော့ ဦးအောင်ဇေယျကိုတောင်သနားလာပြီ !
တစ်လွဲစိတ်ဓါတ်တွေ

Tuesday, August 8, 2017

တစ်သက်လုံး အသုံးတည့်နေမယ့်အရာ


Nine Nine Sanay @ နိုင်းနိုင်းစနေ

တစ်သက်လုံး အသုံးတည့်နေမယ့်အရာ
----
အစားအသောက်နဲ့ ပတ်သက်ပြီး
(၁) နွားနို့နဲ့ ပဲနို့ရည် ဘယ်အရာကိုရွေးမလဲဆိုရင် ပဲနို့ရည်ကိုရွေးပါ။
(၂) ထမင်းပန်းကန်ဝက်လောက် စားနိုင်သေးတယ်လို့ထင်တာနဲ့ ထမင်းဝိုင်းကထပါ။
(၃) ခန္ဓာကိုယ်က မဆာပေမယ့်လည်း တစ်နေ့ကို ရေ၄ခွက်သောက်ပါ။
(၄) ဒိန်ချဉ်များများစားပါ။
(၅) အရက်ဆေးလိပ်ရှောင်ပါ။
(၆) အစားအသောက်စာရင်းထဲမှာ ပဲအမျိုးမျိုး၊ အသီးအရွက်အမျိုးမျိုး ပိုထည့်ပါ။
(၇) green tea သောက်ခြင်းက Red tea ထက်ပိုပါစေ။
(၈) မနက်စာက ညစာထက် ကောင်းစေ၊ ပိုစေ။
(၉) ဆားစားတာကို ထိန်းပါ။
(၁ဝ) အိပ်ရာထချိန် သွားတိုက်ပြီးမှ ရေသောက်ပါ။

Saturday, August 5, 2017

ရေမွှေး ဗူးတွေရဲ့ အနံ့စွဲပုံ ကို ခွဲခြားသိနိုင်မယ့်နည်း


ရေမွှေး ဆီပါဝင်မှုပေါ်လည်း မူတည်သလို ပါဝင်ပစ္စည်း တွေနဲ့လည်း သက်ဆိုင်ပါသေးတယ်။
ပြီးပြည့်စုံတဲ့ ဖက်ရှင်ကျမှု အတွက် အဝတ်အစား ကောင်းတွေ ဝတ်ဆင်ရုံနဲ့ မပြီးပါဘူး။ မွှေးပျံ့ပြီး ဆွဲဆောင်မှုရှိတဲ့ ရေမွှေးရနံ့လေး ပေါင်းစပ်လိုက်မှသာ ကိုယ့်ဘေးကလူတွေကို သိမ်းပိုက်နိုင်မှာဖြစ်ပါတယ်။ ကိုယ့် ခန္ဓာကိုယ် က မွှေးရနံ့လေး ရနေတော့ ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှု ပိုလာတယ်လေ။
ရေမွှေး ဝယ်မယ်ဆိုရင် ကိုယ့်အကြိုက်အနံ့ကလေးကို ဝယ်ချင်ကြသလို အနံ့စွဲတာလေးလည်း လိုချင်ကြတယ်မဟုတ်လား။ တချို့ရေမွှေးတွေက ၂ နာရီလောက်နဲ့ အနံ့ပြယ်သလို တချို့ကျတော့လည်း လျှော်ပြီးတာတောင်မှ အနံ့က ကျန်နေတုန်းပဲ။ ဘယ်လိုရေမွှေးမျိုးက အနံ့ပိုစွဲသလဲဆိုတာကို သိရဖို့အတွက် မဝယ်ခင်မှာ ပုလင်းပေါ်က အညွှန်းကို အရင်ဖတ်ဖို့ လိုပါတယ်နော်။

