Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, January 14, 2018

Self Awareness ကောင်းအောင် ဘယ်လိုလုပ်ဆောင်မလဲ?

Self Awareness ကောင်းအောင် ဘယ်လိုလုပ်ဆောင်မလဲ?
Emotional Intelligence ဆိုတာ ခုနောက်ပိုင်းမှာ လူပြောများတဲ့အကြောင်းအရာတစ်ခုပါ။ လူတစ်ယောက်တော်တာ အောင်မြင်တာသူ့ရဲ့ ဥာဏ်ရည် (IQ) ဆိုတာထက် စိတ်ခံစားချက်ဆိုင်ရာ ကောင်းမွန်မှု (EQ) ကပိုအရေးပါတယ်ဆိုပြီး ပြောလာကြပါတယ်။ Emotional Intelligence မှာ အဓိကအားဖြင့် အပိုင်းလေးပိုင်းပါပါတယ်။

၁) Self Awareness လို့ခေါ်တဲ့ မိမိကိုယ်ကိုယ်သိရှိမှု
၂) Self Management လို့ခေါ်တဲ့ မိမိကိုယ်ကိုယ်စီမံခန့်ခွဲနို်င်မှု
၃) Social Awareness လို့ခေါ်တဲ့ အခြားသူများကိုနားလည်မှု
၎) Relationship Management လို့ခေါ်တဲ့ ပေါင်းသင်းဆက်ဆံရေးစီမံခန့်ခွဲနိုင်မှု
ဒီပို့စ်မှာတော့ ပထမဆုံးအချက်ဖြစ်တဲ့ Self Awareness တစ်နည်းအားဖြင့် မိမိကိုယ်ကိုယ်သိရှိမှု ကောင်းအောင် လုပ်ဆောင်လို့ရမဲ့နည်းလမ်းလေးတွေကို မျှဝေပေးချင်ပါတယ်။
(၁) သင်ခံစားချက်ရဲ့ အကျိုးသက်ရောက်မှုကိုလေ့လာပါ
သင့်ရဲ့စိတ်ခံစားချက်ဟာ အရမ်းကိုပါဝါကြီးတဲ့လက်နက်တစ်ခုလိုပါပဲ။ စိတ်ခံစားချက်ကြောင့် အခြားအရာတွေမှာ အကျိုးသက်ရောက်မှုတွေကိုဖြစ်စေပါတယ်။ ဥပမာ - လူတစ်ယောက်ကို ကိုယ်ကစိတ်ဆိုးတဲ့အခါ စိတ်လိုက်မာန်ပါနဲ့ရိုင်းရိုင်းစိုင်းစိုင်းပြောလိုက်မိမယ်ဆိုရင် ဒီလူနဲ့မိတ်ဆွေ ပြတ်နိုင်တယ်။ အခြားသူတွေကလည်း ကိုယ့်ကိုယ်ဒေါသကြီးသူလို့ယူဆသွားမယ်။ ဒါတွေဟာ စိတ်ခံစားချက်ရဲ့ အကျိုးဆက်တွေပါ။ ဒါကြောင့် ကိုယ့်စိတ်ထဲမှာခံစားချက်တစ်ခုခုဖြစ်လာပြီဆိုရင် ဒီစိတ်ခံစားချက်ဟာ ဘယ်လိုအကျိုးသက်ရောက်မှုကိုဖြစ်စေလဲဆိုတာကို သတိပြုလေ့လာသင့် ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် အကျင့်လိုဖြစ်လာတဲ့အခါမှာ ကိုယ့်ရဲ့ဘယ်စိတ်ခံစားချက်က ဘယ်လိုအကျိုးသက်ရောက်မှုကိုဖြစ်စေသလဲဆိုတာကို သိလာတဲ့အခါ ကိုယ်လိုချင်တဲ့ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေကို သတိပြုလုပ်ဆောင်မိမှာပါ။
၂) စိတ်ခံစားချက်ကို ရုပ်ပိုင်းဆိုင်ရာဖြင့်ခံစားပါ
