မလုပ်တတ်တာကို မလုပ်တတ်ဘူး ဝန်ခံပါ
=========================
ဆရာလင်္ကာရည်ကျော် ရဲ့ သားသို့ ဆိုတဲ့ စာအုပ်လေးမှာ ကျွန်တော်ဖတ်ခဲ့ရတာ…
ဗဟုသုတနှံ့စပ်တဲ့ ဆရာတစ်ယောက်ကို
ဝန်ကြီးလုပ်ဖို့ အကြံပေးတော့…
အဲ့ဒီဆရာက `မလုပ်တတ်ပါဘူးဗျာ´တဲ့…။
ကဲအံ့သြစရာကောင်းလိုက်တာ…
ကျွန်တော်တို့ နိုင်ငံမှာ မလုပ်တတ်တာကို မလုပ်တတ်ပါဘူးလို့ ဝန်ခံရမှာကို အတော်လေးကြောက်ကြတာ…
မလုပ်တတ်ဘဲလုပ်ခဲ့ကြလို့ ကျွန်တော်တို့နိုင်ငံဟာနောက်ကျကျန်ခဲ့ရတယ်လို့ဆိုရမလား ပဲ…။
အလားတူ ခံစားချက်မျိုး ဤစာအုပ်ကိုမဖတ်ခင်က ကျွန်တော်ကိုယ်တိုင်ကြုံဖူး ခဲ့တယ်…။
ကျွန်တော့်ရဲ့ ဆရာတွေနဲ့ သူငယ်ချို့က အကြံပေးတယ်…။
`သူငယ်ချင်း …မင်း…ကာယဘက်လျှောက်ပါလားတဲ့ …
ရာထူးတိုးလည်း မြန်တယ်ကွ´ဆိုပြီး အားတတ်သရောပဲ အကြံပေးတာ…
ကျွန်တော့်ကိုကောင်းစေချင်လို့ တိုးတက်စေချင်လို့ အကြံပေးတာကို ကျေးဇူးတင်မိပါတယ်…။
ဒါပေမဲ့ ကျွန်တော့်ရဲ့အဖြေက တစ်ခုတည်းပါ…
`မလုပ်တတ်ပါဘူးဗျာ´လို့ပါပဲ …။
ဟုတ်တယ်လေ…
သွေးပူလေ့ကျင့်ခန်း ကာယအတွဲ တစ်ကနေ လေးအထိလောက် သင်ပေးနိုင်ရုံနဲ့
ကာယဆရာဖြစ်သင့်လား…
ဘောလုံးတောင်ကောင်းကောင်းမက န်တတ်တဲ့ လူတစ်ယောက်က ကာယဆရာဖြစ်သင့်လား…
ဘောလုံးကွင်းတောင်မဖောက်တတ် ဘဲနဲ့
ကာယဆရာဖြစ်သင့်လား…
ဂိုးပေါက်တည့်အောင်မကန်နိုင်ပါပဲ
ကာယဆရာဖြစ်သင့်လား…
ဘောလုံးကန်ဖို့ပွဲစဉ်ဇယားတောင်ကောင်းကောင်းမဆွဲတတ်ဘဲနဲ့  ကာယဆရာဖြစ်သင့်လား…
ဘောလီဘောပြိုင်ပွဲမှာ တစ်ဖက်ကို အသင်းသားဘယ်နှစ်ယောက်ကစားခွ င့်ရှိလဲဆိုတာမသိဘဲနဲ့ ကာယဆရာဖြစ်သင့်လား…
ဒိုက်ထိုးရင်တောင် ငါးခါပြည့်အောင် မထိုးနိုင်ဘဲနဲ့ကာယဆရာဖြစ်သ င့်လား…
ရာထူးတိုးမြန်တာတစ်ခုတည်းအတွက်နဲ့ပဲ
ကာယဌာနဘက်ကို ပြောင်းသင့်ပါလား…
စသည်ဖြင့်ပေါ့ ကျွန်တော်တွေးခဲ့တယ်…။
ကိုယ်တကယ်မကျွမ်းကျင်တဲ့ နယ်ပယ်မှာ
ရာထူးကိုအကြောင်းပြပြီး ပညာရေးလောကကြီးမနစ်နာစေချင် ဘူး
ကိုယ်မလုပ်နိုင် / မလုပ်တတ်တာကို ကိုယ်တိုင်သိပြီး
ကိုယ်နဲ့ သင့်လျော်တဲ့ နေရာမှာပဲ အကောင်းဆုံးဖြစ်အောင်ရပ်တည် ချင်တာ ကျွန်တော့်ဆန္ဒပါပဲ…
ကိုယ်နဲ့မသင့်လျော်တဲ့ ကုလားထိုင်ပေါ်မှာ
အခန့်သားထိုင်ပြီး လစာကိုထိုင်ထုတ်နေရင်
လူကဲ့ရဲ့ခံနေရပါအုံးမယ်လေ…။
ကျွန်တော်က စာပေသင်ကြားပို့ချပေးတဲ့အပြ င် လူကိုပါပြင်လို့ရတဲ့
ကျောင်းဆရာဖြစ်ချင်တာ…
တကယ့်ဆရာဖြစ်ချင်တာ…
ကျွန်တော့်ရဲ့ နောက်ဆုံးထွက်သက်အထိ
စာကိုလည်းသင် လူကိုလည်းပြင်ရင်း
အရိုးထုတ်သွားမယ်…။
မလုပ်တတ်တာကိုမလုပ်တတ်ဘူးလို့
ဝန်ခံရမှာ မရှက်ပါဘူး…
