မင်းဟာ
အမြင့်မှာနေရင် လေတိုက်ခံရမယ်
အနိမ့်မှာနေရင် လှံစိုက်ခံရမယ်
အလယ်မှာနေရင် မင်းကိုပုခုံးချင်းယှဉ်တိုက်လိမ့်မယ်
ဘေးထွက်နေရင် မကောင်းပြောကြလိမ့်မယ်
မင်းကမနေနိုင်လို့လုပ်ပေးတော့ အရူးထနေတာလို့ပြောကြမယ်
မင်းဘာမှမလုပ်ပဲနေတော့ မင်းကို ငပျင်းလို့ပြောကြလိမ့်မယ် ။
ဒီမှာ
မင်းကို မင်းရဲ့ပတ်ဝန်းကျင်က
ချီးမွန်းတဲ့စကားထက် မင်းကိုကဲ့ရဲ့အပြစ်တင်ဖို့
မင်းရဲ့ မှားကွက်ကို စောင့်နေကြတယ် ။
မင်းအောင်မြင်နေတဲ့အချိန် မင်းကိုကပ်ဖားပြီး
မင်းကျရှုံးတဲ့အချိန် မင်းကိုနှာခေါင်းရှုံ့ကြလိမ့် မယ် ။ ။
မျက်နှာဖုံးစွပ်တွေများတဲ့ေ လာကကြီးထဲမှာ
မိတ်ဆွေကောင်း အင်မတန်ရှားပါးတယ် ။
မင်းမှန်တယ်ထင်ရင် တကယ်လည်းမှန်နေရင်
ပတ်ဝန်းကျင်ကို မင်းသိပ်ပြီးဂရုမစိုက်နဲ့ ။
မင်းစားနေတဲ့ထမင်းလုပ်အတွက်
မင်းကိုယ်တိုင် ကိုယ့်ဒူးကိုယ်ချွန်နေတာမို့ 
မင်းမှာ အဲ့လောက်တော့ မာန ရှိသင့်တယ် ။ ။
အထီးကျန်နေရလို့လည်း စိတ်မပျက်နဲ့
မှားယွင်းနေတဲ့ လူတွေနဲ့ ဆုံစည်းနေရတာထက်
တစ်ယောက်တည်းနေရတာက ပိုကောင်းပါတယ် ။ ။
ရုန်းကန်လှုပ်ရှားရအကောင်းဆုံးအရွယ်မှာ
ဇိမ်ခံသက်သာတဲ့လမ်းကို မင်းမရွေးပါနဲ့
တစ်သက်လုံး ရေလိုက်ငါးလိုက်နေသွားဖို့က လွယ်ကူပေမယ့်
ထိုးဖောက်ထွက်ဖို့ကျ မင်းအတွက်ခက်ခဲသွားလိမ့်မယ် ။ ။
Mahatma Gandhi ရဲ့အဆိုအမိန့်တစ်ခုရှိတယ်
" The future depends on what you do today "
" မင်းရဲ့အနာဂါတ်ဟာ မင်းဒီနေ့လုပ်ရပ်အပေါ်မှာပဲမူတည်ပါတယ် " တဲ့
ပြဿနာတိုင်းကို အပြုံးလေးနဲ့ဖြေရှင်းလိုက်
ပြုံးနေခြင်းက မင်းအတွက်အားသာချက်ပဲ
ဒါပေမယ့် မဲ့ပြုံးတော့မဖြစ်စေနဲ့ပေါ့ ။ ။
မင်းပတ်ဝန်းကျင်ကလူတွေကြောင့် စိတ်မညစ်နဲ့
လူတိုင်းက ကိုယ်နဲ့ ထပ်တူမကျနိုင်ဘူးဆိုတာမင်းမ မေ့နဲ့
မင်းရင့်ကျက်လာတာနဲ့အမျှ
မင်းပတ်ဝန်းကျင်က မင်းကိုမုန်းနေတဲ့သူတွေကို
