Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, January 15, 2018

ရောင်းအားကျနေတဲ့စားသောက်ဆိုင်ကို ဘယ်လိုရောင်းအားတက်အောင်လုပ်မလဲ


Copy ယူလာတာပါ
ရောင်းအားကျနေတဲ့စားသောက်ဆိုင်ကို ဘယ်လိုရောင်းအားတက်အောင်လုပ်မလဲ
=====================

ဆိုင်တစ်ဆိုင်မှာ အဓိက အရေးကြီးတာဟာ ရောင်းအားပါပဲ
ရောင်းအားတက်လာတာနဲ့အမျှ Overhead တွေ ကျပြီး ကိုယ့်အတွက်အမြတ်ကျန်ပါလိမ့်မယ်

Overhead ဆိုတာက Fix ဖြစ်နေတဲ့ ကုန်ကျစရိတ်တွေဖြစ်ပါတယ်
ဥပမာ ဆိုင်ခန်းခ ဝန်ထမ်းလခ အခွန်အခ စသည်ဖြင့်ပေါ့

ရောင်းအားကျတာနဲ့ အမျှ ဆိုင်ရှင်ပေါ်ကို ဒီဝန်ထုတ်ဝန်ပိုးက ပိလာပါလိမ့်မယ်

ဆိုင်ရောင်းအား တက်ဖို့ အခြေခံအကျဆုံး အချက်သူံးချက်က



1. Food Quality
2. Menu Setup
3. Service တို့ဖြစ်ပါတယ်

ဒီနေရာမှာတော့ ကျနော့ ကိုယ်တွေ့ တွေထဲကနေ သိမှတ်မိသမျှကိုဖလှယ်မှာဖြစ်တာကြောင့် အကျဉ်းရုံးပဲပြောပါမယ်
တကယ်က ပြောရင်အကျယ်ကြီးဖြစ်နေမှာပ

ဆိုတော့ ပထမဆုံး Food Quality

စားသောက်ဆိုင်တစ်ဆိုင်ဟာ အပြင်အဆင်ဘယ်လောက်ကောင်းနေနေ Marketing Plan ကြီး ဘယါလောက်လန်ပြန်နေနေ ကိုယ့်ရဲ့ထုတ်ကုန်ဖြစ်တဲ့ အစားအသောက်အရည်အသွေးမကောင်းရင် အောင်မြင်မှုကို ကြာရှည်ထိန်းသိမ်းနိုင်ခြင်းမရှိပါဘူး

Food Quality ဆိုတဲ့နေရာမှာ အရေးအကြီးဆုံး ပုဂ္ဂိုလ်က Chef ပါပဲ
ကျနော်တို့ ဆိုင်ရှင်တွေက တခါတခါ Chef အတွက်ပိုက်ဆံကုန်ခံရမှာကို သိပ်နှမြောတတ်တယ်
အကုနါအကျနည်းအောင် ဈေးသက်သာတဲ့ Chef တွေကို လိုက်ရှာတတ်ကြတယ်

တကယ်က ကိုယ့်တဆိုင်လုံးရဲ့ အသက်သွေးကြောထဲက တစ်ခုကို ကိုင်မယ့် သူဟာ လစာကောင်းကောင်း ပေးထားသင့်ပါတယ် ဒါမှလည်း အရည်အချင်းပြည့်ဝတဲ့ စားဖိုမှူး သို့မဟုတ် Kitchen Manager တစ်ယောက်ကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ

Chef ကောင်းကောင်း ဘယ်လိုရှာမလဲ

ဒီအရည်အချင်းသုံးချက်နဲ့ ကိုက်ညီတဲ့ Chef ကိုရှာဖွေပါ

တစ် လက်ဆိပ်ရှိပြီး လက်ရာမှန်တဲ့သူ
နှစ် အလေအလွင့် ကို အနည်းဆုံးဖြစ်စေသူ
သုံး ဆိုင်ကို ကိုယ်ဆိုင်လို သဘောထားတဲ့သူမျိုးကိုရှာပါ

ဒါမျိုး ရှာရခက်မယ်လို့ထင်ပေမယ့် ဆိုင်ရှင်ဘက်က တုန့်ပြန်မှုနဲ့လည်း အများကြီး သက်ဆိုင်နေတတ်ပါတယ်

ကျနော်က တော့ အမြဲ အစမ်းခန့်ကာလ သတ်မှတ်ပြီး သာမာန်လစာရဲ့ သုံးပုံနှစ်ပုံပေးပြီး တစ်လအစမ်းခန့်လေ့
ှိပါတယ်

တစ်လအတွင်း မှာ မျက်စိဒေါက်ကြည့်ပြီး
ကြိုက်ရင်အလုပ်ဆက်ခန့်ပြီး မကြိုက်ရင်မကြိုက်ကြောင်း ပြောပြပြီး လမ်းခွဲပါတယ်

