Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, January 10, 2018

ငွေ စီမံကိန်း အပိုင်း (၃)

Thura Wai Hninn updated her status.

ငွေ စီမံကိန်း
--------
အပိုင်း (၃)
.
မိတ်​​ဆွေတို့ ကျွန်​မတို့မှာ ..
"ငွေကြေးပညာဘယ်လောက်ရှိလဲ" သိချင်ရင်
ဝင်ငွေကို ဘယ်လောက်ထပ်ပွားနိုင်သလဲ ဆိုတာနဲ့ တိုင်းပါတယ်။
"ကြွက်သေတစ်ခု အရင်းပြု" ပုံပြင်က ငွေကြေးပညာအသုံးချပုံကို ပြသွားတယ်။ ကြွက်သေရောင်းရငွေကို ထပ်မပွားနိုင်ရင် ငွေကြေးပညာ မရှိဘူးပေါ့။
မိတ်ဆွေတို့ ကျွန်မတို့ရဲ့ ၀င်ငွေဟာ ကြွက်သေရောင်းရငွေ ပါပဲ။
ဝင်ငွေစီမံမှုပေါ်မူတည်ပြီး လူအုပ်စု (၄) မျိုး - ရှိပါတယ်။
နေ့စားလုပ်​သား​တွေဟာ တစ်နေ့စာ တစ်နေ့ရှာရတယ်​။
ဒီနေ့ရငွေဟာ ဒီ​နေ့တစ်​​ရက်​စာအတွက်​ပါပဲ။ ၀င်တဲ့ငွေဟာ ချက်ချင်းထွက်ရတယ်။
(အဲဒါက ငွေကြေးဆင်းရဲသူပါ)
နောက်တစ်စုက

အလုပ်အကိုင်ကောင်းပြီး ၀င်ငွေလည်းကောင်းတယ်။ နေစားစရိတ်အပြင် ငွေပိုငွေလျှံ ရှိတော့ လိုချင်တဲ့ပစ္စည်းတွေ ၀ယ်နိုင်တယ်။ ပို​ငွေကို ၀င်ငွေနှုတ်ယူမယ့်ပိုင်ဆိုင်မှု(Liability)တွေ ၀ယ်မိကြတယ်​။
ငွေပွားမယ့် ပိုင်ဆိုင်မှု မရှိဘူး။
(အဲဒါက လူလတ်တန်းစားအုပ်စုပါ)
နောက်တစ်စုက ..
ရတဲ့ဝင်ငွေထဲက ပိုငွေကိုဖယ်ထုတ်ပြီး စုဆောင်းထားကြတဲ့သူတွေပါ။ ငွေစုဆောင်းတာ ကောင်းပေမယ့် ငွေအသေဖြစ်နေတဲ့အတွက် ထပ်မပွားနိုင်ဘူး။ မပွားတဲ့အတွက် ငွေများများ ပြန်မ၀င်နိုင်ဘူး။
(အဲဒါက ငွေကြေးလက်ဝယ်ရှိလူတန်းစားအုပ်စုပါ)
နောက်တစ်စုက ..
ပို​ငွေကို ၀င်ငွေပေါင်းထည့်ပေးတဲ့ပိုင်ဆိုင်မှု(Asset)တွေ ၀ယ်ပြီး အဲဒီ ပိုင်ဆိုင်မှု(Assets)ကနေ ​နောက်​တခါ ငွေ ပြန်ဝင်အောင် လုပ်တယ်။ ပြန်ဝင်လာတဲ့ငွေကို တစ်ခါ(Asset)ပြန်ဝယ်​ - နောက်တစ်ခါ ငွေပြန်ဝင် ----- အဲဒီလို ငွေစီးဆင်းမှု အမြဲလုပ်နေသူတွေ ဖြစ်​တယ်​။
(အဲဒါကတော့ ချမ်းသာသူလူတန်းစားအုပ်စုပါ)
• ၀င်ငွေ ---> ထွက်
• ၀င်ငွေ ---> ပိုင်ဆိုင်မှု(Liability)၀ယ် ---> ထွက်
• ၀င်ငွေ ---> စုဆောင်းထား=(မပွားများ)
• ၀င်ငွေ ---> (Asset)၀ယ် ---> ငွေပြန်ဝင် --->(Asset)၀ယ် ---->
.
