မိဘများ မှားလေ့ရှိသော အမှားများ
+++++++++++++++++++++
ကလေးများကို သင်ကြားတဲ့နေရာမှာ မိဘတော်တော်များများ မှားလေ့မှားထ ရှိတဲ့ အမှားအယွင်းအချို့ ရှိပါတယ်။ အဲဒီအမှားတွေဟာ ကလေးများရဲ့ ပညာရေးကို ဆုတ်ယုတ်စေတတ်တဲ့အပြင် ယုံကြည်မူနဲ့ စိတ်နေသဘောထားကို ပါ ထိခိုက်နိုင်စေတဲ့အတွက် ကလေးများရဲ့ အနာဂတ်တစ်ခုလုံးကိုပါ ထိခိုက်စေနိုင်ပါတယ်။ မိဘတစ်ဦးအနေနဲ့ သင်ကော အဆိုပါအမှားများကို ကျူးလွန်မိဖူးပါသလား၊
၁။ ကလေး အတန်းထဲက ရတဲ့အဆင့်ကို ခဏခဏ မေးမြန်းခြင်း၊
တစ်ခါတစ်လေ မေးမိတာကို မဆိုလိုပါ။ ခဏခဏ မေးမြန်းပြီး ကလေးရတဲ့အဆင့် အပေါ် မူတည်ပြီး ကလေးကို ဆုံးဖြတ်တာကို ဆိုလိုတာပါ။ မင်းနည်းနည်းတော်လာပြီ၊ မင်းနည်းနည်း ညံ့သွားပြန်ပြီ၊ မင်းအသုံးမကျတဲ့ကောင် စသည်ဖြင့် ကောက်ချက်ချ ခြင်းကို ဆိုလိုပါတယ်။ အဆင့် ( ၁ ) မရနိုင်တဲ့ ကလေးတစ်ယောက်ကို အဆင့် (၁ ) နဲ့ သွားသွားခိုင်းနိုင်းရင် ကလေးစိတ်ကို ထိခိုက်စေနိုင်ပြီး စိတ်ဓါတ်ကျသွားစေနိုင်ပတယ် ။ ငါအလွန်ညံ့ပါလားလို့ ကလေးကိုယ့်ကိုယ်ကို လက်ခံသွားရင် တစ်သက်လုံး ယုံကြည်မူ ပြန်တည်ဆောက်ဖို့ ခက်ခဲတတ်ပါတယ်။
၂။ ဆုံးရူံးမူကို အပြစ်တင်ခြင်း
ဘယ်ကလေးမဆို တစ်ခါတစ်လေ ခြေချော်လက်ချော် ဖြစ်တတ်ပါတယ်။ ဆုံးရူံးခြင်းကို တစ်ခါမဟုတ် တစ်ခါ ကြုံတွေ့လေ့ရှိပါတယ်။ ဘယ်လိုကြုံတွေ့တာပဲဖြစ်ဖြစ်၊
မိဘများက အားပေးဖို့သာ တာဝန်ရှိပါတယ်။ ကလေးရဲ့ ဆုံးရူံးမူကို
အကြောင်းပြုပြီး မင်းအသုံးမကျတဲ့ကောင်၊ အလကားကောင်၊ မင်းဟာ ငပျင်းပဲ
စသည်ဖြင့် ပြစ်တင်ခြင်းများကို လုံးဝရှောင်ကျဉ် ရပါမယ်။ အဲဒီ
စကားလုံးများဟာ ကလေးကို ကောက်ချက်ချတဲ့ စကားများဖြစ်ပြီး ကလေးဘ၀ကို
တံဆိပ် ခတ်လိုက်သလို ဖြစ်တတ်ပါတယ်။ သတိထားပါ။
ဖြေရှင်းနည်းကတော့ ကလေးကို အားပေးပါ။ ဆုံးရူံးခြင်းဆိုတာ အောင်မြင်ခြင်း၏ မိခင်ဖြစ်သည်ဆိုတာကို လက်ခံအောင် သိမ်းသွင်းပါ။ ဆုံးရူံးခြင်းကနေ အောင်မြင်ခြင်းကို ချက်ချင်းမကူးနိုင်ပေမဲ့ တစ်ဖြည်းဖြည်းတိုးတက်အောင် ကြိုးစားလို့ရတယ်ဆိုတာကို စည်းရုံးပေးပါ။
