"ဆယ်ကျော်သက်တွေရဲ့ ခေတ်သစ်ပြသနာ(၂): ဂိမ်း စွဲခြင်း"
“ခင်ဗျားရဲ့ သားလေးမှာ စိတ်ရောဂါ တစ်ခုခု ရှိနေပုံပဲဗျ”
ရန်ကုန်ကကျနော့် မိတ်ဆွေတစ်ယောက်နဲ့ ဖုန်းစကားပြောရင်း သူ့ သားအကြောင်းပြောဖြစ် တာပါ။လွန်ခဲ့တဲ့ လက သူ့ သားက ကျနော့်အိမ်မှာ တစ်ပါတ်လောက် လာနေတယ်။ ကျနော့်သား နဲ့ လာနေရင်း စင်္ကာပူက ကျောင်းတွေ၊ပညာရေးတွေလေ့လာ ရအောင်ဆိုပြီး ကျနော့် မိတ်ဆွေက ပို့ လိုက်တာ။ကလေးကလဲ ၁၀တန်းအောင်ကာစဆိုတော့  စင်္ကာပူမှာ ကျောင်းလာတက်ရင် အဆင်သင့် ဖြစ်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပေါ့ ..
ကျနော် ဒီလိုပြောလိုက်တော့ မိတ်ဆွေက အံသြသွားတယ်။ မယုံနိင်တဲ့ လေသံနဲ့ .. “ဟုတ်ပါ့ မလား..ဆရာရယ်၊ဒီမှာတုန်းက တော့ ဘာမှ ထူးထူးခြားခြား မရှိပါဘူး”..လို့ ပြောတယ်။
အဲဒီတော့ ကျနော်က..”ကျနော်ပြောချင်တာက..ကျနော်တို
့သိနေတဲ့ စိတ်ရောဂါမျိုး မဟုတ်ပါဘူး၊ အခုခေတ် ဆယ်ကျော်သက်လူငယ်
တော်တော်များများ ရဲ့ ခေတ်သစ်ပြသနာ လို့ ပြောရမယ့် Video Game ဗီဒီယို
ဂိမ်းစွဲနေတာကို ပြောချင်တာပါ”...လို့ ရှင်းပြဖြစ်တယ်။
“ဟုတ်တယ် ဆရာရေ..ဒီဂိမ်း ကစားတာကတော့ တော်တော်ဆိုးတယ်၊အိမ်မှာလဲ သူကတစ်နေကုန်၊ တစ်နေခမ်းကို ဆော့ နေတော့ တာပဲ။၁၀တန်းအောင်သွားတာတော င်
သူ့ အမေက တော်တော် မောင်း”...လို့ သူကပြောတယ်။ “ကျနော်တို့ ကလဲ
ခြေငြိမ်ရင် ပြီးရော ဆိုပြီး ဘာမှပြောမနေတာ့ဘူး” ..လို့ ဆက်ပြောတယ်..