စိတ်ခံစားချက်တစ်ခုကိုခံစားရတဲ့အခါမှာ ကိုယ်ခန္ဓာမှာလည်း ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေဖြစ်ပေါ် ပါတယ်။ ဥပမာ - လူရှေ့မှာစကားပြောရမဲ့အခါမှာ အရင်ဆုံးရင်တုန်လာတာ၊ အသက်ရှုမြန်လာတာ စသည်ဖြင့် ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေဖြစ်လာတတ်ပါတယ်။ ဒီအချိန်မှာကိုယ်က ဒါကိုသတိပြုမိရင် ကိုယ့်ရဲ့ကြောက်ရွံ့စိတ်ကိုပျောက်အောင် ပုံမှန်အသက်ရှုပေးခြင်း၊ မျက်စိမှိတ်ပြီးကိုယ်ပြောရမဲ့လူတွေ အများကြီးရှေ့မှာရောက်နေသလိုစဉ်းစားခြင်း စသည်ဖြင့်လုပ်ဆောင်ခြင်းဖြင့် မိမိရဲ့ကြောက်ရွံ့မှုဆိုတဲ့ စိတ်ခံစားချက်ကိုလျော့ချနိုင်မှာဖြစ်ပါတယ်။ ဒါကိုအလေ့အကျင့်အနေနဲ့ဖြစ်လာတဲ့အခါမှာ ကိုယ့်ရဲ့စိတ်ခံစားချက်ဖြစ်မလာခင်မှာ ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုကိုသတိပြုမိပြီး အချိန်မီထိန်းချုပ်လာနိုင်ပါတယ်။
၃) စိတ်ခံစားချက်မကောင်းမှုကြောင့် ကိုယ့်ကိုယ်ကိုအရူးအလုပ်မခံပါနဲ့
တစ်ခါတစ်ရံမှာ အလုပ်ထဲမှာအဆင်မပြေလို့ဘဲဖြစ်ဖြစ် တစ်စုံတစ်ရာကြောင့်စိတ်အနှောင့်အယှက်ဖြစ် ပြီးစိတ်ခံစားချက်မကောင်းတဲ့အခါ အရာရာကိုအဆိုးမြင်လာတတ်ပါတယ်။ ဥပမာ - အလုပ်ထဲမှာ ကိုယ့်ရဲ့အထက်လူကြီးက စိတ်တိုပြီးဆူငေါက်လိုက်တာမျိုး၊ ကိုယ်လုပ်ဖော်ကိုင်ဖက်နဲ့စကားပြော အဆင်မပြေတာမျိုးဖြစ်တဲ့အခါမှာ စိတ်အနှောင့်အယှက်ဖြစ်ပြီး အလုပ်ကိုမုန်းတီးလာတာ၊ မိသားစုနဲ့ ဆက်ဆံရေးအဆင်မပြေတာ၊ ကိုယ့်ဘ၀ကြီးမှာအရာရာကမျှော်လင့်ချက်မဲ့နေတာ စတဲ့စိတ်ခံစားချက် မကောင်းမှုတွေက ဆက်တိုက်ဖြစ်လာပြီး ဆုံးဖြတ်ချက်အမှားတွေချမိတတ်ပါတယ်။ ဒါကြောင့် ဒီလိုဖြစ်လာခဲ့ရင် ကိုယ့်ရဲ့စိတ်ခံစားချက်ကိုအလိုမလိုက်ဘဲ ခံစားချက်ဆိုတာတည်မြဲတဲ့အရာမဟုတ် ဘူးဆိုတာကို သိရှိပြီးအရေးကြီးတဲ့ဆုံးဖြတ်ချက်တွေ၊ စိတ်လိုက်မာန်ပါလုပ်တာမျိုးတွေကိုရှောင်ကြဉ် မိလာပါလိမ့်မယ်။
၎) ဘယ်အရာကိုဘာကြောင့်လုပ်သလဲဆိုတဲ့မေးခွန်းမေးပါ
Self Awareness ကောင်းဖို့အတွက်လုပ်လို့ရတဲ့ နောက်ထပ်နည်းလမ်းတစ်ခုကတော့ မိမိစိတ်ခံစားချက်ရဲ့ အရင်းအမြစ်ကိုသိရှိဖို့ပါ။ ကိုယ့်ရဲ့အပြုအမူတစ်ခုဟာ ဘာကြောင့်ဒီလိုပြုမူရသလဲ ဆိုတာကို သတိထားပြီးကိုယ့်ကိုယ်ကိုမေးခွန်းမေးဖို့ပါ။ ဒီလိုလုပ်ဆောင်ခြင်းအားဖြင့် မိမိရဲ့စိတ်ခံစားချက်ကိုသတိပြုမိလာပြီး ဘယ်လိုစိတ်ခံစားချက်က ဘယ်လိုအပြုအမူကိုလုပ်ဆောင်စေ လဲဆိုတာကို သိရှိလာနိုင်ပါတယ်။ ဥပမာ - စိတ်ဓာတ်ကျပြီးလုပ်ချင်ကိုင်ချင်စိတ်မရှိတဲ့အခါမှာ ကိုယ့်ကိုယ်ကိုမေးရမှာက ဘယ်အရာကကိုယ့်ကိုစိတ်ဓာတ်ကျစေတာလဲ၊ ဘာကြောင့်ဒီလိုခံစားချက် ကိုဖြစ်စေတာလဲဆိုတာကို မေးခွန်းမေးပြီးသုံးသပ်လိုက်ရင် နောင်တစ်ချိန်ကျရင်ဒီလိုမဖြစ်အောင် သတိထားရှောင်ကြဉ်လာနိုင်ပါတယ်။