ရလာတဲ့ဝင်​​ငွေ​စီမံမှု​ပေါ် မူတည်​ပြီး အဲဒီလို လူအုပ်​စု (၄)မျိုး ကွဲပြားသွားပါတယ်​။
.
ဝင်​​ငွေရဖို့အတွက်​ ..
"ကိုယ်ပိုင်စီးပွားရေးက ကောင်းတယ်၊ လခစားဝန်ထမ်းက မကောင်းဘူး" လို့ ကန့်သတ်ချက် မရှိပါဘူး။ အရည်အချင်းပေါ်လိုက်ပြီး ဘယ်အတိုင်းအတာထိ ၀င်ငွေရနိုင်မလဲ ဆိုတာ တွက်ချက်ရမယ်။
အဓိက-က ၀င်ငွေလမ်းကြောင်းများဖို့ ၊ ငွေများများ ၀င်​ဖို့ပါပဲ။ အလုပ်တိုင်းမှာ အားနည်းချက် ၊ အားသာချက် ကိုယ်စီရှိတယ်။ ချမ်းသာချင်တဲ့အတိုင်းအတာရောက်အောင် ဘယ်လမ်းကြောင်းက ပို့ပေးနိုင်မလဲဆိုတာကို ရွေးချယ်ရမှာပါ။
ဘီလျှံနာဖြစ်ချင်ပြီး လခစားဝန်ထမ်းလုပ်နေလို့တော့ မရဘူး။ ဘီလျှံနာဖြစ်ချင်ရင် ရောက်နိုင်မယ့် လမ်းကြောင်းရှာပြီး တစ်ဆင့်ချင်း သွားရမယ်။
စီးပွားရေးမှာ ...
အောင်မြင်ဖို့ ရင်းနှီးငွေများမှဖြစ်မယ်လို့ ထင်ကြတယ်။ သိန်း(၅၀၀)ရင်းပြီး လုပ်ငန်းထူထောင်တာဟာ - သိန်း(၁၀၀)ရင်းနှီးတာထက် များများပိုမြတ်မယ် ထင်ရင် မှားပါတယ်။
သိန်း(၅၀၀)ရင်းပြီး သိန်း(၁၀၀)ရင်း သူ​လောက် အမြတ်မရတဲ့လုပ်ငန်းတွေ တစ်ပုံကြီးပါ။
(၅၀၀)ဟာ ငွေကြေးကောင်းကောင်းမလည်ပတ်တတ်ဘူး၊ စီးပွားရေးပညာမကျွမ်းကျင်ဘူးဆိုရင် (၅၀၀) မကလို့ သိန်း(၁၀၀၀)ရင်းလည်း အမြတ်ငွေမရတဲ့အပြင် အရင်းတောင် ပဲ့ထွက်ပြီး အရှုံးပေါ်မှာပါ။
အရင်းများတိုင်း အမြတ်များတာမဟုတ်ပဲ ငွေကြေးလည်ပတ်နိုင်ပုံပေါ်မူတည်ပြီး အမြတ်ငွေများတယ်ဆိုတာ ကိုယ်ပိုင်စီးပွားရေးလုပ်မယ့်သူတွေ ကြိုသိထားရမယ်။
အရင်းအနှီးများတာက​ အားသာပါတယ်။ ငွေများများနဲ့ ဈေးကွက်ကို ထိန်းချုပ်နိုင်မယ်။ လည်ပတ်ငွေများများရှိတော့ အင်အားကြီးကြီး လုပ်ကိုင်နိုင်တယ်။ ဒါပေမယ့် ငွေကြေးပညာ နဲ့ စီးပွားရေးနားမလည်ရင် အရင်းများလည်း ကျဆုံးမှာပါပဲ။
သိန်း(၅၀၀)လည်း ရင်းနှီးတယ်၊ ငွေကြေးကောင်းကောင်းစီမံခန့်ခွဲတတ်တယ်၊ စီးပွားရေးအတတ်ပညာလည်းရှိတယ် ဆိုရင်တော့ တစ်နှစ်အတွင်းမှာ ပိုင်ဆိုင်မှုဟာ နှစ်ဆ ဖြစ်လာမှာပါ။
ဒါကြောင့် ..
