မိမိကိုယ်သာ ကိုးကွယ်ရာ
▬▬▬▬▬▬▬▬▬▬
လူ့ဘ၀လမ်းတစ်လျှောက်မှာ လောကဓံရဲ့ အဖက်ဖက်က တိုက်ခိုက်မှုကို ခံရစမြဲပါ။
ဒါပေမယ့် အဲဒီလို အတိုက်ခိုက်တွေ ကိုယ့်ကို ဘယ်လိုသက်ရောက်စေသလဲ?
ဆုံးဖြတ်ချက်က ကိုယ့်လက်ထဲမှာပဲ ရှိပါတယ်။
တစ်ခါက အဘိုးအိုတစ်ဦးဟာ မြေးကို စက္ကူနဲ့ နဂါးရုပ်တစ်ရုပ် ခေါက်ပေးလိုက်တယ်။
ပြီးတော့ နဂါးရဲ့ ဗိုက်ထဲ နှံကောင်တစ်ချို့ ဖမ်းထည့်ပေးလိုက်တယ်။
အထည့်ခံရတဲ့ နှံကောင်တွေဟာ အထဲမှာပဲ သေကုန်ကြတယ်။
အဘိုးက
" နှံကောင်တွေရဲ့ သဘာဝဟာ ဂဏှာမငြိမ်ဘူး။ စိတ်တိုလွယ်တယ်။
ရုန်းကန်ဖို့လောက်ပဲ သိပြီး ပါးစပ်နဲ့ စက္ကူကို ကိုက်ဖြတ်ဖို့ မတွေးကြဘူး။
ပြီးတော့ တစ်ဖက်မှာလဲ ထွက်လမ်းရှိတယ်ဆိုတာ မသိကြဘူး။
သူတို့မှာ တံစဉ်လို ထက်မြက်တဲ့ သွားနဲ့ ခြေထောက်တွေရှိလည်း အသုံးမချတတ်ကြဘူး" လို့ ပြောလိုက်တယ်။
တစ်ဖန်အဘိုးက ပိုးဖလံတွေကို နဂါးဗိုက်ထဲ ဖမ်းထည့်လိုက်ပြီး နဂါးပါးစပ်ကို ပိတ်ထားလိုက်တယ်။
မိနစ်အနည်းငယ် အကြာမှာ ပိုးဖလံတွေဟာ နဂါးအမြီးကနေ တွားထွက်လာတာကို တွေ့လိုက်ရတယ်။
ကံကြမ္မာဟာ ကျွန်တော်တို့ရဲ့အတွေးစိတ်ကူးထဲ
မှာ အမြဲရှိနေတတ်တယ်။
လူတစ်ချို့က အဲဒီကံကြမ္မာရဲ့ လှည့်ကွက်ထဲကနေ ရုန်းမထွက်နိုင်ခဲ့ကြဘူး။
ဒါတွေဟာ မွေးကတည်းက မပြည့်စုံလို့၊ ကံအကြောင်းမလှခဲ့လို့၊ .....မဟုတ်ဘူး။
နဂါးရဲ့ ဗိုက်ကို ကိုက်ခွဲပစ်ဖို့၊ အခြားတစ်ဖက်က ထွက်ပေါက်ကို ရှာဖို့ မကြိုးစားခဲ့လို့ ဖြစ်တယ်။
ဘဝမှာဘယ်လိုအခက်အခဲတွေ တွေ့တွေ့စိတ်တို ဒေါ်သဖြစ်မယ် ၊ လက်လျော့လိုက်မယ် ၊အတွေး မဝင်မိပါစေနဲ့ ဒီအခက်အခဲကနေ တဖက်တနည်းတစ်လမ်းက လွတ်မြောက်မလဲ ကိုယ့်ရဲ့အားသာချက်က ဘာလဲ ၊ အားနည်းချက်က ဘာဖြစ်မလဲ၊ အချိန်မှီရုန်းထွက်နိုင်ပါတ ယ် ။
ကိုယ်သာလျှင် အရာရာရဲ့ အရှင်သခင်ပဲမဟုတ်ပါလား ။ ။
ရွှေအိမ်စည်
Shwe Aeim Si
#shweaeimsiyouth
▬▬▬▬▬▬▬▬▬▬
လူ့ဘ၀လမ်းတစ်လျှောက်မှာ လောကဓံရဲ့ အဖက်ဖက်က တိုက်ခိုက်မှုကို ခံရစမြဲပါ။
ဒါပေမယ့် အဲဒီလို အတိုက်ခိုက်တွေ ကိုယ့်ကို ဘယ်လိုသက်ရောက်စေသလဲ?
