Dr-Myint Thein added 9 new photos.
9 KINDS OF FISH YOU SHOULD NEVER EAT
ငါးအမျိုးအစားတွေက မြန်မာများနဲ့ နီးစပ်တာဆိုလို့
တီလာပီးယားငါး နဲ့ ငါးခူပဲ ပါပါတယ် ။
မြန်မာပြည်မှာ ငါးငူကို မွေးမြူရေးလုပ် မလုပ် မသိပါဘူး ။
အခြားငါးအမျိုးအစားတွေက ပြည်တွင်းက မြန်မာများနဲ့
တွေ့ထိဖို့ မနီးစပ်ပေမယ် ၊ အာရှတွင်မက ဥရောပ အမေရိကထိ
မြန်မာတွေ ခြေဆန့်လာကြပြီမို့ ခရီးသွားတဲ့မြန်မာတွေ
သိထားသင့်တယ် ထင်လို့ ၊ တွေ့တာလေး တင်ပြလိုက်ပါတယ် ။
.
10 ။ တင်သွင်းသော ငါးခူ Imported Catfish
ငါးခူဟာ အတော်အတန်ထိ အရွယ်အစား ကြီးမားပါတယ် ။
ဒါပေမယ့် ငါးမွေးမြူရေးသမားများက ဟော်မုန်းများကျွေးပြီး
အရွယ်ပိုကြီးအောင် လုပ်ကြပါတယ် ။
အာရှတိုင်းပြည်များက တင်သွင်းလာသော ငါးခူကို
ပုံမှန် မစားသုံးသင့်ပါဘူး ။
အရိုင်း လွတ်လပ်စွာပေါက်ပွားသော ငါးခူလို အန္တရာယ် မကင်းပါဘူး ။
( မူရင်းဆောင်းပါးက အမေရိကန်ပညာရှင်တွေ ရေးတာမို့ပါ )
9 ။ မက်ကရယ်ငါး Mackerel
မက်ကရယ်ငါးမှာ ပြဒါးပါဝင်မှု များပြားပါတယ် ။
ပြဒါးက လူ့ခန္ဓာကိုယ်ကို ရောဂါအမျိုးမျိုး ဖြစ်စေပါတယ် ။
အတ္တလန်တစ် မက်ကရယ်ငါးကတော့ အန္တရာယ်ပေးတာ နည်းပါတယ် ။
စားချင်ရင် အတ္တလန်တစ်သမုဒ္ဒရာကဖမ်းတဲ့ ငါးကို စားပါ ။
8 ။ တူနာငါး Tuna
ဆူးတောင်အနက်တူနာ နဲ့ ဆူးတောင်အပြာတူနာငါးတွေမှာ
ပြဒါးပါဝင်မှု များပြားပါတယ် ။
ခလေးငယ်များ လုံးဝ မစားသင့်ပါဘူး ။
လူကြီးများက စစ်စစ်ဆေးဆေး ပြုပြီး စားသင့်ပါတယ် ။
7 ။ တီလားပီးယား Tilapia
တီလားပီးယားငါးမှာ ဆိုးဝါးတဲ့အဆီ အလွန်များပြားစွာ ပါရှိပါတယ် ။
ကိုလက်စထရော တက်စေနိုင်သလို ၊ သွေးဓါတ်မတည့်တဲ့ ဝေဒနာမျိုး
ဖြစ်စေတတ်ပါတယ် ။
ပန်းနာရင်ကျပ်ရောဂါသည်များ ၊ နှလုံးရောဂါသည်များ ၊
အဆစ်အမြစ်ရောင်ရောဂါသည်များ လုံးဝ ရှောင်ရှားသင့်ပါတယ်
6 ။ ငါးရှဉ့် Eel
အဆီများတဲ့သတ္တဝါဖြစ်သဖြင့် ရေထဲမှ စက်မှုလုပ်ငန်းထွက် အညစ်အကြေးများကို
အများအပြား စုပ်ယူထားပါတယ် ။
ပုံမှန်စားသုံးသူကို ဘေးဥပါဒ် ဖြစ်စေပါတယ် ။
5 ။ ပင်ဂါစီးယပ်ငါး Pangasius
ပင်ဂါစီးယပ်ငါးကို တောင်အာရှ နဲ့ အရှေ့တောင်အာရှမှာ တွေ့ရပါတယ် ။
ဗီယက်နမ်နိုင်ငံရဲ့ ထွက်ကုန်ဖြစ်ပါတယ် ။
ကမ္ဘာမှာ ရေထုညစ်ညမ်းမှု အများဆုံးထဲက တစ်ခုဖြစ်တဲ့
မဲခေါင်မြစ်ကနေ ဖမ်းယူတာဖြစ်ပါတယ် ။
ပင်ဂါစီးယပ်ငါးအသားထဲမှာ ကင်ဆာဖြစ်စေတဲ့ နိုက်ထရိုဖြူရာဇုံး ၊
ပေါ်လီဖော့စဖိတ်ဓါတ်များ အများကြီးပါဝင်ပါတယ် ။
4 ။ တိုင်လီငါး Tilefish
ပြဒါးပါဝင်မှု အများဆုံးပါဝင်တဲ့ငါးတွေထဲမှာ တိုင်လီငါးက ခေါင်ဆောင်ဖြစ်ပါတယ် ။
အစာအဆိပ်သင့်စေတဲ့ငါး ဖြစ်ပါတယ် ။
3 ။ ဆီးဘတ်ငါး Seabass
ဆီးဘတ်ငါးဟာလည်း ပြဒါးများစွာ ပါဝင်ပါတယ် ။
2 ။ ဒေါ်လာငါး Dollarfish
ဒေါ်လာငါးမှာ ဂျင်ပိုင်လိုတောက်ဆင် အဆိပ် ပါပါတယ် ။
အစာအဆိပ်သင့်စေတဲ့ငါး ဖြစ်ပါတယ် ။
1 ။ လပ်ဆတ်မှု သိနိုင်ဖို့ Know the Freshness
အကြေးခွံဟာ အရောင်တောက်နေပြီး ကြည်လင်နေရပါမယ် ။
ဆူးတောင်များ ခြောက်နေပြီး ၊ ပါးဟက်များ ရဲမနေဘဲ ညစ်နေရင်
ပုပ်လုပုပ်ခင် ဖြစ်နေပါပြီ ။
.
ကျန်းမာချမ်းသာကြပါစေ
ဒေါက်တာမြင့်သိန်း
12 January 2018

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။