ကိုယ်ပိုင်စီးပွားရေး လုပ်မယ်ဆိုရင် စီးပွားရေးပညာ နားလည်ရမယ် ၊ ငွေကြေးလည်ပတ်ပုံ နားလည်ရမယ်။
ရင်းနှီးငွေမများလည်း သူ့အတိုင်းအတာနဲ့သူ အတတ်ပညာရှိထားပြီး ​သေချာစီမံကိန်းချ လုပ်ကိုင်မယ်ဆိုရင် အောင်မြင်မှုလမ်းကြောင်းပေါ် ရောက်မှာပါ။
ရင်းနှီးမြုပ်နှံမှုမှာဆိုရင် ..
မြို့စွန်ဘက်မှာ စီမံကိန်းအကြီးစားတစ်ခုရှိတယ်လို့ သတင်းကြားတယ်။ စီမံကိန်းကြောင့် အဲဒီအနီးတ၀ိုက်က မြေကွက်တွေ တန်ဘိုးတက်လာမှာ အသေအချာပဲ။ အဲဒါကြောင့် ...
မိတ်​​ဆွေတို့ စုဆောင်းထားငွေနဲ့ မြန်မြန်ဆန်ဆန် မြေကွက်တွေ လိုက်ဝယ်တယ် ဆိုပါစို့။ ဒီမြေကွက်တွေဟာ သိပ်မကြာခင် တန်ဘိုးအများကြီး တက်လာမယ်ဆိုတာ သေချာပေါက်သိတယ်။
သိသိချင်းဝယ်တာတောင် အရင်က မြေလွတ်မြေရိုင်းတွေက ခုတော့ 20'x60' တစ်ကွက်ကို သိန်း(၂၀၀)ပေးပြီး အလုအယက် ၀ယ်ရတယ်။ ဒါပေမယ့် ကိစ္စမရှိဘူး။ သိပ်မကြာခင် သိန်း(၅၀၀) (၆၀၀) ဖြစ်လာနိုင်တော့ ၀ယ်တာပေါ့။
မိတ်​​ဆွေ ၀ယ်ပြီး လ,နည်းနည်းကြာ​တော့ ..
.
"စီမံကိန်းက မဖြစ်​တော့ဘူး"
.
မိတ်​​ဆွေ လှည့်​စားခံလိုက်ရတာပါ။
မြေလွတ်မြေရိုင်းတွေကို ခြံကွက်ရိုက်ပြီး "စီမံကိန်းရှိတယ်" လို့ အသံလွင့်တယ်​။ တန်ဘိုး မတက်တက်အောင် အလုအယက် ၀ယ်ကြဟန်ဆောင်တယ်​။
ရောင်းလို့လည်း ကုန်ရော .. "စီမံကိန်း မရှိဘူး" ဖြစ်သွားပါရော။ မိတ်​​ဆွေတို့ဝယ်ထားတဲ့ သိန်း(၂၀၀)တန်အကွက် နေ့ချင်းညချင်း (၅)သိန်းတောင် မတန်တော့ဘူး။
အဲဒီအတွက် ဘယ်သူ့ကိုမှ တရားစွဲလို့ မရဘူး။ မိတ်ဆွေရဲ့ အတွေ့အကြုံပေါ်ပဲ မူတည်တယ်။
အဲဒီတော့
စီးပွားရေးလုပ်သည်ဖြစ်စေ ၊ ရင်းနှီးမြုပ်နှံမှုလုပ်သည်ဖြစ်စေ .. စီးပွားရေးအတတ်ပညာလည်းရှိ ငွေကြေးပညာလည်းရှိရတဲ့အပြင် ကိုယ်တိုင်ကိုယ်ကျ အလုပ်လုပ်ဖူးတဲ့အတွေ့အကြုံကလည်း လိုသေးတယ်။
ငွေကြေးအပုံလိုက်ရင်းပြီး အတွေ့အကြုံရှာဖို့ဆိုတာ တော်တော်မလွယ်တဲ့ကိစ္စပါ။ ရှိတာလေး ရင်းပြီးလုပ်လိုက်ကာမှ ဆုံးရှုံးသွားရင် ဒုက္ခတွင်းထဲ ဇောက်ထိုးဆင်းရမှာမို့ မစ,နိုင်ပဲ တွေဝေနေတာ လူအများကြီးပါ။
.