ဆုံးဖြတ်ချက်က ကိုယ့်လက်ထဲမှာပဲ ရှိပါတယ်။
တစ်ခါက အဘိုးအိုတစ်ဦးဟာ မြေးကို စက္ကူနဲ့ နဂါးရုပ်တစ်ရုပ် ခေါက်ပေးလိုက်တယ်။
ပြီးတော့ နဂါးရဲ့ ဗိုက်ထဲ နှံကောင်တစ်ချို့ ဖမ်းထည့်ပေးလိုက်တယ်။
အထည့်ခံရတဲ့ နှံကောင်တွေဟာ အထဲမှာပဲ သေကုန်ကြတယ်။
အဘိုးက
" နှံကောင်တွေရဲ့ သဘာဝဟာ ဂဏှာမငြိမ်ဘူး။ စိတ်တိုလွယ်တယ်။
ရုန်းကန်ဖို့လောက်ပဲ သိပြီး ပါးစပ်နဲ့ စက္ကူကို ကိုက်ဖြတ်ဖို့ မတွေးကြဘူး။
ပြီးတော့ တစ်ဖက်မှာလဲ ထွက်လမ်းရှိတယ်ဆိုတာ မသိကြဘူး။
သူတို့မှာ တံစဉ်လို ထက်မြက်တဲ့ သွားနဲ့ ခြေထောက်တွေရှိလည်း အသုံးမချတတ်ကြဘူး" လို့ ပြောလိုက်တယ်။
တစ်ဖန်အဘိုးက ပိုးဖလံတွေကို နဂါးဗိုက်ထဲ ဖမ်းထည့်လိုက်ပြီး နဂါးပါးစပ်ကို ပိတ်ထားလိုက်တယ်။
မိနစ်အနည်းငယ် အကြာမှာ ပိုးဖလံတွေဟာ နဂါးအမြီးကနေ တွားထွက်လာတာကို တွေ့လိုက်ရတယ်။
ကံကြမ္မာဟာ ကျွန်တော်တို့ရဲ့အတွေးစိတ်က
မှာ အမြဲရှိနေတတ်တယ်။
လူတစ်ချို့က အဲဒီကံကြမ္မာရဲ့ လှည့်ကွက်ထဲကနေ ရုန်းမထွက်နိုင်ခဲ့ကြဘူး။
ဒါတွေဟာ မွေးကတည်းက မပြည့်စုံလို့၊ ကံအကြောင်းမလှခဲ့လို့၊ .....မဟုတ်ဘူး။
နဂါးရဲ့ ဗိုက်ကို ကိုက်ခွဲပစ်ဖို့၊ အခြားတစ်ဖက်က ထွက်ပေါက်ကို ရှာဖို့ မကြိုးစားခဲ့လို့ ဖြစ်တယ်။
ဘဝမှာဘယ်လိုအခက်အခဲတွေ တွေ့တွေ့စိတ်တို ဒေါ်သဖြစ်မယ် ၊ လက်လျော့လိုက်မယ် ၊အတွေး မဝင်မိပါစေနဲ့ ဒီအခက်အခဲကနေ တဖက်တနည်းတစ်လမ်းက လွတ်မြောက်မလဲ ကိုယ့်ရဲ့အားသာချက်က ဘာလဲ ၊ အားနည်းချက်က ဘာဖြစ်မလဲ၊ အချိန်မှီရုန်းထွက်နိုင်ပါတ
ကိုယ်သာလျှင် အရာရာရဲ့ အရှင်သခင်ပဲမဟုတ်ပါလား ။ ။
ရွှေအိမ်စည်
Shwe Aeim Si
#shweaeimsiyouth
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။