Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, January 10, 2018

ငွေ စီမံကိန်း အပိုင်း (၄) (အနှစ်ချုပ်)

Thura Wai Hninn updated her status.
ငွေ စီမံကိန်း
------
အပိုင်း (၄)
(အနှစ်ချုပ်)
.
ဝင်ငွေ နှစ်မျိုး ရှိတယ်။
ဝန်ထမ်းဖြစ်ဖြစ် / ကိုယ်ပိုင်စီးပွားရေးဖြစ်ဖြစ် အလုပ်လုပ်ပြီး ရတဲ့ဝင်ငွေဟာ Active Income ဖြစ်​ပြီး ..
ငွေတိုးချေးလို့ အတိုးရငွေ ၊ အိမ်ငှားထားတဲ့အတွက် ငှားရမ်းခရငွေ ၊ ကား owner ကြေးရ​ငွေ ၊ ရှယ်​ယာ​ဝေစု ... အဲဒီလိုမျိုး အလုပ်မလုပ်ပဲ ရတဲ့ဝင်ငွေဟာ Passive Income ဖြစ်တယ်။
နွား မွေးဘက်ပေးတာ ၊ ၀က်မွေးတာ ၊ စပါးရိတ်စက်အငှားလိုက်တာ လိုမျိုး .. ရတဲ့ဝင်ငွေတွေကလည်း Passive Income ပဲ ဖြစ်တယ်။
** Passive Income ဟာ ၀င်ငွေပေါင်းထည့်ပေးတဲ့ပိုင်ဆိုင်မှု(Assets)ကနေ ရလာတဲ့ဝင်ငွေပါ။ [Liability နဲ့ Asset - အပိုင်း(၂)တွင်ရှု]

.
ငွေကြေးစီမံပုံ နမူနာ ။
---------
တစ်လ၀င်ငွေ (၅) သိန်း ရှိသူတစ်ယောက်အတွက် ငွေကြေးစီမံပုံကို နမူနာတွက်ပြပါမယ်။
မြန်​မာပြည်​အ​နေအထားအရ လက်တွေ့မှာ ဒီထက်ဝင်ငွေများသူရှိသလို ၊ ဒီလောက်ဝင်ငွေမရသူလည်း ရှိပါတယ်။
အခုက ငွေကြေးစီမံပုံ ရှင်းပြချင်တာဖြစ်တဲ့အတွက် ၀င်ငွေ (၅)သိန်း ရှိသူက နမူနာပါ။
တစ်​လ၀င်ငွေ - ၅၀၀၀၀၀ (၅ သိန်း)
ထွက်ငွေ -
• နေစရိတ် - ၅၀၀၀၀
• စားစရိတ်၊ အသုံးစရိတ် - ၁၀၀၀၀၀
• သင်တန်းကြေး - ၂၀၀၀၀
• အထွေထွေ - ၅၀၀၀၀
----------------
စုစုပေါင်းထွက်ငွေ - ၂၂၀၀၀၀ (၂ သိန်း ၂ သောင်း)
- (အခွန် မပါ)
..........
တစ်လ၀င်ငွေ (၅)သိန်းမှာ -
အသုံးစရိတ် (၂သိန်း ၂သောင်း)ရှိတဲ့အတွက်
အသားတင်ကျန်ငွေက ၂သိန်း ၈သောင်း ပါ။
အဲဒါကြောင့် တစ်​လအတွက်​ လစာ (၅)သိန်း ရ​ပေမယ့်​ အမှန်​တကယ်ပိုင်ဆိုင်ငွေက - ၂သိန်း ၈သောင်း ပါ။
အဲဒီ ပိုင်​ဆိုင်​​ငွေ ၂သိန်း ၈သောင်းကို
ကျွန်​မတို့ လိုအပ်​တဲ့/လိုချင်​တဲ့ အသုံးအ​ဆောင်​​တွေ ၀ယ်​လိုကြတယ်​။ သုံး​လေးလ​လောက်​စုပြီး ဆိုင်​ကယ်​တစ်​စီးဝယ်​လိုက်​မယ်​ဆိုရင်​ ဆိုင်​ကယ်​တစ်​စီး ပိုင်​လာတာ​ပေါ့။
ဒါမှမဟုတ်​ စားဖို့​သောက်​ဖို့ ​နေဖို့ဝတ်​ဖို့ ပိုဝယ်​နိုင်​၊သုံးနိုင်​​တာ​ပေါ့။
.