“ခင်ဗျားရဲ့ သားကို ကျနော် စောင့် ကြည့်ဖြစ်တယ်ဗျ၊မနက်အိပ်ရာ နိုးကတဲက
ဂိမ်း စကစားတာပဲ.. ထမင်းစား၊ရေချိုးတဲ့ အချိန်ပဲ နားပြီး
ဆက်ကစားတယ်၊ညကျလဲ တော်တော် မိုးချုပ်မှ ကစားတာရပ်ပြီး အိပ်တယ်။စင်္ကာပူမှာ
လေ့လာစရာတွေ၊သွားစရာတွေ အများကြီး။ဒါပေမယ့် သူက အပြင်သွားဖို့ ကို
စိတ်မ၀င်စားဘူး။လူငယ်တစ်ယော က်အနေနဲ
့စူးစမ်းလေ့လောချင်စိတ်တွေ ပျောက်နေတယ်။ဒီလို ခင်ဗျားတို့ လွှတ်လိုက်တဲ့
ရည်ရွယ်ချက်ကို စိတ်ကို မ၀င်စားသလို ဖြစ်နေတယ်”..လို့  ကျနော်
ရှင်းပြဖြစ်တယ်။
“အဲဒီတော့ သူက ဟုတ်တယ်၊ဆရာရေ..ဒီမှာနေတု န်းကလဲ အားတဲ့ ရက်တွေမှာ တတ်သင်တဲ့ ပညာတွေ တတ်အောင် သင်တန်းတွေတက်ပါဆိုလဲ စိတ်မ၀င်စားဘူး။ဒီဂိမ်းထဲမှာ စိတ်ရောက်နေတာ”
“တကယ်တော့ ဒီပြသနာဟာ ခင်ဗျားသားတစ်ယောက်ထဲ မဟုတ်ဘူးဗျ..အခုခေတ် လူငယ်တစ်ချို့ မှာ ဖြစ်နေတာ၊လူငယ်ဆိုတာ စူးစမ်းချင်စိတ်ရှိရမယ်၊ဘ၀အ တွက် လေ့ လာစရာတွေ အများကြီးရှိတယ်။ ဒါပေမယ့် ဒီဂိမ်းစွဲတဲ့ ပြသနာကြောင့် ဒီလို “လူငယ်သဘာဝ စိတ်တွေ” ပျောက်နေ ကြတယ်”
“လွန်ခဲ့ တဲ့ ၃ရက်လောက်ကပဲ BBC သတင်းမှာ ဖတ်လိုက်ရတယ်..”Gaming addiction classified as disorder by WHO” ဂိမ်းစွဲတာကို ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ ကြီး WHO က စိတ်ရောဂါတစ်ခုလို သတ်မှတ်တော့ မယ် ဆိုပြီးတော့ ။ ဒါကြောင့် ..ခင်ဗျားရဲ့ သားလေးမှာ စိတ်ရောဂါ တစ်ခုခု ရှိနေပုံပဲဗျ..လို့ စောစောက ပြောခဲ့တာ”..လို့ ကျနော် ရှင်းပြဖြစ်တယ်။
သူက.. “ကျနော် သဘောပေါက်ပါပြီ ဆရာ.ကျနော်တို့ လဲ သားကို ဒီလို ဂိမ်းစွဲပြီး သူ့ ဘ၀အတွက် အကျိုးယုတ်တာမျိုး မဖြစ်စေချင်ပါဘူး..ဆရာ။ ဒါနဲ့  အပြင်းပြေ ဂိမ်းကစားတာနဲ့ ဂိမ်းစွဲတာကို ဘယ်လို ခွဲလို့ ရမလဲ ဆရာ”..လို့ သူက မေးတယ်။
“WHO က ICD(International Classification of Diseases) လို့ ခေါ်တဲ့ ရောဂါများကို အမျိုးအစား သတ်မှတ်ခြင်း အသစ်တစ်ခုကို ဒီနှစ် ၂၀၁၈ မှာ ထုတ်ပြန်လိမ့် မယ်..တဲ့၊ အဲဒီထဲ မှာ ဒီဂိမ်းစွဲတာကို “Gaming Disorder” လို့ ပါလာလိမ့်မယ်...