အဲဒါကို ​အဆင်​​ပြေ​စေတဲ့ နည်းလမ်းရှိပါတယ်။
ရင်းနှီးမြုပ်နှံမှုပညာ၊ ငွေကြေးပညာတွေကို နားလည်ဖို့ တစ်ကယ့်ငွေကို ချရင်းစရာမလိုပဲ လေ့ကျင့်နိုင်တဲ့ နည်းလမ်း ရှိပါတယ်။ အဲဒါကတော့ CashFlow Game ပါ။ CashFlow Game ဆိုတာ ငွေကြေးပညာနားလည်ဖို့နဲ့ ရင်းနှီးမြုပ်နှံမှုအတွေ့အကြုံကောင်းတွေရဖို့ တစ်ကယ့်ငွေကိုရင်းတာမဟုတ်ပဲ နားလည်ကျွမ်းကျင်စေတဲ့ ဂိမ်းပါ။ ရည်ရွယ်ချက်ကတော့ ရင်းနှီးမြုပ်နှံမှုပညာ၊ ငွေကြေးပညာတွေကို ကျွမ်းကျင်​​အောင်​ လေ့ကျင့်​နိုင်​ဖို့ပါ။ ဂိမ်းရဲ့အစမှာ အလုပ်သမားဘ၀နဲ့ စ,ကစားရပြီး တဖြေးဖြေး ငွေကြေးများများပိုင်​ဆိုင်​သူဖြစ်အောင် ကစားရတယ်။ အိမ်ခြံမြေရင်းနှီးမြုပ်နှံဖို့ ၊ အကျိုးတူရှယ်ယာထည့်ဖို့ ၊ Franchise ယူဖို့ ၊ စတော့ရှယ်ယာဝယ်ဖို့ ၊ ငွေတိုးချေးဖို့ ... စတဲ့ ရင်းနှီးမြုပ်နှံမှု အတွေ့အကြုံတွေကို ဂိမ်းထဲမှာ ရစေတယ်။ "ပွဲမ၀င်ခင် အပြင်ကကျင်းပ"ထားသလို ဂိမ်းကစားတဲ့အတွေ့အကြုံဟာ တကယ့်ဘ၀မှာ အနိုင်ရဖို့၊ ကျွမ်းကျင်ပါးနပ်ဖို့ နည်းလမ်းကောင်းတွေပါ။ CashFlow Game ကို ထပ်ခါထပ်ခါကစားလေ ငွေကြေးဥာဏ်ရည် တက်လေပါပဲ။
.
