Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, August 31, 2015

ယူနီကုဒ်နဲ့ ဇော်ဂျီ ဘယ်ကစ


ယူနီကုဒ်နဲ့ ဇော်ဂျီ ဘယ်ကစ
==================
ယူနီကုဒ်ဆိုတာ ဖောင့် မဟုတ်ပါခင်ဗျာ။ ကမ္ဘာပေါ်မှာ ရှိသမျှ ဘာသာစကား၊ သင်္ကေတအားလုံးကို စံသတ်မှတ်ပြီး စနစ်တကျ နေရာချထားပေးတဲ့ စနစ်တစ်ခု ဖြစ်ပါတယ်။ လွယ်လွယ်ပြောရရင်တော့ ကမ္ဘာပေါ်မှာ ရှိသမျှ ဘာသာစကား၊ သင်္ကေတ အားလုံးကို တစ်လုံးခြင်းစီ မြေကွက်ရိုက် သတ်မှတ်ပေးတာပါ။
ကျွန်တော်တို့ မြန်မာစာတွေ၊ ရှမ်းစာတွေ၊ ကရင်စာတွေ စသည်ဖြင့် အားလုံးအတွက် နေရာတစ်ခုစီ သတ်မှတ်ထားပါတယ်။ အဲဒီလို သတ်မှတ်တဲ့ နေရာမှာလဲ ဗမာ ဘာသာစကားဆိုရင်လဲ ဗမာစာစနစ်စံအတိုင်း၊ ကရင်ဆိုရင်လဲ ကရင်စနစ် စံအတိုင်း၊ မွန်ဆိုရင်လဲ မွန်စနစ် စံအတိုင်း သတ်မှတ်ကြပါတယ်။ ပြီးရင် နေရာပေးပါတယ်။ အဲဒါတွေအားလုံးကလဲ ပြန်ပြင် ပြန်သတ်မှတ်လို့ရပါတယ်။ အဲဒီလို ပြန်ပြင်ချင်တယ် ဆိုရင်တော့ စံစနစ် ဖြစ်တာနဲ့အညီ လုပ်ထုံးလုပ်နည်းနဲ့ ပြန်ပြင်နိုင်ပါတယ်။

*ဆင်နှာမောင်း*


*ဆင်နှာမောင်း*

ဒီအပင်ကိုသိသူများမယ်ထင်ပါတယ်နေရာတော်တော်များများအလေ့ကျပေါက်ပါတယ်။

ဆီးအောင့်ဆီးနဲဆီးကျောက်တည်သူများသုးံခွက်ကျိုတခွက်ကျန်...၃ခွက်၁ခွက်ပေါ့ကျိုပီးသောက်ရင်၎င်းဖြစ်နေတဲ့ရောဂါတွေသက်သာ
ပျောက်ကင်းပါတယ်...

ဒါလဲသီချင်းရှိတယ်ရှေးမင်းသားကြီးဝင်းဦးသီဆိုထားတာ၊၊၊ကြားဖူးလား
နားထောင်ကြည့်။။။။။။။

မိခင်ဟူသည်မှာ


မိခင်ဟူသည်မှာ
--------------------

သားငယ် မိုးရေတွေ စိုရွှဲလို့ ပြန်လာသောအခါ -

ဖခင်က - "ထီးဘာလို့ မယူသွားတာလဲ" ဟုမေးသည်။

အစ်မဖြစ်သူက - "မိုးတိတ်တဲ့ အထိ စောင့်ခဲ့ရောပေါ့" ဟု အကြံပေးသည်။

အစ်ကိုကတော့ စိတ်ဆိုးမာန်ဆိုးဖြင့် - "မင်း မိုးရေထဲ ပြန်လာရင် အအေးမိမှာ မသိဘူးလားကွ.. ဟေ" ဟု ဆူပူသည်။

သင်္ဘောသီးကို ဆေးအဖြစ် စားသုံးခြင်း


သင်္ဘောသီးကို ဆေးအဖြစ် စားသုံးခြင်း
--------------------------------------------

နံနက် ၈ နာရီ စားသုံးလျှင် - အစာအိမ်နှင့် အူလမ်းကြောင်း အတွက် ကောင်းမွန် ပါသည်။

နံနက် ၉ နာရီ စားသုံးလျှင်

- သွေးအဆိပ်ဖြစ်ခြင်းကို ကောင်းမွန်သည်။ သွေးသားကို သန့်စင် စေသည်။
နံနက် ၁၀ နာရီ စားသုံးလျှင် - အသည်း၌ ပူခြင်းကို ကောင်းမွန်ပြီး ဝမ်းချုပ်ခြင်းကို သက်သာ စေသည်။

