Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, January 14, 2018

သုညဘဝမှကမ္ဘာကျော်ခဲ့သောအနုပညာရှင်များ

သုညဘဝမှကမ္ဘာကျော်ခဲ့သောအနုပညာရှင်များ

#ရှာရွတ်ခန်း

*သာမာန်ဆင်းရဲသားမိသားစုကကလေးတစ်ဦး
အဖြစ်မွေးဖွားလာတယ်။စာမတော်ဘူး ဥာဏ်မ
ကောင်းဘူး။ဒါပေမယ့်ပညာတတ်ဖြစ်စေချင်တဲ့
ဖခင်ရဲ့သားအပေါ်ထားတဲ့မေတ္တာတရားကြောင့်
ကျောင်းကိုမနက်တိုင်းဖခင်မောင်းတဲ့ကုန်ကား
နဲ့သွားတက်ရင်းအထက်တန်းအောင်ခဲ့တယ်။
ဝတလျှောက်လုံးဖခင်ရဲ့စကားတွေနဲ့မိခင်ရဲ့ဘာ
သာရေးဆိုတာလူသားတွေအတွက်တံဆိပ်မ
ဟုတ်ဘူးဆိုတဲ့ဆုံးမမူတွေနဲ့ဖြတ်သန်းခဲ့ပြီးမာစ
တာဘွဲ့ရတဲ့ပညာတတ်တယောက်ဖြစ်လာခဲ့တယ်
ရုပ်ရှင်သရုပ်ဆောင်အရမ်းဖြစ်ချင်ပေမယ့်မိသားစု
အခြေအနေကြောင့်အချိန်အကြာကြီးအိမ်မက်
တွေကိုမေ့ထားခဲ့ရာက ပညာတတ်ထက်ရုပ်ရှင်သ
ရုပ်ဆောင်ဘဝကိုရူးသွပ်လွန်းတဲ့စိတ်ကြောင့်အ
ရာအားလုံးကိုစွန့်လွှတ်ပြီးရုပ်ရှင်လောကထဲကို
အောက်ဆုံးကနေစဝင်ခဲ့တယ်။နှစ်ရှည်လများအ
နှိမ်ခံရပြီးမှBollywoodရဲ့မင်းသားတဦးဖြစ်လာ
ခဲ့တယ်။တန်းလျားအစုတ်လေးမှာနေခဲ့တဲ့လူငယ်
တယောက်က ကမ္ဘာ့အချမ်းသာဆုံးမင်းသားတဦး
ဖြစ်လာခဲ့တယ်။Bollywoodရဲ့No.1မင်းသား
ဖြစ်လာခဲ့တယ်။ဒါပေမယ့်အောင်မြင်သူအများစုလို
မာန အတ္တ ငွေကြေးချမ်းသာမူရဲ့သာယာမူတွေ
နောက်ကိုမလိုက်ပဲ ရသမျှပိုက်ဆံအများစုကိုပရ
ဟိတအတွက်သုံးခဲ့တယ်။သူကအစ္စလာမ် ။ဒါပေ
မယ့်ဗုဒ္ဓဘာသာ ခရစ်ယာန် ဟိန္ဒူဘာသာတိုင်းကို
လှူခဲ့တယ်။ကမ္ဘာ့အကြီးဆုံးကင်ဆာဖောင်ဒေး
ရှင်းတွေ အခမဲ့ဆေးရုံတွေ ကျောင်းတွေဆောက်
ပေးခဲ့တဲ့ ကမ္ဘာ့ရုပ်ရှင်သမိုင်းရဲ့ပရဟိတအလုပ်ဆုံး
မင်းသား Bollywoodရဲ့No.1မင်းသား ကမ္ဘာ့
အချမ်းသာဆုံးမင်းသားဖြစ်လာခဲ့တယ်။

" ကျတော်လောဘမကြီးချင်ဘူး
ကျတော်နာမည်လဲမကြီးချင်ဘူး
ကျတော်လုပ်ချင်တဲ့အလုပ်ကို
အသက်နဲ့ရင်းပြီးကြိုးစားနေရရင်
တော်ပြီ။ "

