Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, January 23, 2018

ဖရန့်ရီဘာရီရဲ့ ဘဝဇာတ်ကြောင်း

 
 
ဖရန့်ရီဘာရီရဲ့ ဘဝဇာတ်ကြောင်း

“ဒီ ဒဏ်ရာက ကျွန်တော့် အတွက် စိတ်ဓါတ် ခွန်အားတွေ ပေးစွမ်း နိုင်ခဲ့ပါတယ်” လို့ ဆိုလာသူက ဘိုင်ယန် မြုးနစ် အသင်းရဲ့ တောင်ပံ ကစားသမားကြီး ဖရန့်ရစ်ဘာရီ ဖြစ်ပါတယ် ။ အသက် ၃၄ နှစ် ရှိပြီဖြစ် တဲ့ ရီဘာရီဟာ ငယ်စဉ်က မိဘတွေရဲ့ စွန့်ပစ် ခံခဲ့ရသူ ဖြစ်ပြီး သူ့ရဲ့ မွေးမိခင်၊ ဖခင်ကို သူမသိရှိခဲ့ရပါဘူး။ ဒါ့အပြင် အသက် ၂ နှစ် အရွယ်မှာ မတော်တဆ မှုကြောင့် ရရှိခဲ့တဲ့ မျက်နှာက အမာရွတ်ဒဏ်ရာဟာ သေရာပါခဲ့ပြီး သူ့ရဲ့ပုံပန်းသဏ္ဍာန်ကိုဆိုးရွား စေခဲ့ပါတယ်။ ဒါပေမဲ့ ကြမ်းတမ်းလှတဲ့ လောကဓံတွေကို ရဲရဲဝံ့ဝံ့ရင်ဆိုင်ကျော်ဖြတ်ခဲ့ပြီး ရီဘာရီဟာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားတွေထဲက တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ အခုအချိန်မှာတော့ ရီဘာရီဟာ ချန်ပီယံလိဂ်ချန်ပီယံ၊ ဘွန်ဒစ်လီဂါချန်ပီယံဆုတွေကို ရယူနိုင်ခဲ့ရုံသာမက UEFA Player of the Year ဆုကိုလည်း ရရှိနိုင်ခဲ့ပါတယ်

ဖရန့်ဟင်နရီပီယာရီဘာရီကို ၁၉၈၃ ခုနှစ် ဧပြီလ ၇ ရက်နေ့မှာ မွေးဖွားခဲ့တယ်လို့ သိရပါတယ် ။ ဒါပေမဲ့ ရီဘာရီ ဟာ မွေး မိဘတွေရဲ့ စွန့်ပစ်မှုကိုခံခဲ့ရပြီး ဘုန်းတော်ကြီး ကျောင်းတံခါးရှေ့မှာ တွေ့ခဲ့ရတဲ့သူ့ကိုလက်ရှိ မိဘ ၂ ပါးက မွေးစားခဲ့ပါတယ် ။

အသက် ၂ နှစ် အရွယ်မှာ ရီဘာရီဟာ လော်ရီကားနဲ့ တိုက်မိခဲ့မှုကြောင့် မျက်နှာမှာ အချက်ပေါင်း ၁၀၀ ကျော်ချုပ်ခဲ့ရပြီး သေရာပါအမာရွတ်ကြီး ဖြစ်ခဲ့ကာ မျက်နှာပျက်စီးခဲ့ရပါတယ် ။

“ဒီအမာရွတ်ကပဲ ကျွန်တော့ကို စိတ်ဓါတ် ခွန်အားတွေ ပေးခဲ့တာပါ ။ ကလေး ဘဝကတည်းက ဒီလို အမာရွတ်ကြီးနဲ့ ရှင်သန်နေထိုင်ရတယ် ဆိုတာ တကယ့်ကို မလွယ်ကူတဲ့ ကိစ္စတစ်ခုပါ။ လူတွေ ကျွန်တော့် ကိုမြင် တဲ့ အမြင်တွေ၊ ပြောတဲ့စကားတွေက ဒီအမာရွတ်အကြောင်းချည်းပါပဲ။ ကျွန်တော့်ရဲ့ မိသားစုဝင်တွေက ဒီကိစ္စ နဲ့ ပတ်သက်ပြီးအရမ်းခံစားခဲ့ရတာပါ” လို့ ရီဘာရီက ပြန်ပြောင်း ပြောပြခဲ့ပါတယ် ။

“ကျွန်တော့်ကို မြင်တိုင်း လူတွေ ပထမဆုံး ပြောကြတာက ဘောလုံးအကြောင်း၊ ဖရန့်ဆိုတဲ့အမည် အကြောင်း၊ ကျွန်တော်က လူကောင်းတစ်ယောက် ဖြစ်ကြောင်းတွေ တစ်ခုမှ မဟုတ်ခဲ့ပါဘူး။ ‘သူ့ မျက်နှာကိုကြည့်လိုက်စမ်း၊ ဒါအမာရွတ်ကြီး မဟုတ်လား ။ အရမ်းအရုပ်ဆိုးတယ်နော်’ ဒါတွေပါပဲ။ ဘယ်နေရာကိုပဲ သွားသွားအားလုံးက တစ်ပုံစံတည်းပြောဆိုတာကို ခံခဲ့ရတာပါ”

“အခြားကလေးတွေနဲ့ တွေ့တဲ့အခါတွေမှာ ပိုလို့တောင်ဆိုးပါသေးတယ်။ ဒီအမာရွတ်ဟာ သူတို့အဖို့ ကျွန်တော့ကို ထိုးနှက်လို့ရတဲ့ လက်နက်တစ်ခု လိုပါပဲ” လို့ ရီဘာရီကဆိုသွားခဲ့ပါတယ်။

