Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, January 15, 2018

facebook မှာ ဟာသဗီဒီယိုတွေနဲ့နာမည်ကြီးနေတဲ့ဖြူဖြူထွေးရဲ့ဘ၀ဇာတ်ကြောင်းအပြည့်အစုံ-

Mi Mi Tun added 9 new photos — with Mi Mi Tun.

facebook မှာ ဟာသဗီဒီယိုတွေနဲ့နာမည်ကြီးနေတဲ့ဖြူဖြူထွေးရဲ့ဘ၀ဇာတ်ကြောင်းအပြည့်အစုံ-
=======================
ဖြူဖြူထွေးသည် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မလှိုင်မြို့နယ် ဖျောက်ဆိပ်ကျင်းအုပ်စု မြေနီကုန်းရွာသူဖြစ်ပြီး ရန်ကုန်မြို့ ဒဂုံတက္ကသိုလ်တွင် ရုက္ခဗေဒဘာသာရပ်ဖြင့် တတိယနှစ် တက်ရောက်နေပြီး MMDC ကျောင်းတွင် သင်တန်းများ တက်ရောက်ခဲ့သူလည်းဖြစ်သည်။ ဒဂုံတက္ကသိုလ် အနုပညာကျောင်း ကပွဲတွင် သီချင်းမျိုးစုံကို သရုပ်ဖော်ကပြ ပါဝင်တင်ဆက်ရာတွင် အားပေးမှုရရှိခဲ့သူဖြစ်သည်။