SRK

#Aamir_Khan

ဖခင်ဖြစ်သူကမင်းသား ထုတ်လုပ်သူ
ဖြစ်ပေမယ့်မိသားစုမျက်နှာကိုမထောက်ပဲအိမ်
ထောင်ရေးဖောက်ပြန်ခဲ့ရာကနေ မိခင်နဲ့ဘဝကို
ခက်ခက်ခဲခဲဖြတ်သန်းခဲ့ရသူ။ဖခင်ကိုနာကျည်း
စိတ်ကြည့်သရုပ်ဆောင်တယောက်ဖြစ်ဖို့သားဖြစ်
သူကိုတွန်းအားပေးခဲ့တဲ့အမေကြောင့် ရုပ်ရှင်
လောကထဲကအောက်ခြေကဝင်ခဲ့ရတယ်။ရုပ်ရှင်
ကားဆိုအလွမ်းအဆွေးဟာသအက်ရှင်တွေပဲ
များတဲ့ခေတ်မှာ Aamir Khanဆိုတဲ့သူကရုပ်
ရှင်ကားတကားချင်းစီမှာကမ္ဘာကြီးရဲ့ပျက်စီးနေတဲ့
ပညာရေးစနစ် ကလေးသူငယ်တွေရဲ့အိမ်မက်
ဘာသာရေး နိုင်ငံရေးအစွန်းရောက်တွေကိုသ
ရော်ထောက်ပြမူ တွေကိုချပြလာခဲ့တယ်။သူလူ
မုန်းခံရတယ်။ဒါပေမယ့်ယနေ့အချိန်မှာတော့
Bollywoodရဲ့Khan ၃Khanထဲကတစ်ဦးဖြစ်
လာခဲ့သလို ပရဟိတသူရဲကောင်းဖြစ်လာခဲ့တယ်။
ဒါတင်မကပဲကမ္ဘာ့ရုပ်ရှင်ပရိတ်သတ်တွေကစောင့်
ကြည့်လာရတဲ့ကားတွေရဲ့မင်းသားတဦးဖြစ်လာခဲ့
တယ်။

" ကလေးတိုင်းဟာနယ်ပယ်အသီးသီးရဲ့
သူရဲကောင်းတွေဖြစ်လာနိုင်တယ်။
ဒါကြောင့် သူတို့ကိုလျစ်လျူရှုထားရင်
ခင်ဗျားတို့ပဲနောင်တရလိမ့်မယ်။
နိုင်ငံတနိုင်ငံမှာခေါင်းဆောင်ကောင်းများ
များထွက်ဖို့ထက် ကလေးသူငယ်တွေကို
လေးစားပေးတတ်တဲ့မိဘများများရှိဖို့ပဲလို
တယ်။ "

Aamir Khan

#ဂျက်ကီချမ်း

ဖခင်ကထောက်လှမ်းရေး မိခင်က
အိမ်အကူ မိသားစုစားဝတ်နေရေးအတွက်
မူးယစ်ဆေးရောင်းခဲ့ရသူ။ ၁တန်းတောင်၃ခါကျ
တဲ့ကလေးတယောက်ကိုဘယ်သူကမှနောင်တ
ချိန်မှာအထင်ကရမင်းသားတဦးဖြစ်လာမယ့်သူ
လို့ထင်ကြမှာမဟုတ်ပေမယ့် သူကတော့ဆောက်
လုပ်ရေးအလုပ်ကြမ်းသမား အရံအစားထိုး ဖြတ်
လျှောက် ရိုက်ကွင်းအထမ်းသမား လုံခြုံရေးသ
မားကနေ အာရှရဲ့အထင်ကရမင်းသားတဦးဖြစ်
လာခဲ့တယ်။ သူပညာမတတ်ဘူး ဒါပေမယ့် မင်း
သား ဒါရိုက်တာ တေးရေး တေးဆို ဇာတ်လမ်း
ဇာတ်ညွှန်းရေးဆရာ ထုတ်လုပ်သူ စတန့်နည်း
ပြ ကွန်ဖူးပညာရှင် Hollywoodမင်းသားတွေ
တောင်မလုပ်နိုင်တဲ့ ကမ္ဘာ့စတန့်အလုပ်ဆုံးမင်း
သားဖြစ်လာခဲ့တယ်။ သူအတန်းပညာမတတ်ဘူး
ဘွဲ့ရပညာတတ်မဟုတ်ဘူး ဒါပေမယ့်ဘာသာစ
ကား၇မျိုးတတ်သူ ရုပ်ရှင်ထုတ်လုပ်ရေးပိုင်ရှင်
သင်တန်းကျောင်းပိုင်ရှင် ပရဟိတFoundation
တွေရဲ့ပိုင်ရှင် ကမ္ဘာ့ရုပ်ရှင်သမိုင်းနှစ်ရာချီမှာမှတ
ယောက်ထွက်လာတဲ့စတန့်ပြကွက်အများဆုံး
ထိခိုက်ဒဏ်ရာအရဆုံး ကမ္ဘာ့တိုက်ခိုက်ရေးပညာ
အမြင့်ဆုံးမင်းသား၁၀ဦးစာရင်းဝင် ဂင်းနစ်စံချိန်
တွေရဲ့ပိုင်ရှင်ဖြစ်လာခဲ့တယ်။

" ဘွဲ့လက်မှတ်မှာ မင်းအောင်မြင်မူ
မင်းဘဝကို တံဆိပ်မကပ်ထားဘူး။
မင်းဘဝကို မင်းကိုယ်တိုင်တံဆိပ်ကပ်
ရမှာ ဘယ်တက္ကသိုလ်ကမှကပ်ပေးလို့
မရဘူး။ "

"လွယ်တဲ့အရာတွေကိုမပျော်နဲ့
အောင်မြင်တဲ့လမ်းတိုင်းက ခက်ခဲမှ
ပိုကြာရှည်ခံတာ "