ဒါပေမဲ့ ရီဘာရီဟာ ဘဝရဲ့ဆိုးရွားတဲ့ကြမ္မာကို ကြံ့ကြံ့ခံရင်ဆိုင်ခဲ့ပြီး စိတ်ဓါတ်ခွန်အားတွေမွေးမြူခဲ့ပုံ ကို ပြန်ပြောင်း ပြောပြသွားခဲ့ ပါတယ် ။

“ကျွန်တော် ဘယ်တုန်းကမှ အခန်းထောင့်ကို သွားပြီးငိုကြွေးခဲ့တာမျိုး မရှိပါဘူး။ သူတို့တွေရဲ့ စကားတွေက ကျွန်တော့ကို နာကျင်စေခဲ့ပေမဲ့ ဒါတွေကပဲ ကျွန်တော့်ရဲ့ စိတ်ကိုတွန်းအားပေးခဲ့တာပါ” လို့ ရီဘာရီက ပြောဆို သွားခဲ့ ပါတယ် ။

ရီဘာရီဟာ ၂၀၁၂-၁၃ ဘောလုံးရာသီမှာ ခြေစွမ်းကောင်းတွေ တောက်လျှောက် ပြသခဲ့ပြီး ချန်ပီယံလိဂ် ဖလားအပါအဝင် ပြည်တွင်းအမှတ်ပေးဖလားနဲ့ ရှုံးထွက်ဖလားတွေကို ရယူနိုင်ခဲ့ ပါတယ်။ UEFA ရဲ့ တနှစ်တာ အကောင်းဆုံး ကစားသမား ဆုကို ရရှိခဲ့ပေမဲ့ ဘောလုံး လောကရဲ့ သြဇာကြီးမားတဲ့ ရွှေဘောလုံးဆု ( Ballon D’or ) ဆုကိုတော့ ပေါ်တူဂီနဲ့ရီးရဲမက်ဒရစ် တိုက်စစ်မှုး ရိုနယ်လ်ဒို ထံ လက်လွှတ်ခဲ့ရပါတယ် ။

အဆိုပါဖြစ်ရပ်နဲ့ ပတ်သက်ပြီး သူရသင့်တဲ့ ရွှေဘောလုံး ဆုဟာ ခိုးယူခံခဲ့ရတယ်လို့ ယုံကြည် မိကြောင်းနဲ့ သူ့ရဲ့မိခင် နိုင်ငံပြင်သစ်ဟာ သူ့ဘက်မှာ ရှိမနေခဲ့ဘူးလို့ ရီဘာရီက ပြောဆိုသွားခဲ့ပါတယ် ။

“ဒီ ဆု ( ၂၀၁၃ ရွှေဘောလုံးဆု ) ဟာ အခိုးခံခဲ့ရတယ် လို့ ကျွန်တော် ထင် ပါတယ်။ အဲ့ဒီနှစ်မှာ ဆုဖလားအားလုံးကိုကျွန်တော် ရယူနိုင် ခဲ့ တာပါ။ ဒီထက်လည်းပိုပြီး မရနိုင်တော့ပါဘူး။ ဒါကတကယ့်ကိုမတရားတဲ့ ကိစ္စ ပါပဲ”

“ကျွန်တော့်နိုင်ငံ ( ပြင်သစ် ) ရဲ့ထောက်ခံမှုတွေကို ကျွန်တော် မရခဲ့ပါဘူး။ ပြင်သစ်တွေက ရိုနယ်လ်ဒို ဒီဆုကို ရသင့်တယ်လို့ ပြောနေကြတာကို ကျွန်တော့် မျက်စိနဲ့ကိုယ်တိုင်မြင်ခဲ့ ရတာပါ။ ပေါ်တူဂီ သားတွေက ဒီဆုကို ရီဘာရီ ဒါမှမဟုတ် မက်ဆီ ရသင့်တယ်လို့ များပြောနေမယ် လို့ ထင်နေသလားဗျ ။ လုံးဝပါပဲ” လို့ ရီဘာရီက ပြောဆိုသွားခဲ့ပါတယ် ။

ရီဘာရီဟာ တောင်ပံကစားသမားအဖြစ် ဘောလုံး စင်မြင့်ပေါ်ကို တက်လှမ်းနိုင်ခဲ့ပြီး လက်ရွေးစင် ပြင်သစ်အသင်းနဲ့ မအောင်မြင်ခဲ့လင့်ကစား ပြင်သစ်ကွင်းလယ်ကစားသမားဟောင်းကြီး ဇီဒန်း က တော့ ရီဘာရီ ဟာ ပြင်သစ်ဘောလုံးလောကရဲ့ရတနာ တစ်ပါးဖြစ်ပါတယ်လို့ ချီးကျုးပြောဆိုခဲ့ဖူးပါတယ်

ရီဘာရီဟာ ၂၀၀၈ ခုနှစ် မှာ ဂျာမဏီရဲ့တနှစ်တာ အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ဖူးသလို ပြင်သစ်ရဲ့အကောင်းဆုံး ကစားသမားဆုတွေကိုလည်း ၂၀၀၇၊ ၂၀၀၈ နဲ့ ၂၀၁၃ ခုနှစ်တွေ မှာ ဆွတ်ခူးရရှိဖူးခဲ့ပါတယ်။

Credit : Sportsmyanmar
— with Myanmar Excellence Institute.

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။