လို့ ဆိုတယ်။ ဒီ Gaming disorder လို့  သတ်မှတ် ဖို့ အတွက် ရောဂါ လက္ခဏာတွေ ကတော့ (၁)ဂိမ်းကစားတဲ့ အပေါ်မှာ မိမိကိုယ်ကိုယ် မထိန်းချုပ် နိုင်တာ၊(၂) တခြားလုပ်ရ၊ကိုင်ရမယ့် ကိစ္စတွေ ထက် ဂိမ်းကစားတာကို ဦးစားပေးမိနေတာ(၃) ဂိမ်းကစားလို့ မကောင်းတ့ဲအကျိုးဆက်တွေရှိနေမယ့် (ဥပမာ..ငွေကုန်တာ၊အချိန်ကုန်တာ၊အခွင့်အလမ်းတွေ
ဆုံးရှုံးတာ ရှိနေပေမယ့် ) ဂိမ်းကို ဆက်ကစား၊ပိုကစား ဖြစ်နေတာ.လို့ 
ဆိုတယ်။ ဒီလက္ခဏာတွေ ကို အနည်းဆုံး ၁၂ လထက်တွေ့ ရရင်(တစ်ချို့ သူတွေမှာ
၁၂ လအောက် ရှိပေမယ့် ဒီလက္ခဏာတွေကို ဆိုးဆိုးရွားရွားတွေ့ ရရင်)Gaming
Disorder ..လို့ သတ်မှတ်မယ်..ဆိုတယ်”..လို့ ကျနော် ရှည်ရှည် ဝေးဝေးရှင်းဖြစ်တယ်။
အဲဒီတော့ သူက.. “ဒါဆို ကျနော့် သားအတွက် ဘာလုပ်ရမလဲ ဆရာ”..တဲ့။
ကျနော်က.. “လုပ်ရမှာကတော့  သားကို ဒီအကြောင်းတွေ ရှင်းပြပါ၊ ဂိမ်းစွဲတာကနေ အပျော်တန်း ကစားတာလောက်ကို လျှော့ ချခိုင်းပါ၊ ဖြစ်နိုင်ရင် တတ်ကျွမ်းသူ၊ စိတ်ပညာရှင်၊ ဆရာဝန်တွေနဲ့  ဆွေးနွေးပါ၊ မြန်မာပြည်မှာတော့ ရှိမရှိ မသိဘူး..အနောက်နိုင်ငံတွေမှာတော့ addiction clinic လို့ ခေါ်တဲ့ ဆေးခန်းတွေ ရှိတယ်”
“ဆရာရေ..ဒီမှာလဲ လူငယ်တစ်ချို့ ဂိမ်းဆိုင်မှာ အမြဲပဲ..ဒီလူငယ်တွေ ဂိမ်းစွဲတဲ့ ပြသနာအတွက် ကျနော်တို့ တစ်ဦးချင်းအပြင် အဖွဲ့ အစည်းတွေအနေနဲ့  လုပ်သင့် တာတွေ ရှိလား..နိုင်ငံတကာရော လုပ်နေတာ ရှိလား”
“ကျနော် သိသလောက်တော့ ..ဂျပန်နဲ့ တရုတ် နိုင်ငံတွေမှာ လူငယ်တွေ ဂိမ်းကစားတဲ့အချိန်တွေကို ကန့် သတ်ထားတယ်..လို့ ကြားရတယ်။ ဒါပေမယ့် ဒီပြသနာဟာ လူငယ်တွေနဲ့  သူတို့ ရဲ့အနာဂါတ် အတွက် ပြသာနာဆိုတော့  ကျနော်တို့ အားလုံးရဲ့ ပြသနာပေါ့ ဗျာ.အဲဒီတော့ ခေတ်သစ် နည်းပညာ တွေရဲ့ ကောင်းတဲ့အပိုင်းကို ယူ၊ အန္တရာယ် ရှိနိင်တာကို သတိနဲ့ တားဆီးဖို့ က အားလုံး ၀ိုင်းလုပ်ကြရမှာ မဟုတ်လား.”
“ကဲ..ဒီတစ်ခါတော့ စကားတွေလဲ တော်တော် ပြောဖြစ်သွားပြီ.. ကျနော်ရန်ကုန်လာရင် တွေ့ ကြသေး တာပေါ့ ဗျာ..
“သားအတွက် အခုလို အကျိုးရှိတာပြောပြလို့ ကျေးဇူးတင်ပါတယ်..See you ဆရာ”
ပျော်ရွှင်အောင်မြင်ကြပါစေ..