ဂျက်ကီချမ်း

#ဗန်ဒိန်း

ပန်းစိုက်တဲ့မိသားစုကမွေးခဲ့ပေမယ့်
ပန်းခင်းတွေထဲမှာလူဖြစ်လာတဲ့သူက အသတ်အ
ပုတ်တွေကိုပဲဝါသနာပါခဲ့တယ်။ဖခင်နာတာရှည်
ရောဂါသည်ကြောင့်အိမ်မက်တွေကိုမေ့ထားခဲ့ရ
ပေမယ့်ဘယ်တော့မှမစွန့်လွှတ်ခဲ့ဘူး။တရားမဝင်
လက်ဝှေ့ပွဲတွေထိုးတယ် သူငယ်ချင်းဖြစ်သူအ
လုပ်ရှာပေးမူကြောင့်ရုပ်ရှင်စက်အထမ်းသမား
လုပ်တယ် နောက်ဆုံးအိမ်မက်ကိုဘယ်လိုမှမမေ့
ထားနိုင်တော့လို့ကမ္ဘာ့ကရာတေးပြိုင်ပွဲကိုဝင်ထိုး
ခဲ့တယ်။ "ကရာတေးဆိုတာ ခန္တာကိုယ်ချင်းယှဉ်
ပြိုင်ရတာထက် စိတ်ဓာတ်ချင်းယှဉ်ပြိုင်ရတဲ့ကစား
နည်း"လို့ခံယူထားတဲ့သူက သူ့ထက်နာမည်ပိုကြီး
တဲ့သူကိုထိုးသတ်ပြီးအသက်၂၀နဲ့ကမ္ဘာ့ကရာ
တေးချန်ပီယံဖြစ်လာခဲ့တယ်။ ရုပ်ရှင်သရုပ်ဆောင်
လောကထဲထပ်ဝင်တယ် ၈နှစ်တိတိသူများခိုင်း
ဖက်ဖြစ်ရတာတောင်ဇွဲမလျော့ခဲ့တဲ့ရလာဒ်က
ကမ္ဘာ့တိုက်ခိုက်ရည်အမြင့်ဆုံးမင်းသားအဖြစ်
ဘရုစ်လီပြီးရင်No.2နေရာကိုရခဲ့တယ်။လက်ရှိ
မှာတော့Hollywood ရဲ့အထင်ကရမင်းသားတ
ဦးဖြစ်လာခဲ့တယ်။

"လူအများစုကအချိန်ကြာကြာ
ရုန်းကန်ပြီးလိုချင်သလောက်မရလာရင် ကိုယ့်
အိမ်မက်တွေကိုမုန်းတီးလာတတ်ကြတယ်။မမုန်း
လိုက်ပါနဲ့ သင်ချစ်နေသ၍အောင်မြင်မူဆိုတ
ရောက်ဖို့နီးလာတဲ့အရာတခုပါ။ "

ဗန်ဒိန်း

#Tom_Hanks

ဆင်းရဲသားမိသားစုကမွေးလာခဲ့တဲ့
ခြေထောက်တဖက်အကြောမသန်ခဲ့သူ။ငယ်စဉ်
ထဲကမိတကွဲဖကွဲနဲ့အသက်ကြီးမှရုပ်ရှင်လောက
ထဲကိုဝင်ခဲ့ရသူ။ သူ့မှာထူးခြားရဲ့ရုပ်ရည် ဗလမရှိ
ဘူး။သာမာန်လူလေးက ကမ္ဘာ့ရုပ်ရှင်လောကမှာ
အံ့သြရလောက်တဲ့Forrest Gump , Big ,
Cast Away လိုကားတွေနဲ့စထွက်လာခဲ့တယ်။
သူကမင်းသားပေမယ့် ထူးခြားတယ်။ဖြစ်ရပ်မှန်
ကားတွေပဲရိုက်ခဲ့သလို လေယာဉ် သင်္ဘောတွေ
ကိုကိုယ်တိုင်မောင်းတတ်တဲ့အထိကြိုးစားခဲ့သလို
ကမ္ဘာ့စစ်နယ်ပယ် သင်္ဘောသားတွေ လေယာဉ်
မှူးတွေကပါလေးစားရတဲ့သရုပ်ဆောင်တဦးဖြစ်
လာခဲ့တယ်။သူသာအသက်ကြီးလို့မင်းသားမဖြစ်
နိုင်ဘူး ရုပ်မရှိလို့မင်းသားမဖြစ်နိုင်ဘူး တွေနဲ့သာ
အားငယ်ခဲ့ရင် ကမ္ဘာ့အော်စကာ၂နှစ်ဆက်တိုက်
ရမင်းသား ကမ္ဘာ့အော်စကာဆုဇကာတင်အများ
ဆုံးခံရတဲ့ကားတွေရဲ့မင်းသားHonors
Medallion ဂုဏ်ထူးဆောင်ဆုရမင်းသားတဦး
ဖြစ်လာမှာမဟုတ်ပါဘူး။

