Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, January 23, 2018

ထင်ပေါ်အိမ်တိုင်ရာရောက်စာအုပ်အငှားလုပ်ငန်း

စိတ်ဝင်စားမိလို့...နည်းစနစ်ကျကျကနေshareပေးလိုက်ပါတယ်

Htin Paw Online Book Renter
ထင်ပေါ်အိမ်တိုင်ရာရောက်စာအုပ်အငှားလုပ်ငန်း

ရည်ရွယ်ချက်
၁။စာအုပ်ဈေးကြီး၍စာအုပ်ဝယ်ဖတ်ရန်ခက်ခဲနေသူများအဆင်ပြေစေရန်။
၂။အငှားဆိုင်မရှိ၍၊ရှိပါသော်လည်းယာဉ်ကြောပိတ်ဆို့မှုကြောင့်သွားလာရန်အခက်အခဲရှိနေသူများအဆင်ပြေစေရန်။
၃။အငှားဆိုင်အများစုတွင်တင်သောစာအုပ်များမှာအပျော်ဖတ်များဖြစ်နေ၍ဂန္တဝင်တန်းဝင်စာအုပ်များဖတ်ရှုရန်ခက်ခဲနေသူများအဆင်ပြေစေရန်။
၎။အသက်အရွယ်ကြီးရင့်၍ဖြစ်စေ၊ရောဂါဝေဒနာတစ်ခုခုခံစားနေရ၍ဖြစ်စေ၊အချိန်မရ၍ဖြစ်စေစာအုပ်အငှားဆိုင်သို့လာရောက်ရန်ခက်ခဲနေသူများအဆင်ပြေစေရန်
၅။စာဖတ်ရန်အချိန်မရှိ၍၊စာဖတ်နှေ၍နေ့တွက်ခနှင့်တွက်ယူသောအငှားဆိုင်များတွင်ငှားရန်အဆင်မပြေသူများစာဖတ်နိုင်စေရန်။

ငှားရန်လုပ်ငန်းစဉ်
၁။ထင်ပေါ်စာပေ၏ဖေ့စ်ဘွတ်အကောင့်မှတစ်ဆင့်လည်းကောင်း၊မက်ဆင်ဂျာဖြင့်လည်းကောင်း၊ဖုန်းနံပတ်၀၁၅၀၄၂၀၄၊၀၉၇၈၂၁၆၆၆၅၀၊၀၉၅၁၀၅၇၀၆တို့ဖြင့်လည်းကောင်းဆက်သွယ်၍ဖတ်လိုသည့်စာအုပ်ရှိမရှိကိုဆက်သွယ်မေးမြန်းရန်ဖြစ်ပါသည်။စာရေးဆရာနာမည်၊စာအုပ်အမည်အတိအကျပြောပြနိုင်ပါကပိုမိုအဆင်ပြေတတ်ပါသည်။ဖတ်လိုသည့်ဘာသာရပ်၊စာနယ်ဇင်းအမည်ကိုမေး၍လည်းစုံစမ်းနိုင်ပါသည်။
၂။ဖတ်လိုသည့်စာအုပ်ရှိနေပါကအနီးစပ်ဆုံးစနေနေ့တွင်အိမ်တိုင်ရာရောက်ပို့ဆောင်ပေးပါမည်။
၃။ထိုသို့ပို့ပေးနိုင်ရန်အတွက်စာအုပ်ငှားလိုသူ၏အမည်၊တိုက်/ အခန်း/ အိမ်နံပတ်၊အလွှာနံပတ်၊လမ်းအမည်၊ရပ်ကွက်အမည်၊မြို့နယ်၊ဖုန်းနံပတ်၊အိမ်တွင်ရှိနေနိုင်သည့်အချိန် (နံနက်ပိုင်း၉နာရီမှ၁၂နာရီ၊နေ့လည်ပိုင်း၁၂နာရီမှ၎နာရီ၊ညနေပိုင်း၎နာရီမှ၈နာရီ) စသည်တို့ကိုမက်ဆင်ဂျာဖြင့်ဖြစ်စေ၊ဖုန်းနှင့်ဖြစ်စေပေးပို့ရပါမည်။
၎။ငှားရမ်းနိုင်သည့်စာအုပ်အရေအတွက်မှာ၁အုပ်မှ၅အုပ်အထိဖြစ်ပါသည်။