၃။ ကလေးများကို ဆော့ချိန်၊ ကစားချိန် မပေးခြင်း
ကလေးများရဲ့ သဘာဝအရ ကစားချင်ကြတယ်။ ဆော့ချင်ကြတယ်။ ဆော့ကစားတယ်ဆိုတာကလည်း ကလေးများ ကိုယ်ကျန်းမာ၊ စိတ်ကျန်းမာ ရှိစေဖို့အတွက် လိုအပ်လှတဲ့ ကြီးပြင်းမူ အစိတ်အပိုင်း တစ်ခု ဖြစ်ပါတယ်။ အချို့ မိဘများဟာ ကလေးများဆော့ကစားနေတာကို ရပ်တန့်ခိုင်းပြီး စာကျက်စားပွဲခုန်ဆီကို မရရအောင် ခေါ်တယ်၊ ပြီးရင် စာလုပ်ခိုင်းတယ်။ အဲလိုပြုလုပ်လိုက်ရင် ကလေးများ စာလုပ်တာကို ရွှံ့ မူန်းသွားစေမှာ ဖြစ်ပါတယ်။ စာအပေါ် စိတ်မ၀င်စားတော့သလို မကျေနပ်မူများကိုလည်း မွေးမြူ ပေးသလို ဖြစ်သွားစေနိုင်ပါတယ်။
ဖြေရှင်းနည်းကတော့ ကလေးများနဲ့ ဆွေးနွေးပါ။ သဘောတူညီမူ တစ်ခုကို အရယူပါ။ သူဘယ်လောက်ကြာကြာ ဆော့ကစားမယ်။ ပြီးရင် ဘယ်လောက်ကြာကြာ စာကျက်မယ်။ ဂတိတောင်းပါ။ ဆော့တဲ့အချိန်ကို စိတ်လွတ်ကိုယ်လွတ် ဆော့ကစားစေပြီး စာလုပ်တဲ့အခါမှာ စိတ်ပါလက်ပါ စာလုပ်စေပါ။
၎။ ကလေးများ မိမိကိုယ်မိမိ အားကိုးနိုင်အောင် မပျိုးထောင်ပေးမိခြင်း
ပညာရေးကို ပဲဆက်ပြောမယ်။ မိဘများဟာ ကလေးများ ပညာသင်ကြားတဲ့ ကာလမှာ အစားထိုးလုပ်ပေးစရာ မလိုသလို ညဉ်နက်သန်ခေါင်အထိ အတူ စာကျက်ကူပေးစရာလည်း မလိုပါ။ ကျူရှင်ကောင်းကောင်း ပို့ပေးခြင်း၊ ဆရာဆရာမ ကောင်းကောင်း အိမ်ခေါ် သင်ပေးခြင်းမျိုးလည်း မလိုပါ။ အဲဒီလို ပြုလုပ်ပေးခြင်းဟာ ကလေးများ ပြင်ပကို အားကိုးစိတ်သာ ပွားများစေပြီး မိမိကိုယ်ကို ဖြေရှင်းဖို့ ကြိုးစားကြတော့မည် မဟုတ်ပါ။ ဖြစ်သင့်တာက ကလေးများ ကိုယ့်ကိုယ်ကို စာလုပ်တတ်အောင်၊ ကြိုးစားလာအောင်၊ ဘယ်လိုကူညီပေးရမလဲ၊ သူတို့ ကိုယ့်ကိုယ်ကို ယုံကြည်ချက်ရှိလာအောင် ဘယ်လိုပျိုးထောင်ပေးရမလဲ၊ သူတို့ စာလုပ်ချင်လာအောင်၊ ဘယ်လို တွန်းအားပေးသင့်သလဲ စသည်ဖြင့် သားသမီးအပေါ် မူတည်ပြီး မိဘများက နည်းလမ်းရှာဖွေသင့်ပါတယ်။