"အကြိမ်၁၀၀ကျရှုံးလို့ဘာမှမဖြစ်
ဘူး အကြိမ်ကြိမ်ပြန်ထဖို့ကြောက်နေရင်တော့
ထာဝရရှုံးနိမ့်သွားလိမ့်မယ်။"

Tom Hanks

#Mr_Bean

လယ်သမားမိသားစုကနေမွေးဖွားခဲ့
တဲ့ကလေးတဦး စာတော်တဲ့အကိုအမတွေကြား
ကြောင်တောင်တောင်ကောင်လေးတယောက်
ဘဝကနေ ဖခင်ရဲ့လေးစားမူကိုလိုချင်လို့Oxford
တက္ကသိုလ်ကနေမာစတာဘွဲ့အထိရခဲ့တဲ့ပညာ
တတ်Engineerတဦး။ ဒါပေမယ့်ပညာတတ်
ထက်လူတွေပျော်ဖို့ ဟာသလုပ်ပြရတဲ့သူတ
ယောက်ဖြစ်ချင်ခဲ့တဲ့သူ့အိမ်မက်ကြောင့်ရုပ်ရှင်
လောကထဲကိုဝင်ခဲ့ပြီးယနေ့မှာတကမ္ဘာလုံးသိ
တဲ့Mr.Bean ဖြစ်လာတဲ့Rowan Atkinson။
၂၁ရာစုမှာအတော်ဆုံးဟာသပညာရှင်ဖြစ်လာခဲ့
တယ်။

" ဘယ်မိဘကမွေးလဲ ဘယ်လိုနေခဲ့ရ
လဲ ဘယ်နိုင်ငံကမွေးလဲ ဘယ်တက္ကသိုလ်ကဘွဲ့ရ
လဲ အရေးမကြီးဘူး။ လူတွေအပေါ်ဘယ်လိုအ
ကျိုးပြုခဲ့လဲပဲ အရေးကြီးတယ်။ "

Mr.Bean

#စတားလုံး

ပြည့်တန်ဆာမကမွေးခဲ့တဲ့
ူကလေးတယောက်။

" သားမှတ်ထား သားအမေကမကောင်း
တဲ့မိန်းမဖြစ်လို့သားကမကောင်းတဲ့သားမဖြစ်
ဘူး။ သားဘဝကိုသားကိုယ်တိုင်တည်ဆောက်
ရမယ်။ "

ဆိုတဲ့မိခင်ကောင်းကြောင့်စားရမဲ့
သောက်ရမဲ့ဘဝကနေ စားပွဲထိုး အထမ်းသမား
တိရစ္ဆာန်ရုံကမြင်းချေးကျုံးသမားလုပ်ရင်းဘဝကို
အရှုံးမပေးခဲ့ဘူး။ မွေးရာပါပါးရွဲ့စကားမပီလို့ဘယ်
ဒါရိုက်တာကမှမင်းသားမတင်ပေး သူရေးတဲ့စာမူ
ကိုအကြိမ်၁၅၀၀အထိအငြင်းခံရတာတောင်
လက်မလျှော့ခဲ့ဘူး။ ဒီရလာဒ်က Rocky လို
ရမ်ဘိုလို ကမ္ဘာ့ရုပ်ရှင်လောကရဲ့အထင်ကရကား
တွေရဲ့မင်းသားဖြစ်လာခဲ့ပါတယ်။ သူပညာတတ်
ဘွဲ့ရမဟုတ်ဘူး ဒါပေမယ့်ကမ္ဘာ့တက္ကသိုလ်တွေ
ကပါလူငယ်တွေကိုစံထားဖို့ ပြဋ္ဌာန်းကြတဲ့လူသား
တဦးဖြစ်လာခဲ့တယ်။

"ငွေရဖို့ ရုပ်ရှင်မရိုက်ပါနဲ့ ငွေရဖို့သရုပ်
ဆောင်မဖြစ်ချင်ပါနဲ့ အနုပညာဆိုတာငွေထက်
တန်ဖိုးရှိတဲ့အရာများစွာကို ပေးနိုင်လို့ပါ။ "

စတားလုံး

#Nixau_Toma

မြို့ဆိုတာကို ကားဆိုတာကို ရုပ်ရှင်ဆို
တာကိုဘာမှမသိတဲ့တောထဲမှာအမဲလိုက်ဖို့ပဲသိ
တဲ့လူရိုင်းလေးတယောက် အရေအတွက်၂၀ထိ
မမှတ်နိုင်တဲ့ဦးနှောက်နဲ့လူရိုင်းတယောက်က
ကမ္ဘာ့ရုပ်ရှင်လောကထဲမှာ ဂင်းနစ်စံချိန်ပါတင်
ခဲ့တဲ့အထိအောင်မြင်ခဲ့တယ်။သူလိုချင်တာဆိတ်
၇ကောင်ပဲ ဒါပေမယ့် ဒေါ်လာသန်း၇၀ကျော်အ
ထိရခဲ့တယ်။ဒါပေမယ့်သူမယူပဲ ကမ္ဘာ့မတိုးတက်
သေးတဲ့ဒုက္ခများစွာရောက်နေတဲ့သူ့လိုဘဝတူ
လူမည်းတွေကိုလှူပြီး အောင်မြင်မူ နာမည်ကြီးမူ
တွေကိုထားခဲ့ပြီး သူ့မိသားစုရှိတဲ့တောထဲကိုပဲ
ပြန်သွားခဲ့တယ်။