နာမည်ကျော် လူရွှင်တော်ကြီးများဖြစ်သည့် ဓာတ်ဆီ၊ ဓာတ်ဆံ ရေဒီယိုဟာသကို သရုပ်တူအောင်သရုပ်ဆောင် ထားသော ဗီဒီယိုဖိုင် အွန်လိုင်းတွင်ပျံ့နှံ့ရာမှ သူ့အနုပညာဗီဇကို လူသိများလာခဲ့သည်။ အကနှင့် သရုပ်ဆောင်ကို ၀ါသနာပါပြီး လက်ရှိ၌ ဖေ့စ်ဘွတ်ခ်ပေါ်တွင် Following ခြောက်သောင်းကျော်ဖြင့် ပရိသတ် အားပေးမှု အခိုင်အမာရရှိထားသော တက္ကသိုလ်ကျောင်းသူ ဖြူဖြူထွေးနှင့် တွေ့ဆုံခိုက်မေးမြန်းခဲ့သည်ကို ဖော်ပြလိုက်ရပါသည်-
တက္ကသိုလ်ကျောင်းသူ ဖြူဖြူထွေးနှင့်တွေ့ဆုံခြင်း နဒီ – တွေ့ဆုံသည်။ ညီမတို့မေဂျာ မောင်မယ်သစ်လွင် ကြိုဆိုပွဲကတစ်ဆင့် ပရိသတ်အား ပေးလာတာနဲ့ ပတ်သက်ပြီး ပြောပါဦးညီမငယ်ငယ်လေးကတည်းက မိဘတွေက ကိုယ်ဝါသနာပါတဲ့ အကတွေကို သင်ကြားပေးခဲ့ပါတယ်။ အဖေနဲ့အမေတို့က နယ်မှာဆိုရင် ပြဇာတ်တွေခင်းပါတယ်။ ညီမကလည်း အဖေနဲ့အမေရဲ့ သင်ကြားမှု ကြောင့် ၀ါသနာထုံနေပါတယ်။ ရန်ကုန်ရောက်တော့ ဒဂုံတက္ကသိုလ်မှာ ကျောင်းစတက်တယ်။
သူငယ်ချင်းတွေက နင်ဟာသဗီဒီယိုလေးတွေ ရိုက်တာဆိုတော့ သူငယ်ချင်းတွေက သီချင်းစပ်ပေးမယ်။ ဂီတသံစဉ် အတိုင်းလေး ကပေးလို့ ပြောတယ်။ အိုကေ။ သီချင်းစပ်ပေးလို့ပြောတော့ သီချင်းတွေ စပ်ပေးကြပါတယ်။ ဒီသီချင်းသံစဉ်ကို နားထောင်ရင်း အလွတ်ရသွားတယ်။ သူငယ်ချင်းတွေနဲ့ သီချင်းတိုက်ရင် ကကွက်တွေကို ထုတ်မသုံးဘူး။ တကယ့်ပွဲကျတော့ ကိုယ့်ကိုအားပေးတဲ့ ပရိသတ်တွေ ရှိတော့မှ ကိုယ်တိုင်တီထွင်ထားတဲ့ ကကွက်လေးတွေ ထွက်လာတယ်။ ညီမ ကပြဖျော်ဖြေမှုနဲ့ပတ်သက်ပြီး အွန်လိုင်းမှာ ကြည့်ရှုသူ ပရိသတ်တွေ ဆီက ဘယ်လို င်္နနိဘခေု တွေ ပြန်လာလဲ ပြောပါဦး။ ပရိသတ်တွေက ညီမကို အကောင်း၊ အဆိုး ဝေဖန်ပေးကြပါတယ်။ ဆရာကန်တော့ပွဲမှာ မြန်မာဝတ်စုံနဲ့ကတာ မသင့် တော်ဘူးလို့ ဝေဖန် ပေးကြပါတယ်။
ဒါပေမဲ့ ဒီပွဲကလည်းအပြင် ပွဲဖြစ်တော့ မြန်မာဝတ်စုံနဲ့ပဲ ကပြဖြစ်တာပါ။ ကပွဲနဲ့ ပတ်သက်ပြီးတော့ နည်းနည်းဝေဖန် အကြံပေးမှု တွေ ရှိပေမယ့် ဓာတ်ဆီ၊ ဓာတ်ဆံမှာတော့ ပရိသတ်အားပေးမှုရလို့ ပျော်ပါတယ်။ဒီလိုအပြင်ပွဲ ဖိတ်ခေါ်မှုနဲ့ပတ်သက်ပြီး ကိုယ့်မြန်မာဝတ်စုံနဲ့ ကပြဖျော်ဖြေမှုဟာ သင့်တော်တယ်လို့ရောထင်မိလား။မြန်မာဝတ်စုံနဲ့ အခုလို အကမျိုးစုံကရတာဆိုတော့ သိပ်တော့ မသင့်တော်ဘူးပေါ့။ ဒီမြန်မာဝတ်စုံနဲ့ စထွက်ရတဲ့ သီချင်းလေးတွေ ပါတယ်။ နောက်ရှေးဟောင်း သီချင်းရော ခေတ်ပေါ် သီချင်းပါ ရောစပ်က ရတာမို့ပါ။ မြန်မာသံစဉ်သီချင်းလေးနဲ့ ပွဲဦးစထွက်ပြီး DJ သံစဉ်တွေမှာ ကိုယ့်ရဲ့ မြန်မာဝတ်စုံနဲ့ကတော့ ကစဥ့်ကလျားတွေ ဖြစ်ကုန်တာပေါ့နော်။
ဓာတ်ဆီ၊ ဓာတ်ဆံဆိုတဲ့ ရှေးဟောင်းရေဒီယိုကက်ဆက်သံစဉ်နဲ့ ဖန်တီး ထားတာလည်း အားပေးမှုရတာမို့ ရှေ့ဆက်ဘယ်လို လုပ်ဆောင်သွားဖို့ရှိမလဲ။
ညီမ စိတ်ကူးထားတာတွေ ရှိပါတယ်။ တချို့ကလည်း ညီမကို ရိုက်ကူး ပေးဖို့ ကမ်းလှမ်းတာတွေလည်း ရှိပါတယ်။ဒီ ဗီဒီယိုပုံစံလေးကို တကယ့် သရုပ်ဆောင်တစ်ယောက်ရဲ့ ၀တ်စုံအပြည့်နဲ့ ကာရိုက်တာသုံးမျိုး၊ လေးမျိုး လောက်ခွဲပြီးတော့ ကာ ရိုက်တာတစ်ခုတည်းနဲ့ မျိုးစုံဖန်တီးသွားဖို့ ရှိပါ တယ်။ ဟာသပုံစံလေးတွေကို အွန်လိုင်းကနေ ဆက်လက်တင်သွားဖို့ရှိပါ တယ်။ အခုခေတ် လူကြိုက်များနေတဲ့ Funny Vedio ပုံစံလေးတွေပဲ တင်ဖြစ်မှာပါ။ လက်ရှိ ဖေ့စ်ဘွတ်ခ် ဘာဖြစ်နေလဲ မသိဘူး။ ထပ်တင်လို့ မရတာတွေ ဖြစ်နေပါတယ်။
