ဘဝမှာအောင်မြင်ဖို့ ဆိုရင်
သင်အခုအသက်ဘယ်လောက်လဲ? သင်ဘယ်မှာနေသလဲ? သင့်လုပ်ငန်းရည်မှန်းချက်တွေကဘာလဲ?ဆိုတာဘေးဖယ်ထား လူတိုင်းလူတိုင်းရဲ့ရည်မှန်းချက်က ဘဝမှာအောင်မြင်ဖို့ နဲ့ ပျော်ပျော်ရွှင်ရွှင်နေနိုင် ဖို
့ပါဘဲ။ အောင်မြင်မှုအဓိကသော့ချက်က ငွေရှာရုံ ချမ်းသာရုံနဲ့ တင်မဟုတ်ပါဘူး။
ရည်မှန်းချက်တွေကို သေချာပိုင်းခြားခြင်း၊ ဘဝကိုရည်မှန်းချက်ပြင်းပြင်းပြပြနဲ့ နေထိုင်ခြင်း၊ လက်ရှိအချိန်ကာလကိုပျော်ပျော်ရွှင်ရွှင်နေထိုင်ခြင်းပါဘဲ။
သင့်ရဲ့ရည်မှန်းချက်တွေကို သေချာသတ်မှတ်ထားပါ
သင်မအောင်မြင်ခင် သင့်အတွက် အောင်မြင်မှုကဘယ်လိုမျိုးလဲဆိုတာကိုသတ်မှတ်ထားရမယ်။လူအချို့ ကဘဝမှာဘာလိုချင်လဲ? ဘာဖြစ်ချင်လဲ? စတာတွေကိုတိတိကျကျမသိပါဘူး။ သင့်ကိုယ်သင်အောက်ပါမေးခွန်းတွေကိုမေးကြည့်ပါ
1️⃣သင့်ရဲ့ဘဝရည်မှန်းချက်ကဘာလဲ ?
2️⃣သင်အသက်၄၀မပြည့်ခင် ဘာဖြစ်ချင်လဲ?
3️⃣သင်ဘယ်အရာတွေကိုစိတ်ဝင်စားသ လဲ?
4️⃣သင့်ကိုလူတွေကဘယ်လိုအမှတ်ရေ နစေချင်လဲ?
5️⃣သင့်ရဲ့အသိုင်းအဝိုင်းကိုပိုကောင်းအောင်ဘယ်လိုလုပ်ပေးချင်လဲ?
ငွေကြေးပိုင်းဆိုင်ရာကိစ္စတွေကိုထိန်းချုပ်ရမယ်
သင့်ရဲ့အသုံးစရိတ်တွေကိုသေချာထိန်းချုပ်ပါ။သင့်တလဝင်ငွေဘယ်လောက်လဲ? သင့်တလ သုံးငွေဘယ်လောက်လဲ? အမြဲဘဲ ဝင်ငွေ ထွက်ငွေစာရင်းကိုသေချာပြုစု ရမယ်။ လိုချင်တာထက် လိုအပ်တာကိုဘဲဝယ်ပါ။မလိုအပ် တာတွေဘဲဝယ်နေမယ်ဆိုရင် တချိန်မှာလိုအပ်တာတွေကိုရော င်းထုတ်မှာအသေအချာပါဘဲ။ ဈေးကြီးတဲ့အင်္ကျီတွေ ကားတွေ ခါးပတ်တွေ နာရီတွေမဝယ်ပါနဲ့ ။ချမ်းသာချင်ယောင်ဆောင်ရင်းနဲ့ မွဲသွားတတ်တယ်ဆိုတာမှတ်ထား ရမယ်။လစဉ်ငွေစုပါ
ဘဝကိုရည်ရွယ်ချက်ရှိရှိနေထိုင်ရမယ်
ဘဝမှာအောင်မြင်ဖို့ နဲ့ သင်ဖြစ်ချင်တဲ့ပုံစံအတိုင်းဖြစ်လာစေဖို့ ဆိုရင် သင့်လုပ်ဆောင်ချက်တွေအပေါ်အာရုံစိုက်ရမယ်။စိတ်ဝင်စား ရမယ်။သင့်လုပ်ရှိအလုပ်နဲ့ သင့်ဘဝရည်မှန်းချက်နဲ့ မကိုက်ညီဘူးလား? ထွက်လိုက်ပါ။ သင်လုပ်တဲ့အလုပ်ကိုမပျော်ဘူးဆိုရင် သင်ဘယ်လိုမှအောင်မြင်နိုင်မှာမဟုတ်ပါဘူး။
သင့်ကိုယ်သင် အခြားသူတွေနဲ့ နှိုင်းယှဉ်တာတွေမလုပ်ပါနဲ့ 
စိတ်မကောင်းစွာဘဲ လူတချို့ ဟာသူတို့ ရဲ့ပိုင်ဆိုင်မှုတွေ အောင်မြင်မှုတွေကို အခြားသူနဲ့ နှိုင်းယှဉ်ကြတယ်။သင့်ဘဝမှာပျော်ချင်လား? သင့်ဘဝကိုအခြားသူတွေနဲ့ ဘယ်တော့မှမနှိုင်းယှဉ်ပါနဲ့ ။သင်စိတ်ဓတ်ကျနေရင် သင့်ရဲ့အောက်ကိုငုံ့ ကြည့်ပါ။ သင်အိမ်မဝယ်နိုင်လို့ မပျော်မရွှင်ဖြစ်နေလား? အိမ်ခြေရာမဲ့လူတွေအများကြီး ရှိနေတယ်ဆိုတာသတိရပါ။ စိတ်ဓတ်ကျနေရင် ဘယ်တော့မှဆုံးဖြတ်ချက်မချနဲ့ ။ဘယ်တော့မှအရှုံးမပေးနဲ့ ။ အောင်မြင်နေရင် ဘယ်တော့မှဘဝမမေ့နဲ့ ။ အောက်ခြေမလွတ်စေနဲ့ 
Crd
Aung Ko Latt ပေတူး ရာမညမြေ
သင်အခုအသက်ဘယ်လောက်လဲ? သင်ဘယ်မှာနေသလဲ? သင့်လုပ်ငန်းရည်မှန်းချက်တေ
သင့်ရဲ့ရည်မှန်းချက်တွေကို သေချာသတ်မှတ်ထားပါ
သင်မအောင်မြင်ခင် သင့်အတွက် အောင်မြင်မှုကဘယ်လိုမျိုးလဲဆ





ငွေကြေးပိုင်းဆိုင်ရာကိစ္စတေ
သင့်ရဲ့အသုံးစရိတ်တွေကိုသေခ
ဘဝကိုရည်ရွယ်ချက်ရှိရှိနေထိ
ဘဝမှာအောင်မြင်ဖို့ နဲ့ သင်ဖြစ်ချင်တဲ့ပုံစံအတိုင်
သင့်ကိုယ်သင် အခြားသူတွေနဲ့ နှိုင်းယှဉ်တာတွေမလုပ်ပါနဲ
စိတ်မကောင်းစွာဘဲ လူတချို့ ဟာသူတို့ ရဲ့ပိုင်ဆိုင်မှုတွေ အောင်မြင်မှုတွေကို အခြားသူနဲ့ နှိုင်းယှဉ်ကြတယ်။သင့်ဘဝမှ
Crd
Aung Ko Latt ပေတူး ရာမညမြေ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။