မလုပ်တတ်ပါဘူးဆိုတာကို ဘယ်သူ့မှ ဝန်ခံစရာမလိုပါဘူး…
ကိုယ့်ကိုယ်ကိုယ် ပဲဝန်ခံရမှာပါ…။
ဘယ်သူမသိသိ သိသိ…
ကိုယ်ပဲသိတာပဲ မဟုတ်ပါလားဗျာ…။ ။
လေးစားလျက်
ဆရာတိမ်ထွဋ်ခေါင်
=========================
ဆရာလင်္ကာရည်ကျော် ရဲ့ သားသို့ ဆိုတဲ့ စာအုပ်လေးမှာ ကျွန်တော်ဖတ်ခဲ့ရတာ…
ဗဟုသုတနှံ့စပ်တဲ့ ဆရာတစ်ယောက်ကို
ဝန်ကြီးလုပ်ဖို့ အကြံပေးတော့…
အဲ့ဒီဆရာက `မလုပ်တတ်ပါဘူးဗျာ´တဲ့…။
ကဲအံ့သြစရာကောင်းလိုက်တာ…
ကျွန်တော်တို့ နိုင်ငံမှာ မလုပ်တတ်တာကို မလုပ်တတ်ပါဘူးလို့ ဝန်ခံရမှာကို အတော်လေးကြောက်ကြတာ…
မလုပ်တတ်ဘဲလုပ်ခဲ့ကြလို့ ကျွန်တော်တို့နိုင်ငံဟာနောက
အလားတူ ခံစားချက်မျိုး ဤစာအုပ်ကိုမဖတ်ခင်က ကျွန်တော်ကိုယ်တိုင်ကြုံဖူး
ကျွန်တော့်ရဲ့ ဆရာတွေနဲ့ သူငယ်ချို့က အကြံပေးတယ်…။
`သူငယ်ချင်း …မင်း…ကာယဘက်လျှောက်ပါလားတဲ
ရာထူးတိုးလည်း မြန်တယ်ကွ´ဆိုပြီး အားတတ်သရောပဲ အကြံပေးတာ…
ကျွန်တော့်ကိုကောင်းစေချင်လ
ဒါပေမဲ့ ကျွန်တော့်ရဲ့အဖြေက တစ်ခုတည်းပါ…
`မလုပ်တတ်ပါဘူးဗျာ´လို့ပါပဲ
ဟုတ်တယ်လေ…
သွေးပူလေ့ကျင့်ခန်း ကာယအတွဲ တစ်ကနေ လေးအထိလောက် သင်ပေးနိုင်ရုံနဲ့
ကာယဆရာဖြစ်သင့်လား…
ဘောလုံးတောင်ကောင်းကောင်းမက
ဘောလုံးကွင်းတောင်မဖောက်တတ်
ကာယဆရာဖြစ်သင့်လား…
ဂိုးပေါက်တည့်အောင်မကန်နိုင
ကာယဆရာဖြစ်သင့်လား…
ဘောလုံးကန်ဖို့ပွဲစဉ်ဇယားတေ
ဘောလီဘောပြိုင်ပွဲမှာ တစ်ဖက်ကို အသင်းသားဘယ်နှစ်ယောက်ကစားခွ
ဒိုက်ထိုးရင်တောင် ငါးခါပြည့်အောင် မထိုးနိုင်ဘဲနဲ့ကာယဆရာဖြစ်သ
ရာထူးတိုးမြန်တာတစ်ခုတည်းအတ
ကာယဌာနဘက်ကို ပြောင်းသင့်ပါလား…
စသည်ဖြင့်ပေါ့ ကျွန်တော်တွေးခဲ့တယ်…။
ကိုယ်တကယ်မကျွမ်းကျင်တဲ့ နယ်ပယ်မှာ
ရာထူးကိုအကြောင်းပြပြီး ပညာရေးလောကကြီးမနစ်နာစေချင်
ကိုယ်မလုပ်နိုင် / မလုပ်တတ်တာကို ကိုယ်တိုင်သိပြီး
ကိုယ်နဲ့ သင့်လျော်တဲ့ နေရာမှာပဲ အကောင်းဆုံးဖြစ်အောင်ရပ်တည်
ကိုယ်နဲ့မသင့်လျော်တဲ့ ကုလားထိုင်ပေါ်မှာ
အခန့်သားထိုင်ပြီး လစာကိုထိုင်ထုတ်နေရင်
လူကဲ့ရဲ့ခံနေရပါအုံးမယ်လေ…။
ကျွန်တော်က စာပေသင်ကြားပို့ချပေးတဲ့အပြ
ကျောင်းဆရာဖြစ်ချင်တာ…
တကယ့်ဆရာဖြစ်ချင်တာ…
ကျွန်တော့်ရဲ့ နောက်ဆုံးထွက်သက်အထိ
စာကိုလည်းသင် လူကိုလည်းပြင်ရင်း
အရိုးထုတ်သွားမယ်…။
မလုပ်တတ်တာကိုမလုပ်တတ်ဘူးလိ
ဝန်ခံရမှာ မရှက်ပါဘူး…
မလုပ်တတ်ပါဘူးဆိုတာကို ဘယ်သူ့မှ ဝန်ခံစရာမလိုပါဘူး…
ကိုယ့်ကိုယ်ကိုယ် ပဲဝန်ခံရမှာပါ…။
ဘယ်သူမသိသိ သိသိ…
ကိုယ်ပဲသိတာပဲ မဟုတ်ပါလားဗျာ…။ ။
လေးစားလျက်
ဆရာတိမ်ထွဋ်ခေါင်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။