Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, January 21, 2018

ကိုယ့်စကားလုံးကြောင့် သူများဘဝမပျက်စီးပါစေနဲ့

 
 
ကိုယ့်စကားလုံးကြောင့် သူများဘဝမပျက်စီးပါစေနဲ့

အရင်တုန်းကတော့ လူတွေဟာ ကိုယ်အမူအရာ၊
နှုတ်အမူအရာ ကို အလေးထားပြီး ထိန်းသိမ်းကြ
တယ်။ အခုတော့ ခေတ်ကြီးက တိုးတက်လာပြီး
လူချင်းတွေ့ စကားပြောတာထက် အွန်လိုင်းကနေ
ပဲ Message နဲ့ပြောတာ၊ Comment ပေးတာတွေ
များလာပါတယ်။ အချို့တွေက လူချင်း မျက်နှာချင်း
ဆိုင်တွေ့ရင် ပြောမှာ မဟုတ်တဲ့ စကားတွေကို အွန်
လိုင်းမှာတော့ ပြောရဲလာကြပါတယ်။ အရင်တုန်းက
လူချင်းတွေ့ပြီး အတင်းပြောတဲ့ အလေ့အထတွေရှိ
ခဲ့ကြပေမယ့် အခုအခါမှာတော့ ပို့စ်တွေရဲ့အောက်မှာ
Comment တွေနဲ့ အတင်းပြောကြပါတယ်။ မိမိရေး
လိုက်တဲ့ စာတစ်ကြောင်းဟာ တစ်ခါတစ်လေ
သူတစ်ပါးကို ဘယ်လောက်ထိခိုက်သွားမလဲ သိပ်ပြီး
မစဉ်းစားကြတော့ပါဘူး။ သတင်းမှန်လား မမှန်လား
မသိ ဆဲကြပါတော့တယ်။ ပြီးရင် Share ကြပါတယ်။

အချို့လူတွေကျတော့လည်း နာမည်ကြီး Celebrity
တစ်ယောက်ယောက်ကို ဖဲ့ပြီး သူတို့ နာမည်ကြီးဖို့
လုပ်ကြပါတယ်။ တစ်ခါတစ်လေ အချို့ Celebrity
တွေရဲ့ သတင်းတွေအောက်မှာလည်း သူတစ်ပါးကို
မှိုချိုးမျှစ်ချိုးပြောကြတာတွေတွေ့ရပါတယ်။ LGBT
သတင်းမျိုးတွေဆိုလည်း ပယ်ပယ်နယ်နယ် ဝင်ဆဲ
ကြပါတယ်။ ကိုယ်ပြောလိုက်တဲ့ စကားတစ်ခွန်းက
ဘယ်လောက်အထိ ကာယကံရှင်ကို ထိခိုက်မလဲ
သိပ်ပြီး မစဉ်းကြတော့ပါဘူး။ သတင်းအမှားတွေကို
ဦးအောင် ရှဲကြပါတယ်။ ကာယကံရှင်က ပြန်လည်
ဖြေရှင်းတဲ့ သတင်းမျိုးတွေတော့ ဘယ်သူမှ ရှဲလေ့
မရှိကြပါဘူး။ စာတစ်ကြောင်း၊ Comment တစ်ခု၊
Meme တစ်ခု ဖန်တီးပြီး မိမိနှင့် မဆိုင်သလိုနေကြ
ပါတယ်။ နိုင်ငံခြားမှာဆို အဲ့ဒီလို Cyber Bullying
လုပ်လို့ စိတ်ဓာတ်ကျပြီး သတ်သေသွားကြတဲ့သူ
တွေတောင် ရှိပါတယ်။ ဘယ်သူပဲဖြစ်ဖြစ် လူတစ်
ယောက်ဟာ သူ့ဘဝ သူပိုင်ပါတယ်။ သူတို့ လုပ်ချင်
တာ လုပ်နိုင်ပါတယ်။ ကိုယ်က မကျေနပ်ရင် မကြည့်
ပဲ နေလို့ရပါတယ်။ ဝင်ဆဲလိုက်လို့ အကျင့်ပြင်သွား
တဲ့သူ မကြားဖူးခဲ့ပါဘူး။ မိမိမနှစ်သက်ရင် ယဉ်ယဉ်
ကျေးကျေးလည်း ဝင်ဆွေးနွေးလို့ရသလို ဘာမှ
ဝင်မရေးပဲ ကျော်သွားလို့လည်း ရပါတယ်။

Share တော့မယ်ဆိုရင်..

