Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, January 7, 2018

စာမှန်သမျှ အကုန်ဖတ်သင့်လား? စာဖတ်မှန်တယ် ဆိုတာ ဘယ်လိုသိနိုင်မလဲ ?

စာမှန်သမျှ အကုန်ဖတ်သင့်လား? စာဖတ်မှန်တယ် ဆိုတာ ဘယ်လိုသိနိုင်မလဲ ?
November 28, 2017 admin

(၁)
စာဖတ်တာနဲ့ ပတ်သက်ရင်တော့ အကြမ်းအားဖြင့် သုံးမျိုးခွဲလို့ရပါတယ်။
ပထမတစ်မျိုးက စာဖတ်အရမ်းကြေပြီး စာဖတ်သက်ရင့်နေတဲ့ သူတွေပါ။ (ပြည်တွင်းစာပေသာမက ပြည်ပစာပေတွေအထိ တက်လှမ်းဖတ်နိုင်တဲ့သူတွေပေါ့။
ဝမ်းနည်းဖို့ကောင်းတာက ဒီလိုလူမျိုးတွေက လူတစ်စုစာလို့ ပြောရလောက်အောင် အရမ်းနည်းပါတယ်။)
ဒုတိယတစ်မျိုးက အတော်အတန် စာဖတ်ကြတဲ့သူတွေပါ။ (တစ်ပတ်ကို စာအုပ်တစ်အုပ်။ ဒါမှမဟုတ် တစ်လလုံးနေရင် စာအုပ် သုံး၊လေးအုပ်ဝန်းကျင် ဖတ်ဖြစ်တဲ့သူတွေပေါ့။)
နောက်ဆုံးတစ်မျိုးက အခုမှ စာဖတ်ဖို့ ကြိုးစားတဲ့သူတွေနဲ့ စာလုံးဝနီးပါး မဖတ်ဖြစ်တဲ့သူတွေပါ။ (ကျနော်တို့ လူငယ်အသိုင်းအဝိုင်းတွေ.. အထူးသဖြင့် တက္ကသိုလ်အဆင့်မှာရှိတဲ့
အများစုသော လူငယ်တွေက တတိယတစ်မျိုးထဲပါနေတာ ဝမ်းနည်းစရာ အမှန်တရားတစ်ခုပါ။ Facebook မှာအလွယ်တကူ ဖတ်လို့ရနေတဲ့ စာတိုတွေကလွဲရင် တကယ်ကို စာမဖတ်ကြပါဘူး။
ကျနော်ကိုယ်တိုင် ဒီလိုလူငယ်အသိုင်းအဝိုင်းတွေနဲ့ လက်ပွန်းတတီးထိတွေ့နေရတဲ့အတွက် ဒီအချက်ကိုတော့ ရဲရဲဝံ့ဝံ့ ပြောနိုင်ပါတယ်။ အများစုသောတက္ကသိုလ်အဆင့် လူငယ်တွေ စာလုံးဝနီးပါး မဖတ်ပါဘူး။
တစ်နှစ်လုံး ဖတ်ခဲ့တဲ့ အရေအတွက်က လက်ဆယ်ချောင်းတောင် မပြည့်ပါဘူး။)
(၂)
စာမှန်သမျှ အကုန်ဖတ်သင့်လား? ဆိုတဲ့ ခေါင်းစဉ်အောက်မှာတော့ စာဖတ်ကာစလူငယ်တစ်ယောက်အနေနဲ့ “စာရေးဆရာပြောသမျှ အကုန်လက်မခံသင့်ဘူး” ဆိုတဲ့ အသိစိတ်လေးကို အရင်းခံပြီး ဖတ်သင့်ပါတယ်။
အထူးသဖြင့် စာနဲ့ဝေးနေတဲ့ လူငယ်တစ်ယောက်အနေနဲ့ ကိုယ်ဝါသနာပါရာ၊ နှစ်သက်ရာ စာအုပ်တွေကနေ စဖတ်သင့်ပါတယ်။ ကိုယ့်ကို စာဖတ်ချင်အောင် ဆွဲဆောင်နိုင်တဲ့ စာပေအမျိုးအစားမှန်သမျှ ဖတ်သင့်ပါတယ်။
(ဒီနေရာမှာ စာဖတ်သက် ရင့်နေတဲ့ လူတစ်ယောက်ရဲ့ အမြင်နဲ့ အကဲမဖြတ်သင့်ပါဘူး။ စာမဖတ်တဲ့လူငယ်တွေက တကယ်ကို စာဖတ်ပျင်းပါတယ်။)
.