၅။ တစ်ခါတစ်လေ လက်ပါခြင်း
များသောအားဖြင့် ယခုခေတ်မိဘများဟာ အလုပ်များနေတတ်ပါတယ်။ ကိုယ်ပိုင်အလုပ်များတာ ပါတယ်။ လူမူရေး များလွန်းတာ ပါနိုင်တယ်။ လက်ကိုင်ဖုန်းတစ်လုံးနဲ့
အလုပ်ရူပ်နေတာ ဖြစ်နိုင်ပါတယ်။ အဲဒီအခါမျိုးမှာ သားသမီးများအပေါ်
စိတ်မရှည်ဖြစ်တတ်ပါတယ်။ တစ်ခါနှစ်ခါ ပြောမရရင် လက်ပါတော့တာပါပဲ။
လက်ပါပြီးရင် ကိုယ့်ကိုယ်ကို စိတ်မကောင်းဖြစ်ပြီး နောင်တပြန်ရနေတတ်တယ်။
မကြာပါဘူး၊ စိတ်မထိန်းနို်င်တော့ ထပ်မံကျူးလွန်တော့တာပါပဲ ။
ဖြေရှင်းနည်းကလွယ်ပါတယ်။ ကလေးကို တကယ်စိတ်ဝင်စားပါ။ သူတို့နဲ့ အတူ ကြီးပြင်းပါ။ သားသမီးကို နားလည်တဲ့မိဘများဟာ ဘယ်တော့မှ လက်နဲ့ သားသမီးကို မဆုံးမပါ။
၆။ သူများကလေးနဲ့ နိုင်းယှဉ်တတ်ခြင်း
အချို့ မိဘများဟာ ကိုယ့်ကလေးကို ကြွားစရာအောင့်မေ့ပြီး ဟိုသူကလေးနဲ့ ပြိုင်လိုက်၊ ဒီလူ့ကလေးနဲ့ ပြိုင်လိုက် လုပ်တတ်ပါတယ်။ တစ်ခါတစ်လေ မိဘအချင်းချင်း အလွန်ခင်မင်တယ်လို့ ယူဆရပေမဲ့ မိဘများက ကြိတ်ပြိုင်နေတာလည်း တွေ့ဖူးကြားဖူးပါတယ်။ ကလေးများကို ဆုံးမတဲ့ အခါမှာလည်း ဘယ်ကလေးဆိုရင် ဘာဖြစ်တယ်၊ မင်းဆိုရင် ဘာဖြစ်တယ် စသည်ဖြင့် ပြောမိဆိုမိ ဆဲမိတတ်ပါတယ်။ ကလေးကို အလွန်ထိခိုက်ပါတယ်။ ပညာရေးပါမက ရှေ့ရေးပါ ထိခိုက်ပါတယ်။ မိဘများဆင်ခြင်ပါ။
+++++++++++++++++++++
ကလေးများကို သင်ကြားတဲ့နေရာမှာ မိဘတော်တော်များများ မှားလေ့မှားထ ရှိတဲ့ အမှားအယွင်းအချို့ ရှိပါတယ်။ အဲဒီအမှားတွေဟာ ကလေးများရဲ့ ပညာရေးကို ဆုတ်ယုတ်စေတတ်တဲ့အပြင် ယုံကြည်မူနဲ့ စိတ်နေသဘောထားကို ပါ ထိခိုက်နိုင်စေတဲ့အတွက် ကလေးများရဲ့ အနာဂတ်တစ်ခုလုံးကိုပါ ထိခိုက်စေနိုင်ပါတယ်။ မိဘတစ်ဦးအနေနဲ့ သင်ကော အဆိုပါအမှားများကို ကျူးလွန်မိဖူးပါသလား၊
၁။ ကလေး အတန်းထဲက ရတဲ့အဆင့်ကို ခဏခဏ မေးမြန်းခြင်း၊
