Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, January 28, 2018

ကျောင်းပညာရေးထက် အရေးကြီးသော အရည်အသွေးများ

ကျောင်းပညာရေးထက် အရေးကြီးသော အရည်အသွေးများ

ပညာသင်ကြားတယ်ဆိုတာ ဘ၀မှာ ကြုံတွေ့ရမဲ့ စိန်ခေါ် မူများကို ရင်ဆိုင်ဖို့ ဖြစ်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကြီးက ၀မ်းတွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။ အလွန်မှန်ပါတယ်။

ဘ၀ စိန်ခေါ်မူကိုရင်ဆိုင်ဖို့ ဘွဲ့ဒီဂရီထက် အရေးပါတဲ့ အရည်အသွေးများစွာ လိုအပ်ပါတယ်။ အဲဒီအရည်အသွေး များကို ပျိုးထောင်ဖို့ မိဘများက အဓိက ကျပါတယ်။ ဆွေးနွေးကြည့်ကြရအောင်....

၁။ အမြော်အမြင် ရှိဖို့..

ကလေးများ အမြော်အမြင်ရှိဖို့ အလွန်အရေးကြီးပါတယ်။ ကျွန်တော်တို့ဆီက ကလေးများဟာ ရည်ရွှယ်ချက် ကြီးကြီးမားမား မစဉ်းစားရဲကြတာများပါတယ်။ ဆရာဝန်ဖြစ်ချင်တာထက် ဆေးရုံကြီး တည်ဆောက်ချင်တဲ့ ရည်ရွယ်ချက်မျိုး၊ ဗိုလ်ကြီး လုပ်ချင်တာထက် စစ်သူကြီး ဖြစ်ချင်တဲ့ အိမ်မက်မျိုး၊ သူဋ္ဌေးဖြစ်ချင်တာထက် စွန့်ဦးတည်ထွင်လုပ်ငန်းရှင်ကြီး ဖြစ်ချင်တာမျိုး၊ အင်ဂျင်နီယာဖြစ်ချင်တာထက် မြို့ သစ်တစ်ခုကို တည်ဆောက်ချင်တဲ့ အတွေးမျိုး၊ စဉ်းစားရဲ အောင် လမ်းကြောင်းပေးရမှာဖြစ်ပါတယ်။ ကလေးများ ငယ်ငယ်ကတည်းကစပြီး လေထဲမှာ တိုက်အိမ်ဆောက်ရဲအောင် သိပ္ပံပုံပြင်စာအုပ်ဖတ်ပြခြင်း သိပ္ပံနဲ့ ဆိုင်တဲ့ မှတ်တမ်းရုပ်ရှင်များကို အတူတကွကြည့်ရူ့ခြင်း၊ စာအုပ်များများ ဖတ်ရူ ရန် အားပေးခြင်း စတဲ့နည်းလမ်းများကို အသုံးပြုနိုင်ပါတယ်။

၂။ စည်းကမ်းထိမ်းသိမ်းတတ်တဲ့ အကျင့်မွေးမြူဖို့

မိသားစု တော်တော်များများမှာ ကလေးငယ်တယ်၊ ငယ်တယ်ဆိုပြီး ဘာမှမပြော၊ မခိုင်းလေတော့ ကလေး များ စည်းကမ်းထိမ်းသိမ်းတတ်တဲ့ အကျင့်လျှော့ရဲ တာကို သတိထားမိပါတယ်။ ဟိုမေ့ ဒီမေ့၊ ဟိုပစ် ဒီပစ်၊ ကြာလာတော့ ဟိုပျောက် ဒီပျောက်နဲ့ သူတို့ ဘ၀ အနာဂတ်အတွက် အလွန်စိုးရိမ်စရာ ကောင်းပါတယ်။ ဘာကိုမှ တန်ဖိုးမထားတတ်တဲ့ကလေးဟာ နောင်ကြီးလာရင် ပျော်ရွှင်မူ စစ်စစ်ကို ရှာဖွေတွေ့ရှိမှာ မဟုတ်ပါ။ စည်းကမ်းထိမ်းသိမ်းတတ်တဲ့ အကျင့်ကို ပျိုးထောင်ဖို့ အိမ်မှာ ကလေးများကို နိုင်တဲ့ အိမ်မူ့ကိစ္စ လုပ်ခိုင်းပါ။ နိုင်တဲ့ဝန်ကို ထမ်းခိုင်းပါ။ ဘာမဆို လုပ်ပေးတဲ့လူရှိတဲ့ အခြေအနေမျိုး မဖန်တီးပေးပါနဲ့၊ ကိုယ့်ပစ္စည်းကို ကိုယ်ကိုယ်တိုင် သိမ်းဆည်းတတ်အောင် ငယ်စဉ်ကတည်းက သင်ကြားပေးထား သင့်ပါတယ်။

၃။ ရိုသေလေးစားတတ်ဖို့

ယနေ့ခေတ်မှာ မိသားစု တော်တော်များများဟာ ကလေးများများ မမွေးဖွားကြတော့ပါ။ ကလေးနည်းတော့ ဖူးဖူးမူတ် ၀ိုင်းချစ်ကြပါတယ်။ အလိုလိုက်လွန်းတော့ အကဲပိုကြတယ်။ အကဲပိုခံရလွန်းတဲ့ ကလေးများဟာ ဘာကိုမှ မရိုသေ၊ မလေးစားတတ်တော့ပါ။ ဒါကြောင့်မို့လို့ မိဘများဟာ ကလေးများကို ချစ်နည်းမှန်ကန် ရမည်ဖြစ်ပြီး ကလေးများကို သဘာဝ လောကကြီးကအစ လူပုဂ္ဂိုလ်က အဆုံး ရိုသေ လေးစားတတ်အောင် သွန်သင်ပေးထားရမှာ ဖြစ်ပါတယ်။