"ကျပ်တန်ပုံပြင်" (မင်းလူ)


ဆရာမင်းလူရဲ့  တကျပ်တန် ၀တ္ထု ကိုဖတ်ကြည့်စေချင်ပါတယ်

သိစေချင်လို့  ဖတ်လို့ ရအောင် တင်ပေးတာပါ တိုက်ဆိုင်မှုများရှိခဲ့ရင်နားလည်ပေးပါ
=================================

"ကျပ်တန်ပုံပြင်" (မင်းလူ)
---------------------------
မင်းလူ၏ ၀တ္တုတိုများမှ

(၁)
ဘတ်စ်ကား စပယ်ယာက လက်ကြားထဲတွင် အလျားလိုက်ခေါက်ပြီး ညှပ်ထားသော ငွေစက္ကူများထဲမှ ကျပ်တန်လေးရွက်ကို ဆွဲထုတ်ပြီး ...
"ငါးကျပ်တန်ပေးတာ ဘယ်သူလဲ" ဟု မေးသည်။
"ဒီမှာ ... ဒီမှာ"

လူတွေကြားထဲက လက်တစ်ဖက် လျှိုထွက်လာသည်။ စပယ်ယာက ဖြန့်ထားသော လက်ထဲသို့ ကျပ်တန်တွေ ထည့်ပေးသည်။ လက်ကိုဆုပ်ပြီး ပြန်ရုပ်သွား၏။
ဘတ်စ်ကားသည် တာမွေ၊ ကျောက်မြောင်း၊ မအူကုန်း၊ သိမ်ဖြူ စသည်ဖြင့် ကျော်ဖြတ်မောင်းနှင်လာသည်။ လမ်းသုံးဆယ် မှတ်တိုင်မှာ ရပ်သောအခါ လူတော်တော်များများ ဆင်းသည်။

သိပ်ကောင်းတဲ့ စာလေးဗျာ


သိပ်ကောင်းတဲ့ စာလေးဗျာ
-------------------------

ဆယ်တန်းအောင်စာရင်းထွက်တဲ့နေ့ကတော့
ကျွန်တော့်အမေရဲ့ မျှော်လင့်ချက်တွေ အားလုံး တစ်စစီ 
ကွဲကြေပြန့်ကဲသွားတဲ့နေ့ပါပဲ ။
ကျွန်တော် ဆေးတက္ကသိုလ်တက်ဖို့ အမှတ်မမှီခဲ့ဘူး ။
( ဂုဏ်ထူး ၄ ခုပဲပါတာဆိုတော့ အမှတ်ကို ခန့်မှန်းတွက်ဆလို့ ရသွားပြီ )
အမေ ငိုပါတယ် ။
တော်တော်နာနာကျင်ကျင်ငိုပါတယ် ။ အကြာကြီးပဲ ။
ပြီးတော့ `` ငါက နင့်ကို ဆရာဝန်ဖြစ်စေချင်လွန်းလို့
တစ်သက်လုံးကုန်းရုန်းပြီး ပိုက်ဆံရှာခဲ့တာ ။
ငါ မစားရက်မသုံးရက် စုဆောင်းပြီး နင့်ကို ကျောင်းထားပေးခဲ့တာ ,
အခုတော့ နင်က ငါ့ကို ကောင်းကောင်းကြီး ကျေးဇူးဆပ်လိုက်ပြီပေါ့ ... ဟုတ်လား

"ကျွန်တော်သိလိုက်ပြီ ။
အမေ့သားအစစ်က ကျွန်တော့်မှ မဟုတ်ဘဲ ။
အမေ့အာရုံထဲမှာ စိတ်ကူးနဲ့ဖန်တီးထားတဲ့ ဒေါက်တာဇော်ဇော် ( ဒါမှမဟုတ် ) ဆေးကျောင်းသား ဇော်ဇော်ပဲ ။

တစ်နေ့ ကို ငါးနာရီကြာ တီဗီ ထိုင်ကြည့်ခြင်းက အဆုတ် သွေးကြောပိတ်ရောဂါ ဖြစ်နိုင်ခြေ များပြား