ညီမတင်ထားတဲ့ ဓာတ်ဆီ၊ ဓာတ်ဆံနေရာ သရုပ်ဖော်ပြမှုကို နောက်ယောက်ျားလေးကလည်း ထပ်မံတင်သွင်းလာမှုအပေါ် ဘယ်လိုပြောချင်လဲ။သူ့လည်း သူ့ပညာ (Talent) နဲ့ သူလိုက်လုပ်တာပါ။ သူ့လိုက်ပြီး ဘုန်းကြီးတစ်ပါးနေရာမှာ ပါဝင်သရုပ်ဆောင်ထား တာလည်း တော်ပါတယ်လို့ ပြောချင်ပါတယ်။ ရေဒီယို ကက်ဆက်သံတွေကို ဘယ်လိုစုစည်းသွားမလဲ။ညီမရဲ့ အစ်ကိုက ရှေးရိုးဆန်တော့ ရှေးဟောင်းသံစဉ်တွေ၊ ကက်ဆက် သံစဉ်တွေ နောက် ဦးဝင်းဦး သီချင်းဟောင်းတွေကို စုစည်းနားထောင် လေ့လည်းရှိပါတယ်။ ဒီလိုသံစဉ်မျိုးတွေကို ကိုကြီးဆီက ကူးလာပြီး ညီမက အမြဲနားထောင်ဖြစ်တယ်။ဟိုးငယ်ငယ်ကတည်းက နားထောင်ခဲ့တဲ့ သံစဉ်မို့ တစ်ခေါက် လောက် နားထောင်ရင် စကားလုံး၊ စာသားတွေကို အလွတ်ရ နေတာပေါ့ဇာတ်လမ်းအကြောင်းအရာတွေကိုပေါ့။
အခုလို အားပေးမှုရလာတဲ့အတွက် အောင်မြင်မှုနဲ့ ပတ်သက် ပြီးခံစားချက်ကိုပြောပါဦး။ ညီမ နာမည်ကိုရော ပြောင်းလဲဖို့ရှိမလား။ညီမ အရမ်းကို ပျော်ပါတယ်။ အိမ်က မိသားစုလည်း ပျော်မှာပါ။ အိမ်က ညီမ မိသားစုကလည်း အားပေးတယ်ဆို တော့လေ။ကိုယ်သွားလေရာကို ပံ့ပိုးကူညီပေးကြလို့ ညီမအနေ နဲ့ အဆင်ပြေပါတယ်။ ညီမကလည်း ၀ါသနာပါတာမို့ပါ။ညီမရဲ့ ဒီနာမည်ကို အနုပညာအလုပ်လုပ်လည်း ပြောင်းလဲသွားဖို့ မရှိပါဘူး။မြ၀တီ Documentary Channel က ဒါရိုက်တာ ကိုညိုမင်းလွင် ရိုက်ကူးတဲ့ ဇီးကွက်သေတ္တာ ဇာတ်ကားရိုက်ထား တယ်လို့သိရတယ် ပြောပါဦး။ ဒါရိုက်တာ ညိုမင်းလွင်ဆီက ဘယ်လိုပညာတွေ လေ့လာဖြစ်ခဲ့လဲ။ဒီဇာတ်ကားထဲမှာ ညီမက ယောက်ျားတစ်ယောက်နေရာက သရုပ် ဆောင်ထားပါတယ်။ ဆရာက သင်ပြတာတွေ အရမ်းကောင်းပါတယ်။ သူကိုယ်တိုင် ကိုယ်ဟန်အမူအရာတွေ သေသေချာချာ သင်ကြားပေး ပါတယ်။ တစ်ခါတလေ မျက်ရည်ကျဖို့ မု(ဒ်)သွင်းနေချိန်မှာ ကိုယ်က ရယ်လိုက်ရင် မျက်ရည်တွေ ကျလာပါတယ်။အရမ်းရယ်ပါများရင် မျက်ရည်တွေ ကျလာ ပါတယ်။ မျက်ရည်ကို ဘယ်လိုကျရတယ်ဆိုတာကို သေချာ နည်းစနစ်မှန်အောင် လက်တွေ့သင်ကြားပေးပါတယ်။ညီမရဲ့ အားသာချက်က ဘယ်လိုအရာတွေဖြစ်မလဲ ပြောပါဦး။
ညီမရဲ့ အားသာချက်ကတော့ အဓိက သရုပ်ဆောင်လိုင်းလည်း ၀ါသနာပါတယ်။ အကလိုင်းလည်း ၀ါသနာပါပါ တယ်။ တကယ်လို့ နှစ်ခုစလုံး လုပ်ရမယ်ဆိုလည်း လုပ်ပါ့မယ်လို့ ပြောချင်ပါတယ်။ ဇာတ်လမ်းတို ရိုက်ကူးတာတွေ အနုပညာနဲ့ ဆက်စပ်တဲ့လုပ်ငန်းလေးတွေ ကမ်းလှမ်းကြပါတယ်။ စက်တင် ဘာ ၁၄ ရက်မှာ စင်ကာပူမှာလို လေထဲမှာ လေမှုတ်လိုက်တာနဲ့ ၀ုန်းခနဲပျံရတဲ့ ကလေးကစားကွင်းလို ကြော်ငြာမျိုး ရိုက်ဖို့ရှိပါ တယ်။ သူတို့ သင်ကြားပေးမယ်လို့လည်း သိရပါတယ်။ခန္ဓာကိုယ် ၀ိတ်မတတ်အောင် ကြိုတင်ပြင်ဆင်မှုတွေလုပ်နေပါတယ်ညီမကို အားပေးတဲ့ ပရိသတ်ကို စကားလက်ဆောင်ပြောပေးပါဦးပရိသတ်အားပေးလို့ ဖြူဖြူထွေးဆိုတဲ့ နာမည်တစ်လုံး ဖြစ်လာတာပါ။ နောက်ထပ် ရယ်စရာဟာသ အသစ် အသစ်လေးတွေ တင်ပေးသွားမှာပါ။ပရိသတ်တွေပျော်ရင် ညီမလည်း ပျော်ရွှင်ပါတယ်လို့ ပြောချင်ပါတယ်။
The Standard Time Daily

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။