အမျိုးသမီး၏ အတွင်းစိတ်ကို ထိစေသော စကားလုံးများ
++++++++++++++++++++++
၁။ သားကိုသခင်၊ လင်ကိုဘုရားအဖြစ် ကိုးကွယ်တဲ့ခေတ်ကြီး ကုန်သွားပါပြီ။ မိန်းမဆိုတာ အချစ်အတွက်နဲ့ အလုပ်ကို မစွန့်လွတ်သင့်ပါဘူး၊ တကယ်လို့ အချစ်မရှိတော့တဲ့တစ်နေ့မှာ အလုပ်ကျန်ခဲ့ဖို့ လိုပါတယ်။ အလုပ်ကို စွန့်ပစ်ရတာ လွယ်လွယ်လေးပါ။ ဒါပေမဲ့ တစ်ရက်ရက်မှာ အချစ်ပျောက်ဆုံးခဲ့လို့ရှိရင် ကိုယ့်မှာ ဘာမှ မကျန်တော့ပါ။ “ တွယ်တာရာမဲ့၊ အားကိုးရာမဲ့” ဆိုတာ အဲဒီ အခြေအနေကို ဆိုလိုတာပါ။ အလုပ်ဆိုတာ အားကိုးရာပါ။
၂။ အိမ်ထောင်ရေး အချစ်မှာ တတိယလူဝင်လာပြီဆိုရင် တောက်လျှောက်အလျှော့ပေးမယ်။
ခွင့်လွတ်မယ်ကြီး လုပ်မနေနဲ့၊ သိထားဖို့ လိုတာက အချို့ ကိစ္စတွေမှာ
ခွင့်လွတ်ရတာ လွယ်ကူပေမဲ့ တစ်သက်လုံး စိတ် ဒဏ်ရာဒဏ်ချက်တွေနဲ့
ကျန်ခဲ့တတ်တယ်။
၃။ ဘယ်ယော့က်ျားကိုမျှ သင့်ဘ၀တစ်ခုလုံးကို ကြီးစိုးသွားတာမျိုး မဖြစ်ပါစေနဲ့၊ တစ်ခါတစ်လေ၊ ပေးဆပ်တာများလေလေ၊ ဆုံးရူံးတာများလေလေ၊ တန်ဖိုးမထားလေလေ ဖြစ်တတ်ပါတယ်။
၎။ သင်ရှိသမျှ ပိုက်ဆံအားလုံး သူ့အပေါ် အသုံးမချလိုက်ပါနဲ့။ မိန်းမဆိုတာ ကိုယ့်အပေါ်ကိုယ် နည်းနည်း ကောင်းသင့်တယ်။
၅။ ဘယ်ယော့က်ျား အတွက်နဲ့ မျှ ကိုယ့်အမူအကျင့်ကို မစွန့်လွတ်ပါနှင့်၊ အလိုလိုက်တာများလေ၊ ကိုယ့်အပေါ် ကောင်းလေ မဟုတ်တတ်လို့ပါ။ ကိုယ်ပိုင်အမူအကျင့် ရှိတဲ့ မိန်းမကို ယော့က်ျားတွေက ပိုအထင်ကြီးတတ်တယ်။ ပိုလည်း တန်ဖိုးထားတတ်ပါတယ်။
၆။ သင့်အချစ်ရေးမှာ အချစ်ပျောက်ဆုံးသွားတဲ့တစ် နေ့၊
အတင်းတောင့်ခံထားဖို့ မကြိုးစားပါနှင့်၊ တစ်ခါတစ်လေ လက်လွတ်ခြင်းဟာ
သူတစ်ပါးကို လွတ်လပ်မူ ပေးတဲ့အပြင် ကိုယ့်ကိုယ်ကို လည်း အသက်ရှင်တဲ့
လမ်းကြောင်း တစ်ခု ပေးတာနဲ့ တူတတ်ပါတယ်။