ဒီလို စာမှန်သမျှ ဖတ်တဲ့နေရာမှာ စာရေးဆရာပြောတိုင်းတော့ မကိုးကွယ်မိဖို့တော့ လိုပါမယ်။ နောက်ပြီး ကိုယ့်ရဲ့စာဖတ်စွမ်းရည်ကို မြှင့်တင်ဖို့လည်း လိုပါမယ်။ ကိုယ်က အပျော်ဖတ်စာအုပ်တွေကနေ စဖတ်တယ်ဆိုရင်လည်း
နောက်တစ်ဆင့်ကို တက်နိုင်ရပါမယ်။ (ကျနော်ကို့ စာဖတ်အောင် ဆွဲဆောင်နိုင်ခဲ့တဲ့သူတွေက တာယာမင်းဝေတို့၊ အကြည်တော်တို့ပါ။ ဒေးကာနက်ဂျီတို့၊ နပိုလီယန်ဟေးလ်တို့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီလို ဖျော်ဖြေရေးစာအုပ်တွေမှာတင် ရပ်တန့်မနေခဲ့ပါဘူး။ ဖျော်ဖြေရေးစာပေတွေကို
အဆိပ်အတောက်စာပေတွေလို မမြင်မိသလို လေးစားမှုလည်း ပေးပါတယ်။ ဒါပေမယ့် ဒီနေရာမှာတင် ရပ်တန့်မနေဖို့တော့ လိုပါမယ်။) ကိုယ်နှစ်သက်ရာ စာတွေကို ဖတ်ရင်းနဲ့ စာဖတ်သက် အတော်အသင့်ရလာတဲ့အခါ
စာပေနဲ့ပတ်သက်ပြီး ကိုယ်တိုင်ဝေဖန်ပိုင်းခြားတတ်လာပါမယ်။ ဘယ်အရာက အပျော်ဖတ်လဲ.. ဘယ်အရာက အဆိပ်အတောက်တွေလဲ.. ဘယ်အရာတွေကို ယူပြီး ဘယ်အရာတွေကို ပယ်ရမှာလဲ..
(၃)
နောက်ဆုံးပြောရရင်တော့ အစ်ကိုတစ်ယောက်ရဲ့ Status လေးလိုပေါ့… “မဖတ်သင့်တဲ့ စာဆိုတာ မရှိပါဘူး။ ဆက်ပြီး မဖတ်သင့်တဲ့ စာဆိုတာပဲ ရှိပါတယ်” လို့ အဆုံးသတ်ချင်ပါတယ်။
ကမ္ဘာစာပေလောကမှာ တော်တော်များများက အဆိပ်အတောက်လို့ သတ်မှတ်ကြတဲ့ Machiavelli ရဲ့ “The Prince” တောင်မှ လေ့လာသင့်တဲ့ထဲမှာ ပါပါတယ်။ (အဆိပ်ဆိုပြီး ဝေးဝေးကမရှောင်သင့်တဲ့
အဆိပ်အတောက်တွေလည်း ရှိပါတယ်။) ဒီတော့ စာဖတ်တဲ့အခါ စာရေးသူပြောသမျှ ပုတ်သင်ညိုလို ခေါင်းမငြိမ့်ဘဲ စာမှန်သမျှ ဖတ်သင့်ပါတယ်။ စာဖတ်သက် ရှိတဲ့သူတစ်ယောက်အနေနဲ့ ဝေဖန်ပိုင်းခြားနိုင်မှာပါ။
(ကိုယ်က စာဖတ်စွမ်းရည်မြင့်ပြီး အလုပ်များတယ်ဆိုရင်တော့ ကိုယ်နဲ့အဆင်ပြေတဲ့ အဆင့်အတန်းရှိ စာပေတွေကိုပဲ ရွေးချယ်ဖတ်သင့်ပါတယ်။) စာစဖတ်တဲ့သူတစ်ယောက်အနေနဲ့ဆိုရင်လည်း ကိုယ်နဲ့အဆင်ပြေတဲ့
ဘယ်စာပေအမျိုးအစားမဆို ဖတ်သင့်ပါတယ်။ (စဖတ်တဲ့ စာပေအမျိုးအစားမှာပဲ ရပ်တန့်မနေသင့်သလို စာရေးသူပြောတိုင်းလည်း အဟုတ်မထင်ဖို့တော့ လိုပါမယ်။)
စာဖတ်ခြင်းဖြင့် အောင်မြင်နိုင်ကြပါစေဗျာ..
Ref: ရွှေညာမောင်(Focus Youth E-magazine)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။