ချမ်းသာချင်တယ်ဆိုရင်
ကိုယ့်​အသားတင်​ပိုင်​ဆိုင်​​ငွေကို ​ငွေပြန်​မထွက်​နိုင်​တဲ့ Liability ​တွေမှာ
သုံးပစ်​လို့ မရပါဘူး။
ဒါဆို ..
တစ်လ၀င်ငွေ (၂သိန်း၈သောင်း)နဲ့
ဘယ်လို ချမ်းသာအောင် လုပ်ကြမလဲ။
.
အရင်ဆုံး ..
အသုံးစရိတ်ကို သေချာစီစစ်ပြီး လျော့လို့ရတာ အတတ်နိုင်ဆုံးလျော့ချကြည့်ပါ။ စီစစ်ပြီး လျော့ရသလောက် အသုံးစရိတ် ၂သောင်း သက်သာသွားတယ် ဆိုပါစို့။
ဒါဆို -- ထွက်ငွေ (၂)သိန်း - တစ်ကယ်ပိုင်ဆိုင်ငွေ (၃)သိန်း ရှိလာမယ်။ အဲဒီ တစ်ကယ်ပိုင်ဆိုင်တဲ့ငွေကို ငွေပြန်ထွက်မလာနိုင်တဲ့ (Liability)တွေ မ၀ယ်ပဲ ​ငွေပြန်​၀င်​​လာမယ့်​ပိုင်​ဆိုင်​မှု(Asset)တွေ ၀ယ်ရမယ်။
လစဉ်​ပိုင်​ဆိုင်​​ငွေ (၃) သိန်းကို ၅ လ စုထားမယ်ဆိုရင် ..
(၁၅) သိန်း ရှိလာမယ်။
အဲဒီ (၁၅) သိန်းကို ကိုယ်အလုပ်လုပ်နေတဲ့ အလုပ်မှာ ရှယ်ယာထည့်တာမျိုး ၊ ဒါမှမဟုတ် စိတ်ချရတဲ့သူကို ငွေတိုးပေးချေးတာမျိုး ...
ငွေပွားနိုင်​မယ့်နေရာမှာ မြုပ်​နှံရမယ်​။
.
စုထား​ငွေ (၁၅)သိန်းကို ငွေတိုး​ပေးချေးမယ်ဆိုပါစို့။ (၆)ကျပ်တိုးရမယ်ဆိုရင် တစ်လအတိုးရငွေ (၉၀၀၀၀) ရှိမယ်။
ဒါဆို ကိုယ့်အသားတင်ဝင်ငွေ (၃)သိန်း အပြင်
နောက်ထပ်ဝင်ငွေ (၉၀၀၀၀) လစဉ်ထပ်ရလာမယ်။
အဲဒီ စုစုပေါင်းဝင်ငွေနှစ်​ခု(၃၉၀၀၀၀)ကို စုထားတဲ့အခါ -
နောက် (၅) လကြာရင် (၁၉သိန်း ၅သောင်း) ရှိလာမယ်။
အဲဒီ (၁၉-သိန်း ၅-သောင်း)ကို တစ်ခါ (၆)ကျပ်တိုးနဲ့ ငွေတိုးထပ်ပေးမယ် ဆိုပါစို့။
ပထမငွေတိုးပေးထားငွေ (၁၅-သိန်း) နဲ့ နောက်ထပ်ပေးငွေ(၁၉-သိန်း ၅-သောင်း) - စုစုပေါင်း (၃၄-သိန်း ၅-သောင်း) ရှိလာမယ်။ အဲဒီ (၃၄-သိန်း ၅-သောင်း)အတွက် တစ်လအတိုးငွေ (၂၀၇၀၀၀) ရလာမယ်။ အဲဒီ (၂၀၇၀၀၀) ဟာ အလုပ်မလုပ်ပဲ ရငွေ Passive Income ပါ။
.