ငွေကြေးကုန်ကျမှု
၁။တစ်ကြိမ်ပို့ပေးရမှုအတွက်၁၀၀၀ကျပ်ကျသင့်မည်ဖြစ်ပါသည်။တစ်ကြိမ်ထဲတွင်စာအုပ်အသစ်ယူ၊ယခင်အပတ်မှအဟောင်းပြန်အပ်ခဲ့ပါကလည်းအယူရော၊အပေးအတွက်၁၀၀၀သာကျသင့်မည်ဖြစ်ပါသည်။
၂။ငှားရမ်းခအနေဖြင့်တစ်ပတ်လျှင်စာအုပ်တန်ဖိုး၏၁၀ရာခိုင်နှုန်းကျသင့်မည်ဖြစ်ပါသည်။ဥပမာ၃၀၀၀တန်စာအုပ်အတွက်စနေနေ့လာပို့ပြီးစနေနေ့ပြန်ပေးမည်ဆိုပါက၃၀၀ကျပ်ကျသင့်ပါမည်။စာရေးဆရာများငှားရမ်းပါကပုံမှန်ကျသင့်ငွေ၏၅၀ရာခိုင်နှုန်းကိုသာယူပါမည်။
၃။စာအုပ်များပြန်မရခဲ့ပါကပြန်လည်ဖြည့်ဆည်းနိုင်ရန်အတွက်စပေါ်ငွေကိုစာအုပ်စပေးချိန်တွင်တောင်းခံမည်ဖြစ်ပြီး၊စာအုပ်ပြန်အပ်ချိန်တွင်စပေါ်ငွေကိုပြန်လည်ပေးအပ်ပါမည်။စပေါ်ငွေပမာဏမှာကာလတန်ဖိုးထက်အနည်းငယ်ပိုနေမည်ဖြစ်ပါသည်။စပေါ်ငွေအခက်အခဲရှိပါကနိုင်ငံသားကဒ်ပေးထား၍ငှားရမ်းနိုင်ပါသည်။အခြားယုံကြည်စိတ်ချရသူတစ်ဦးဦးကအာမခံလျှင်လည်းစပေါ်ငွေကင်းလွတ်နိုင်ပါသည်။
ငှားရမ်းနိုင်သောမြို့နယ်များ
ပုဇွန်တောင်၊ဗိုလ်တထောင်၊ကျောက်တံတား၊ပန်ဘဲတန်း၊လသာ၊လမ်းမတော်၊ကြည့်မြင်တိုင်၊စမ်းချောင်း၊ကမာရွတ်၊ဗဟန်း၊တာမွေ၊ မင်္ဂလာတောင်ညွန့်၊ဆိပ်ကမ်းနှင့်အလုံမြို့နယ်များအကျုံးဝင်ပါသည်။
ဒလ၊ လှိုင်​သာယာ တို့ကဲ့သို့ သိပ်​​ဝေး​သော မြို့နယ်​များမှ အပ ကျန်​မြို့နယ်​များ အားလုံး အကျုံးဝင်​ပါပြီ။
ရှိသောစာအုပ်အမျိုးအစားများ
ဝတ္ထုရှည်များ - မဟာဆွေ၊ပီမိုးနင်း၊မြသန်းတင့်၊ရွှေဥဒေါင်း၊ဒဂုန်ရွှေမျှား၊ဓူဝံ၊နန္ဒ၊ဆင်ဖြူကျွန်အောင်သိန်း၊တင့်ဆန်း၊မင်းကျော်၊ပီမိုးနင်း၊သာဓု၊ဇဝန၊ကျော်အောင်၊သိန်းဖေမြင့်၊ကျော်အောင်၊မောင်သိန်းဆိုင်၊ရန်ကုန်ဘဆွေ၊ဗန်းမော်တင်အောင်၊ပါရဂူ၊မောင်ထင်၊ထင်လင်း၊စစ်ကိုင်းဦးဘိုးသင်း၊ဇော်ဂျီ၊သိန်းသန်းထွန်း၊ဝင်းဦး၊နိုင်ဝင်းဆွေ၊ငြိမ်းကျော်၊တင့်တယ်၊အောင်လင်း၊ဂျာနယ်ကျော်ဦးချစ်မောင်၊နေဝင်းမြင့်၊နတ်နွယ်၊တက္ကသိုလ်ဘုန်းနိုင်၊အဏ္ဏဝါစိုးမိုး၊ဖိုးကျော့၊မောင်ညိုမှိုင်း (သံလျှင်)၊ကြပ်ကလေး၊ဗိုလ်တာရာ၊လင်္ကာရည်ကျော်၊မောင်ဝဏ္ဏ၊သုမောင်၊မောင်သာရ၊လင်းယုန်နီ၊ကြူမွှေး၊မင်းလူ၊နီကိုရဲ၊ ဗိုလ်တာရာ (ရဲဘော်သုံးကျိတ်)၊မင်းသိင်္ခ၊မင်းမြတ်သူရ၊မာန်(တောင်လုံးပြန်)၊မင်းခိုက်စိုးစံ၊သတိုးတေဇ၊သိုးဆောင်း၊အကြည်တော်၊လွင်မင်းအံ့၊ကိုပိုက်၊ကျော်မြသန်း၊ပျိုးလက်ဟန်၊မင်းကိုနိုင်၊ဒဂုန်ခင်ခင်လေး၊ခင်နှင်းယု၊ခင်ဆွေဦး၊ဂျူး၊ဂျာနယ်ကျော်မမလေး၊စိန်စိန်၊ကြည်အေး၊မစန္ဒာ၊မိုးမိုး(အင်းလျား)၊စိုးမြတ်သူဇာ၊စမ်းစမ်းနွဲ့(သာယာဝတီ)၊ကလျာ(ဝိဇ္ဇာ/သိပ္ပံ)၊ခင်ခင်ထူး၊နုနုရည် (အင်းဝ)၊စံပယ်ဖြူနု၊ပုညခင်၊
ဝတ္ထုတိုပေါင်းချုပ်များ - ခံစားသူအကြိုက်ဝတ္ထုတိုပေါင်းချုပ်များ၊ရွှေဝတ္ထုတိုပေါင်းချုပ်များ၊လင်းလွန်းခင်ဝတ္ထုတိုပေါင်းချုပ်များ၊စိတ်ကူချိုချိုဝတ္ထုတိုပေါင်းချုပ်များ၊မလိခ၏မြန်မာဝတ္ထုအညွှန်းများ၊ဒဂုန်မဂ္ဂဇင်းဝတ္ထုတိုပေါင်းချုပ်များ၊ဆင်ဖြူကျွန်အောင်သိန်း၊ကြူးနစ်၊မခင်လေး၊ဝင်းဖေ၊မောင်သာရ၊မိုးမိုး(အင်းလျား)၊ခင်နှင်းယု၊မင်းလူ၊ သိန်းဖေမြင့်၊သာဓု၊မြသန်းတင့်၊တို့၏ဝတ္ထုတိုပေါင်းချုပ်များ။
ဘာသာပြန်များ - အထောက်တော်လှအောင်၊မောင်ထွန်းသူ၊မောင်ပေါ်ထွန်း၊မောင်မိုးသူ၊စိုးသိဏ်း၊မြသန်းတင့်၊ရွှေဥဒေါင်း၊ဒဂုန်ရွှေမျှား၊တက္ကသိုလ်နေဝင်း၊မောင်မြင့်ကြွယ်၊တင်မောင်မြင့်၊သင့်လူ၊တော်ကောင်းမင်း၊ဝင်းငြိမ်း၊ဇင်သန့်၊ဒီနိုဗို၊ရွှေဂူမေနှင်း၊အေးမင်းထွန်း၊မြတ်ငြိမ်း၊လေသူရဲတစ်ဦး၊
နိုင်ငံရေးစာပေများ - သရဝဏ်(ပြည်)၊မင်းဒင်၊ဦးနု၊ဗြိတိသျှကိုကိုမောင်၊ကျော်ဝင်း၊ဦးဝမ်း၊သခင်တင်မြ၊ကိုကိုမောင်ကြီး၊ကောင်းဆက်နိုင်၊မောင်သာချို၊နေဇင်လတ်၊ကိုသန်း (ကြည့်မြင်တိုင်)၊သောင်းဝေဦး၊ဗိုလ်ထွန်းကြည် (မုံရွာ)၊ကြေးမုံဦးသောင်း၊အောင်ဗလ၊ဒေါ်အောင်ဆန်းစုကြည်၊ဦးဝင်းတင်(ဟံသာဝတီ)၊ဦးကိုကိုလှိုင်၊သန်းစိုးနိုင်၊ဇာဂနာ၊မသီတာ(စမ်းချောင်း)၊ကျော်သူ၊ဒေါက်တာအောင်ခင်၊