အရည် အချင်းကောင်းတဲ့ Chef တွေဟာ
ဥပမာ ဟင်းပွဲအသစ် သို့မဟူတ် Today Special လိုဟာမျိုး အတွက် အမြဲစဉ်းစားနေတတ်တယ်

ဒါပေမယ့် ထုတ်လာတဲ့ဟင်းပွဲကလည်း item အသစ်တွေဝယ်စရာမလိုပဲ ဆိုင်မှာ လူစားနည်းနေတဲ့ အသားငါးကိုပဲ အသစ်ဖြစ်အောင်ပြုပြင် ပြင်ဆင်ပြီး အထူး ဟင်းလျာဖြစ်အောင်လုပ်ပေးတတ်တယ်

Menu ကို အမြဲ ပြောင်းလဲဖို့ စိတ်ကူးနေတယ်
ဘယ်ဟင်းပွဲက ရောင်းရတယ်
ဘယ်ဟင်းပွဲကတော့ မထွက်ဘူးဆိုတာကို စနစ်တကျ ယူထားတတ်တယ်

စသည်ဖြင့် ကြည့်ရှုနိုင်ပါတယ်

Chef ပြီးရင် ဒုတိယက ဈေးဝယ်တဲ့ source ပဲ

တတ်နိုင်သမျှ ရေခဲရိုက်အသားကိုရှောင်ပါ
ဆိုင်မှာလည်း အများကြီးဈေးပေါလို့ ဝယ်ပြီး လှောင်ပြီး ခဲထားတာမျိုးကိုရှောင်ပါ

အသားကောင်းကောင်း
ဟင်းသီးဟင်းရွက် လှလှကောင်းကောင်းကို ရွေးသုံးပါ

တန်ရာတန်ကြေးကို ယူပါ
Quality ကောင်းတဲ့ ဟင်းတစ်ပွဲကို စားသုံးသူကတကယ်ပေးပြီး စားတတ်ပါတယ်
ဈေးပေါတိုင်းရောင်းအားတက်တာမဟုတ်ပါ

ကိုယ်ပေးတာနဲ့ စားရတာနဲ့တန်ရင် Customer က လာတာပါပဲ

ဆိုတော့ ကိုယ်နဲ့ အတူ Grow Together ဖြစ်မယ့် Chef ကိုရှာပါ
ပစ္စည်းကို ဈေးပေါတာထက်တန်ပြီးကောင်းတဲ့ပစ္စည်းမျိုးကို သုံးပါ

Quality မပြည့်မှီဘူးဆို မနှမြောနဲ့လွှင့်ပစ်ပါ

နံပါတ်နှစ် Menu Setup

ဒီနေရာမှာ လည်း Chef ကအရေးကြီးသလို ကိုယ်တိုင်ဦးဆောင်နေတဲ့ဆိုင်ရှင်ကလည်း သိပ်အရေးကြီးပါတယ်

ကိုယ့်ဆိုင်ရဲ့ trend ကိုကိုယ်သိရမယ်
ဥပမာ တရုတ်အစားအစာဆိုပြီး မြန်မာထမင်းဟင်းတွေတွဲမရောင်းရဘူး တွဲချင်ယိုးဒယားစာမျိုး တွဲလို့ရတယ်

ချစ်တီးထမင်းဆိုင်ဆိုပြီး သဘောင်္သီးထာင်းခေတ်စားလို့ဆိုပြီး တွဲရောင်းလို့မရဘူး

Customer က ကိုယ့်ဆိုင်ရဲ့ specialize ဖြစ်တာကို ခေါင်းထဲဆွဲနေဖို့လိုတယ်

ဆိုတော့ Menu Setup လုပ်တဲ့အခါ

ပထမဆုံးက ကိုယ်ဆိုင်ကဘာပုံစံသွားမလဲဆိုတာကိုရွေးချယ်ရမယ်

ပြီးရင် ကိုယ့် Chef က ဘာတွေတကယ်ကောင်းတာလဲဆိုတာကိုသိရမယ်

ဒါမှ အကောင်းဆုံးအရသာကို ပေးနိုင်မှာဖြစ်တယ်

ဒုတိယအနေနဲ့မှာ

Menu ဟာ ပြွတ်သိပ်ကြပ်ညပ်နေဖို့မလိုဘူး

Customer ကိုခေါင်းရှုပ်အောင်မလုပ်ရဘူ

မကောင်းလိုက်ကောင်းလိုက် ဟင်းပွဲတစ်ရာထက်
တကယ်ကောင်းတဲ့ ဟင်းဆယ်ပွဲပဲပါတဲ့ Menu က ပိုပြီး effective ဖြစ်တယ်

