Myotint Myo Tint added 7 new photos — feeling happy with Win Win Than and Theingi Than in
Japan လို့ပြောရင် ချယ်ရီလို့ခေါ်တဲ့ Sakura နဲ့အတူတူလူသိများတာက ကိုယ်ခန္ဓာထွားကြိုင်းတဲ့ ဆူမို( 相撲すもう )ဖြစ်ပါတယ်။တကယ်ဆိုရင် Sakura ဆိုတဲ့ပန်းတွေထက် နှစ်ပေါင်းများစွာက ဂျပန်သမိုင်းမှာရှိခဲ့တာက ဆူမိုဖြစ်ပါတယ်။
ဆူမိုကစားတဲ့ ဂျပန်နပမ်းသမားတွေက ဘာဖြစ်လို့
ကိုယ်တုံးလုံးနီးပါးဖြစ်နေပြီး အောက်ပိုင်ကအမြင်မတော်တဲ့နေရာလေးတကွက်ထဲ
ကြိုးလိုဟာမျိုးနဲ့ ပါတ်ထားရတာလဲ..?
ဆူမို ( 相撲すもう )
ဆူမို ဆိုတဲ့သူတွေဟာဂျပန်လူမျိုးတို့ရဲ့ အယူအရဆိုရင် တချိန်က ဘုရားကိုစောင့်ရှောက်တဲ့ သူတွေဖြစ်ကြတယ်လို့ သတ်မှတ်ခဲ့ပါတယ်။ဘုရင်ခေတ်ဖြစ်တဲ့ အချိန်မှာလည်း ဆူမို ဆိုတဲ့သူတွေက ဘုရင်ကိုစောင့်ရှောက်တဲ့နေရာမှာရှိပြီး စစ်တိုက်တဲ့လေ့ကျင့်ခန်းတွေမှာလည်း ဆူမိုအားကစားနည်းကို ကျင့်သုံးခဲ့ပါတယ်။
ဂျပန်သမိုင်းမှာရှာကြည့်တဲ့အခါမှာ ဆူမိုဆိုတာက နှစ်၇၀၀ကျော်လောက်ကတည်းကရှိခဲ့ပြီး ဘုရင်လက်ထက်မှာလည်း နှစ်ပေါင်း၃၀၀ ကျော် ဘုရင်ပွဲတော်တွေမှာ ကျင်းပခဲ့ပါတယ်။
ဒီနေရာမှာ ဆူမိုကစားတဲ့ ဂျပန်နပမ်းသမားတွေက ဘာဖြစ်လို့ ကိုယ်တုံးလုံးနီးပါးဖြစ်နေရတာလဲ ဆိုတာ ရှင်းပြချင်ပါတယ်....
ဆူမိုတိုတာက လူလူခြင်း အားပြိုင်တဲ့အခါမှာ ဘာမှဖွက်ထားတာမရှိတဲ့ ( လက်နက်မပါတဲ့ )အားခြင်းပြိုင်တဲ့ အားကစားနည်းဖြစ်ပါတယ်။သန့်ရှင်းတဲ့ အင်အားခြင်းပြိုင်တဲ့ အားကစားနည်း တခုအဖြစ်မြင်စေချင်လို့ တကိုယ်လုံးကို အဝတ်အစားမဆင်ပဲ အမြင်မတော်တဲ့နေရာတခုထဲကို ဂျပန်လိုမာဝါရှိ( まわし )လို့ခေါ်တဲ့ ကြိုးအပြားကို ပါတ်ထားပါတယ်။
တကယ်လိုများ....
ဂျပန်ဆူမိုသမားတွေကိုမြန်မာပြည်ကတောရွာမှာရှိတဲ့ အားကစားပြိုင်ပွဲအနေနဲ့သာထည့်သွင်းရင် လာကြည်တဲ့အဖွားတို့ကပြောမှာသေချာပါတယ်။
" ဒီအကောင်တွေ လူကောင်တွေကကြီးပြီး ဖင်တပြောင်ပြောင်နဲ့ သောက်ရှက်ကို မရှိဘူးလို့ ...."
ဒီလိုထင်ကြမှာ ဖြစ်ပေမဲ့ ဂျပန်လူမျိုးတွေရဲ့ အမြင်အရကတော့ ဘုရားရဲ့ အစောင့်တော်တွေဖြစ်ခဲ့တဲ့ ဆူမိုတွေဟာ ကြည့်ရတာအရမ်းလှပြီးချစ်ဖို့ကောင်းပါတယ်။အသားအရေကလည်း အရမ်းလှပြီး တောက်တောက်ပြောင်ပြောင်ရှိပါတယ်။ဒါ့ကြောင့်လည်း ထင်ပါတယ် ဆူမိုကစားပြီးနာမည်ကြီးတဲ့ သူရဲ့ ဇနီးတော်တော်များများက အရမ်းချောတဲ့ မိန်းမတွေက များတာ တွေရပါတယ်။
ဘယ်ကိစ္စမဆို အကြောင်းအရင်းကိုသိရင် စဉ်းစားပုံစဉ်းစားနည်းနဲ့ ကြိုက်တာ မကြိုက်တာကလည်းပြောင်းလဲလာမယ်လို့ထင်ပါတယ်......
ဂျပန် ဆူမို( 相撲すもう ) ကစားတဲ့သူတွေကလည်း ပြောချင်နေကြတာ သေချာပါတယ်။တနှစ်ပါတ်လုံး ပြိုင်ပွဲတွေ လုပ်နေတာ အရမ်းအေးတဲ့ ရာသီမျိုးမှာ ကိုယ်တုံးလုံးနီးပါးရှိတဲ့ ဒီကိုယ်ခန္ဓာနဲ့ မပြိုင်ချင်ပါဘူးလို့....
" ငါ့တို့က ပြောင်ချင်လို့ ပြောင်နေကြတာမဟုတ်ဘူးလို့....."
( ဟား ဟား...)
Myo Tint.

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။