တစ်နေ့ ကို ငါးနာရီကြာ တီဗီ ထိုင်ကြည့်ခြင်းက အဆုတ် သွေးကြောပိတ်ရောဂါ ဖြစ်နိုင်ခြေ များပြား
----------

တစ်နေ့ ကို ပျှမ်းမျှ ငါးနာရီနဲ့ ငါးနာရီအထက် တီဗီထိုင်ကြည့်ခြင်းက အသက်အန္တရာယ်စိုးရိမ်ရတဲ့ အဆုတ်သွေးကြောပိတ်ရောဂါဖြစ်နိုင်ခြေ များတယ်လို့ ဆိုပါတယ်။ဂျပန်နိုင်ငံ၊ အိုဆာကာတက္ကသိုလ်က သုတေသနပညာရှင်တွေဟာ လူပေါင်း ၈၆၀၀၀ ကို ၁၈ နှစ်ကြာ လေ့လာခဲ့ပြီးနောက် တီဗီကြည့်သူတွေဟာ မကြာခဏ မတ်တပ်ထရပ်ပေးသင့်ပြီး သွေးခဲမှုမဖြစ် နိုင်အောင်လို့ ရေသောက်ပေးဖို့ လိုအပ်ကြောင်း တွေ့ ရှိခဲ့ပါတယ်။

နင်အပျိုစစ်ရဲ့လားဆိုတဲ့မေးခွန်း..


နင်အပျိုစစ်ရဲ့လားဆိုတဲ့မေးခွန်း..
========••••••=========

ယခုခေတ်ကြီးတွင် ယခင်ကဲ့သို့ အတွဲ (သမီးရည်းစား) များ ချိန်းတွေ့ရာနေရာမှာ ပန်းခြံများမဟုတ်တော့ Mini Cinema ၊ တည်းခိုခန်း၊ ဟိုတယ်၊ မိုတယ်စသည့်ဖြင့် ယောက်ျားလေး၊ မိန်းကလေး နှစ်ယောက်တည်း တံခါးပိတ် ဆွေးနွေးတိုင်ပင်နိုင်သောနေရာများမှာ တစ်စ တစ်စတိုးမြင့်ဖွင့်လှစ်လာခြင်းကြောင့် သမီးပျိုများအတွက် လက်ထပ်ထိမ်းမြားခြင်းမပြုလုပ်ရသေးဘဲ အပျိုဘ၀စွန့်လွှတ်ရာနေရာ၊ ဘ၀ပျက်ရာ နေရာတစ်ခု ကဲ့သို့ ဖြစ်လာနိုင်သည်ဟု သမီးရှိမိဘများက တွေးပူနေကြပြီ၊ တာဝန်ရှိသူတွေကရော ဒီအတိုင်း ကြည့်နေကြတော့မှာလား။

ဖြစ်နိုင် ? မဖြစ်နိုင် ? Possible or Impossible


ဖြစ်နိုင် ? မဖြစ်နိုင် ?
Possible or Impossible

ဆင်ဆိုတဲ့ သတ္တဝါက တစ်တန်လေးတဲ့ပစ္စည်းကို နှာမောင်းနဲ့ အသာလေး
မချီနိုင်တယ်။ ဒါပေမယ့် ဆပ်ကပ်မှာ ကျွန်တော်တို့တွေ့မြင်တဲ့ဆင်က
တိုင်တစ်တိုင်အောက်မှာ ငြိမ်ငြိမ်သက်သက် ချည်နှောင်ခံခဲ့ရတယ်။ အကြောင်းက
ဆင်တွေဟာ ငယ်စဉ်ခွန်အား မရှိခင်ကတည်းက ကြီးလေးတဲ့သံကြိုးတွေနဲ့
ချည်နှောင်ခံခဲ့ရတယ်။ စစချင်းမှာ ဆင်ငယ်က ရှိသမျှခွန်အားနဲ့
ရုန်းခဲ့ပေမယ့် သံကြိုးမပြတ်ခဲ့ဘူး။