လူထုစိန်ဝင်း၊မောင်ရင့်မာ(ကျောင်းကုန်း)၊အတ္တကျော်၊ဆူဒိုနင်၊ကျော်ရင်မြင့်၊ထက်ခေါင်၊ကောင်းသန့်၊ကံချွန်၊လူထုဦးလှ၊လူထုဒေါ်အမာ၊ဒေါက်တာလှဘေ၊ဦတင်ဦး(ကျူရှင်)၊ကြည်မင်း၊ကျော်စောမင်း၊ကောင်းသန့်၊ဒေါက်တာခင်မောင်ညို၊ထက်အောင်၊ဂျက်(ကွမ်းခြံကုန်း)၊ကိုတာ၊ထက်ကျော်၊ကြည်စိုးထွန်း၊သစ္စာနီ၊ကိုဆွေ(ပန်နိုရားမား)၊ခင်မျိုးချစ်၊စိုးစိုး(အင်္ဂပူ)၊ဒေါက်တာထင်အောင်၊မောင်ဝံသ၊စိန်မျိုးမြင့်၊တို့၏ဗဟုသုတဖြစ်ဖွယ်ဘာသာရပ်ဆိုင်ရာစာများ၊
သမိုင်း - ဒေါက်တာသန်းထွန်း၊မောင်သန်းဆွေ(ထားဝယ်)၊တော်ဘုရားကလေးအောင်ဇေ၊ဒေါက်တာမောင်မောင်၊တက္ကသိုလ်နေဝင်း၊သောင်းထိုက်၊
မဂ္ဂဇင်းများ - အတွေးအမြင်၊ချင်းတွင်း၊စာပေဂျာနယ်၊ရွှေအမြုတေ၊စစ်ပညာဂျာနယ်၊ Real lives & real stories ၊Our Ways ၊
ကာတွန်းများ - ရွှေသွေးဂျာနယ်အတွဲ(၁)မှအတွဲ(၁၃) အထိ၊တွတ်ပီ၊ဘိုဘို၊ပိုးဇာ၊တေဇရုပ်စုံအဟောင်းများ၊ဗျူး၊ဝိဇ္ဇာ၊မင်းသိင်္ခ၊ဆရာကြီးဦးဘကြည်၏ဇာတ်ကြီးဆယ်ဘွဲ့၊လှပကာတွန်းများ၊သော်က၏အရိုင်း၊သမိန်ပေါသွပ်၊ကာတွန်းဦးဖေသိန်း၏ပုံပမာကာတွန်းများ၊ကလေးပုံပြင်များ၊
ကျန်းမာရေးပညာပေးစာအုပ်များ၊ဒေါက်တာကျော်စိန်၊သက်လုံ၊မောင်ကျောက်တိုင်၊ဦးခင်မောင်ဆွေ၊ဒေါက်တာအုန်းမောင်၊ဒေါက်တာအုန်းကျော်၊ဒေါက်တာဟန်စိန်၊ဒေါက်တာစိုးမင်း၊ဒေါက်တာဉာဏ်ဝင်းကျော်၊ဒေါ်ခင်အေးဝင်း၊ပါမောက္ခဒေါ်အေးသန်း၊ပါမောက္ခဦးခင်မောင်သန်း၊ဒေါက်တာခင်မောင်ဝင်း၊ဒေါက်တာမြင့်လွင်(စိတ်ပညာ)၊နန္ဒာသိန်းဇံ၊တို့၏စိတ်ပညာ၊စိတ်ရောဂါပညာစာအုပ်များ၊
ဆရာကြီးဦးအောင်သင်း၊ဖေမြင့်၊ညီညီနိုင်၊လင်းသိုက်ညွန့်စသည်တို့၏တက်ကျမ်းများ၊
လယ်တီဆရာတော်၊အရှင်ဇနကာဘိဝံသ၊ဆရာကြီးဦးရွှေအောင်၊ဆရာကြီးဦးဆန်းလွင်၊ဆရာတော်ဦးဇောတိက၊အရှင်ဆန္ဒာဓိက၊အရှင်ဆေကိန္ဒ၊မဟာဗောဓိမြိုင်ဆရာတော်ကြီး၊သျှင်ဥက္ကဌ၊မြသန်းစံ၊ပါရဂူ၊ရဝေနွယ်၊ဒေါက်တာမင်းတင်မွန်၊မောင်ကံထူး၊တို့၏ဘာသာရေးစာပေများ၊