၅) အခြားသူများထံမှ သဘောထားကိုမေးမြန်းပါ
Self Awareness ကောင်းဖို့ဆိုတာ ကိုယ့်ကိုယ်ကိုပဲဆန်းစစ်နေရုံနဲ့လည်းမရပါဘူး။ ဘာကြောင့်လဲဆိုရင် တစ်ချို့အရာတွေကို ကိုယ်ကိုယ်တိုင်မမြင်နိုင်မသိနိုင်တဲ့အတွက်ပါ။ ဒါကြောင့် ကိုယ့်ရဲ့မိသားစု၊ အရင်းနှီးဆုံးမိတ်ဆွေသူငယ်ချင်းလုပ်ဖော်ကိုင်ဖက်တွေထံကလည်း သဘောထားကို မေးမြန်းတဲ့အခါ ကိုယ်မထင်ထားတဲ့မမြင်တဲ့အရာတွေကို သိရှိလာနိုင်ပါတယ်။ ဥပမာ - လုပ်ငန်းခွင်မှာ ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက် (သို့မဟုတ်) ကိုယ့်အထက်လူကြီးထံကနေ ဘယ်လိုအခြေအနေမျိုးတွေမှာ ဘယ်လိုအပြုအမူမျိုးကိုလုပ်ဆောင်မိတတ်လဲဆိုတာကို မေးမြန်းနိုင်သလို ဘယ်စိတ်ခံစားချက်က ဘယ်လိုအပြုအမူတွေကို ဖြစ်စေသလဲဆိုတာကိုလည်း မေးမြန်းသိရှိနိုင်ပါတယ်။
Self Awareness တစ်နည်းအားဖြင့် မိမိကိုယ်ကိုယ်သတိပြုမိခြင်းက အခြေအနေတွေကိုပြောင်းလဲလို့ မရနိုင်ရင်တောင် ကိုယ့်ရဲ့စိတ်ခံစားချက်ကိုဘယ်လိုသတိထားကြည့်ရှုပြီး ကောင်းမွန်တဲ့အရာတွေကို လုပ်ဆောင်မိဖို့ မကောင်းတဲ့အရာတွေကိုမလုပ်ဆောင်မိအောင် ရှောင်ကြဉ်နိုင်ဖို့ကို အများကြီး အထောက်အကူဖြစ်စေနိုင်ပါတယ်။ ဒီလိုမိမိရဲ့စိတ်ခံစားချက်တွေကိုသတိပြုမိလာတဲ့အခါမှာ မိမိကိုယ်ကိုယ်စီမံခန့်ခွဲမှုဟာ ပိုမိုလွယ်ကူလာနိုင်ပါတယ်။
မိမိကိုယ်ကိုယ်စီမံခန့်ခွဲနိုင်အောင် ဘယ်လိုနည်းလမ်းတွေနဲ့လုပ်ဆောင်နိုင်သလဲဆိုတာကို နောက်ပို့စ်တစ်ခုမှာ ရေးပေးပါမယ်။
ဒီအကြောင်းအရာလေးကို Emotional Intelligence 2.0 ဆိုတဲ့စာအုပ်လေးကို မှီငြမ်းကိုးကား ရေးသားထားပါတယ်။
ဒီအကြောင်းအရာလေးကို မိမိမိတ်ဆွေသူငယ်ချင်းများနဲ့လည်း share နိုင်ပါတယ်။
နောက်ထပ် ထပ်ရေးမဲ့ အပိုင်း (၃) ပိုင်းကိုဖတ်ချင်တယ်ဆိုရင် ဒီစာမျက်နှာလေးကို see first လုပ်ထားနိုင်ပါတယ်။
#howtoimprove #selfawareness #emotionalintelligence
#Laura_Cho
Career Coach
Emotional Intelligence အကြောင်းရေးထားတဲ့ပို့စ်ကို အောက်ကလင့်မှာဖတ်ရှုနိုင်ပါတယ်။
https://www.facebook.com/laurachocareercoach/photos/a.685205441657361.1073741828.684279225083316/780926205418617/?type=3&theater

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။