Share တော့မယ်ဆိုရင် မိမိရှဲမယ့် သတင်းက မှန်ရဲ့
လား သေချာလေ့လာသင့်ပါတယ်။ လက်လွတ်စပယ်
မရှဲသင့်ပါဘူး။ ကောလဟာသ သတင်းမျိုးဆို မိမိရဲ့
Share တစ်ချက်ကြောင့် သတင်းတွေက ပိုပြန့်နှံ့သွား
ပြီး ကာယကံရှင်အတွက် မကောင်းပါဘူး။ မိမိShare
လိုက်ရင် ကာယကံရှင်အတွက် ဘာဖြစ်သွားမလဲ
အချိန်လေး ခဏလောက်ပေးကာ စဉ်းစားစေချင်ပါ
တယ်။ ဟိုတစ်လောက ဘလော့ဂါမိန်းကလေး
တစ်ယောက် ကလပ်ထဲမှာ နမ်းတယ်ဆိုတဲ့သတင်း
ဝိုင်းရှဲကြတာတွေ့ရပါတယ်။။ နမ်းတဲ့ပုံလည်း မတွေ့ပဲ
ဝိုင်းရှဲကြပါတယ်။ မိန်းကလေးချင်းတွေတောင် ရှဲကြ
တာလည်း ရှိပါတယ်။

အကယ်၍ နမ်းခဲ့အုံးတော့ ကိုယ်နဲ့ ဆိုင်တာမှ မဟုတ်
တာ။ သူ့ဘဝသူပိုင်တာပဲ သူနမ်းချင်တဲ့သူနမ်းမှာပေါ့
ရည်းစားရှိရက်နဲ့ဆိုလည်း သူဖြစ်ရင် သူခံမှာပေါ့။
မြန်မာအမျိုးသမီးတွေ အတုယူတာမှားမှာစိုးလို့ ပြောတဲ့
သူကရှိသေးတယ်။ အဲ့ဒီနမ်းတဲ့သတင်းက ရှဲတဲ့သူမရှိရင်
ဘယ်သူမှတောင် သိမှာမဟုတ်ဘူး။ သတင်းက အမှန်ပဲ
ထားပါအုံး။ အဲ့ဒီသတင်းရှဲလိုက်တော့ရော ဘာတွေအကျိုး
ရှိနိုင်မှာလဲ။ ဆေးလိပ်စက်ရုံထောင်ထားပြီး ကင်ဆာတိုက်
ဖျက်ရေး ရန်ပုံငွေရှာနေသလိုပဲ။ ကိုယ်လုပ်နေတာက
ပိုဆိုးနေမှန်း သတိမထားမိကြပါဘူး။ သူတစ်ပါးကို
ဘယ်လောက်ထိခိုက်စေလဲမစဉ်းကြတော့ပါဘူး။
အချို့ကလည်း သတိမထားမိပဲ လုပ်နေမိကြတာပါ။
အချို့ကကျတော့လည်း သိရက်နဲ့ လုပ်ကြတာပါ။