တစ်ခါတစ်လေ မေးမိတာကို မဆိုလိုပါ။ ခဏခဏ မေးမြန်းပြီး ကလေးရတဲ့အဆင့် အပေါ် မူတည်ပြီး ကလေးကို ဆုံးဖြတ်တာကို ဆိုလိုတာပါ။ မင်းနည်းနည်းတော်လာပြီ၊ မင်းနည်းနည်း ညံ့သွားပြန်ပြီ၊ မင်းအသုံးမကျတဲ့ကောင် စသည်ဖြင့် ကောက်ချက်ချ ခြင်းကို ဆိုလိုပါတယ်။ အဆင့် ( ၁ ) မရနိုင်တဲ့ ကလေးတစ်ယောက်ကို အဆင့် (၁ ) နဲ့ သွားသွားခိုင်းနိုင်းရင် ကလေးစိတ်ကို ထိခိုက်စေနိုင်ပြီး စိတ်ဓါတ်ကျသွားစေနိုင်ပတယ်
၂။ ဆုံးရူံးမူကို အပြစ်တင်ခြင်း
ဘယ်ကလေးမဆို တစ်ခါတစ်လေ ခြေချော်လက်ချော် ဖြစ်တတ်ပါတယ်။ ဆုံးရူံးခြင်းကို တစ်ခါမဟုတ် တစ်ခါ ကြုံတွေ့လေ့ရှိပါတယ်။ ဘယ်လိုကြုံတွေ့တာပဲဖြစ်ဖြစ
ဖြေရှင်းနည်းကတော့ ကလေးကို အားပေးပါ။ ဆုံးရူံးခြင်းဆိုတာ အောင်မြင်ခြင်း၏ မိခင်ဖြစ်သည်ဆိုတာကို လက်ခံအောင် သိမ်းသွင်းပါ။ ဆုံးရူံးခြင်းကနေ အောင်မြင်ခြင်းကို ချက်ချင်းမကူးနိုင်ပေမဲ့ တစ်ဖြည်းဖြည်းတိုးတက်အောင်
၃။ ကလေးများကို ဆော့ချိန်၊ ကစားချိန် မပေးခြင်း
ကလေးများရဲ့ သဘာဝအရ ကစားချင်ကြတယ်။ ဆော့ချင်ကြတယ်။ ဆော့ကစားတယ်ဆိုတာကလည်း ကလေးများ ကိုယ်ကျန်းမာ၊ စိတ်ကျန်းမာ ရှိစေဖို့အတွက် လိုအပ်လှတဲ့ ကြီးပြင်းမူ အစိတ်အပိုင်း တစ်ခု ဖြစ်ပါတယ်။ အချို့ မိဘများဟာ ကလေးများဆော့ကစားနေတာကို ရပ်တန့်ခိုင်းပြီး စာကျက်စားပွဲခုန်ဆီကို မရရအောင် ခေါ်တယ်၊ ပြီးရင် စာလုပ်ခိုင်းတယ်။ အဲလိုပြုလုပ်လိုက်ရင် ကလေးများ စာလုပ်တာကို ရွှံ့ မူန်းသွားစေမှာ ဖြစ်ပါတယ်။ စာအပေါ် စိတ်မ၀င်စားတော့သလို မကျေနပ်မူများကိုလည်း မွေးမြူ ပေးသလို ဖြစ်သွားစေနိုင်ပါတယ်။
ဖြေရှင်းနည်းကတော့ ကလေးများနဲ့ ဆွေးနွေးပါ။ သဘောတူညီမူ တစ်ခုကို အရယူပါ။ သူဘယ်လောက်ကြာကြာ ဆော့ကစားမယ်။ ပြီးရင် ဘယ်လောက်ကြာကြာ စာကျက်မယ်။ ဂတိတောင်းပါ။ ဆော့တဲ့အချိန်ကို စိတ်လွတ်ကိုယ်လွတ် ဆော့ကစားစေပြီး စာလုပ်တဲ့အခါမှာ စိတ်ပါလက်ပါ စာလုပ်စေပါ။