မင်း ဥပေက္ခာပြုသွားနိုင်မှာပါ ။ ။
credit to သူသူဟိန်း
အမြင့်မှာနေရင် လေတိုက်ခံရမယ်
အနိမ့်မှာနေရင် လှံစိုက်ခံရမယ်
အလယ်မှာနေရင် မင်းကိုပုခုံးချင်းယှဉ်တိုက
ဘေးထွက်နေရင် မကောင်းပြောကြလိမ့်မယ်
မင်းကမနေနိုင်လို့လုပ်ပေးတေ
မင်းဘာမှမလုပ်ပဲနေတော့ မင်းကို ငပျင်းလို့ပြောကြလိမ့်မယ် ။
ဒီမှာ
မင်းကို မင်းရဲ့ပတ်ဝန်းကျင်က
ချီးမွန်းတဲ့စကားထက် မင်းကိုကဲ့ရဲ့အပြစ်တင်ဖို့
မင်းရဲ့ မှားကွက်ကို စောင့်နေကြတယ် ။
မင်းအောင်မြင်နေတဲ့အချိန် မင်းကိုကပ်ဖားပြီး
မင်းကျရှုံးတဲ့အချိန် မင်းကိုနှာခေါင်းရှုံ့ကြလိမ်
မျက်နှာဖုံးစွပ်တွေများတဲ့ေ
မိတ်ဆွေကောင်း အင်မတန်ရှားပါးတယ် ။
မင်းမှန်တယ်ထင်ရင် တကယ်လည်းမှန်နေရင်
ပတ်ဝန်းကျင်ကို မင်းသိပ်ပြီးဂရုမစိုက်နဲ့ ။
မင်းစားနေတဲ့ထမင်းလုပ်အတွက်
မင်းကိုယ်တိုင် ကိုယ့်ဒူးကိုယ်ချွန်နေတာမို
မင်းမှာ အဲ့လောက်တော့ မာန ရှိသင့်တယ် ။ ။
အထီးကျန်နေရလို့လည်း စိတ်မပျက်နဲ့
မှားယွင်းနေတဲ့ လူတွေနဲ့ ဆုံစည်းနေရတာထက်
တစ်ယောက်တည်းနေရတာက ပိုကောင်းပါတယ် ။ ။
ရုန်းကန်လှုပ်ရှားရအကောင်းဆ
ဇိမ်ခံသက်သာတဲ့လမ်းကို မင်းမရွေးပါနဲ့
တစ်သက်လုံး ရေလိုက်ငါးလိုက်နေသွားဖို့က
ထိုးဖောက်ထွက်ဖို့ကျ မင်းအတွက်ခက်ခဲသွားလိမ့်မယ်
Mahatma Gandhi ရဲ့အဆိုအမိန့်တစ်ခုရှိတယ်
" The future depends on what you do today "
" မင်းရဲ့အနာဂါတ်ဟာ မင်းဒီနေ့လုပ်ရပ်အပေါ်မှာပဲမ
ပြဿနာတိုင်းကို အပြုံးလေးနဲ့ဖြေရှင်းလိုက်
ပြုံးနေခြင်းက မင်းအတွက်အားသာချက်ပဲ
ဒါပေမယ့် မဲ့ပြုံးတော့မဖြစ်စေနဲ့ပေါ့
မင်းပတ်ဝန်းကျင်ကလူတွေကြောင
လူတိုင်းက ကိုယ်နဲ့ ထပ်တူမကျနိုင်ဘူးဆိုတာမင်းမ
မင်းရင့်ကျက်လာတာနဲ့အမျှ
မင်းပတ်ဝန်းကျင်က မင်းကိုမုန်းနေတဲ့သူတွေကို
မင်း ဥပေက္ခာပြုသွားနိုင်မှာပါ ။ ။
credit to သူသူဟိန်း
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။