Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, January 10, 2018

ငွေ စီမံကိန်း အပိုင်း (၁)

 Thura Wai Hninn updated her status.
ငွေ စီမံကိန်း
---------
အပိုင်း (၁)
သူတို့နှစ်​​ယောက်​က ..
အလုပ်​လုပ်​သက်​လည်း ကြာလာပြီဆို​တော့
ခု​နောက်​ပိုင်း လုပ်​ငန်းပိုကျွမ်းကျင်​ပြီး ၀င်​​ငွေ ပိုကောင်းလာကြတယ်​​။
စားဝတ်​​နေ​ရေးလည်း အ​ဆင်​​ပြေ ၊ ၀င်​​ငွေ​ကောင်းတဲ့အလုပ်​ကိုယ်​စီနဲ့ဆို​တော့ ​မျှော်​လင့်​ချက်​​တွေ ပြည့်​လုပြည့်​ကာနီးပါပဲ။
စိတ်​ကူးယဉ်​ထားသလို ..
မင်္ဂလာ​ဆောင်​ကို အခမ်းနားဆုံးဖြစ်​​အောင်​ စီစဉ်​ကြတယ်​။
တစ်​သက်​မှာတစ်​ခါ​ပဲ ကျင်းပရတဲ့ ပွဲဆို​တော့​လေ ..
.
အိမ်​​ထောင်​ဦးအစမှာ​တော့
တိုက်ခန်းငှားနေပြီး
နှစ်ယောက်ဝင်ငွေထဲကနေ - ငွေများများစုရင်း အိမ်လေးတစ်လုံးဝယ်ဖို့ တိုင်​ပင်​ကြတယ်​။

ကိုယ်ပိုင်အိမ်လေးတစ်လုံးဝယ်ပြီးရင်​​တော့ သားသမီး​တွေလဲ ရ ၊ အေး​အေးချမ်းချမ်း သာသာယာယာ ပျော်ပျော်ရွှင်ရွှင် နဲ့ မိသားစုဘ၀ ပိုင်​ဆိုင်​ပြီ။
အဲဒါ​ကြောင့်​ လင်​မယားနှစ်​​ယောက်​လုံး အလုပ်ကို ပို ကြိုးကြိုးစားစား လုပ်ကြတယ်​။
.
တဖြေးဖြေး .. အလုပ်အကိုင် ပိုအဆင်ပြေလာပြီး
ဝင်ငွေလည်း ပိုတိုးလာတယ်။
တော်တော်လေး စုမိဆောင်းမိဖြစ်လာတော့ ကိုယ်ပိုင်အိမ်လေးတစ်လုံး ၀ယ်လိုက်ကြတယ်။
စိတ်ကူးလေးတွေ အကောင်အထည်ပေါ်လာ​လေပြီ။
အသုံးအဆောင်​အသစ်​တွေဝယ်​ ၊ ​ဆေး​ရောင်​လှလှ​လေးသုတ်​ပြီး ၊ ​ခေတ်​မီပရိ​ဘောဂ​တွေနဲ့ ခန့်​ညား​နေတဲ့အိမ်​​သစ်​လေးရဲ့နာမည်​က
"မေတ္တာရိပ်​မြုံ " တဲ့။
အိမ်ထောင်ပရိဘောဂ​တွေ ၊ ကောင်းသထက်ကောင်းတဲ့ အသုံးအဆောင်ပစ္စည်းတွေနဲ့ အိမ်​​လေးရဲ့ တန်​ဘိုးကို ပိုမြှင့်ကြတယ်။
မေတ္တာရိပ်​မြုံ​လေးဟာ ခေတ်​မီဆန်းသစ်​​​တောက်​ပပြီး
ရပ်​ကွက်​ထဲက အလှဆုံးအိမ်​​လေးပါပဲ။
..