အာဖရိကမောစ့်

#စတီဗင်ချောင်

ဆင်းရဲလွန်းလို့အမတွေနဲ့အတူပျံကျ
ဈေးထဲလက်ညည်းညှပ်လိုက်ရောင်းခဲ့ရတဲ့က
လေးတယောက်။ အထက်တန်းအောင်ပြီးပညာ
ဆက်သင်ချင်ပေမယ့်မိသားစုအဆင်မပြေလို့
စားပွဲထိုး အလုပ်ကြမ်းသမား လုပ်ခဲ့ရသူ။ရုပ်ရှင်
မင်းသားဖြစ်ချင်လွန်းလို့ သူများခိုင်းတာအကုန်
လုပ်ပြီးကို ရုပ်ရှင်လောကထဲတိုးဝင်ခဲ့သူ။ဒါတွေ
ကယနေ့အချိန်မှာတော့အာရှတင်မကပဲ ကမ္ဘာ့
ရုပ်ရှင်လောကထဲ ဟာသလမ်းသစ်တခုကိုဖောက်
ပြီး ထုတ်လုပ်သူ စာရေးဆရာ မင်းသား အစိုးရ
အကြံပေးပုဂ္ဂိုလ်အဖြစ် ဒေါ်လာသန်းရာချီပိုင်ဆိုင်
နိုင်ခဲ့တဲ့သူတယောက်ဖြစ်လာခဲ့ပါတယ်။

"မိသားစု = ကမ္ဘာပေါ်မှာအတိုဆုံးနဲ့
အဓိပ္ပာယ်အရှိဆုံးကဗျာတပုဒ်

စတီဗင်ချောင်

#ဂျက်လီ

ကျူးကျော်ရပ်ကွက်ကလူဖြစ်လာတဲ့
ကလေးတယောက်က မုဆိုးမမိခင်ကိုလုပ်ကျွေး
ရင်းဘဝကိုစတင်ခဲ့ရသူ။ ကျောင်းတက်ချင်လွန်း
လို့ပူဆာတာတောင်မိခင်ကမထားနိုင်ခဲ့လို့ဘုန်း
ုကြီးကျောင်းမှာစာသင်ခိုင်းရင်း ရုပ်ရှင်လောက
ထဲကိုသုညကနေစဝင်ခဲ့ရတဲ့ လက်ရှိကမ္ဘာ့အ
အောင်မြင်မြင်ဆုံးမင်းသားတွေထဲကတဦးဖြစ်လာ
ခဲ့ပါတယ်၊

"အထီးကျန်တာပြသနာမဟုတ်ဘူး
အထီးကျန်တာကို အကြောင်းပြပြဘာမှမလုပ်ချင်
ရင်တော့ မင်းအကျည်းတန်သွားလိမ့်မယ်။"

ဂျက်လီ

#အင်ဂျလီနာဂျိုလီ

ဖခင်စွန့်ပစ်လိုက်လို့ မိခင်နဲ့အတူပေ၂၀
ကျယ်တိုက်ခန်းအစုတ်လေးမှာနေခဲ့ရတဲ့က
လေးတယောက်က ရုပ်ရှင်မင်းသမီးဖြစ်ချင်လွန်း
လို့ရုပ်ရှင်လောကထဲကိုသုညကနေတိုးခဲ့ရသူ။
ကျရာအလုပ်လုပ်ရတယ် modelလုပ်တယ်
အပြာကားမင်းသမီးသာသာသရုပ်ဆောင်လဲလုပ်
ခဲ့ရတယ် ကိုယ့်ကိုယ်ကိုယ်အကြိမ်ကြိမ်သေ
ကြောင်းကြံခဲ့တဲ့အထိဘဝဆိုးခဲ့တယ် အချစ်ရေး
မှာလဲလူယုတ်မာလူလိမ်ယောကျာ်းတွေကိုယုံစား
မိလို့ကြေကွဲခဲ့ရတယ်။ရင်သားကင်ဆာပါဖြစ်လို့
ပိုကြေကွဲခဲ့ရတယ်။ဒါပေမယ့်ဒီဒဏ်တွေကနေ
ရုန်းကန်ရင်း ကမ္ဘာ့No.1မင်းသမီးဖြစ်လာခဲ့
တယ်။ ပရဟိတအဖွဲ့၅၁ဖွဲ့ကိုဦးဆောင်သူအထိ
ဖြစ်ခဲ့သလို Unicefရဲ့သံတမန် ဂုဏ်ထူးဆောင်
စံပြအမျိုးသမီးတဦးဖြစ်လာခဲ့ပါတယ်ယ