Troll တော့မယ်၊ Meme လုပ်တော့မယ်ဆိုရင်

အချို့က အပျော်ပဲ ဆိုပြီး အပြောင်အပျက် Troll တွေ၊
Meme တွေ လုပ်ကြတယ်။ စိတ်ဓာတ်မာကျောတဲ့သူ
တွေကတော့ အဲ့ဒါတွေ ဂရုစိုက်မှာ မဟုတ်ပါဘူး။
ဒါပေမယ့် စိတ်ဓာတ် သိပ်ပြီး မမာကျောတဲ့သူတွေ
အတွက်ဆို အဲ့ဒါတွေက ဝိုင်းအနိုင်ကျင့်နေသလိုပါပဲ။
အပျော်သဘောပါလို့ ပြောပြီး လုပ်ကြတာပါပဲ။ ဒါပေမယ့်
ခံလိုက်ရတဲ့သူကဘယ်လောက် ခံလိုက်ရမှန်း မသိကြ
ပါဘူး။ အချို့က စိတ်လည်း မဝင်စားကြပါဘူး။ သူတစ်ပါး
ကို လှောင်ပြီးမှ စိတ်ချမ်းသာမှုရှာတတ်တာ အရမ်း
ကောင်းတဲ့ အလေ့အကျင့်တော့ မဟုတ်ပါဘူး။ Meme
လုပ်ပြီး လှောင်တဲ့သူကလှောင်တယ်။ အားပေးတဲ့သူတွေ
ကလည်း အားပေးကြပါတယ်။ ဘာနဲ့တူလည်းဆိုတော့
ငယ်ငယ်က ကလေးတစ်ယောက်ကို အကောင်ကြီးတဲ့
ကောင်က ဝိုင်းအနိုင်ကျင့်တယ်။ ဘေးက အားပေး
အားမြှောက်လုပ်သူတွေက လုပ်ကြတယ်။ အဲ့ဒီမြင်ကွင်း
နဲ့ပုံစံတူပါတယ်။ ဒီနေရာမှာ ပြောတဲ့ Troll, Meme
ဆိုတာ သူတစ်ပါးကို Personal Attack လုပ်ထားတဲ့
အရာတွေကို ပြောတာပါ။ သာမန် အပျော်အပျက်
မဟုတ်ပါဘူး။ ပုဂ္ဂိုလ်ရေးတွေကို စော်ကားထားတဲ့
အရာမျိုးတွေကို ပြောတာပါ။ အဲ့လို အရာမျိုးတွေကို
အားပေးအားမြှောက် မလုပ်သင့်ပါဘူး။

Comment မန့်တော့မယ်ဆိုရင်

အချို့ Comment တွေ တော်တော်လေး ရိုင်းကြတာ
တွေ့ပါတယ်။ သဇင်ရဲ့ သတင်းတွေအောက်မှာဆို
တော်တော်ဆိုးပါတယ်။ ကာယကံရှင်တွေ့ရင် ငိုတောင်
ငိုလောက်ပါတယ်။ သဇင်မှားခဲ့လား၊ မမှားခဲ့ဘူးလား
ကျွန်တော် မငြင်းလိုပါဘူး။ ဒါပေမယ့် လူတစ်ယောက်
နလန်မထူနို်င်လောက်အောင် ဝိုင်းဆဲကြတာ လူကောင်း
တွေရဲ့ အပြုအမူ မဟုတ်ပါဘူး။ သူလည်း သူ့ဘဝလေးကို
ပြန်လည်တည်ဆောက်နေပြီပဲ။ မဖေးမနိုင်ရင်တောင်
အဖွဲ့လိုက် ဝိုင်းပြီး ချောက်ထဲ ပြန်တွန်းချတာမျိုးတော့
မလုပ်သင့်ဘူးထင်ပါတယ်။ ဒါက ဥပမာ တစ်ခုပဲပြောတာ
ပါ။ အခြားအကြောင်းအရာတွေအောက်မှာလည်း
ဝင်ဆဲတတ်ကြပါတယ်။ အိန္ဒြာကျော်ဇင်ရဲ့ ကလေးတွေ
ကို ဝိုင်းဆဲတဲ့သူတွေလည်း ရှိပါသေးတယ်။ Comment
ပေးတော့မယ်(သူများကို အပြစ်ပြောတော့မယ်) ဆိုရင်
ကိုယ်ချင်းစာစိတ်လေး နည်းနည်းမွေးသင့်ပါတယ်။

ကိုယ်ရေးလိုက်တဲ့ စာတစ်ကြောင်း၊ ကိုယ်ရှဲလိုက်တဲ့
ပို့စ်တစ်ခုကြောင့် သူတစ်ပါး ဘဝကို ဖျက်ဆီးသလို
မဖြစ်ကြပါစေနဲ့။ မိမိရဲ့ တဒင်္ဂပျှော်ရွှင်မှုအတွက် သူတစ်ပါး
ရဲ့ ဂုဏ်သိက္ခာတွေကို ချမနင်းကြပါနဲ့လို့ အကြံပြုလိုက်
ရပါတယ်။

#မိုးရှင်း (I.M.T) ရေးသားသည်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။