ဒုတိယပိုင်း

Menu setup မှာ

အပိုင်းပိုင်းခွဲခြားထားရမယ

ပုံမှန်စားသောက်ဆိုင်တစ်ခုရဲ့ Menu တွေကတော့ ဒီပုံစံလာတယ်

Breakfast
Appetizer
House Special
Main Course
Soup
Vegetables and salads
Drinks
Dessert

ဆိုပြီး အဆင့်ဆင့်သွားပေးရတယ်

Appetizer ဆိုတာက အစာပြေ အမြည်း စာလေးတွေကိုခေါ်တာဖြစ်ပြီ House special ကတော့ ကိုယ့်ဆိုင်ရဲ့ best seller item တွေကိုဆိုလိုတယ်

Menu setup မှာလျို့ဝှက်ချက်ကတော့

Customer ကို ခဏစောင့်နေရတုန်းမှာ အဆင့်ဆင့် စားနိုင်အောင်စီစဉ်ပေးတာပါပ
ဟင်းပွဲကြီးတွေမှာထားတုန်းမှာ Appetizer Menu တွေကို ရှေ့ထုတ်ပေးတာဟာ စောင့်နေရင်း အစာပြေစားဖို့ပါ

အဲ့ဒီထဲမှာ ကိုယ်က item တစ်ခုကို ရောင်းချင်တယ်ဆိုရင်
တခြား item အသစ်တစ်ခုကို ထုတ်ပြီး ဈေးခပ်မြင့်မြင့်တင်ထားပြီး ယှဉ်ပြထားရတယ်

ဒါမှ ကိုယ်ရောင်းချင်တဲ့ item ကို ကိုယ်ရောင်းချင်တဲ့ဈေးနဲ့ ရောင်းထွက်မှာဖြစ်တယ်

နောက်ပြီး menu ကစာအုပ်လိုမဟုတ်ပဲ ကတ်ပြားလိုက်ကြီးဆိုရင် ကတ်ပြားရဲ့ ညာဘက်အပေါ်ဆုံးဒေါင့်ကွက်ဟာ လူကြည့်အများဆုံး အကွက်ဖြစ်တာကြောင့် ဈေးကြီးပြီး ကိုယ့်အတွက်လည်းကျန်မယ့် ဟင်းပွဲမျိုးတွေက်ုဖော်ပြထားသင့်တယ်

ဘယ်ဘက်ထောင့် အောက်ဆုံးကွက်ဟာ လူကြည့်အနည်းဆုံးဖြစ်တာကြောင် သိပ်အားမပါလှတဲ့ လက်ဘက်ရည်ကေယ်ဖီဆိုတာမျိုးကို ထားသင့်တယ်

တခြားပြောစရာတွေအများကြီးပါပဲ

အဲ့တော့ ဟင်းပွဲနည်းနည်းနဲ့ စနစ်တကျစီစဉ်ထားတဲ့ Menu ဟာ ပုံနေဘလပွနဲ့ လုပ်ထားတဲ့ Menuထက် ပို effective ဖြစ်တယ်ဆိုတာသိကြရမယ်

ကိုယ့်chef ကို Menu ကို သူံးလ သို့မဟုတ်ခြောက်လမှာ တစ်ခါ Renew ပြန်လုပ်ဖို့ ပြောရမယ်

နောက်ဆူံး ပြောစရာအများဆုံး နဲ့ အကျယ်ဆုံး အပိုင်းကတော့
Service ပဲ

စားပွဲထိုးတွေကို အရည်အချင်းပြည့်အောင် အလုပ်ကိုလေးစားတတ်အောင် သင်ကြားပေးရမယ်

၁ Menu ကို သိရှိနားလည်အောင် သင်ပေးတာမျိုး
၂ ယူနီဖောင်းကို အကုန်အကျခံပြီး ကောင်းအောင်ဆင်ပေးတာမျိုး
၃ Bonus ကို တစ်ဦးချင်းစီမယူစေပဲ မျှမျှတတခွဲဝေပေးတာမျိုး
၎ နေ့စဉ် Briefings ပေးတာမျိုး လုပ်ကြရမယ်

Menu ထဲကအစားအသောက်တွေကို ချက်ပြီး စားပွဲထိုးတွေကိုပါမြည်းခိုင်းပါ ဒါမှ သူက Customer တွေကို ပြန်ပြောပြတတ်မှာဖြစ်တယ်

ဘာလေးကတော့စားကောင်းတယ် ဘယ်လိုလေးတွဲစားရင်လိုက်ဖက်တယ်ဆိုတာမျိုး ပြောပြတတ်လာပါလိမ့်မယ်