"ဝမ်းနည်းစရာတိုင်းကနောက်ကိ
မရောက်ပါဘူး ဝမ်းနည်းစရာတွေကို ခံစားနေမှ
သာ နောက်ကျကျန်ခဲ့မှာပါ။ "

ဂျိုလီ

#မိုက်ကယ်ဂျက်ဆင်

လူမည်းတွေအနှိမ်ခံရတဲ့လူမူနယ်ပယ်
မှာသူက လူမည်းတွေကိုကမ္ဘာကအထင်မသေး
နိုင်အောင်လုပ်ပြခဲ့သူ။တကိုယ်လုံးအရေပြားလဲ
တယ်တို့ ကလေးတွေကိမုဒိန်းကျင့်တယ်တို့
များစွာသောသတင်းတွေကိုကျတော်တို့ငယ်ဘ
ဝဂျင်းထည့်ခံခဲ့ရ သမိုင်းလိမ်ခံခဲ့ရတဲ့King Of
Pop မိုက်ကယ်ဂျက်ဆင်အကြောင်းကတော့စာ
အုပ်ထဲမှာပိုစုံအောင်ပါပါလိမ့်မယ်။သူ့အကြောင်း
ကိုရေးရာမှာဘယ်တဦးတယောက်ရေးသားခဲ့မူ
ကိုမှစော်ကားခြင်းမဟုတ်ပဲ ကျတော်တို့အပါအ
ဝင်ကမ္ဘာ့သတင်းအများစု လူမည်းတွေအပေါ်အ
မေရိကန်mushကသတင်းလိမ်ခဲ့မူတွေကိုမခံမ
ရပ်နိုင်လို့သာမိုက်ကယ်ရဲ့အရေပြားပြသနာရော
ဂါအကြောင်းကိုပါဆေးပညာဖက်ကဆရာတွေ
ပြောပြမူနဲ့ထည့်သွင်းထားပါတယ်။

"ဂီတက ယဉ်ကျေးမူတခုပါ
ဂီတက လူသားတွေရဲ့နေ့စဉ်ဘဝပါ
ဂီတက ငြိမ်းချမ်းရေးစကားတခွန်းပါ "

မိုက်ကယ်ဂျက်ဆင်

#Marilyn_Manson

အမေကတောင်သတ်ပစ်ဖို့အထိ
လုပ်ခဲ့တဲ့ကလေးတယောက် ဒါပေမယ့်မိခင်တွေ
ရဲ့သားသမီးအပေါ်မေတ္တာကြောင့်မသတ်ပစ်ခဲ့လို့
လူဖြစ်လာသူ။ သူကဂီတနဲ့ နိုင်ငံရေး ဘာသာ
ရေး လူမျိုးရေး လိင်အကြမ်းဖက်မူ လူသားချင်း
မစာနာမူ ဥပဒေတွေသောက်တလွဲဖြစ်နေမူကိ
ထောက်ပြဖို့ တော်လှန်ဖို့လူဖြစ်လာခဲ့သူဆိုမမှား
ဘူး။ Manson ဆိုပြီး အမေရိကန်ရဲ့မဟာတံ
တိုင်းကြီးလို့တောင်တင်စားခံရဖို့ဖြစ်လာခဲ့တဲ့သူ့ 
ရဲ့ဘဝဖြတ်သန်းခဲ့မူကတော့ ရင်နင့်စရာတွေ
ချည်းပါပဲ။

"ကျွန်တော် ဘာသာရေးခေါင်းဆောင်
နိုင်ငံတော်သမ္မတ မဟုတ်ဘူး။ ကျွန်တော့်မှာ
ပြောပိုင်ခွင့်လဲမရှိဘူး ။ ဒါပေမယ့် ကျွန်တော့်ဂီတ
နဲ့ကျွန်တော်ပြောချင်သလိုပြောပိုင်ခွင့်တော့ရှိ
တယ်။ "

Manson

#Kurt_Cobain

လူဖြစ်လာဖို့တောင်မသင့်တဲ့အ
ထိငယ်ဘဝကကြမ်းခဲ့တယ် လမ်းကြိုလမ်းကြား
ထဲကြီးပြင်းခဲ့ရတယ် မူးယစ်ဆေးအရက်တွေနဲ့
ကလေးဘဝထဲကအချိန်ကုန်ခဲ့ရာက ဂီတလော
ကထဲကိုသုညကနေဝင်ခဲ့တယ်။ သူ့ဂီတက
ကြောက်စရာကောင်းလောက်တဲ့အထိခေတ်ပြိုင်
ဂီတသမားတွေကိုဖုံးစေခဲ့တယ် နေရာတိုင်းသူ့အ
သံသူ့ပုံဖြစ်စေခဲ့တယ်။ နောက်ဆုံးတော့အသက်
ငယ်ငယ်နဲ့အောင်မြင်မူဒဏ်ကိုမခံနိုင်တဲ့အဆုံး
သတ်သေသွားခဲ့တယ်။ သူသေသွားခဲ့ပေမယ့်
သူ့ဂီတနဲ့သူလုပ်ပြခဲ့တဲ့စံချိန်များစွာကတော့ယနေ့
ထိလူငယ်လူကြီးကြား အရောင်တက်နေဆဲပါ။