သိပ်​မကြာခင်​မှာပဲ ​မေတ္တာရိပ်​မြုံ​ကမ္ဘာလေးမှာ
က​လေး​လေးလူသစ်​​လေးတစ်​​ယောက်​ ​​လောကသစ်​ထဲရောက်​လာတယ်​။
နွေး​ထွေးလုံခြုံတဲ့အိမ်​​လေးရယ်​ ၊ ချစ်​ခြင်း​မေတ္တာ​တွေရယ်​ ၊ ပြည့်​စုံခြင်း​တွေရယ်​ သိပ်​သာယာတဲ့ကမ္ဘာ​လေးပါပဲ။
အ​ဖေလုပ်​သူက သူ့မိသားစုအတွက်​ ကိုယ်​ပိုင်​ကားတစ်​စီး ၀ယ်​လာ​ပေးတယ်​။ လက်​ထဲမှာ ​ငွေများများစားစားမရှိ​တော့ အရစ်​ကျစနစ်​နဲ့ ၀ယ်​ခဲ့တယ်​။
ဒီလိုနဲ့ ..
မိသားစု ပျော်ပျော်ပါးပါး မြန်မာပြည်အနှံ့ လျောက်လည်ကြတာပေါ့။
.
သူတို့ သတိထားမိတဲ့အချိန်မှာ ...
အိမ်သုံးစရိတ် ၊ နေစရိတ် ၊ က​လေးစရိတ်​ ၊ ပေးဖို့အကြွေး ၊ ကားစရိတ် နဲ့ လစဉ်ရေခွန်​မီးခွန်​ဖုန်းခွန်​​တွေ တန်းစီနေတယ်။
ဒါကြောင့် အလုပ်ကို အရင်ကထက် ပိုကြိုးစားလုပ်ကိုင်ကြတယ်။
အ​ဖေလုပ်​သူက ၀င်​​ငွေပိုရဖို့ ကိုယ်​ပိုင်​စီးပွား​ရေးတစ်​ခု စ,လုပ်​တယ်​။ ၀င်ငွေ နဲ့ လစဉ်​ထွက်​​ငွေက မလောက်ငှနိုင်ပဲ အမြဲတမ်း လိုငွေပဲ ပြပြလာတယ်။
အ​ဖေလုပ်​သူရဲ့ စီးပွား​ရေးကလည်း ​ငွေ ထပ်​ထပ်​ထည့်​ရတယ်​။
ကလေးစရိတ် ၊ အသုံးစရိတ် နဲ့ ၀ယ်ထားတဲ့ အရစ်ကျပေးဖို့​ငွေတွေကလည်း လစဉ်ပေးနေရတယ်။ က​လေးအ​မေဟာ အိမ်​မှုကိစ္စ, က​လေး​ဝေယျာဝစ္စ​တွေအပြင်​ ၀င်​​ငွေရမယ့်​အလုပ်​လည်း လုပ်ရတယ်​။ ကလေးကိုလည်း ကြည့်​ရှု​စောင့်​​ရှောက်​ရတယ်။
ဆွေမျိုးမိဘကိုလည်း ပြန်​မ​ထောက်​ပံ့နိုင် ၊ အလှူအတန်းလုပ်ဖို့ နဲ့ ​ဆေးဖိုးဝါးခကြိုစုဖို့ဆိုတာ ​အ​တွေးသက်​သက်​ပဲ ရှိ​တော့တယ်​။ မိဘမဲ့ဂေဟာမှာ လှူဖို့ ၊ ဆေးရုံ, စာသင်ခန်းမှာ လှူဖို့ဆိုတာ သူတို့နဲ့ လုံးလုံးမသက်ဆိုင်တဲ့ကိစ္စတွေ ဖြစ်နေပြီ။
လှူတန်းဖို့ နေနေသာသာ လစဉ်ဝင်ငွေဟာ အိမ်သုံးစရိတ် ၊ ကလေးစရိတ် ၊ ကားစရိတ် ၊ ၀တ်​ဖို့စားဖို့ နဲ့ လတိုင်းပေးရမယ့်အခွန်တွေအတွက် မလောက်နိုင်ဘူး။
နားလည်းမနားရဲကြဘူး။ လူရပ်တာနဲ့ ၀င်ငွေလည်း ရပ်မယ်။ ပေးဖို့ကျန်တဲ့ငွေတွေရယ် ၊ နေစရိတ်စားစရိတ်ရယ် ၊ တာဝန်တွေပိုပိလာတာရယ် ၊ အလုပ်အကိုင်အဆင်မပြေမှာစိုးတဲ့စိတ်ရယ် ၊ ၀င်ငွေပိုရချင်တာရယ် .. ကြားထဲမှာ စိုးရိမ်ပူပန်ရတာ များသထက်များပြီး အေးချမ်းသာယာမှုဆိုတာ တဖြေးဖြေး ပျောက်လာခဲ့တယ်။ ​မေတ္တာရိပ်​မြုံ​လေး တိတ်​ဆိတ်​ခြောက်​ကပ်​လာခဲ့တယ်​။
.
