Thura Wai Hninn updated her status.
--------
အပိုင်း (၂)
.
မိတ်ဆွေတို့-ကျွန်မတို့ရဲ့
အသုံးအဆောင်ပစ္စည်း(ဖုန်း၊ အိမ်၊ ကား၊ ...)စတဲ့ ပိုင်ဆိုင်မှုတွေကို ငွေကြေးရှုထောင့်ကနေ စီစစ်ကြည့်ရင် -
• ၀င်ငွေ ပေါင်းထည့်ပေးတဲ့ ပိုင်ဆိုင်မှု (Asset) နဲ့
• ၀င်ငွေ နှုတ်ယူတဲ့ ပိုင်ဆိုင်မှု (Liability) --
ဆိုပြီး (၂) မျိုး ရှိပါတယ်။
ကိုယ့်မှာရှိတဲ့အိမ်ကို အငှားပေးထားတယ်ဆိုရင် ..
အဲဒီ အိမ်ပိုင်ဆိုင်မှုဟာ ငှားရမ်းခရတဲ့အတွက် - ၀င်ငွေပေါင်းထည့်ပေးတဲ့ ပိုင်ဆိုင်မှု (Asset) ပါ။
ဒီလိုမဟုတ်ပဲ အဲဒီအိမ်မှာ ကိုယ်တိုင်နေထိုင်တယ်ဆိုရင်-
လစဉ် မီတာခ၊ မြေခွန်၊ ရေခွန်၊ အမှိုက်ခွန်၊ အိမ်အသုံးအဆောင်စရိတ် စတဲ့ အသုံးစရိတ်ငွေတွေ ပေးရတာဖြစ်တဲ့အတွက် ၀င်ငွေ နှုတ်ယူတဲ့ ပိုင်ဆိုင်မှု (Liability) ပါ။
ကားဆိုရင်လည်း ဒီလိုပါပဲ။
ကိုယ့်ကိုယ်ပိုင်ကားကို ကိုယ်တိုင်စီးတာလား ၊ အငှားပေးထားတာလား။ အငှားပေးထားတယ်ဆိုရင် ၀င်ငွေပေါင်းထည့်ပေးနေတဲ့(Asset)၊ ကိုယ်တိုင်စီးတာဆိုရင် နှုတ်ယူနေတဲ့(Liability) ပေါ့။
ကျွန်မတို့ အခုသုံးနေတဲ့ ဖုန်းဟာ ..
ဝင်ငွေ နှုတ်ယူနေတဲ့ ပိုင်ဆိုင်မှု (Liability) ပါ။ သူ့ကို bill ဖြည့်ရတယ်။ သူ့အတွက် ဖုန်းအသုံးအဆောင်ပစ္စည်းတွေ ၀ယ်ရတယ်။
ပျက်ရင် ပြင်ရတယ်။
လစာကောင်းတဲ့ဝန်ထမ်းအတွက် ဖုန်းတစ်လုံးရဲ့ နှုတ်ယူငွေဟာ မပြောပလောက်ပေမယ့်
နေ့စားလုပ်သားအတွက်တော့ ၀န်ပိစေပါတယ်။
ဒီလိုပဲ ...
ငွေကြေးလျှံပယ်သူအတွက် ကားတစ်စီးရဲ့နှုတ်ယူငွေဟာ သက်တောင့်သက်သာရှိပေမယ့်
ဝင်ငွေနည်းသူအတွက်တော့ ငွေကြေးအခက်အခဲဖြစ်လာစေနိုင်တယ်။
ကိုယ့်မှာရှိတဲ့ပိုင်ဆိုင်မှုတွေကို စစ်ဆေးကြည့်ပါ။
Air Con ၊ Computer ၊ TV,SkyNet ၊ ရေခဲသေတ္တာ ၊ အ၀တ်လျော်စက် ... စတာတွေဟာ Asset တွေလား? Liability တွေလား?
တခုခု ၀ယ်မယ်ဆိုရင် Asset လား Liability လား ခွဲခြားကြည့်ပါ။
Liability များနေရင် ထွက်ငွေများမှာပေါ့။ အဲဒီတော့ အဲဒီထွက်ငွေနဲ့ ကာမိတဲ့ ၀င်ငွေရှိရမယ်။
တစ်လမှာ ထွက်ငွေ ၂သိန်းရှိရင် ၀င်ငွေက အဲဒီထက် ပိုမှဖြစ်မယ်။
ဝင်ငွေ-ထွက်ငွေ မမျှတတာကြာလာရင် ငွေကြေးပြဿနာထဲ ပိတ်မိမှာပါ။
မိတ်ဆွေဟာ .. စုဆောင်းထားတဲ့ငွေနဲ့
မိသားစုအတူတူနေနိုင်ဖို့ အိမ်ဝယ်မယ် ဆိုပါစို့ ..