#Adele

သုညကနေ တန်ဖိုးတလုံးချင်းတက်
လာအောင်ကြိုးစားရင်းကမ္ဘာကျော်လာခဲ့တဲ့သူမ။
အဖော်အချွတ် ခန္တာကိုယ်အလှအပထက် အသံ
တခုထဲကိုပြသပြီးကမ္ဘာကျော်ခဲ့ပေမယ့် သူမဘယ်
ဖြတ်သန်းခဲ့ရတဲ့ ဘဝရုန်းကန်မူ နာကျည်းစရာ
ပေးဆပ်ခဲ့မူများစွာရင်းခဲ့ရသူပါ။

#Eminem

ပန်းနာရင်ကြပ်သည်မိခင်ကမွေးဖွားခဲ့
တဲ့ဆင်းရဲသားမိသားစုကကလေးတယောက်။
ဖခင်ဖြစ်သူကမယားငယ်ထား မိခင်ဖြစ်သူကလဲ
မွေးစားဖို့သူများထံအကြိမ်ကြိမ်အပေးခံခဲ့ရတဲ့က
လေးတယောက်။ တံတားအောက်မှာအိမ် လမ်း
မပေါ်မှာကြီးပြင်းရင်း ၈တန်း၃ခါကျခဲ့သူ။ကလေး
ဘဝထဲကဆေးချ အရက်သောက်ရင်းအပေအ
တေဘဝမှာ လူမည်းRapperတွေကြားဂီတကို
သင်ယူရင်းလမ်းမပေါ်ကRap Battleတွေမှာ
ကြီးပြင်းခဲ့ရသူ။ မိန်းမကသစ္စာဖောက်တယ်
အချစ်ဆုံးသူငယ်ချင်းကသေတယ် ဆေးသမား
ဖြစ်တယ် သတ်သေဖို့အထိလုပ်ခဲ့တယ်။ဒါပေမယ့်
ယနေ့အချိန်မှာ Eminemဆိုတဲ့ Grammy
၁၅ဆုရထားတဲ့၂၁ရာစုအချမ်းသာဆုံးဂီတသမား
၁၀ဦးစာရင်းဝင်သူဟာ ကမ္ဘာကျော်အနုပညာရှင်
တဦးဖြစ်နေခဲ့ပါပြီ။

ဒါကတော့ဒီစာအုပ်ထဲကအနုပညာရှင်
များစွာထဲက လူအနည်းအကျဉ်းရဲ့ဘဝအတိုအစ
လေးတွေပါ။စာအုပ်ထဲမှာရုပ်ရှင်ဖက်ကလူတွေ
ဂီတဖက်ကလူတွေအားလုံးစုစုပေါင်း၅၀ကျော်နီး
ပါးလောက်ပါပါတယ်။ သူတို့အားလုံးဟာစာအုပ်
ခေါင်းစဉ်အတိုင်း ဘာမှမရှိတဲ့သုညဘဝကနေ
ယနေ့လူအများသိတဲ့ကမ္ဘာကျော်အနုပညာရှင်
တွေဖြစ်လာကြသူတွေထဲကကိုရွေးချယ်ခဲ့တာပါ။

ကျွန်တော်စာရေးဆရာမဟုတ်ပါဘူး စာပေအရေး
အသားလဲစရိုက်ဆန်ချင်ဆန်ပါလိမ့်မယ်။စာပေပ
ညာရှင်ဆိုတာအရမ်းပါရမီထူးကြသူတွေပါ။ကိုယ့်
ဆီကဦးနှောက်ကိုလူအများကြီးထံပြန်မျှဝေကြ
သူတွေကစာရေးဆရာတွေပါ။ လိုအပ်ချက်တွေ
မသေမသပ်မူတွေနဲ့ကျွန်တော်ဥာဏ်မှီသလောက်
ကြိုးစားထားရုံပါ။ ကျွန်တော်တို့လူငယ်တွေကြား
Education regionနိမ့်လာတာနဲ့အမျှစာအုပ်
စာပေတွေထက်fb music movie series
တွေကိုသာပိုစိတ်ဝင်စားလာကြတယ်။