Thursday, August 3, 2017

ကမ္ဘာ့အမြင့်ဆုံးတောင်ဖြစ်တဲ့ ဧ၀ရက်တောင်အကြောင်းသိကောင်းစရာ

ကမ္ဘာ့အမြင့်ဆုံးတောင်ဖြစ်တဲ့ ဧ၀ရက်တောင်အကြောင်းသိကောင်းစရာ
===========================
ဧ၀ရက်တောင်ဟာ ကမ္ဘာ့အမြင့်ဆုံးတောင်ဆိုတာ အားလုံးသိပြီးဖြစ်မှာပါ။ နီပေါနိုင်ငံနဲ့ တိဘက်အစပ်မှာ ရှိတဲ့ဒီတောင်ကို နီပေါလို Sagarmāthā လို့ခေါ်ပြီး တရုတ်ပြည်ကတော့ Chomolungma လို့ခေါ်ကြပါတယ်။ အမြင့်ပေ ၂၉၀၂၉ပေ ရှိပါတယ်။ အောက်ကအချက်တွေကတော့ ဒီဧ၀ရက်တောင်နဲ့ ပတ်သတ်တဲ့အချက်အလက် တချို့ပဲဖြစ်ပါတယ်။
(၁) ဧ၀ရတ်တောင်ကို မည်သည့်တောင်တက်သမားမျှ မတက်ရောက်ခဲ့သော နောက်ဆုံးနှစ်မှာ ၁၉၇၄ ခုနှစ်ဖြစ်သည်။

Thursday, July 27, 2017

အရှုံးထဲက အနိုင်ပြန်ယူပါ


shared by theingiphyu on 24/06/17  -  facebook.com  -  Other
💣 ဒုတိယကမ္ဘာစစ် ဂျပန်လေတပ်က ပုလဲဆိပ်ကမ်းကို ဗုံးကြဲတိုက်ခိုက်လိုက်ချိန်မှာပေါ့

💣 အမေရိကန် ရေတပ်အကြီးအကျယ် ဆုံးရှုံးသွား ခဲ့တယ်။
• စစ်သင်္ဘော ၇ စင်း မြုပ်သွားတယ်။ ၆ စင်းက သုံးလို့မရတော့ဘူး။
• ရေတပ်မှာရှိတဲ့ တိုက်လေယာဉ် ၄၅၀ ပျက်စီး သွားခဲ့တယ်။
• သေဆုံးသူ ၃၈၀၀။

💣 အမေရိကန်တပ်သားတွေ စိတ်ဓာတ်အကျကြီး ကျသွားကြတယ်။ ပစိဖိတ်စစ်မျက်နှာရဲ့ ရေတပ်သားတွေဟာ မျှော်လင့်ချက်မဲ့လောက် အောင်ကို စိတ်ဓာတ်တွေ ကျသွားခဲ့ကြတယ်။
သူတို့လောက်အခြေအနေဆိုးတာ မရှိလောက် အောင်ကို စိတ်မှာထင်ကုန်ကြတယ်။
ဒါကြောင့် အမေရိကန်တပ်သားတွေရဲ့ စိတ်ဓာတ်ကျဆင်းမှုကို ပြန်အဖတ်ဆယ်နိုင်ဖို့
အမေရိကန်သမ္မတ ရုစဗဲ့ ဟာ ချက်စတာနိမစ် ကို ပစိဖိတ်ရေတပ်ရဲ့အုပ်ချုပ်သူအဖြစ် ခန့်လိုက်တယ်။
ချက်စတာနိမစ် ဟာ တပ်သားတွေစိတ်ဓာတ်ကို မြှင့်တင်ပေးဖို့ စိတ်ဓာတ် စစ်ဆင်ရေး တစ်ခု ကို လုပ်ဖို့စဉ်းစားမိတယ်။

Tuesday, July 25, 2017

မကြာမီ … သေမည် ဘယ်​သူမှမကြိုက်​တဲ့စကားစု ဆက်​ဖတ်​လိုက်​ပါမိတ်​​ဆွေ


shared by snowde on 25/07/17  -  sunthit.com  -  Other
တ လောက … နိုင် ငံကျော် ဆေးရုံပိုင် ရှင် သူဋ္ဌေးကြီးတစ်ဦး … ဆုံးသွားတဲ့သတင်း ကြားရတယ်။သိပ်မကြာခင် ပဲ … နာမည်ကြီး အလှမယ်တစ်ဦး ငယ်ငယ် နဲ့ … ဆုံးသွားတဲ့ သတင်း ကြားရတယ်။

အခု … နိုင် ငံကျော် သမားတော်ကြီးတစ်ဦး ဆုံးသွားတဲ့သတင်း ကြားရတယ်။ ဒီနေ့ ဒီအချိန် … သူတို့ သေလိမ့်မယ်လို့  ဘယ်သူ ကြိုသိထားမှာလဲ။