Customer ကလည်း အဲ့ဒီလိုဂရုစိုက်ခံရတာကိုကြိုက်ပါတယ်

ယူနီဖောင်း

အလုပ်တစ်ခု မှာ အဲ့အလုပ်ပေါ်ကို ဂုဏ်ယူစေလောက်တဲ့ ယူနီဖောင်းဟာ အမြဲလိုအပ်တယ်
စမတ်ကျကျ ချုပ်လုပ်ပေးထားတဲ့ ယူနီဖောင်းနဲ့စားပွဲထိုးဟာ ပေတီပေစုတ်မဝတ်ရဲဘူး ကိုယ့်ဆိုင်လည်း ဂုဏ်မငယ်ဘူး ထို့အတူ စားသုံးသူကိုယ်တိုင်လည်း စိတ်သန့်တယ်လေ

နောက်တစ်ခုကတော့ Unity ပေါ့ အဲ့လိုစည်းလုံးတဲ့စိတ်ကလေးလည်းဖြစ်သွားစေတယ်

ဒါဟာ ဆိုင်ရဲ့ image တစ်ခုပဲ

Bonus

စားပွဲထိုးတွေအချင်းချင်းသွေးကွဲကြတာက Tip ရတယ်မရဘူးကစတာပဲ

အဲ့ဒီကနေစားပွဲလုကိုင်တာ သူ့စားပွဲဆို ငါကဝင်မကူဘူးဆိုပြီး Team work ပျက်စီးတာဟာ အဲ့ဒီကစတာပဲ

မန်နေဂျာကို သေချာပြောပြီး tip ကို Tip Jar တစ်ခုလုပ်ထားပြီးစုထားပါ ပြီးလို့ လကုန်ရင်အားလုံးအညီအမျှခွဲယူပါ
Briefing မှာလည်းထည့်ပြော ပါ
ဒီလိုလုပ်တာဟာ ညီညွတ်စေချင်လို့
ဒီ tip ဟာ သူတစ်ယောက်တည်းကောင်းလို့မဟုတ်ဘူး
အားလုံး က ဘေးက ပံ့ပိုးလုပ်ကိုင်နေလို့ ရတာဖြစ်တယ်ဆိုတာနားလည်အောင်ပြောပါ
Team work မိမိချိတ်ဆက်နိုင်အောင် ကိုယ်က တည့်မတ်ပေးပါ

Briefing

ဒါဟာ အရေးကြီးတဲ့ထဲပါပါတယ်
တစ်ချို့ကလည်း Briefing ဆိုတာ တန်းစီပြီး ဆူရတယ်လို့ထင်တယ်

မဟုတ်ပါဘူး

Briefing ဆိုတာ တစ်ရက်စာ အဆင်ပြေမှုမပြေမှုတွေကို ပြောဆ်ုတိုင်ပင်တာ

ချီးမွမ်းသင့်တာ ကိုချီးမွမ်းတာ

ဆုံးမသင့်တာကို နားဝင်အောင်ဆုံးမတာဖြစ်ပြီး

လုပ်ကိုလုပ်ရမယ့်အရာတွေကို နေ့စဉ်နားဝင်အောင်ရိုက်သွင်းတာသာဖြစ်တယ်

Briefing ပေးတဲ့ဆိုင်နဲ့ မပေးတဲ့ဆိုင်ဟာ အကျိုးသက်ရောက်မှုသိပ်ကွာတယ်

ပြီးတော့ ဒီအချိန်ဟာ စာပွဲထိုးအားလုံး နဲ့ ကိုယ်နဲ့ရဲ့ တစ်ခုတည်းသော မပျက်သင့်တဲ့ communication ပဲ

ပြီးတော့ အရေးအကြီးဆုံး က kitchen ရော အရှေ့ service ရောကို သင့်လျော်သော Bonus ခံစားခွင့်ကိုပြောပြထားပါ ပြောပြရင်း တကယ်ထိရောက်ရင်လည်း တကယ်ပေးပါ ဒါအရေးအကြီးဆုံးပါပဲ

ဝန်ထမ်းဟာဝန်ထမ်းဆိုပေမယ့် ကိုယ်နဲ့ Grow together ဖြစ်အောင်ဆွဲဆောင်ပါ ဒါကိုယ့်အရည်အချင်းပါပဲ

ပြောရင်တော့ အကျယ်ကြီးပါ ဒါပေမယ့်
ဒီအနှစ်ချုပ်အချက်ကလေးတွေ ပြင်ဆင်နိုင်မယ်ဆို

သင့်ဆိုင်ဟာ ရောင်းအားသိသိသာသာ တက်လာပါလိမ့်မယ်

စာကိုဆုံးအောင်ဖတ်ပေးလို့ကျေးဇူးတင်ပါတယ်

ဆိုင်ပိုင်ရှင်များ ဒီထက်ရောင်းအားတက်ပြီး အောင်မြင်ကြပါစေ

လေးစားစွာဖြင့်
ကိုအော် (မြို့မေတ္တာ)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။