ဒါဆို ..
အလုပ်လုပ်လို့ အသားတင်​ရ​ငွေတစ်လ (၃)သိန်း အပြင် Passive Income ရငွေ (၂၀၇၀၀၀)ပေါင်းတဲ့အခါ ..
စုစုပေါင်း တစ်လ(၀င်ငွေ)ဟာ အသုံးစရိတ်နှုတ်ပြီး (၅၀၇၀၀၀) ပါ။
.
တစ်လအသားတင်​၀င်ငွေ (၃)သိန်းရှိသူဟာ (၁၀)လ အတွင်း ငွေပွားလိုက်တာ ပိုင်ဆိုင်ငွေ (၃၄-သိန်း ၅-သောင်း) နဲ့ တစ်လ၀င်ငွေ (၅၀၇၀၀၀) ရှိလာတယ်။
အဲဒီဝင်​​ငွေ (၅၀၇၀၀၀) ကို နောက်(၅)လစုရင် (၂၅-သိန်း ၃သောင်း ၅ထောင်) ရလာမယ်။
ဒါဆို (၁၅-လ) ကြာတဲ့အခါ ပိုင်ဆိုင်ငွေစုစုပေါင်း (၅၉-သိန်း ၈-သောင်း ၅-ထောင်) ရှိလာမှာ ဖြစ်တယ်။
.
ငွေတိုးချေးတယ်ဆိုတာ နမူနာ ပြောတာပါ။
ငွေတိုးချေးမှ/ရှယ်ယာဝင်မှ ရယ်လို့ သတ်မှတ်ချက်မရှိပါဘူး။ ကိုယ့်ဒေသ ကိုယ့်အရပ် ကိုယ့်​ဝင်​​ငွေနဲ့ ကိုက်ညီပြီး ငွေစိတ်ချယုံကြည်ရတဲ့ တစ်ကယ်ပွားများနိုင်တဲ့ လုပ်ငန်းမျိုးမှာ ရွေးချယ်မြုပ်နှံရမှာပါ။
အဓိက-ကတော့ ငွေ ပွားများဖို့ပါပဲ။ ဘယ်နေရာမှာ မြုပ်နှံသည်ဖြစ်စေ ယုံကြည်ရပြီး ငွေများနိုင်သလောက်များအောင် ပွားများဖို့ပါပဲ။
.
ဒီလိုနည်းနဲ့ ငွေပွားလာပြီး ပိုင်ဆိုင်ငွေများလာတဲ့အခါ ..
မြေကွက် (သို့မဟုတ်) တိုက်ခန်း ... စတဲ့ ပိုင်ဆိုင်မှု(Asset)တွေ ပြောင်းလဲဝယ်ယူနိုင်ပါတယ်။
ဘယ်လုပ်ငန်း/ဘယ်နေရာမှာမြုပ်နှံတာဖြစ်ဖြစ်
အဓိက-ချင့်ချိန်ရမှာက
ရင်းနှီးငွေချင်းအတူတူ ...
မြေကွက်ဝယ်ရင် ပိုင်ဆိုင်မှု ပိုများလာနိုင်လား ၊ တိုက်ခန်းဝယ်ရင် ပိုများလာနိုင်မလား ၊ ကားဝယ်ထားရင် ပိုများလာနိုင်မလား ၊ မတ်ပဲ ၀ယ်လှောင်တာ ငွေပိုရနိုင်မလား ချင့်ချိန်ရမယ်။
.
မြေကွက်ဝယ်ရင် -
တန်ဘိုးတက်နိုင်ချေရှိတဲ့နေရာလား။ မြန်မြန်ပြန်ရောင်းထွက်နိုင်ချေရှိရဲ့လား။ ​မြေကွက်​ကလစဉ်ဝင်ငွေ မရနိုင်တာ ... စတာတွေ တွက်ရမယ်။
တိုက်ခန်းဝယ်ရင်​ -
လစဉ်ဝင်ငွေရမယ်။ မြန်မြန်ပြန်ရောင်းထွက်ဖို့ သိပ်မသေချာဘူး။
မတ်ပဲ ၀ယ်လှောင်ရင် -
ငွေမြန်မြန် ပြန်ပေါ်မယ်။ မတ်ပဲဈေး ၊ ဒေါ်လာဈေးအတက်အကျ ၊ မတ်ပဲဈေးကွက် စတာတွေ နားလည်ရမယ်။
.