၎။ ကျေးဇူးတင်တတ်ဖို့

ကလေးက မိသားစုတစ်ခုလုံးရဲ့ ဗဟိုဖြစ်လာပြီဆိုရင် ကလေးဟာ လိုတရ ဖြစ်နေတတ်ပါတယ်။ အရလွယ် လွန်းတော့ ဘာကိုမှ တန်ဖိုးမထားတတ်တော့ပါ။ သူတို့လိုချင်တဲ့ မည်သည့်အရာကိုမဆို သူတို့ ရယူသင့် တယ် ဆိုတဲ့ အသိမျိုး အလိုအလျောက် ၀င်သွားပါတယ်။ ကျေးဇူးတင်ရမှန်းမသိတော့ပါ။ ကျေးဇူးမသိခြင်း ဟာ ဘ၀ကို ပျက်စီးစေလောက်တဲ့အထိ အန္တရာယ် ဖြစ်စေနိုင်ပါတယ်။ ဘ၀ကို အကောင်းမြင်တတ်ဖို့၊ တန်ဖိုးထားတတ်ဖို့ စတဲ့ ဘ၀ကို တိုက်ရိုက် ပတ်သက်နေတဲ့ အကျင့်စရိုက်များ အားလုံးဟာ ကျေးဇူးတင် တတ်ခြင်းအပေါ် လုံးဝ မူတည်နေပါတယ်။ ကျေးဇူးတင်တတ်သောသူဟာ အကောင်းမြင်တတ်တယ်။ ကျေးဇူးတင်တတ်သောသူဟာ တန်ဖိုးထားတတ်ပြီး အောင်မြင်တဲ့ဘ၀ကို ပိုင်ဆိုင်နိုင်စွမ်းရှိပါတယ်။

၅။ အဆင်မပြေတဲ့ ဒဏ် ခံနိုင်ရည်ရှိဖို့

ကလေးကို ဘယ်လောက်ပဲ ချစ်နေပါစေ၊ ကလေးလမ်းလျှောက်ရင်း ချော်လဲသွားရင် ပြေးမထူလိုက်ပါနဲ့၊ သူ့ကိုသူ ပြန်ထခိုင်းပါ။ ကို်ယ်တိုင်လဲရင် ကိုယ်တိုင်ပြန်ထ ရမယ်ဆိုတဲ့ အသိရှိပါစေ။ နောင်အခါ ဘ၀ တစ်လျှောက်လုံးမှာ တွေ့ရှိမဲ့ ဘယ်အခက်အခဲကိုဖြစ်ဖြစ်၊ ချော်လဲခဲ့ရင် ကိုယ့်ကိုယ်တိုင် ပြန်ထရမယ်ဆိုတာ သိရှိထားပါစေ။ မိဘများအနေဖြင့် မိမိကလေးများရဲ့ အဆင်မပြေတဲ့ ဒဏ်၊ အခက်အခဲ ဒဏ် ခံနိုင်ရည်ရှိဖို့ သတိထားပြီး ပြုစုပျိုးထောင်ပေးသင့်ပါတယ်။

၆။ တာဝန်ယူရဲတဲ့စိတ်ဓါတ် ရှိဖို့

ယနေ့ခေတ်ကလေးတော်တော်များများဟာ ဘာကိုမှ တာဝန်မယူရဲတာကို သတိထားမိပါတယ်။ အကြောင်း ရင်းကတော့ အိမ်မှာ ဘာမှ တာဝန်မယူခဲ့ရလို့ ဖြစ်ပါတယ်။ အိမ်တိုင်းအိမ်တိုင်းမှာ အိမ်ဖေါ် တစ်ယောက် နှစ်ယောက် ရှိကြတာတွေ့ရပါတယ်။ အိမ်မူကိစ္စ ဘာမှ တာဝန်မယူရတော့ ပြင်ပလောကကို ရောက်လာတဲ့ အခါ ဘာကိုမှ တာဝန် မယူရဲတဲ့ အကျင့် ဖြစ်သွားပါတယ်။ ဒါကတော့ အလုပ်တာဝန်ပိုင်းကို ပြောတာပါ။ တစ်ခုခု မှားသွားရင် တာဝန်ယူရဲတဲ့စိတ်လည်း ငယ်စဉ်ကတဲက မွေးဖွားပေးရမှာဖြစ်ပါတယ်။ မသိတာကို မသိဘူး ဖြေဆိုရဲခြင်း၊ ကိုယ့်ကြောင့် မှားသွားတဲ့ ကိစ္စတစ်ခုကို ကိုယ်မှားတယ်ဆိုတာ ၀န်ခံရဲအောင် သင်ကြားပေးရမှာဖြစ်ပါတယ်။ ရှိသမျှအပြစ် သူများကို လွှဲချတတ်တဲ့ အကျင့်ဆိုး မရှိအောင် သတိထားပြီး ပျိုးထောင်ပေးရမှာ ဖြစ်ပါတယ်။

Credit: sayar AungKoLatt

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။