Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, January 18, 2018

စိန်ခေါ်လိုက်ပါ…ကိုယ့်ကိုယ်ကို

စိန်ခေါ်လိုက်ပါ…ကိုယ့်ကိုယ်ကို
ကမ္ဘာပေါ်မှာ အလဟာသ အဖြစ်ဆုံးက ဘယ်အရာလို့ ထင်ပါသလဲ ရှင်။ အများစုကတော့ အချိန်…လျှပ်စစ်မီး၊ ရေ…၊ ရေနံသဘာဝဓါတ်ငွေ့လို့ ဖြေဆိုကြတာ တွေ့ရပါတယ်။ ဒါပေမဲ့ အနောက်နိုင်ငံက သုတေသီတွေကတော့ နေ့စဉ်နဲ့အမျှ အလဟာသ ဆုံးရှုံးကုန်တာက လူ့စွမ်းရည်တွေလို့ ဆိုပါတယ်။ လူအများစုအနေနဲ့ ကိုယ့်တကယ်လုပ်ဆောင်နိုင်တဲ့ စွမ်းရည်ရဲ့ ၁၀% ကိုပဲ ကောင်းကောင်းအသုံးချကြတယ်လို့ ဆိုပါတယ်။


ဒါ့အပြင် လူအချို့ကတော့ အခက်အခဲတွေကိုပဲ တွေးနေ အာရုံစိုက်နေတဲ့အတွက် ဘဝရဲ့ရည်မှန်းချက်တွေကို မဖော်ဆောင်နိုင်တော့ဘဲ ပြဿနာတွေကိုရှင်းနေရင်းနဲ့ပဲ နေ့စဉ်ဖြတ်သန်းနေတာကိုလည်း တွေ့မြင်ရတယ်လို့ဆိုပါတယ်။ အဲလိုလူတွေကတော့ အပြုသဘောဆောင်တဲ့ အတွေးအခေါ်နည်းပါးပြီး အဆိုးမြင်တဲ့ တိုက်ခိုက်ရန်လိုသူတွေ ဖြစ်လေ့ရှိတာကိုလည်း တွေ့ရတယ်လို့ဆိုပါတယ်။
ဒီကနေ့ရဲ့ လူအနည်းစုကပဲ ကိုယ်တကယ်လုပ်ဆောင်နိုင်တဲ့ စွမ်းရည်ရဲ့ ၂၅% ကို အသုံးပြုကြတယ်။ အဲဒီလူတွေကတော့ လက်ရှိနယ်ပယ်အသီးသီး လုပ်ငန်းစွမ်းဆောင်ရည်မြင့်သူများအနေနဲ့ အောင်မြင်မှုတွေ ရရှိနေတယ်လို့လည်း သုတေသီတွေက သုံးသပ်ခဲ့ပါတယ်။ လူတွေရဲ့ စွမ်းရည်နဲ့ပတ်သက်ပြီး ထွက်ပေါ်လာတဲ့ သုတေသီတွေရဲ့ ရလဒ်တွေပေါ်ကို ကိုးကားပြီးတော့ John C. Maxwell က Think on these thing ဆိုပြီး စာအုပ်ထုတ် ရေးသားခဲ့ပါတယ်။
ဒီကနေ့ လူအများစုအနေနဲ့ အလုပ်လုပ်ကိုင်ရာမှာပဲဖြစ်ဖြစ် အခြားသူတွေကို ကူညီပေးရာမှာပဲဖြစ်ဖြစ် ပြီးမြောက်အောင်မြင်အောင် မလုပ်နိုင်ကြတာ တွေ့ရပါတယ်။ အလုပ်ကို ပြီးမြောက်အောင်မြင်အောင် မဆောင်ရွက်နိုင်တာက အရည်အချင်းမရှိလို့ မဟုတ်ပါဘူး။ တကယ့်ကို ပြီးမြောက်အောင် မလုပ်တာကို တွေ့ရတယ်လို့ John C. Maxwell က Think on these thing စာအုပ်ထဲမှာ ရေးသားထားတယ်။
ကျွန်မအနေနဲ့ရော ကိုယ့်မှာရှိတဲ့ စွမ်းရည်ကို ၁၀% လောက်ပဲ အသုံးပြုမိနေသလား ? ဆိုတာ စဉ်းစားစရာ ဖြစ်လာပါတယ်။ ကျွန်မတို့ရဲ့ နေ့စဉ်လုပ်ဆောင်ချက်တွေအပေါ် ပြန်သုံးသပ်ကြည့်ရင် ကိုယ့်စွမ်းရည်ရဲ့ ဘယ်လောက်ကိုပဲ သုံးနေသလဲဆိုတာ ကိုယ့်ကိုယ်ကို တွေ့နိုင်မယ်လို့ ယူဆပါတယ်။
