ကောင်းတတ်ဖို့
+++++++++
ကျွန်တော်တို့ ရဲ့ ဘ၀လမ်းခရီးတစ်လျှောက်မှာ
သူများအပေါ် ကောင်းတတ်ရမယ်။
ကိုယ့်အပေါ်လည်း ကောင်းတတ်ရမယ်။
သူများအပေါ် ကောင်းတတ်ခြင်းဟာ ခရီးဝေးဝေး ပိုပေါက်မြောက်စေတယ်။
ကိုယ့်အပေါ် ကောင်းတတ်ခြင်းဟာ ဘ၀ကို ပိုမိုစိုပြေစေပါတယ်။
အမှန်တော့ ဘယ်သူ့အပေါ် ပဲကောင်းကောင်း၊
ကောင်းခြင်းဆိုတာ........
အချစ်ကိုဆန့်ထုတ်ခြင်းပါ။ နွေးထွေးမူကို ကူးစက်စေခြင်းပါ။
သူများကို အကျိုးဖြစ်ထွန်းစေတယ်။ ကိုယ်လည်း စိတ်ချမ်းသာတယ်။
ကိုယ်အဆင်ပြေနေတဲ့အခါမှာ၊
သူများအပေါ် ကောင်းတတ်ဖို့ လိုအပ်လှပါတယ်။
ကိုယ်က အဆင်ပြေနေတော့၊ သဘောကောင်းရတယ်။ နိမ့်ချတတ်ရတယ်။
အဲလို မလုပ်နိုင်ခဲ့ရင်တောင်မှ. ...
အနည်းဆုံးတော့ မ၀င့်ဝါမိဖို့၊ မကြွားဝါမိဖို့၊
အထက်စီး မနေမိဖို့ ဆင်ခြင်ရပါမယ်။
ဒီနေရာမှာ ကောင်းတယ်ဆိုတာ ရင်းနီးလွယ်တဲ့သဘော၊
ခင်မင်ပျော့ပြောင်းတဲ့သဘော၊
စိတ်သဘောထားကြီးတယ်ဆိုတာ
ပြစ်တင်မူထက် ခွင့်လွတ်မူကို လျင်မြန်စေတဲ့သဘော၊
တုန့်ပြန်မူထက် လစ်လျူရူ့ မူကို အမြဲဦးစားပေးတဲ့သဘော၊
သင်ချမ်းသာတယ်။
သင့်အနီးအနားမှာရှိတဲ့လူတွေ သင့်ချမ်းသာတဲ့ဒဏ်ကို မခံစားမိစေဘူး၊
သင်ပညာရှိတယ်။
သင့်အနီးအနားကလူတွေ သင့်ပညာမာန်ကို မရိပ်မိစေဘူးဆိုရင်...
လူမူရေးမှာ သင်တော်တော်ကို အဆင်ပြေနေပါပြီ။
အဲ..အဆင်မပြေတဲ့အခါမှာ၊ ကိုယ့်အပေါ် ကောင်းမွန်တတ်ရတယ်။
ပတ်ဝန်းကျင်တစ်ခုလုံး ကိုယ့်ကို အထင်မကြီးပါဘူးဆို
ကိုယ့်ယုံကြည်ချက်လေးတော့ အနည်းဆုံးထိန်းထားရမှာလေ၊
ဘယ်သူမဆို ဘ၀ခရီးမှာ အခက်အခဲ တွေ့ရတတ်တယ်။
တစ်ခါခါ ဘ၀ အမှောင်ကို ဖြတ်သန်းသွားရတတ်ပါတယ်။
အဲဒီအခါမျိုးမှာ၊ ဘယ်သူမှ ကိုယ့်ကို မချစ်တာတောင်မှ
ကိုယ့်ကိုယ်ကို တော့ ချစ်တတ်ရမယ်။
ကိုယ့်အပေါ် ကိုယ်ပြန်ကောင်းတတ်ရမယ်။
စိတ်ထဲမှာ မွေးမြူထားရမဲ့ စကားတစ်ခွန်းကတော့...