ဝင်ငွေလည်းကောင်းတော့ စားဝတ်နေရေးအဆင်ပြေတယ်။ ၀င်ငွေ-ထွက်ငွေ မျှတလို့ ငွေကြေးအခက်အခဲမရှိတဲ့အပြင် ချောင်ချောင်လည်လည် သုံးနိုင်ဖြုန်းနိုင်တယ်။
အဲဒါဟာ အခုလက်ရှိအချိန်ပါ။
နောင် ... နှစ်ကြာလာတဲ့အခါ ..
သားသမီးအသုံးစရိတ်တွေရှိလာမယ်၊ ကျောင်းစရိတ်ရှိမယ်၊ ဆေးဘိုးဝါးခရှိမယ်၊ အိမ်ရဲ့လိုအပ်ချက်တွေများလာမယ်၊ ထင်မှတ်မထားတဲ့ ငွေကုန်မယ့်ပြဿနာတွေဖြစ်လာမယ်။
အဲဒီလို ရှိလာမယ့်-ထွက်ငွေတွေအတွက် အသုံးစရိတ်များလာမယ့်အချိန်မှာ ကာမိနေမယ့်ဝင်ငွေမျိုး ရှိနေအောင် ကြိုစဉ်းစားထားရမယ်။
လိုငွေများလာတဲ့အခါ အကြွေးဆိုတဲ့ စိုးရိမ်ပူပန်မှုတွေ ရလာမယ်။ မတတ်နိုင်တဲ့အဆုံး အိမ်ရောင်းလိုက်ရတာမျိုး ဖြစ်လာနိုင်တယ်။ (အရင်က အိမ်ဝယ်ခဲ့သည်ဖြစ်စေ/မ၀ယ်ခဲ့သည်ဖြစ်စေ) ထွက်ငွေများလာမယ့်အခြေအနေအတွက် လုံလောက်မယ့်ဝင်ငွေရှိနေအောင် ကြိုတွက်ထားရမှာပါ။
ထွက်ငွေများလာမယ့်အခြေအနေတွေကာမိဖို့ -
ဝင်ငွေများများရှိရမယ်။
ဒါကြောင့် ငွေဝင်မယ့် ၀င်ငွေလမ်းကြောင်းတွေကို သိထားဖို့လိုတယ်။
အမွေရတာ ၊ ထီပေါက်တာ မျိုးမဟုတ်ပဲ ..
ဝင်ငွေရမယ့် လမ်းကြောင်း (၄) ခု ရှိပါတယ်။
• ၀န်ထမ်း (နေ့စား ၊ လစား)
• အသေးစားစီးပွားရေး
• အကြီးစားစီးပွားရေး
• ရင်းနှီးမြုပ်နှံမှု
တစ်ချို့က တစ်ရက်စာအလုပ်လုပ်ပြီး တစ်ရက်စာဝင်ငွေရတယ်။ အဲဒါက နေ့စဉ်ဝင်ငွေရှာတဲ့ နေ့စားလုပ်သား ပေါ့။
ပင်ပေါင်ဘောလုံးလေးကို
အပေါ်မြှောက်လိုက် ပြန်ဖမ်းလိုက် ကစားကြမယ် ဆိုပါစို့ --
ဘောလုံး တစ်လုံးထဲဖမ်းနေတာကနေ .. နှစ်လုံး ဖြစ်လာရင် စည်းချက်ညီအောင် နည်းနည်း ပိုအာရုံစိုက်ရတယ်။
ဒါပေမယ့် သိပ်မကြာခင်
နှစ်လုံးကနေ သုံးလုံး ကစားနိုင်လာတယ် ... သုံးလုံးကနေ လေးလုံး ထိန်းချုပ်နိုင်လာတယ်။
.
ကိုယ်ပိုင်စီးပွားရေးဆိုတာ ပင်ပေါင်ဘောလုံးတွေ ဖမ်းသလိုပါပဲ။
ဘောလုံးတွေက ၀င်ငွေရတဲ့လုပ်ငန်းတွေပေါ့။
ဘောလုံးများများဖမ်းနိုင်လေ ၀င်ငွေများလေပဲ။
လခစားဝန်ထမ်းက-
တာဝန်ကျတဲ့ဘောလုံးတစ်လုံးစီကို ဟန်ချက်ညီအောင် ထိန်းပေးရတဲ့သူပါ။ သူ့ဘောလုံး ဟန်ချက်ညီဖို့ သူ့အရည်အချင်းတွေကိုသုံးရတယ်။ သူ့အရည်အချင်းတွေဟာ ၀င်ငွေအဖြစ် သူ့ဆီပြန်ဝင်လာတယ်။
ဒါကြောင့် ..