ဂဏန်းမဆလာ

ဂဏန်းမဆလာ ပုစွန်ချိုချဉ်ကြော် ရေဘဝဲမရမ်းပြားအစပ်သုပ် ငုံးဥပဲပြားချဉ်စပ်ဟင်းရည်ချက်နည်းလေးတွေပါ
ဂဏန်းမဆလာ
~ဂဏန်းများကိုအခွံခွာ၍ထက်ခြမ်းခြမ်းကာလက်မများကိုဖြုတ်ပီးရေစင်အောင်ဆေးပါ
~ငရုတ်ပွခြောက်ကိုရေစိမ်၍အစေ့ထုတ်ကာကြက်သွန်ဖြူ ချင်း ကြက်သွန်နီတို့နှင့်ရောကာညက်အောင်ထောင်းပါ
~ဒယ်အိုးထဲတွင်ဆီထည့်၍ဆီပူလျှင်ထောင်းထားသောအနှစ်များကိုထည့်ဆီသတ်ပါ။အနံ့မွှေး၍ကြက်သွန်များကြွပ်လာလျှင်ကြက်ဥတစ်လုံးကိုဖောက်ထည့်၍မွှေပေးပါ
~ကြက်ဥများကျေသွားလျှင်နုပ်နုပ်လှီးထားသောခရမ်းချဉ်သီးနှင့်ငရုတ်သီးစိမ်းကိုထည့်ပေးပါ

အောင်မြင်တဲ့ အမျိုးသမီး တစ်ယောက်ဖြစ်အောင် ဘာတွေလိုအပ်သလဲ


အောင်မြင်တဲ့ အမျိုးသမီး တစ်ယောက်ဖြစ်အောင် ဘာတွေလိုအပ်သလဲ
----------

ကျွန်မတို့နိုင်ငံရဲ့ ခေတ်ရေစီးကြောင်းဟာ အလွန်လျင်မြန်စွာနဲ့ အဘက်ဘက်က တိုးတက်နေ ပါတယ်။ အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့အတူ ရင်ပေါင်တန်းပြီး အလုပ်လုပ်လာနိုင်ပြီ ဖြစ်တဲ့အ တွက်အောင်မြင်ကျော်ကြားချင်တဲ့ အမျိုးသမီးတွေအတွက် ခက်ခဲတဲ့အနေအထားတွေ မဟုတ်တော့ ပါဘူး။ ဒါပေမယ့် မှန်ကန်တဲ့နည်းလမ်းတွေနဲ့ ကြိုးစားဖို့တော့လိုပါမယ်။ စီးပွားရေးနယ်ပယ်မှာပဲဖြစ်ဖြစ်၊ လူမှုရေးနယ်ပယ်မှာပဲဖြစ်ဖြစ် အောင်မြင်ချင်တယ်ဆိုရင်တော့ မရှိမဖြစ်လိုအပ်တဲ့ နည်းလမ်းတွေကို သိထားသင့်ပါတယ်။

ရုပ်လှစရာမလို အနေလှဖို့သာလိုသည်


ရုပ်လှစရာမလို အနေလှဖို့သာလိုသည်
**********************************
မိန်းကလေးတစ်ယောက်ဟာ မွေးရာပါ ရုပ်မလှချင်နေ ဒါပေမဲ့ ဘ၀မှာ လှလှပပတော့
ရှင်သန်သင့်တယ်။
ဘယ်အချိန်အခါပဲဖြစ်ဖြစ် ပြည့်စုံတဲ့အသိပညာ၊ ကောင်းမွန်တဲ့စရိတ္တ၊ ထက်မြက်တဲ့
အပြုအမူ၊
သိမ်မွေ့တဲ့အပြောအဆို၊ ကြီးမြတ်တဲ့ စိတ်သဘောထားနဲ့ မေတ္တာနဲ့ပြည့်တဲ့
နှလုံးသားတစ်စုံရှိတဲ့
မိန်းကလေးတစ်ယောက်ဟာ ရုပ်ရည်မလှသည့်တိုင် ဘ၀ကို အမှန်တကယ် လှပစေနိုင်ပါတယ်။