သြဂုတ်လလယ်တွင်စတင်အကောင်အထည်ဖေါ်ပါမည်။လိုအပ်ချက်များရှိပါကအကြံဉာဏ်များပေးပါရန်မေတ္တာရပ်ခံပါသည်။နောင်တွင်စာအုပ်ဆိုင်ရှိစာအုပ်များ၏စာရင်း/ မျက်နှာဖုံးများကို Online ကြည့်ရှု့နိုင်ရန်စီမံနေပါသည်။နည်းပညာပိုင်းအကူအညီပေးနိုင်သူများရှိပါကကြိုဆိုပါသည်။
ထင်ပေါ်စာပေ၊၅၆၊အောင်သပြေလမ်း၊ကျွန်တောအလယ်ရပ်ကွက်၊စမ်းချောင်းမြို့နယ်၊ရန်ကုန်။
ပြည်လမ်း- မဟာမြိုင်မှတ်တိုင်ဆင်းပါ။ဖုန်း၀၁၅၀၄၂၀၄၊၀၉၅၁၀၅၇၀၆၊၀၉၇၈၂၁၆၆၆၅၀။
ဆိုင်ဖွင့်ချိန်နေ့စဉ်ညနေ၅နာရီမှ၁၀နာရီအထိ။ကျန်အချိန်များတွင်လာလိုပါကကြိုတင်ဖုန်းဆက်၍ချိန်းပါရန်။ Face book ထင်ပေါ်စာပေစမ်းချောင်းHtin Paw Online Book Renter

ဆိုင်ဖွင့်ချိန်နေ့စဉ်ညနေ၅နာရီမှ၁၀နာရီအထိ။ကျန်အချိန်များတွင်လာလိုပါကကြိုတင်ဖုန်းဆက်၍ချိန်းပါရန်။

Face book ထင်ပေါ်စာပေစမ်းချောင်း

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။