မိတ်ဆွေတို့ ကျွန်မတို့ဟာ ..
လက်ရှိအလုပ်မှာ ဘယ်လောက်ထိ ၀င်ငွေရနိုင်မလဲ တွက်ချက်ပြီး အနာဂတ်မှာ ကိုယ့်အတွက်လုံလောက်မယ့်ဝင်ငွေ ရှိနေဖို့ လမ်းကြောင်းရွေးရမှာပါ။
ကိုယ်ပိုင်စီးပွားရေးလုပ်ပြီး ငွေရှာမလား ၊ လခစားဝန်ထမ်းအနေနဲ့ ငွေရှာမလား ဆိုတာ ရွေးချယ်ရလိမ့်မယ်။ ကိုယ့်မှာရှိလာမယ့် အသုံးစရိတ်တွေအတွက် လုံလောက်မယ့်ဝင်ငွေရှိမယ့်
လမ်းကြောင်းတွေ ဖောက်ရလိမ့်မယ်။
.
တစ်နေ့မှာ အချိန် (၂၄) နာရီ ရတာချင်းအတူတူ
အလုပ်လုပ်တာချင်းအတူတူ --
လူမှာရှိတဲ့ ..
အတတ်ပညာ၊ ဇွဲ နဲ့ ကျွမ်းကျင်မှုကိုလိုက်ပြီး ၀င်ငွေကွာတယ်။
ဝင်ငွေချင်းတူရင်တောင် ရတဲ့ဝင်ငွေကို စီမံခန့်ခွဲနိုင်တဲ့ ငွေကြေးအတတ်ပညာရှိသူက ချမ်းသာတယ်။
ငွေကြေးအတတ်ပညာရှိပြီး ချမ်းသာသူထက် အမြော်အမြင်ကြီးပြီး အသိဥာဏ် ပိုရှိသူက ပိုချမ်းသာတယ်။
.
...
အပိုင်း (၁) နဲ့ (၂) ရဲ့အနှစ်ချုပ်ဟာ -
• ၀င်ငွေ-ထွက်ငွေ မျှတဖို့ ဂရုစိုက်ရမယ်။
• ထွက်ငွေများမယ်ဆိုရင် ၀င်ငွေလမ်းကြောင်း များများရှိရမယ်။
• ၀င်လာတဲ့ ၀င်ငွေတွေကို ပွားသထက်ပွားအောင် စီမံရမယ်။
• အနာဂတ်မှာရှိလာမယ့်ထွက်ငွေကို ကြိုတွက်ချက်ထားရမယ်။
• ပွားများထားတဲ့ငွေတွေ မဆုံးရှုံးဖို့ ထိန်းသိမ်းရမယ်။
.
ဒါကြောင့် ..
ဆရာဝန်ဖြစ်ဖြစ်၊ အင်ဂျင်နီယာဖြစ်ဖြစ်၊ လုပ်ငန်းရှင်ဖြစ်ဖြစ်၊ ငွေနဲ့ပတ်သက်နေသူမှန်သမျှ
ငွေကို ကောင်းကောင်းစီမံခန့်ခွဲတတ်မှ
တွေ့လာမယ့် ငွေကြေးအခက်အခဲကို ဖြေရှင်းနိုင်မယ်၊ ကျော်လွှားနိုင်မယ်၊ ဘ၀မှာ ခိုင်ခိုင်မတ်မတ် ရပ်တည်နိုင်မှာ ဖြစ်တယ်။
ငွေကြေးဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းနိုင်လေလေ ချမ်းသာကြွယ်ဝသူ ဖြစ်လာလေလေ ပါပဲ။
-----------------------
ငွေကြေးအသိပညာမကျွမ်းကျင်တဲ့အတွက် -
• ကိုယ်ပိုင်စီးပွားရေး ကျရှုံးခြင်း
• ရင်းနှီးမြုပ်နှံမှု ဆုံးရှုံးခြင်း
အကြောင်းကို အပိုင်း (၃) မှာ ဆက်ရေးပါမယ်ရှင်။
.
အခု "ငွေ စီမံကိန်း" - ဆောင်းပါးဟာ
ငွေကြေးရှုထောင့်ကသာ ရေးသားခြင်းဖြစ်ပါတယ် **
.
ချစ်သောမိတ်ဆွေများ ကြီးပွားချမ်းသာတိုးတက်ကြပါစေ ...
#သူရဝေနှင်း
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။