စာကျက်နည်း


စာကျက်နည်း
---------------

ကျောင်းသားအရွယ် လူငယ်တွေအတွက် ဥာဏ်ကောင်းဖို့... ကျက်သမျှ စာတွေမှတ်မိဖို့ဆိုတာ တော်တော့်ကို အရေးပါပါတယ်... စာအရလွယ်အောင်.. ကျက်ထားသမျှ မှတ်မိအောင် ဘယ်လိုကျက်ရမလဲလို့ ပတ်ဝန်းကျင်မှာရှိတဲ့ လူအများစုကို မေးကြည့်မယ်ဆိုရင် ထပ်ခါထပ်ခါ ကျက်ပါလို့ ပဲ အကြံပြုကြမယ်ထင်ပါတယ်... ဒါပေမဲ့ တကယ့်လက်တွေ့မှာတော့ ဒီအဖြေဟာ ပြည့်စုံတဲ့အဖြေတစ်ခုမဟုတ်ပါဘူး... အခုဖော်ပြပေးမယ့်နည်းလမ်းအဆင့်တွေကတော့ စာကျက်တဲ့အခါ မြန်မြန်ရပြီး ကြာကြာမှတ်မိနေစေမယ့် နည်းလမ်းလေးဖြစ်ပါတယ်...

ကျွန်တော်တို့မှာ အိပ်နည်း ၄ နည်းရှိကြပါတယ်


မိမိအိပ်တဲ့ပုံစံနဲ့ပတ်သတ်ပြီး မိမိရဲ့ပင်ကိုယ်ကိုသိနိုင်တယ်ဆိုတာ ဟုတ်ပါ့မလား။ ဟုတ်မဟုတ်အောက်ကအိပ်နည်းတွေကိုလေ့လာကြည့်ကြရအောင်။

အိပ်နည်းနဲ့ပတ်သတ်ပြီး မထင်မှတ်နိုင်လောက်တဲ့အရာထိ ကျွန်တော်တို့ရဲ့ ပင်ကိုယ်အမူအကျင့်တွေကို ထိုအိပ်နည်းတွေကပြောပြနိုင်မှာပဲဖြစ်ပါတယ်။ တစ်ညတစ်ညမှာ ကျွန်တော်တို့တွေဟာ အကြိမ်ပေါင်း ၄၀ ထက်မနည်း အမျိုးမျိုးပြောင်းလဲပြီးအိပ်တတ်ကြပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့တွေဟာ ကိုယ်ကြိုက်တဲ့နည်းနဲ့ကိုယ်အိပ်ကြတာပါပဲလေ။ ကျွန်တော်တို့အကြိုက်ဆုံး ကျွန်တော်တို့ရဲ့အိပ်နည်းတွေကိုတော့ အိပ်ရာနိုးတဲ့အချိန်တွေမှာ အမြဲတွေ့လေ့တွေ့ထရှိတဲ့အိပ်နည်းပဲဖြစ်ပါတယ်။( နိုးစက်မှနိုးတဲ့ အိပ်နည်းကလွဲရင်ပေါ့။)

မျက်ရည်နဲ့ နှုတ်ဆက်သွားတော့မှာလား မြို့ကလေး ရေ …


မျက်ရည်နဲ့ နှုတ်ဆက်သွားတော့မှာလား မြို့ကလေး ရေ …

|| ဆောင်းဝင်းလတ် ||



ကျွန်တော် ကျောင်းသားဘ၀က စက်မှုလက်မှုသင်တန်းတက်ဖို့အတွက် အဆောင်မှာ တခြားကျောင်းသားတွေနဲ့အတူ နေခဲ့ရတယ်။ အဆောင်ရဲ့ပတ်ဝန်းကျင်မှာတော့ ကျောင်းကုန်းဆိုတဲ့ ရွာလေးတစ်ရွာရှိပြီး နေ့လယ်နေ့ခင်းဆိုရင် ကျွဲကျောင်းသား၊ နွားကျောင်းသားတချို့လည်း ဖြတ်သွားဖြတ်လာရှိတတ်ပါတယ်။ကျွန်တော့်ရဲ့ ခုတင်ဘေးမှာ အဆောင်ပြတင်းပေါက် ရှိပါတယ်။ တစ်မနက်မှာ ပြတင်းပေါက်ပိတ်ခဲ့ဖို့ ကျွန်တော်မေ့ခဲ့တယ်။ ညနေဘက် ကျောင်းကနေအဆောင်ကို ပြန်ရောက်တော့ မနက်တုန်းက ခေါင်းအုံးနဲ့ စောင်ပေါ်မှာ ခေါက်ပြီး သိမ်းထားခဲ့တဲ့ ခြင်ထောင်ကို မတွေ့ရတော့ဘူး။ ဘယ်သူရယ်လို့တော့ အတပ်မပြောနိုင်ပေမယ့် အဆောင်ရဲ့ပတ်ဝန်းကျင်မှာ ဖြတ်သွားဖြတ်လာ ရှိတတ်ကြတဲ့သူတွေထဲက တစ်ယောက်ယောက်ဟာ ခြင်ထောင်ကို လိုချင်တာနဲ့ ပြတင်းပေါက်က လက်လျှိုပြီး ယူသွားတာဖြစ်ပါလိမ့်မယ်။