လင်မယားနှစ်ယောက်လုံးဟာ အလုပ်ကောင်းကောင်း ရှိကြတယ်။ ၀င်ငွေကောင်းကောင်းလည်း ရှိကြတယ်။ ဒါပေမယ့် ငွေကြေးအခက်အခဲတွေကြားမှာ ပိတ်မိပြီး ပူပန်သောကများနေရတယ်။ ချမ်းသာတဲ့ဘ၀ ငွေကြေးမပူပင်ရတဲ့ဘ၀ ရောက်ဖို့ လမ်းပျောက်နေခဲ့ရတယ်။
.
.
ငွေ​ကြေးပြဿနာဟာ တကယ့်လက်တွေ့ဘ၀ထဲက မိသားစုနီးပါးတိုင်းမှာ ဖြစ်နေတဲ့ ပြဿနာပါ။
-----------------
ကျွန်မတို့ အားလုံးနီးပါးဟာ
အခြေခံပညာရေးဖြစ်တဲ့ ကျောင်းသင်ပညာရေး သင်ရတယ်။
ပြီးရင် ရှင်သန်နေထိုင်အသက်မွေးဖို့အတွက် ငွေရအောင် အသုံးချဖို့ အသက်မွေးဝမ်းကျောင်း ပညာ သင်ရတယ်။
ဆရာဝန် ၊ အင်ဂျင်နီယာ ၊ ပန်းချီ ၊ အဆိုတော် ၊ သရုပ်ဆောင် ၊ စီးပွားရေးပညာ ၊ စာရင်းအင်းပညာ ၊ ရှေ့နေ ၊ ကျောင်းဆရာ ၊ စာရေးဆရာ ... စတဲ့ ဆိုင်ရာနယ်ပယ်အလိုက်​ ၀င်​​ငွေရှာ အသက်​​မွေးကြတယ်​။
ဒီ အသက်မွေးဝမ်းကျောင်းပညာဟာ ၀င်ငွေရှာပေးတဲ့ ပညာပါပဲ ..
ဒါကြောင့် အသက်မွေးဝမ်းကျောင်းပညာကျွမ်းကျင်လေ ကျွန်မတို့ ၀င်ငွေ ပိုရလေ ပါပဲ။
ဝင်ငွေ ပိုရလေ ချမ်းသာ လေပေါ့။
ဒါ ကျွန်မတို့ သိထားတဲ့ လမ်းမှန်တဲ့ ဘ၀နေနည်း ပါ။
ဘယ်သူမဆို အလုပ်ကြိုးစားလုပ်ရမယ်၊ ၀င်ငွေများများရအောင် ရှာရမယ်၊ ၀င်ငွေ များသထက်များလာပြီဆိုရင် ချမ်းသာလာမယ်။
ကျွန်​မတို့ ဒီလို ထင်​ထားကြတယ်။
.