မြန်မာနိုင်ငံအနေနဲ့ တစ်ဦးချင်းဝင်ငွေ နည်းပါးမှု ၊ ကုန်ဈေးနှုန်းကြီးခြင်း ၊ အိမ်ခြံမြေထိန်းချုပ်မှုမရှိခြင်း ... စတာတွေကြောင့် လုပ်ကိုင်ရတာ အခက်အခဲတော့ ရှိပါတယ်။
ရေးရလွယ်သလောက် လုပ်ရမလွယ်ပါဘူး။ အဲဒါကိုတော့ ပါးနပ်တဲ့အသိဥာဏ် ၊ အတွေ့အကြုံနဲ့ပဲ ဖြေရှင်းရပါမယ်။
.
နောက်​တစ်​ခု စဉ်းစားရမှာက အ​ကြွေးပါ။
ကြွေး​ငွေ ရှိတယ်​ဆိုရင်​ အ​ကြွေးရဲ့လစဉ်​အတိုး​ကြောင့်​ ​တစ်​လတစ်​လထွက်​​ငွေ ပိုများ​နေမှာပါ။
အ​ကြွေးမှာ ​ကောင်းတဲ့အ​ကြွေးရှိတယ်​၊ မ​ကောင်းတဲ့အ​ကြွေးရှိတယ်​။ အ​ကြွေးယူထားတဲ့​ငွေကိုရင်းပြီး စီးပွားရှာလို့
ပြန်​ရ​ငွေက အ​တိုး​ငွေထက်​ပိုတယ်​ဆိုရင်​ အ​ကြွေး​ကောင်းပါ။
ဒါ​တောင်​ လစဉ်​အတိုး​ကြောင့်​ ထွက်​​ငွေပမာဏ များ​နေ​မှာပါ။
အ​ကြွေးဆိုးက​တော့ ကိုယ့်​ဆီက တ​ဖြေး​ဖြေးစုပ်​ယူပြီး လုံးပါးပါး​စေမယ့်​ ကပ်​ပါး​ကောင်​ ပါပဲ။
.
"အလုပ်​တစ်​ခု လုပ်​မယ်​ဆိုရင်​ အဲဒီအလုပ်​က​နေ ၀င်​​ငွေဘယ်​​လောက်​ရမှာလဲ။ Asset အတွက်​ မြုပ်​နှံဖို့ ဘယ်​​လောက်​ရနိုင်​မလဲ"
ဆိုတာ အဓိကထား ကြည့်​ရမှာပါ။
.
အလုပ်​ပင်​ပင်​ပန်းပန်းလုပ်​ပြီး 
ချွေ​ချွေတာတာ ​နေရတာ ဘယ်​အချိန်​မှာ ​ပေါ​ပေါများများသုံးနိုင်​မလဲ လို့ ကျွန်​မတို့ ​မျှော်​လင့်​ပါတယ်​။
မျှော်​လင့်​တဲ့အချိန်​ ဘယ်​ချိန်​မှာ​ရောက်​လာမလဲဆို​တော့ -
ကျွန်​မတို့ ထွက်ငွေထက် - (Passive Income)၀င်​ငွေ ပိုများလာတဲ့အချိန်ပါပဲ။
ဥပမာ ။
ကလေးနှစ်ယောက်ရှိတဲ့ မိသားစုရဲ့ တစ်လထွက်ငွေဟာ (၈ သိန်းခွဲ) ဆိုပါစို့။
ပိုင်ဆိုင်ထားတဲ့(Assets)တွေကနေ တစ်လရငွေဟာ (၈ သိန်းခွဲ)ကျော်ပြီ ဆိုရင် အဲဒီမိသားစုအတွက် ငွေကြေးအခက်အခဲက လွတ်မြောက်တဲ့အချိန်ပါပဲ။
• ငှားထားတဲ့တိုက်ခန်းက တစ်လရငွေ (သုံးသိန်း)
• ငွေတိုးချေးထားတာက ရငွေ (၄သိန်း)
• အကျိုးတူရှယ်ယာရငွေ (၂သိန်း)
= စုစုပေါင်း Passive Income (၉ သိန်း)
ဒါဟာ ..