လူငယ်များလိုက်နာဖွယ်ဂုဏ်ရည်များ


လူငယ်များလိုက်နာဖွယ်ဂုဏ်ရည်များ
▬▬▬▬▬▬▬▬▬▬▬▬▬▬
သေချာတိကျခြင်း (Accuracy)
လိုက်လျောညီထွေကျင့်ခြင်း (Adaptability)
စွန့်စားစိတ်ရှိခြင်း (Adventure)
နှစ်သက်ဖွယ်ဖြစ်ခြင်း (Agreeableness)
တိုးတက်ချင်စိတ်ရှိခြင်း (Ami-bition)
အကောင်းအမြတ်ကိုသိမြင်ခြင်း (Appreciation of the Beautiful)
သတိရှိခြင်း (Caution)
ကြည်လင်ရွှင်ပျခြင်း (Cheerfulness)
သန့်ပြန့်စင်ကြယ်ခြင်း ( Cleanliness)
စွဲမြဲစူးစိုက်ခြင်း (Concentration)
ရောင့်ရဲတင်းတိမ်ခြင်း ( Contentment)

2015 Miss Myanmar International ဆုကို ဆွတ်ခူးရရှိသွားတဲ့ MISS အမရာငြိမ်း



 

2015 Miss Myanmar International ဆုကို ဆွတ်ခူးရရှိသွားတဲ့ MISS အမရာငြိမ်း

သူမရဲ့ Final မေးခွန်းကို ဖြေသွားပုံက....

ဒိထက်သာယာဝပြောတဲ့ နိုင်ငံဖြစ်ဖို့ ၂၀၁၅ ရွေးကောက်ပွဲအပီးမှာ ဘာတွေအဓိကလိုပါသလဲ ဆိုတဲ့မေးခွန်းကို

အဓိက ၅ ချက်လိုပါတယ်

ပြည်တွင်းငြိမ်းချမ်းရေး

တရားဥပဒေစိုးမိုးရေး

ပညာရေး

ကျန်းမာရေး နှင့်

နောက်ဆုံးအဓိကကြတဲ့အချက်ကတော့

Sunday, August 30, 2015

ရော့ခ်အင်ရိုးခရီးသည် - အပိုင်း (၁)


ရော့ခ်အင်ရိုးခရီးသည် - အပိုင်း (၁)
-------------------

သြဂတ်စ် ၃၀၊ ၂၀၁၅
နယူးယောက်ခ်

အညာနွေဟာပူလွန်းလှတယ်။ တမာပင်တွေနဲ့ မကျီးပင်တွေကို ဖြတ်တိုက်လာတဲ့ ဖုန်မှုန့်တွေ။ အထက (၁) ကျောင်းထိပ်က ဦးမိုးသီးလက်ဖက်ရည်ဆိုင်မှာ ခင်မောင်တိုးရဲ့ မျက်သွယ်အခွေဖွင့်တယ်။ တခါတရံမှာ ဘိုထီးရဲ့ သခင့်စီအပြေးပြန်လာမည် ဖွင့်တတ်တယ်။ လူငယ်တယောက်ရဲ့ရင်ထဲမှာ ဝုန်းဒိုင်းကျဲနေတဲ့ ဆာလောင်မွတ်သိပ်မှုကို အာသာပြေဖို့ ခဲယဉ်းလှတယ်။

