ယုံကြည်မှု့ဘယ်ကစသလဲဆိုတဲ့အမေးကို
စိတ်ထဲမှာမေးဘူးတယ်
ယုံကြည်မှု့ရဲ့အစ ဆိုတာက
ကိုယ်မမွေးသေးတဲ့မသိလောက်တဲ့
ကာလတွေကစခဲ့တယ်ဆိုတာကိုတော့
စဉ်းစားမိတယ်
ခန့်မှန်းကြည့်တာပေါ့
လူနေအိမ်တွေနဲ့မနေတတ်သေးတဲ့
ကျောက်ခေတ်ကာလမှာ
နေပူမယ်လေတိုက်မယ်မိုးရွာမယ်
ရေကြီးမယ် မိုးကြိုးပစ်မယ်
အဲသလိုကြားထဲနေရသူတွေဟာ
ကြောက်ရွံ့လာမယ်
တုန်လှုပ်လာမယ်
မှီခိုအားထားရာမရှိဖြစ်နေမယ်
လူ့သဘာဝကအမှီကိုတမ်းတတ်သူဆိုတော့
ရှိသမျှညာဏ်လေးနဲ့
မိုးခိုဖို့သစ်ပင်အောက်ဝင်မယ်
လုံခြုံမှု့တခုရတဲ့အခါ
သစ်ပင်ဟာငါ့ကိုစောင့်ရှောက်တယ်
ငါ့ရဲကိုးကွယ်ရာလို့ယုံကြည်လာတယ်
သိပ်မကြာဘူး
သစ်ပင်ကိုမိုးကြိုးပြစ်တယ်
ထွက်ပြေးတယ်နီးစပ်ရာတောင်ခြေက
ကျောက်ဂူထဲဝင်တယ်
ကျောက်တောင်ဟာ
ကိုးကွယ်ရာလို့အထင်ဖြစ်လာတယ်
အဲဒီမှာ
ထင်မြင်ရာယုံကြည်မှု့အရ
ကူးပြောင်းကိုးကွယ်မှု့တွေဖြစ်လာတယ်
ယုံကြည်မှု့နဲ့ပါတ်သက်ပြီး
အမှန်အမှားပြောဖို့လွယ်ပေမဲ့
စီစစ်ဖို့တော့ခက်လိမ့်မယ်
ဘာသာတရားကို ယုံတယ်
ဘာသာမဲ့တာကို ယုံတယ်
ဘာကိုဘဲယုံယုံ
ထင်မြင်ချက်နဲ့ယုံနေတာမှန်သမျှ
အမှန်အမှားနဲ့တော့ဆက်ဆံနေမှာပါ
ငါမှအမှန်ဆိုရင်တော့
တကယ်မှန်နေရင်တောင် ငါဆိုတဲ့မာနမကင်းရင်
အမှားတခုဘဲဖြစ်နေပါလိမ့်မယ်…
မှတ်ချက်…..
ငါဟာ ပိုကောင်းတယ်လို့
အော်နေတာထက်
ငါ့ဟာငါ ပိုကောင်းသထက်ကောင်းအောင်
လုပ်နေခြင်းက ပိုကောင်းမယ်လို့မြင်ပါတယ်
-မှတ်စုကြမ်း #AungOo
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။