“ ငါတစ်ရက် အောင်မြင်ရမယ်။”
ကိုယ့်အပေါ် ကောင်းတတ်ရတယ်ဆိုတာ
အတိတ်က အမှားတွေအပေါ် တောက်တချက်ချက် မခေါက်မိစေဖို့၊
မိမိစိတ်နဲ့ မိမိ အဆင်ပြေစေဖို့၊
တောင်ကျကျ၊ ပြားကျကျ၊ အပြုံးမပျက်စေဖို့ ဖြစ်ပါတယ်။
ညဉ်နက်ထက် သန်ခေါင်မကျနိုင်ပါဘူး
သန်ခေါင်လွန်ရင်တော့ မိုးလင်းလာမှာပေါ့၊
ကိုယ့်အပေါ် ကိုယ် ကောင်းတတ်တဲ့လူတိုင်း
မိုးမြန်မြန် လင်းနိုင်ကြပါစေ။
Ref: we chat
+++++++++
ကျွန်တော်တို့ ရဲ့ ဘ၀လမ်းခရီးတစ်လျှောက်မှာ
သူများအပေါ် ကောင်းတတ်ရမယ်။
ကိုယ့်အပေါ်လည်း ကောင်းတတ်ရမယ်။
သူများအပေါ် ကောင်းတတ်ခြင်းဟာ ခရီးဝေးဝေး ပိုပေါက်မြောက်စေတယ်။
ကိုယ့်အပေါ် ကောင်းတတ်ခြင်းဟာ ဘ၀ကို ပိုမိုစိုပြေစေပါတယ်။
အမှန်တော့ ဘယ်သူ့အပေါ် ပဲကောင်းကောင်း၊
ကောင်းခြင်းဆိုတာ........
အချစ်ကိုဆန့်ထုတ်ခြင်းပါ။
သူများကို အကျိုးဖြစ်ထွန်းစေတယ်။ ကိုယ်လည်း စိတ်ချမ်းသာတယ်။
ကိုယ်အဆင်ပြေနေတဲ့အခါမှာ၊
သူများအပေါ် ကောင်းတတ်ဖို့ လိုအပ်လှပါတယ်။
ကိုယ်က အဆင်ပြေနေတော့၊ သဘောကောင်းရတယ်။ နိမ့်ချတတ်ရတယ်။
အဲလို မလုပ်နိုင်ခဲ့ရင်တောင်မှ.
အနည်းဆုံးတော့ မ၀င့်ဝါမိဖို့၊ မကြွားဝါမိဖို့၊
အထက်စီး မနေမိဖို့ ဆင်ခြင်ရပါမယ်။
ဒီနေရာမှာ ကောင်းတယ်ဆိုတာ ရင်းနီးလွယ်တဲ့သဘော၊
ခင်မင်ပျော့ပြောင်းတဲ့သဘော၊
စိတ်သဘောထားကြီးတယ်ဆိုတာ
ပြစ်တင်မူထက် ခွင့်လွတ်မူကို လျင်မြန်စေတဲ့သဘော၊
တုန့်ပြန်မူထက် လစ်လျူရူ့ မူကို အမြဲဦးစားပေးတဲ့သဘော၊
သင်ချမ်းသာတယ်။
သင့်အနီးအနားမှာရှိတဲ့လူတွေ
သင်ပညာရှိတယ်။
သင့်အနီးအနားကလူတွေ သင့်ပညာမာန်ကို မရိပ်မိစေဘူးဆိုရင်...
လူမူရေးမှာ သင်တော်တော်ကို အဆင်ပြေနေပါပြီ။
အဲ..အဆင်မပြေတဲ့အခါမှာ၊ ကိုယ့်အပေါ် ကောင်းမွန်တတ်ရတယ်။
ပတ်ဝန်းကျင်တစ်ခုလုံး ကိုယ့်ကို အထင်မကြီးပါဘူးဆို
ကိုယ့်ယုံကြည်ချက်လေးတော့
ဘယ်သူမဆို ဘ၀ခရီးမှာ အခက်အခဲ တွေ့ရတတ်တယ်။
တစ်ခါခါ ဘ၀ အမှောင်ကို ဖြတ်သန်းသွားရတတ်ပါတယ်။
အဲဒီအခါမျိုးမှာ၊ ဘယ်သူမှ ကိုယ့်ကို မချစ်တာတောင်မှ
ကိုယ့်ကိုယ်ကို တော့ ချစ်တတ်ရမယ်။
ကိုယ့်အပေါ် ကိုယ်ပြန်ကောင်းတတ်ရမယ်။
စိတ်ထဲမှာ မွေးမြူထားရမဲ့ စကားတစ်ခွန်းကတော့...
“ ငါတစ်ရက် အောင်မြင်ရမယ်။”
ကိုယ့်အပေါ် ကောင်းတတ်ရတယ်ဆိုတာ
အတိတ်က အမှားတွေအပေါ် တောက်တချက်ချက် မခေါက်မိစေဖို့၊
မိမိစိတ်နဲ့ မိမိ အဆင်ပြေစေဖို့၊
တောင်ကျကျ၊ ပြားကျကျ၊ အပြုံးမပျက်စေဖို့ ဖြစ်ပါတယ်။
ညဉ်နက်ထက် သန်ခေါင်မကျနိုင်ပါဘူး
သန်ခေါင်လွန်ရင်တော့ မိုးလင်းလာမှာပေါ့၊
ကိုယ့်အပေါ် ကိုယ် ကောင်းတတ်တဲ့လူတိုင်း
မိုးမြန်မြန် လင်းနိုင်ကြပါစေ။
Ref: we chat
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။