ဘန်ကောက်ဗုံးခွဲမှုက ပုဂ္ဂိုလ်ရေးလက်စားချေမှုလို့ ထိုင်းရဲချုပ်ပြော

ဘန်ကောက်ဗုံးခွဲမှုက ပုဂ္ဂိုလ်ရေးလက်စားချေမှုလို့ ထိုင်းရဲချုပ်ပြော
++++++++++++++
ဘန်ကောက်၊ သြဂုတ် ၃၀။ ။
ဘန်ကောက်ဗုံးခွဲမှုဟာ နိုင်ငံတကာအကြမ်းဖက်လုပ်ရပ်တစ်ခု မဟုတ်ဘဲ ပုဂ္ဂိုလ်ရေးလက်စားချေမှု ဖြစ်တယ်လို့ ရဲချုပ် ဆွန်ယော့ ပွန်ပန်မြောင်က ပြောပါတယ်။ မြို့လယ်ခေါင် ဧရာဝဏ်ဗုံးခွဲမှုမှာ အဓိကသံသယရှိသူ တစ်ဦးကို ထိုင်းရဲက ဖမ်းဆီးပြီးနောက် ပြုလုပ်တဲ့ စနေနေ့ညနေ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ သူက အခုလိုပြောခဲ့တာဖြစ်ပါတယ်။
ဗုံးခွဲရတဲ့ ရည်ရွယ်ချက်က သူ့မိသားစုနဲ့ မိတ်ဆွေတွေအတွက် ပုဂ္ဂိုလ်ရေးလက်စားချေဖို့ဖြစ်တယ်လို့ ဆွန်ယော့က ပြောပေမယ့် အသေးစိတ်ပြောကြားခြင်းတော့ မရှိပါဘူး။

အမျိုးစောင့်တယ်ဆိုတာ


အမျိုးစောင့်တယ်ဆိုတာ
============

အမျိုးစောင့်သည်ဆိုသည့်အဓိပ္ပါယ်ကို..
တိကျစွာနားလည်လျှင်..

ပြည်သူများ၏မျှားဦးသည်..
ဘယ်ဘက်သို့လှည့်မည်နည်း..၊

အထောက်အထားများစွာဖြင့် သုံးသပ်ပါမည်..

ဘယ်သူကအမျိုးကိုနိမ့်ကျအောင်လုပ်သလဲ
ဘယ်သူကအမျိုးဂုဏ်ကိုမြှင့်တင်သလဲ..
အဖြေထုတ်ပါမည်..၊

ဝေဘန်လိုသူများ...
ဝင်ရောက်ဆွေးနွေးနိုင်ပါသည်..၊

Storm ★ Area For All


Storm ★ Area

For All

ထူးအယ်လင်း၊ ကျော်ကျော်ဗို၊ ချစ်နိုင်၊ ကျော်ကျော်၊ ကောင်းပြည့်၊ ခွန်စိုင်း၊ သားသု၊ ဂျိုး၊ ဟိန်းဇော်၊ မျိုးမျိုး၊ လပြည့်ကဗျာ၊ Moh၊ ထက်အိနြေ္ဒအောင်၊ မေဖုန်းညို။

အသစ်တွေရော အဟောင်းတွေရော အဆိုတော်တွေစုံလင်လှသလို သီချင်းတွေကလည်း ၁၇ ပုဒ်တောင် ပါဝင်ပါတယ်။ သီချင်းအားလုံးနီးပါး နားထောင်ရအဆင်ပြေပါတယ်။

၁။ အရှုံးများနဲ့...မျိုးမျိုး
အမျိုးသမီးပါ။ Ghost Rider မျိုးမျိုးမဟုတ်ပါဘူး။ ရော့ခ်သီချင်းတစ်ပုဒ် track 1 မှာ နေရာပေးရလောက်အောင် ကောင်းပါရဲ့။

၂။နှစ်ယောက်တည်းမိုး...ထူးအယ်လင်း
ရော့ခ်ကာကြီးရဲ့ blue သီချင်းလို့ ပြောရမလားမသိ။ မိုးရေထဲမှာ မျက်ရည်တွေ ရှာကြည့်လိုက်ပါဦး။