အဲဒီမိသားစုရဲ့ တစ်​လထွက်​​ငွေ (၈သိန်းခွဲ) ထက်​​ကျော်​ပြီး Passive Income ရလာချိန်​ပါပဲ။
.
အဲဒီလို ထွက်ငွေကို ကာမိတဲ့ Passive Income ရလာပြီဆိုရင်​ - ငွေကြေးအခက်အခဲ လွတ်မြောက်ပြီး စတင်ချမ်းသာလာချိန်ပါပဲ။
အလုပ်မလုပ်ပဲရငွေ (passive income)ဟာ အလိုအလျောက် လစဉ်ဝင်နေပြီး အလုပ်လုပ်လို့ ရတဲ့ Active Income က အသားတင်ငွေ ဖြစ်လာမယ်။
ဒီလိုနဲ့ ထပ်မံ ပွားများရင်း ပွားများရင်း ချမ်းသာသထက် ချမ်းသာလာကြတာပါပဲ။
ဒါကြောင့် ..
မိတ်ဆွေတို့ ကျွန်မတို့ဟာ ငွေကြေးအခက်အခဲထဲမှာ ပိတ်လှောင်မခံရဖို့အတွက်
ထွက်ငွေကိုကာမိစေတဲ့ Passive Income ရှိရမယ်။ Passive Income ရဖို့အတွက် ပိုင်ဆိုင်မှု(Asset)တွေနဲ့ စတင်ရင်းနှီးရမယ်။
ဒါကြောင့် ..
အလုပ်လုပ်လို့ ပုံမှန်ရငွေ Active Income တစ်​ခုတည်းနဲ့ မိတ်ဆွေတို့ ကျွန်​မတို့ မချမ်းသာနိုင်​ဘူး။
Passive Income ရှိမှသာ ချမ်းသာလာမှာပါ။ ချမ်းသာချင်​တယ်​ဆိုရင်​ Passive Income များများရဖို့ အဓိကထား အလုပ်​လုပ်​ရမယ်​။ Passive Income ဟာ ငွေကြေးပညာ ရှိမှ ရနိုင်​တယ်။
ဒါ​ကြောင့်​ ကျွန်​မတို့ ​ငွေ​ကြေးပညာ သိထားသင့်​တာပါ။
.........
ငွေ​ကြေးပညာ ရဲ့ အနှစ်​ချုပ်​က​တော့ -
• ထွက်ငွေအတတ်​နိုင်​ဆုံး​လျော့ချရမယ်​။
• ၀င်ငွေများသထက်များအောင် လမ်းကြောင်းဖောက်ရမယ်။
• ၀င်​​ငွေထက်​ ထွက်​​ငွေ မပိုရဘူး။
• ​ကြွေး​ငွေကို ​သေချာ စီမံရမယ်​။
• Liability နဲ့ Asset ကို ခွဲခြားသိရမယ်​။
• Passive Income များသထက်များဖို့ Asset ​များများရှိရမယ်​။
• ထွက်​​ငွေကာမိမယ့်​ Passive Income ရချိန်​မှာ စတင်​ချမ်းသာလာမယ်​။
.
.
---- "​ငွေ စီမံကိန်း"ဆောင်းပါး ပြီးပါပြီ ---
...........
• ဒီ​ဆောင်းပါးဟာ မိတ်​​ဆွေသူငယ်​ချင်းတို့အတွက်​ နှစ်​သစ်​လက်​​ဆောင်​ ပါ။
• ချစ်​မိတ်​​ဆွေ သူငယ်​ချင်းများ 2017 ကစပြီး ကြီးပွားတိုးတက်​ချမ်းသာပြီး ​ပျော်​ရွှင်​သာယာကြပါ​စေ။
ကျေးဇူးတင်ပါတယ်​။
#သူရ​ဝေနှင်း

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။