သတိထားပါ!
••••••••••••••••••••••
လူတစ်ယောက်က သူရိုးသားကြောင်း
သင့်ဆီ အထပ်ထပ်အခါခါ
နားသွင်း နေပြီဆိုရင် သတိထားပါ။
သင့်ကို သူလှည့်စားဖို့ အစပျိုးနေပါပြီ။••••••••••
လူတစ်ယောက်က သူ့ကိုယုံကြည်ဖို့
သင့်ကို အခါအခွင့်သင့်တိုင်း
တောင်းဆို နေပြီဆိုရင် သတိထားပါ။
သင့်ကို သူလိမ်ညာဖို့ ကြိုးစားနေပါပြီ။••••••••••
လူတစ်ယောက်က သူကတိတည်တဲ့အကြောင်း
သင့်ရှေ့မှာ မမောနိုင်အောင်
ခဏခဏပြော နေပြီဆိုရင် သတိထားပါ။
သင့်အပေါ် သူတစ်ခုခုဖောက်ဖျက်ဖို့ ကြံစည်နေပါပြီ။•••••••
လူတစ်ယောက်က သူသစ္စာရှိကြောင်း
သင့်အတွက် အာမခံချက်တွေ
ကောင်းကောင်းပေး နေပြီဆိုရင် သတိထားပါ။
သင်မသိအောင် လိပ်ပြာ မလုံတဲ့
လုပ်ရပ်တွေ သူလုပ်ထားပါပြီ။••••••••••
လူတစ်ယောက်က သူမပြောင်းလဲတတ်ကြောင်း
သင့်အနားမှာ မှင်ကောင်းကောင်းနဲ့
အယုံသွင်း နေပြီဆိုရင် သတိထားပါ။
သင့်အနားကနေ ထွက်သွားဖို့ သူခြေလှမ်းစနေပါပြီ။•••••••
သင့်ပတ်ဝန်းကျင်က အပြောကောင်း
သူတွေကိုသတိထားပါ။ အဆုံးမှာတော့
သင်က ရိုးသားတယ်ထင်ထားတဲ့
သူတွေကပဲ သင့်ကို လှည့်စားနိုင်တယ်။•••••••• ••
သင်က ယုံကြည်ထားသူတွေကပဲ
သင့်ကို လိမ်ညာသွားနိုင်တယ်။
သင်က ကတိတည်တယ်ထင်ထားတဲ့
သူတွေကပဲ သင့်ကို ဖောက်ပြန်သွားကြတယ်။••••••• •••
သင့်ကို " သစ္စာရှိပါတယ် " ဆိုတဲ့
လူတွေကပဲ သစ္စာဖောက်သွားကြတယ်။
သင့်အတွက် " ဘယ်တော့မှမပြောင်းမလဲပါဘူး " ဆိုတဲ့
လူတွေကပဲ သင့်ကို ထားသွားကြတယ်။••••••••••
တကယ်တမ်းကြတော့ အပေါ်ယံ
အရေခြုံထားတဲ့ အပြောတစ်မျိုး
အလုပ်တစ်မျိုးနဲ့ လူတွေဟာ
မြွေပွေးထက် ပိုကြောက်ဖို့ကောင်းတာပါ။•• ••••••••
Credit to မနောဖြူ
••••••••••••••••••••••
လူတစ်ယောက်က သူရိုးသားကြောင်း
သင့်ဆီ အထပ်ထပ်အခါခါ
နားသွင်း နေပြီဆိုရင် သတိထားပါ။
သင့်ကို သူလှည့်စားဖို့ အစပျိုးနေပါပြီ။••••••••••
လူတစ်ယောက်က သူ့ကိုယုံကြည်ဖို့
သင့်ကို အခါအခွင့်သင့်တိုင်း
တောင်းဆို နေပြီဆိုရင် သတိထားပါ။
သင့်ကို သူလိမ်ညာဖို့ ကြိုးစားနေပါပြီ။••••••••••
လူတစ်ယောက်က သူကတိတည်တဲ့အကြောင်း
သင့်ရှေ့မှာ မမောနိုင်အောင်
ခဏခဏပြော နေပြီဆိုရင် သတိထားပါ။
သင့်အပေါ် သူတစ်ခုခုဖောက်ဖျက်ဖို့ ကြံစည်နေပါပြီ။•••••••
လူတစ်ယောက်က သူသစ္စာရှိကြောင်း
သင့်အတွက် အာမခံချက်တွေ
ကောင်းကောင်းပေး နေပြီဆိုရင် သတိထားပါ။
သင်မသိအောင် လိပ်ပြာ မလုံတဲ့
လုပ်ရပ်တွေ သူလုပ်ထားပါပြီ။••••••••••
လူတစ်ယောက်က သူမပြောင်းလဲတတ်ကြောင်း
သင့်အနားမှာ မှင်ကောင်းကောင်းနဲ့
အယုံသွင်း နေပြီဆိုရင် သတိထားပါ။
သင့်အနားကနေ ထွက်သွားဖို့ သူခြေလှမ်းစနေပါပြီ။•••••••
သင့်ပတ်ဝန်းကျင်က အပြောကောင်း
သူတွေကိုသတိထားပါ။ အဆုံးမှာတော့
သင်က ရိုးသားတယ်ထင်ထားတဲ့
သူတွေကပဲ သင့်ကို လှည့်စားနိုင်တယ်။••••••••
သင်က ယုံကြည်ထားသူတွေကပဲ
သင့်ကို လိမ်ညာသွားနိုင်တယ်။
သင်က ကတိတည်တယ်ထင်ထားတဲ့
သူတွေကပဲ သင့်ကို ဖောက်ပြန်သွားကြတယ်။•••••••
သင့်ကို " သစ္စာရှိပါတယ် " ဆိုတဲ့
လူတွေကပဲ သစ္စာဖောက်သွားကြတယ်။
သင့်အတွက် " ဘယ်တော့မှမပြောင်းမလဲပါဘူး " ဆိုတဲ့
လူတွေကပဲ သင့်ကို ထားသွားကြတယ်။••••••••••
တကယ်တမ်းကြတော့ အပေါ်ယံ
အရေခြုံထားတဲ့ အပြောတစ်မျိုး
အလုပ်တစ်မျိုးနဲ့ လူတွေဟာ
မြွေပွေးထက် ပိုကြောက်ဖို့ကောင်းတာပါ။••
Credit to မနောဖြူ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။