ဒေါက်တာအောင်မျိုး
(ဇန်န၀ါရီ ၆၊၂၀၁၈)
Ref: “Gaming addiction classified as disorder by WHO” by Jan Wakefield from BBC News,Technology,2 January 2018
“ခင်ဗျားရဲ့ သားလေးမှာ စိတ်ရောဂါ တစ်ခုခု ရှိနေပုံပဲဗျ”
ရန်ကုန်ကကျနော့် မိတ်ဆွေတစ်ယောက်နဲ့ ဖုန်းစကားပြောရင်း သူ့ သားအကြောင်းပြောဖြစ် တာပါ။လွန်ခဲ့တဲ့ လက သူ့ သားက ကျနော့်အိမ်မှာ တစ်ပါတ်လောက် လာနေတယ်။ ကျနော့်သား နဲ့ လာနေရင်း စင်္ကာပူက ကျောင်းတွေ၊ပညာရေးတွေလေ့လာ ရအောင်ဆိုပြီး ကျနော့် မိတ်ဆွေက ပို့ လိုက်တာ။ကလေးကလဲ ၁၀တန်းအောင်ကာစဆိုတော့  စင်္ကာပူမှာ ကျောင်းလာတက်ရင် အဆင်သင့် ဖြစ်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပေါ့ ..
ကျနော် ဒီလိုပြောလိုက်တော့ မိတ်ဆွေက အံသြသွားတယ်။ မယုံနိင်တဲ့ လေသံနဲ့ .. “ဟုတ်ပါ့ မလား..ဆရာရယ်၊ဒီမှာတုန်းက
အဲဒီတော့ ကျနော်က..”ကျနော်ပြောချင်တ
“ဟုတ်တယ် ဆရာရေ..ဒီဂိမ်း ကစားတာကတော့ တော်တော်ဆိုးတယ်၊အိမ်မှာလ
“ခင်ဗျားရဲ့ သားကို ကျနော် စောင့် ကြည့်ဖြစ်တယ်ဗျ၊မနက်အိပ်ရာ
“အဲဒီတော့ သူက ဟုတ်တယ်၊ဆရာရေ..ဒီမှာနေတု
“တကယ်တော့ ဒီပြသနာဟာ ခင်ဗျားသားတစ်ယောက်ထဲ မဟုတ်ဘူးဗျ..အခုခေတ် လူငယ်တစ်ချို့ မှာ ဖြစ်နေတာ၊လူငယ်ဆိုတာ စူးစမ်းချင်စိတ်ရှိရမယ်၊ဘ၀အ
“လွန်ခဲ့ တဲ့ ၃ရက်လောက်ကပဲ BBC သတင်းမှာ ဖတ်လိုက်ရတယ်..”Gaming addiction classified as disorder by WHO” ဂိမ်းစွဲတာကို ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ ကြီး WHO က စိတ်ရောဂါတစ်ခုလို သတ်မှတ်တော့ မယ် ဆိုပြီးတော့ ။ ဒါကြောင့် ..ခင်ဗျားရဲ့ သားလေးမှာ စိတ်ရောဂါ တစ်ခုခု ရှိနေပုံပဲဗျ..လို့ စောစောက ပြောခဲ့တာ”..လို့ ကျနော် ရှင်းပြဖြစ်တယ်။
သူက.. “ကျနော် သဘောပေါက်ပါပြီ ဆရာ.ကျနော်တို့ လဲ သားကို ဒီလို ဂိမ်းစွဲပြီး သူ့ ဘ၀အတွက် အကျိုးယုတ်တာမျိုး မဖြစ်စေချင်ပါဘူး..ဆရာ။ ဒါနဲ့  အပြင်းပြေ ဂိမ်းကစားတာနဲ့ ဂိမ်းစွဲတာကို ဘယ်လို ခွဲလို့ ရမလဲ ဆရာ”..လို့ သူက မေးတယ်။