အဲဒီဂိမ်းကိုကစားပြီး လူတွေ ​ငွေကြေးပြဿနာဖြေရှင်းနိုင်ဖို့၊ ကြွယ်ဝချမ်းသာဖို့ ရည်ရွယ်ချက်နဲ့ ဆရာကိုဖူးကျော်ဇင် Phoo Kyaw Zin က ဆရာ့ရဲ့(Future Wave Success & Motivation Training) သင်တန်းကျောင်းမှာ CashFlow Club တစ်ခု ဖွင့်ထားပေးပါတယ်။ အဲဒီ CashFlow Club မှာ ဆက်သွယ်ကစားပြီး ငွေကြေးအသိပညာ ကျွမ်းကျင်သထက်ကျွမ်းကျင်အောင် လေ့ကျင့်နိုင်ပါတယ်။ ဆက်သွယ်ကစားဖို့ အခက်အခဲရှိသူတွေက ဆရာရေးတဲ့ "ငွေကြေးကစားပွဲ" နဲ့ "ငွေကြေးတို့ရဲ့အရှင်သခင်ဖြစ်ဖို့" စာအုပ်ကိုဖတ်ပြီး ​မိုနိုပိုလီလိုကစားရတဲ့ ဂိမ်းချပ်​ နဲ့ ကစားလို့ရပါတယ်။ (ကျွန်မ ဆရာဖူးကျော်ဇင်ရဲ့ စာအုပ်ပိုရောင်း​ကောင်းဖို့ ကြော်ငြာတာ မဟုတ်ပါဘူးရှင်) ဆရာဖူးကျော်ဇင်ကလည်း ငွေကြေးပြဿနာပြေလည်စေချင်စိတ်အပြည့်နဲ့ စာအုပ်တွေကို အရိုးရှင်းဆုံးရေးပြီး 2014 ကတည်းကထုတ်ဝေထားတာပါ။
ဒီ "ငွေ စီမံကိန်း" ဆောင်းပါးလေးရေးနိုင်တာဟာ ဆရာဖူး​ကျော်​ဇင်​ဆီက ပညာတွေ အများကြီး သင်​ယူထားလို့ပါ။
ဆရာ​ရေးတဲ့စာအုပ်​​တွေ​ကြောင့်​ အသိတိုးလို့ ရသမျှပြန်​မျှ​ဝေပြီး ဆရာ့ကို ဂါရ၀ပြုပါတယ်​။ အားလုံးကိုလည်း အဆင်ပြေစေချင်စိတ်နဲ့ လမ်းညွန်ပါတယ်​။ ဖုန်း Application အနေနဲ့ ကစားချင်တယ်ဆိုရင် IOS အတွက် Apple Store ကနေ Premium ၀ယ်ပြီး ကစားလို့ ရပါတယ်။ Android အတွက်တော့ Application Store တွေမှာ မတွေ့မိသေးပါဘူး။
.
.
အခု အပိုင်း (၃) ဟာ -
• ငွေကြေးပြဿနာထဲကနေ လွတ်မြောက်ဖို့အတွက် ၀င်ငွေကိုစီမံနိုင်ဖို့ လမ်းကြောင်းပြထားပြီး
• စီးပွားရေး နဲ့ ရင်းနှီးမြုပ်နှံမှုလုပ်ငန်းတွေမှာ ဆုံးရှုံးမှုနည်းအောင် ကြိုတင်လေ့ကျင့်နိုင်မယ့်အချက်ကို လမ်းညွန်ထားပါတယ်။
• မိတ်ဆွေဟာ ချမ်းသာကြွယ်ဝဖို့ လမ်းစပေါ်ရောက်​နေပါပြီ။
.
-------------
• "ငွေ စီမံကိန်း" ​ဆောင်းပါးတခုလုံးကို အလွယ်တကူနားလည်နိုင်ဖို့အတွက် အပိုင်း (၄) မှာ ခြုံငုံ​​ပြောပြပြီး အဆုံးသတ်​ပါမယ်​။
• မိတ်ဆွေတွေလည်း ဒီ post ကို အားရကြတယ်​။ ပြီး​တော့ အချင်းချင်း သိစေချင်စိတ်​နဲ့ မျှဝေကြလို့ ကျွန်မတို့အသိုင်းအ၀ိုင်းကြီး သိပ်မကြာခင် ပိုအဆင်ပြေလာပါ​စေ။
.
• မိတ်ဆွေများ အားလုံး ကြီးပွားတိုးတက်​ပျော်​ရွှင်​ကြပါစေ။
.
#သူရဝေနှင်း

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။