အများစု
ကကိုယ့်အိမ်မက်ကဘာလဲဘာဖြစ်ချင်လဲ ငါအခု
ဘယ်လိုနယ်ပယ်ကိုတိုးပြီးဘယ်လိုကြိုးစားရမယ်
ဆိုတဲ့ life planတွေမရှိကြမထားကြပဲရေလိုက်
ငါးလိုက်နဲ့ Uni တွေမှာအချိန်ကုန်ခံတက်နေရ
တယ်။Enginnerဖြစ်ချင်လို့TUတက်တာမဟုတ်
ပဲဂုဏ်ရှိချင်လို့တက်ကြ ဆရာဝန်ဖြစ်ချင်လို့ဆေး
ကျောင်းတက်နေတာမဟုတ်ပဲအိမ်ကမိဘတက်
ခိုင်းလို့ကိုယ်ကလဲလူထင်ကြီးခံချင်လို့တက်နေ
ကြတာတွေများလာတယ်။တချို့ကလဲငါလုပ်တာ
ကဖြစ်ပါ့မလား လူအမြင်မှာမတင့်တယ်ဘူး ငါ
လုပ်ရင်လဲခက်ခဲမှာပါမဖြစ်နိုင်ဘူး စသဖြင့်မစခင်
ထဲကစိတ်ဓာတ်ကျပြီးလက်လျှော့လိုက်ကြတယ်။
ကိုယ်ကလုပ်ချင်တာမလုပ်ရလို့ လုပ်သင့်တာကို
လုပ်နေရရင်တောင်ရေလိုက်ငါးလိုက်နဲ့အချိန်ကုန်
ခံနေကြတယ်။

ဒါကကျွန်တော်ကိုယ်တိုင်လဲဒီလို
နေခဲ့အချိန်နှစ်ချီကုန်ခဲ့ ပညာရေးလဲဟိုလိုလိုဒီလို
လို ကိုယ်ဝါသနာပါတာကျလဲဟိုလိုလိုဒီလိုလိုနဲ့
ဘယ်နေရာမှမထူးချွန်မလုပ်နိုင်ပဲသူများဘာလုပ်
လဲသူများဘာမှားလဲပဲလိုက်ကြည့်လိုက်ဟား
လိုက်ခွီးရင်းကိုယ့်အချိန်တွေကိုကုန်ပစ်ခဲ့လို့လူ
ငယ်ချင်းသိတဲ့အရာတွေလို့ပဲပြောရမယ်။ဒီစာအုပ်
ကသူတို့ဘာအောင်မြင်လဲဘာဆုတွေရလဲကိုရွေး
ဖတ်ဖို့မဟုတ်ပါဘူး။သူတို့အနုပညာ သူတို့ဂီတ
ဘယ်လောက်ကောင်းကောင်း ကျွန်တော်တို့လူ
ငယ်တွေကိုယ်ပိုင်ဘဝနဲ့မဆိုင်ဘူး။ဒါပေမယ့်သူ
တို့ဘယ်လိုကြိုးစားရုန်းကန်ခဲ့ရလဲ သူတို့ဘဝမှာ
ကြုံခဲ့ရတဲ့ဒုက္ခတွေကကိုယ်လက်ရှိကြုံနေရတဲ့အ
ရာတွေဆိုဘယ်လိုဖြေရှင်းမလဲဆိုပြီးကိုယ့်ကိုယ်
ကိုယ်ပြန်သုံးသပ်စေချင်လို့ရေးသားထုတ်ဝေခဲ့မူ
ပါ။

စာအုပ်တွေဘယ်လောက်ဖတ်ဖတ်မချမ်းသာ
မအောင်မြင်နိုင်ပါဘူး။ကိုယ်ဖတ်တဲ့စာထဲကဘယ်
လောက်ကျင့်သုံးလိုက်နာနိုင်လဲနဲ့ပဲဆိုင်တာပါ။
ဒီစာအုပ်ဖတ်ပြီးကမ္ဘာကျော်မယ်ထင်နေရင်တော့
အမှားပေါ့။ကမ္ဘာ့အကောင်းဆုံးစာအုပ်တွေဖတ်
လဲကိုယ့်ကိုယ်ကိုယ်ပြန်မသုံးသပ်ရင်ဘာမှမဖြစ်
နိုင်ဘူး။ဒီစာအုပ်ကပေးချင်တဲ့messageကလဲ
ဒီသဘောပါပဲ။အပျင်းပြေဖတ်ဖို့ဝယ်ဝယ် ကိုယ်
ကြ်ုက်တဲ့အနုပညာရှင်ပါလို့ဖတ်ဖို့ဝယ်ဝယ် ဖတ်
ပြီးအသိ ရသ သုတတခုခုရတယ်ဆိုရင်ပဲတန်လှ
ပါပြီ။ ဒါကြောင့်ဒီစာအုပ်ကို၄၅၀၀တောင်ပေးဝယ်
ဖတ်မယ့်အကိုအမ သူငယ်ချင်းတွေအတွက်ဒီစာ
အုပ်ရဲ့အမြည်းကိုခုလိုပြန်ဖော်ပြပေးတာပါခင်ဗျ။
ဝယ်ဝယ်မဝယ်ဝယ် အမြည်းဖတ်ပေးတဲ့အကိုအမ
သူငယ်ချင်း ဆရာတွေအားလုံးကိုအထူးကျေးဇူ
တင်ပါတယ်ဗျာ။

Credit...ထက်ဝန
မေတ္တာဖြင့်....MYO MIN OO
ကနက်သီရိ

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။