.
တစ်ကယ်တော့ ...
တစ်ကယ့်အမှန်တော့
အဲဒီလို မဟုတ်ဘူး။ ၀င်ငွေများများရှာနိုင်လေ ချမ်းသာလေဆိုတာ မဟုတ်ပါဘူး။
ငွေက မိတ်ဆွေတို့ ကျွန်မတို့ကို ချမ်းသာအောင် လုပ်မပေးနိုင်ပါဘူး။
.
** ငွေက ချမ်းသာအောင် လုပ်မပေးနိုင်ပါဘူး **
.
ချမ်းသာဖို့ဆိုတာ
ငွေကြေးအတတ်ပညာ ကျွမ်းကျင်မှသာလျင် ချမ်းသာနိုင်မှာပါ။
အပေါ်က အမျိုးသားနဲ့အမျိုးသမီး လင်မယားနှစ်ယောက်ဟာ အသက်မွေးဝမ်းကျောင်းပညာကျွမ်းကျင်ပါရက် ၊ ၀င်ငွေလည်းကောင်းပါရက် နဲ့
ငွေကြေးအခက်အခဲကြားမှာ လှောင်ပိတ်ခံရပြီး ပူပင်ကြောင့်ကြဘ၀ထဲ ရောက်သွားရတာ သူတို့မှာရှိတဲ့ငွေကို ကျွမ်းကျွမ်းကျင်ကျင် မစီမံတတ်လို့ပါပဲ။
သူတို့မှာရှိတဲ့ ငွေကို ပွားများအောင် ၊ ငွေပေါ်ငွေထပ်ပေါ်အောင် လုပ်တဲ့ ငွေကြေးအသိပညာ မရှိတဲ့အတွက် ငွေပြဿနာတွေ ဖြစ်လာတော့တာပါပဲ။
ငွေကြေးဆိုင်ရာပြဿနာတွေကို မဖြေရှင်းနိုင်တဲ့အခါ နောက်ဆက်တွဲရလာဒ်က ဆင်းရဲခြင်း ပါ။
ဒါကြောင့် ..
ချမ်းသာချင်တယ်ဆိုရင်
အသက်မွေးဝမ်းကျောင်းပညာတတ်ရုံ ၊ ၀င်ငွေများများရရုံ နဲ့
ချမ်းသာတဲ့သူ ဖြစ်မလာနိုင်ဘူး။
ကိုယ့်ဝင်ငွေကို ပွားသထက်ပွားများအောင် ၊ ဆုံးရှုံးမှုနည်းအောင် လုပ်ဆောင်တတ်ဖို့ စီမံတတ်ဖို့ ငွေကြေးအသိပညာရှိမှသာ ချမ်းသာဖို့ လမ်းစပေါ်ရောက်မှာပါ။
-----------------
၀င်​​ငွေပွားသထက်​ပွားများ​အောင်​ ၊ ဆုံးရှုံးမှုနည်း​အောင်​ စီမံတတ်​ဖို့
"ငွေကြေးဆိုင်ရာအသိပညာ" အကြောင်း - အပိုင်း (၂) မှာ ဆက်ပါမယ်ရှင်​ ..
ချစ်မိတ်ဆွေများအားလုံး နှစ်သစ်မှာ ပျော်ရွှင်ကျန်းမာပါစေ။
စီးပွားရေး ပိုတိုးတက်အောင်မြင်ပြီး ကြီးပွားချမ်းသာသူများ ဖြစ်ကြပါစေ။
ယခု - "ငွေ စီမံကိန်း" ဆောင်းပါးဟာ ချစ်မိတ်ဆွေတို့အတွက် နှစ်သစ်လက်ဆောင်ပါ။ အပိုင်း (၂) ဆက်ပါမယ်နော်။
#သူရဝေနှင်း

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။