ကောင်မလေး : ရှင့်မှာ အိမ်ရှိလား
ကောင်လေး : မရှိဘူး၊
ကောင်မလေး : ကားရှိလား
ကောင်လေး : မရှိဘူး၊
ကောင်မလေး : ငွေစုစာအုပ်ရှိလား
ကောင်လေး : ဒါလည်းမရှိဘူး၊
ကောင်မလေး : ဘာမှ မရှိဘဲ ရှင်က ကျွန်မကိုချစ်ရေးဆိုချင်သေးတယ်၊
ကောင်လေး : ကျွန်တော် ....
ကောင်မလေးလှည့်ထွက်မယ်လုပ်တော့ ကောင်လေးက ရုတ်တရက် "ကျွန်တော့်လူပေါင်းထောင်ကျော် စီမံကွပ်ကဲတယ်။ အဲဒီလူတွေထဲမှာ ဆရာဝန်ပါတယ်၊ အင်ဂျင်နီယာပါတယ်၊ ရှေ့နေပါတယ်၊ စီးပွားရေးလုပ်ငန်းရှင်တွေပါတယ်.. ပြီးတော့ .. "
ကောင်လေးစကားမဆုံးသေးဘူး၊ ကောင်မလေးပြေးလာပြီး ခါးကိုဖက်လိုက်တယ်။
"ကြည့်စမ်း လူနောက်.. ဘာလို့ စောစောက မပြောတာလဲ.. ဒါနဲ့ ရှင်က ဘယ်ကုမ္ပဏီရဲ့မန်နေးဂျင်းဒါရိုက်တာလဲဟင်"
ကောင်မလေးရဲ့အမေးကို ကောင်လေးပြန်ဖြေပါတယ်..
" ဘယ်ကုမ္ပဏီမှမဟုတ်ပါဘူး.. ဖေ့စဘုတ်ဂရုတစ်ခုက အက်မင်ပါ ... "
***
wechat မှာဖတ်မိတာလေး မျှဝေပါတယ်။
#နိုင်းနိုင်းစနေ

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။