၇။ ဘယ်သူက ဘယ်သူမရှိတော့လို့ရှိရင် အသက်မရှင်နိုင်တော့ဘူး ဆိုတာမျိုး လုံးဝ မယူဆလိုက်ပါနှင့်၊ သိထားရမှာက ကိုယ့်အသက်ကို မိဘက ပေးထားတာပါ။ မိဘကလွှဲရင် ဘယ်သူ့ကိုမှ အသက်ပေးဖို့ မတန်ပါဘူး။ ဒါပေမဲ့ မိဘဆိုတာ ကိုယ်အသက်ပေးဖို့ နေနေသာသာ၊ ဘ၀တစ်ခုလုံး ကျန်းမာပျော်ရွှင်စေဖို့ပဲ သူတို့က ဆန္ဒရှိတာပါ။
၈။ ဘယ်သူ့အတွက်မို့ အလှပြင်တာမျိုး၊ ဘယ်သူ့အတွက် ဖရိုဖရဲ နေတာမျိုး မဖြစ်သင့်ပါ။ နေ့စဉ်နေ့တိုင်း သန့်သန့်ရှင်းရှင်းနဲ့ လှလှပပ နေထိုင်ဖို့ဆိုတာ ဘ၀ပေးတာဝန်ပါ။
၉ ။ မျက်ရည်နဲ့ အသနားခံတာမျိုး၊ မျက်ရည်နဲ့ သူများကို ဆွဲထားတာမျိုး လုံးဝရှောင်ကျဉ်ပါ။ အချိန်တော်တော်များများမှာ မျက်ရည်ဟာ ပြောင်းပြန်အကျိုးကိုသာ သက်ရောက်စေတတ်ပါတယ်။ မိန်းခလေးအတွက်ပဲ ဖြစ်ဖြစ်၊ အမျိုးသမီးအတွက်ဖြစ်ဖြစ် ပြုံးတတ်ခြင်းဟာ အရေးကြီးဆုံးပါ။ အရာရာတိုင်းကို အပြုံးဖြင့်သာ ရင်ဆိုင်ပါ။
၁၀။ ကိုယ့်ကိုယ်ကို အထင်မသေးပါနှင့်၊ လူတိုင်းလူတိုင်း သူ့တန်ဖိုးနဲ့သူ ရှိပါတယ်။ သူကတန်ဖိုးမထားဘူးဆိုရင် တန်ဖိုးထားတတ်တဲ့လူကို ရှာပါ။ သူမှကိုယ့်ကို မလေးစားဘူးဆိုရင် လေးစားတတ်တဲ့လူကို ရှာဖွေပါ။
Ref: wechat
++++++++++++++++++++++
၁။ သားကိုသခင်၊ လင်ကိုဘုရားအဖြစ် ကိုးကွယ်တဲ့ခေတ်ကြီး ကုန်သွားပါပြီ။ မိန်းမဆိုတာ အချစ်အတွက်နဲ့ အလုပ်ကို မစွန့်လွတ်သင့်ပါဘူး၊ တကယ်လို့ အချစ်မရှိတော့တဲ့တစ်နေ့မှာ အလုပ်ကျန်ခဲ့ဖို့ လိုပါတယ်။ အလုပ်ကို စွန့်ပစ်ရတာ လွယ်လွယ်လေးပါ။ ဒါပေမဲ့ တစ်ရက်ရက်မှာ အချစ်ပျောက်ဆုံးခဲ့လို့ရိ
၂။ အိမ်ထောင်ရေး အချစ်မှာ တတိယလူဝင်လာပြီဆိုရင် တောက်လျှောက်အလျှော့ပေးမယ်။
၃။ ဘယ်ယော့က်ျားကိုမျှ သင့်ဘ၀တစ်ခုလုံးကို ကြီးစိုးသွားတာမျိုး မဖြစ်ပါစေနဲ့၊ တစ်ခါတစ်လေ၊ ပေးဆပ်တာများလေလေ၊ ဆုံးရူံးတာများလေလေ၊ တန်ဖိုးမထားလေလေ ဖြစ်တတ်ပါတယ်။