“WHO က ICD(International Classification of Diseases) လို့ ခေါ်တဲ့ ရောဂါများကို အမျိုးအစား သတ်မှတ်ခြင်း အသစ်တစ်ခုကို ဒီနှစ် ၂၀၁၈ မှာ ထုတ်ပြန်လိမ့် မယ်..တဲ့၊ အဲဒီထဲ မှာ ဒီဂိမ်းစွဲတာကို “Gaming Disorder” လို့ ပါလာလိမ့်မယ်...လို့ ဆိုတယ်။ ဒီ Gaming disorder လို့  သတ်မှတ် ဖို့ အတွက် ရောဂါ လက္ခဏာတွေ ကတော့ (၁)ဂိမ်းကစားတဲ့ အပေါ်မှာ မိမိကိုယ်ကိုယ် မထိန်းချုပ် နိုင်တာ၊(၂) တခြားလုပ်ရ၊ကိုင်ရမယ့် ကိစ္စတွေ ထက် ဂိမ်းကစားတာကို ဦးစားပေးမိနေတာ(၃) ဂိမ်းကစားလို့ မကောင်းတ့ဲအကျိုးဆက်တွေရှိနေမယ့် (ဥပမာ..ငွေကုန်တာ၊အချိန်က
အဲဒီတော့ သူက.. “ဒါဆို ကျနော့် သားအတွက် ဘာလုပ်ရမလဲ ဆရာ”..တဲ့။
ကျနော်က.. “လုပ်ရမှာကတော့  သားကို ဒီအကြောင်းတွေ ရှင်းပြပါ၊ ဂိမ်းစွဲတာကနေ အပျော်တန်း ကစားတာလောက်ကို လျှော့ ချခိုင်းပါ၊ ဖြစ်နိုင်ရင် တတ်ကျွမ်းသူ၊ စိတ်ပညာရှင်၊ ဆရာဝန်တွေနဲ့  ဆွေးနွေးပါ၊ မြန်မာပြည်မှာတော့ ရှိမရှိ မသိဘူး..အနောက်နိုင်ငံတွေမ
“ဆရာရေ..ဒီမှာလဲ လူငယ်တစ်ချို့ ဂိမ်းဆိုင်မှာ အမြဲပဲ..ဒီလူငယ်တွေ ဂိမ်းစွဲတဲ့ ပြသနာအတွက် ကျနော်တို့ တစ်ဦးချင်းအပြင် အဖွဲ့ အစည်းတွေအနေနဲ့  လုပ်သင့် တာတွေ ရှိလား..နိုင်ငံတကာရော လုပ်နေတာ ရှိလား”
“ကျနော် သိသလောက်တော့ ..ဂျပန်နဲ့ တရုတ် နိုင်ငံတွေမှာ လူငယ်တွေ ဂိမ်းကစားတဲ့အချိန်တွေကို ကန့် သတ်ထားတယ်..လို့ ကြားရတယ်။ ဒါပေမယ့် ဒီပြသနာဟာ လူငယ်တွေနဲ့  သူတို့ ရဲ့အနာဂါတ် အတွက် ပြသာနာဆိုတော့  ကျနော်တို့ အားလုံးရဲ့ ပြသနာပေါ့ ဗျာ.အဲဒီတော့ ခေတ်သစ် နည်းပညာ တွေရဲ့ ကောင်းတဲ့အပိုင်းကို ယူ၊ အန္တရာယ် ရှိနိင်တာကို သတိနဲ့ တားဆီးဖို့ က အားလုံး ၀ိုင်းလုပ်ကြရမှာ မဟုတ်လား.”
“ကဲ..ဒီတစ်ခါတော့ စကားတွေလဲ တော်တော် ပြောဖြစ်သွားပြီ.. ကျနော်ရန်ကုန်လာရင် တွေ့ ကြသေး တာပေါ့ ဗျာ..
“သားအတွက် အခုလို အကျိုးရှိတာပြောပြလို့ ကျေးဇူးတင်ပါတယ်..See you ဆရာ”
ပျော်ရွှင်အောင်မြင်ကြပါစေ..
ဒေါက်တာအောင်မျိုး
(ဇန်န၀ါရီ ၆၊၂၀၁၈)
Ref: “Gaming addiction classified as disorder by WHO” by Jan Wakefield from BBC News,Technology,2 January 2018
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။