လူတွေ ဘယ်အချိန်မှာ ရှုံးနိမ့်သလဲ တဲ့... ပြောရရင် "သွားပြီကွာ" ဆိုပြီး ကိုယ့်နဖူးကိုယ် ရိုက်မိတဲ့အချိန်..
"ငါတော့ မရတော့ပါဘူး" ဆိုပြီး ဒူးထောက်ချလိုက်တဲ့အချိန်.. "မဖြစ်နိုင်တော့ပါဘူး" ဆိုပြီး မျက်လုံးစုံမှိတ်လိုက်တဲ့အချိန်..
အဲဒီ့အချိန်တွေမှာ ရှုံးနိမ့်သွားကြတော့တာပါပဲ. ..
.
တိတိပပပြောရရင်တော့ "အခက်အခဲ" တွေကို "ရှုံးနိမ့်ခြင်း" လို့ မြင်သွားတဲ့အခါ တကယ် ရှုံးသွားတာပါပဲ..
.
အခက်အခဲဆိုတာ လူတိုင်းမှာရှိတယ်။ ဖြူတဲ့သူ.. မဲတဲ့သူ.. လှတဲ့သူ.. မလှတဲ့သူ.. ချမ်းသာတဲ့သူ.. ဆင်းရဲတဲ့သူ..
အားလုံးမှာ ကိုယ်စီအခက်အခဲတွေ ရှိတတ်ကြတယ်..။ ကွာသွားတာက အောင်မြင်တဲ့သူက အခက်အခဲကို ကျော်လွှားပြီး.. မအောင်မြင်တဲ့သူက
အခက်အခဲရှေ့မှာ ဒူးထောက်ချလိုက်တယ်..။ ဒါပဲ ကွာသွားတာ...။
.
ဒီတော့ ကြုံလာတဲ့အခက်အခဲတွေကို ရှုံးနိမ့်ခြင်းလို့ မမြင်မိဖို့လိုတယ်။
.
ဒီတစ်နည်းနဲ့ မအောင်မြင်ရင် နောက်တစ်နည်းနဲ့ ကြိုးစားရမယ်။ နောက်တစ်နည်းနဲ့မှ မရရင် နောက်ထပ်တစ်နည်း။
ဒီတစ်ခေါက်နဲ့ မအောင်မြင်ရင် နောက်တစ်ခေါက် ကြိုးစားရမယ်။ နောက်တစ်ခေါက်မှ မရရင် နောက်ထပ်တစ်ခေါက်။
.
အဲဒီ့လိုတွေးတတ်တဲ့သူတွေအဖို့ ရှုံးနိမ့်ခြင်းဆိုတာ မရှိဘူး။ မအောင်မြင်သေးတာပဲ ရှိတော့တယ်။
(ရှုံးနိမ့်တာနဲ့ မအောင်မြင်သေးတာက အတော်ကိုကွာခြားတယ်နော်)
.
ဒီတော့ တစ်ခုခု ကြုံလာတိုင်း လက်လျော့ရမယ့် ရှုံးနိမ့်ခြင်းလို့ မတွေးဘဲ ကျော်လွှားရမယ့် အခက်အခဲလို့ တွေးရင်း
ရှေ့ဆက်ခရီးတွေ အများကြီးဆက်နိုင်ပါစေဗျာ.. .
_________________
လေးစားမှုများဖြင့်..
ရွှေညာမောင် (Focus Youth)
"ငါတော့ မရတော့ပါဘူး" ဆိုပြီး ဒူးထောက်ချလိုက်တဲ့အချိန်..
အဲဒီ့အချိန်တွေမှာ ရှုံးနိမ့်သွားကြတော့တာပါပဲ.
.
တိတိပပပြောရရင်တော့ "အခက်အခဲ" တွေကို "ရှုံးနိမ့်ခြင်း" လို့ မြင်သွားတဲ့အခါ တကယ် ရှုံးသွားတာပါပဲ..
.
အခက်အခဲဆိုတာ လူတိုင်းမှာရှိတယ်။ ဖြူတဲ့သူ.. မဲတဲ့သူ.. လှတဲ့သူ.. မလှတဲ့သူ.. ချမ်းသာတဲ့သူ.. ဆင်းရဲတဲ့သူ..
အားလုံးမှာ ကိုယ်စီအခက်အခဲတွေ ရှိတတ်ကြတယ်..။ ကွာသွားတာက အောင်မြင်တဲ့သူက အခက်အခဲကို ကျော်လွှားပြီး.. မအောင်မြင်တဲ့သူက
အခက်အခဲရှေ့မှာ ဒူးထောက်ချလိုက်တယ်..။ ဒါပဲ ကွာသွားတာ...။
.
ဒီတော့ ကြုံလာတဲ့အခက်အခဲတွေကို ရှုံးနိမ့်ခြင်းလို့ မမြင်မိဖို့လိုတယ်။
.
ဒီတစ်နည်းနဲ့ မအောင်မြင်ရင် နောက်တစ်နည်းနဲ့ ကြိုးစားရမယ်။ နောက်တစ်နည်းနဲ့မှ မရရင် နောက်ထပ်တစ်နည်း။
ဒီတစ်ခေါက်နဲ့ မအောင်မြင်ရင် နောက်တစ်ခေါက် ကြိုးစားရမယ်။ နောက်တစ်ခေါက်မှ မရရင် နောက်ထပ်တစ်ခေါက်။
.
အဲဒီ့လိုတွေးတတ်တဲ့သူတွေအဖိ
(ရှုံးနိမ့်တာနဲ့ မအောင်မြင်သေးတာက အတော်ကိုကွာခြားတယ်နော်)
.
ဒီတော့ တစ်ခုခု ကြုံလာတိုင်း လက်လျော့ရမယ့် ရှုံးနိမ့်ခြင်းလို့ မတွေးဘဲ ကျော်လွှားရမယ့် အခက်အခဲလို့ တွေးရင်း
ရှေ့ဆက်ခရီးတွေ အများကြီးဆက်နိုင်ပါစေဗျာ..
_________________
လေးစားမှုများဖြင့်..
ရွှေညာမောင် (Focus Youth)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။