၎။ ကလေးများ မိမိကိုယ်မိမိ အားကိုးနိုင်အောင် မပျိုးထောင်ပေးမိခြင်း
ပညာရေးကို ပဲဆက်ပြောမယ်။ မိဘများဟာ ကလေးများ ပညာသင်ကြားတဲ့ ကာလမှာ အစားထိုးလုပ်ပေးစရာ မလိုသလို ညဉ်နက်သန်ခေါင်အထိ အတူ စာကျက်ကူပေးစရာလည်း မလိုပါ။ ကျူရှင်ကောင်းကောင်း ပို့ပေးခြင်း၊ ဆရာဆရာမ ကောင်းကောင်း အိမ်ခေါ် သင်ပေးခြင်းမျိုးလည်း မလိုပါ။ အဲဒီလို ပြုလုပ်ပေးခြင်းဟာ ကလေးများ ပြင်ပကို အားကိုးစိတ်သာ ပွားများစေပြီး မိမိကိုယ်ကို ဖြေရှင်းဖို့ ကြိုးစားကြတော့မည် မဟုတ်ပါ။ ဖြစ်သင့်တာက ကလေးများ ကိုယ့်ကိုယ်ကို စာလုပ်တတ်အောင်၊ ကြိုးစားလာအောင်၊ ဘယ်လိုကူညီပေးရမလဲ၊ သူတို့ ကိုယ့်ကိုယ်ကို ယုံကြည်ချက်ရှိလာအောင် ဘယ်လိုပျိုးထောင်ပေးရမလဲ၊ သူတို့ စာလုပ်ချင်လာအောင်၊ ဘယ်လို တွန်းအားပေးသင့်သလဲ စသည်ဖြင့် သားသမီးအပေါ် မူတည်ပြီး မိဘများက နည်းလမ်းရှာဖွေသင့်ပါတယ်။
၅။ တစ်ခါတစ်လေ လက်ပါခြင်း
များသောအားဖြင့် ယခုခေတ်မိဘများဟာ အလုပ်များနေတတ်ပါတယ်။ ကိုယ်ပိုင်အလုပ်များတာ ပါတယ်။ လူမူရေး များလွန်းတာ ပါနိုင်တယ်။ လက်ကိုင်ဖုန်းတစ်လုံးနဲ့
ဖြေရှင်းနည်းကလွယ်ပါတယ်။ ကလေးကို တကယ်စိတ်ဝင်စားပါ။ သူတို့နဲ့ အတူ ကြီးပြင်းပါ။ သားသမီးကို နားလည်တဲ့မိဘများဟာ ဘယ်တော့မှ လက်နဲ့ သားသမီးကို မဆုံးမပါ။
၆။ သူများကလေးနဲ့ နိုင်းယှဉ်တတ်ခြင်း
အချို့ မိဘများဟာ ကိုယ့်ကလေးကို ကြွားစရာအောင့်မေ့ပြီး ဟိုသူကလေးနဲ့ ပြိုင်လိုက်၊ ဒီလူ့ကလေးနဲ့ ပြိုင်လိုက် လုပ်တတ်ပါတယ်။ တစ်ခါတစ်လေ မိဘအချင်းချင်း အလွန်ခင်မင်တယ်လို့ ယူဆရပေမဲ့ မိဘများက ကြိတ်ပြိုင်နေတာလည်း တွေ့ဖူးကြားဖူးပါတယ်။ ကလေးများကို ဆုံးမတဲ့ အခါမှာလည်း ဘယ်ကလေးဆိုရင် ဘာဖြစ်တယ်၊ မင်းဆိုရင် ဘာဖြစ်တယ် စသည်ဖြင့် ပြောမိဆိုမိ ဆဲမိတတ်ပါတယ်။ ကလေးကို အလွန်ထိခိုက်ပါတယ်။ ပညာရေးပါမက ရှေ့ရေးပါ ထိခိုက်ပါတယ်။ မိဘများဆင်ခြင်ပါ။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။