နေ့စဉ်ဘ၀တွေမှာ ကျွန်မတို့ရဲ့အတွေးအခေါ်တွေကပဲ ကျွန်မတို့ရဲ့လုပ်ရပ်တွေကို ဦးဆောင်သွားကြတာပါ။  ဒီကနေ့အဖို့ ပြဿနာနေ့လို့ တွေးလိုက်တာနဲ့ အရာရာတိုင်းဟာ ပြဿနာဖြစ်သွားတတ်တာမျိုး ရှိသလို၊ ဒီအလုပ်ကို ငါ မလုပ်နိုင်ပါဘူးလို့ တွေးလိုက်တာနဲ့ အဲဒီအလုပ်မှာ အခက်အခဲတွေနဲ့ တွေ့ပြီး တကယ့်ကို မလုပ်နိုင်တာမျိုးတွေ တွေ့လာရတယ်။
အဲတော့ ကျွန်မတို့က နေ့တစ်နေ့ရဲ့အစပိုင်းမှာ ဒီအလုပ်တွေကို…  ငါလုပ်နိုင်တယ်။ ဒီနေရာကို ငါဖြစ်နိုင်တယ်ဆိုပြီး ကိုယ့်ကိုယ်ကို ယုံကြည်ထားဖို့ အပ်တာ တွေ့ရပါတယ်။ ပြီးတော့ ပြဿနာအခက်အခဲကြုံခဲ့ရင်လည်း ဒီအခက်အခဲကို ငါကျော်ဖြတ်ရင်တော့ ငါ့ရဲ့စွမ်းရည်တိုးသွားပြီလို့ တွေးခဲ့ရင် အရာရာတိုင်းကို ကျွန်မတို့ လုပ်ဆောင်လာနိုင်ပြီး အခက်အခဲဆိုတာ စွမ်းရည်မြှင့်စက်လို့  သဘောထားလိုက်ရင် …ကိုယ့်မှာရှိတဲ့ စွမ်းရည်တွေကို ကိုယ်ကိုယ်တိုင် သိမြင်လာနိုင်သလို၊ စွမ်းရည်တွေကိုလည်း နေ့စဉ်မြှင့်တင်နိုင်မယ်လို့လည်း တွေးမိပါသေးတယ်။
ဒါ့အပြင် (ကိုယ့်ကိုယ်ကို ယုံကြည်သူတစ်ဦးအဖို့ အခြားသူများကိုလည်း ယုံကြည်တတ်တာ တွေ့ရပါတယ်) ကိုယ့်ရဲ့ စွမ်းရည်ကို ဖွံ့ဖြိုးတိုးတက်စေနိုင်သလို၊ ကိုယ့်ပတ်ဝန်းကျင်က လူတွေရဲ့ စွမ်းရည်တွေကိုလည်း အားပေးမြှင့်တင်လာနိုင်မယ်လို့ နားလည်လိုက်ပါသေးတယ်။ တစ်ဆက်တည်းစဉ်းစားမိတာကတော့ ကျွန်မတို့သာ…ဒါမှမဟုတ် လူအများစုသာ ကိုယ့်စွမ်းရည်ထက် ၁၀% ထက်ပိုသော ၂၅% ထိ တိုးမြှင့်အသုံးပြုတယ်ဆိုရင် ကျွန်မတို့တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်နှုန်းဟာ ဘယ်လို ဖြစ်လာနိုင်သလဲ?
လူတိုင်းဟာ……ကိုယ့်စွမ်းရည်ကို အပြည့်အဝမဟုတ်တောင်မှ ခုထက်ပိုပြီး အသုံးချနိုင်မယ်ဆိုရင်….အရာရာ ပြောင်းလဲတိုးတက်သွားမှာတော့ အမှန်ပါပဲ။ ဘာလိုပဲပြောပြောပါ…ကျွန်မအနေနဲ့ကတော့ ကိုယ့်စွမ်းဆောင်နိုင်မှုစွမ်းရည်ကို စမ်းသပ်လိုပါတယ်။ ပြီးတော့ စိန်ခေါ်လိုပါတယ်။
မေသင်္ကြန်ဟိန်(မြစ်မခ)
www.akhayar.com

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။