၎။ သင်ရှိသမျှ ပိုက်ဆံအားလုံး သူ့အပေါ် အသုံးမချလိုက်ပါနဲ့။ မိန်းမဆိုတာ ကိုယ့်အပေါ်ကိုယ် နည်းနည်း ကောင်းသင့်တယ်။
၅။ ဘယ်ယော့က်ျား အတွက်နဲ့ မျှ ကိုယ့်အမူအကျင့်ကို မစွန့်လွတ်ပါနှင့်၊ အလိုလိုက်တာများလေ၊ ကိုယ့်အပေါ် ကောင်းလေ မဟုတ်တတ်လို့ပါ။ ကိုယ်ပိုင်အမူအကျင့် ရှိတဲ့ မိန်းမကို ယော့က်ျားတွေက ပိုအထင်ကြီးတတ်တယ်။ ပိုလည်း တန်ဖိုးထားတတ်ပါတယ်။
၆။ သင့်အချစ်ရေးမှာ အချစ်ပျောက်ဆုံးသွားတဲ့တစ်
၇။ ဘယ်သူက ဘယ်သူမရှိတော့လို့ရှိရင် အသက်မရှင်နိုင်တော့ဘူး ဆိုတာမျိုး လုံးဝ မယူဆလိုက်ပါနှင့်၊ သိထားရမှာက ကိုယ့်အသက်ကို မိဘက ပေးထားတာပါ။ မိဘကလွှဲရင် ဘယ်သူ့ကိုမှ အသက်ပေးဖို့ မတန်ပါဘူး။ ဒါပေမဲ့ မိဘဆိုတာ ကိုယ်အသက်ပေးဖို့ နေနေသာသာ၊ ဘ၀တစ်ခုလုံး ကျန်းမာပျော်ရွှင်စေဖို့ပဲ သူတို့က ဆန္ဒရှိတာပါ။
၈။ ဘယ်သူ့အတွက်မို့ အလှပြင်တာမျိုး၊ ဘယ်သူ့အတွက် ဖရိုဖရဲ နေတာမျိုး မဖြစ်သင့်ပါ။ နေ့စဉ်နေ့တိုင်း သန့်သန့်ရှင်းရှင်းနဲ့ လှလှပပ နေထိုင်ဖို့ဆိုတာ ဘ၀ပေးတာဝန်ပါ။
၉ ။ မျက်ရည်နဲ့ အသနားခံတာမျိုး၊ မျက်ရည်နဲ့ သူများကို ဆွဲထားတာမျိုး လုံးဝရှောင်ကျဉ်ပါ။ အချိန်တော်တော်များများမှာ မျက်ရည်ဟာ ပြောင်းပြန်အကျိုးကိုသာ သက်ရောက်စေတတ်ပါတယ်။ မိန်းခလေးအတွက်ပဲ ဖြစ်ဖြစ်၊ အမျိုးသမီးအတွက်ဖြစ်ဖြစ် ပြုံးတတ်ခြင်းဟာ အရေးကြီးဆုံးပါ။ အရာရာတိုင်းကို အပြုံးဖြင့်သာ ရင်ဆိုင်ပါ။
၁၀။ ကိုယ့်ကိုယ်ကို အထင်မသေးပါနှင့်၊ လူတိုင်းလူတိုင်း သူ့တန်ဖိုးနဲ့သူ ရှိပါတယ်။ သူကတန်ဖိုးမထားဘူးဆိုရင် တန်ဖိုးထားတတ်တဲ့လူကို ရှာပါ။ သူမှကိုယ့်ကို မလေးစားဘူးဆိုရင် လေးစားတတ်တဲ့လူကို ရှာဖွေပါ။
Ref: wechat
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။