၃။အဆုံးမဲ့အချစ်....ဟိန်းဇော်
အချစ်သီချင်း ရိုးရိုးအေးအေးလေးတစ်ပုဒ်။

မနက်ဖြန်အတွက် လမ်းညွှန်များ


မနက်ဖြန်အတွက် လမ်းညွှန်များ
======================

၁။ နေ့စဉ် လူသုံးဦး ကို ချီးကျူးစကားပြောပါ။
၂။ အနည်းဆုံး တစ်နှစ် တစ်ခါ နေထွက်တာကို ကြည့်ပါ။
၃။ ရတာထက် ပိုမသုံးနဲ့။
၎။ တွေ့တဲ့ လူတိုင်းကို ကိုယ့်ကို ဆက်ဆံ စေချင်သလို ဆက်ဆံပါ။
၅။ မိတ်ဆွေသစ် ဖွဲ့ပါ။ မိတ်ဆွေဟောင်းကိုလည်း ချစ်မြတ်နိုးပါ။
၆။ လျှိ့ဝှက်ချက် ကို ထိန်းသိမ်းပါ။
၇။ ကျေးဇူးတင်ကြောင်းစာကို ချက်ချင်းရေးပါ။
၈။အမှားကို ဝန်ခံပါ။

မြန်မာ ဘီယာ အရှုပ်တော်ပုံ


မြန်မာ ဘီယာ အရှုပ်တော်ပုံ

Singapore အခြေစိုက် Tiger Beer ကို ထုတ်လုပ်တဲ့ Asia Pacific Brewery Limited APBL နဲ့ မြန်မာ့ စီးပွားရေး ဦးပိုင် လီမီတက် UMEHL တို့ (၅၅% - ၄၅%) ပူးတွဲ ဖက်စပ်၍ Myanmar Brewery Limited MBL ကို တည်ထောင်ပြီး စတင်ထုတ်လုပ် ခဲ့တဲ့ "မြန်မာ ဘီယာ" ပြသနာ ကိစ္စက လူသိ မများပဲ ပြီးစီးသွားပါတယ်။

မပြီးသေးတာကတော့ Aftermath နောက်ဆက် တွဲ ပြသနာ တွေပါ။

စကားမစပ် ကျွန်တော် သုတေသန အလုပ်ကို ပထမဦးဆုံး စလုပ်ချိန်မှာ စပြီး သုတေသန လုပ်ရတာ မြန်မာ ဘီယာဗျ။ 

ဒေါ်စု သမ္မတ ဖြစ်ဖို့ အရည်အချင်း မရှိဘူး ဆိုတဲ့သူတွေကို လက်လှမ်းမီတဲ့ ခြောက်ခု ပဲ ယှဉ်ကြည့်မယ်။


ဒေါ်စု သမ္မတ ဖြစ်ဖို့ အရည်အချင်း မရှိဘူး ဆိုတဲ့သူတွေကို လက်လှမ်းမီတဲ့ ခြောက်ခု ပဲ ယှဉ်ကြည့်မယ်။

သာမန် လွှတ်တော်အမတ် အဆင့်က လုပ်ပြသွားတဲ့ နီးစပ်ရာ လုပ်ချက်ကလေးတွေပါ။

(၁) နှစ် နှစ်ဆယ်လုံးလုံး အလုပ်သမား ၀န်ကြီး မလုပ်နိုင်တဲ့
ထိုင်းခရီးစဉ်မှာ ယင်လတ်နဲ့ ထိုင်းအလုပ်သမားဝန်ကြီးနဲ့တွေ့ပြီး မြန်မာရွှေ့ပြောင်းအလုပ်သမား သိန်းနဲ့ချီသောသူတွေရဲ့ အခက်အခဲကို အဆင်ပြေစေတဲ့ ယာယီ အလုပ်သမားကတ်နဲ့ နိုင်ငံကူးလက်မှတ် တွေ ထုတ်ပေးလာနိုင်တယ်။

(၂) နှစ် နှစ်ဆယ် လုံးလုံး ကျန်းမာရေးဝန်ကြီးတွေ မလုပ်နိုင်ခဲ့တဲ့
တစ်နိုင်ငံလုံးရဲ့ ကျန်းမာရေး ဘတ်ဂျက်ကို တိုးပေးဖို့လွှတ်တော်မှာ ဆွေးနွေးခဲ့ပြီး ရန်ကုန်အထွေထွေရောဂါကု ဆေးရုံကြီးကို အဆင့်မီဆေးရုံအဖြစ် အသစ်ဆောက်လုပ်ပြီး အဆင့်မြှင့်ဖို့ စီမံကိန်းတွေ အကောင်အထည်ဖော်လာသလို ဂျာမနီနဲ့ ဂျပန်တို့ရဲ့ နည်းပညာနဲ့ ငွေကြေးအထောက်အပံ့ ရရှိခဲ့တယ်။

သစ်သားခွက်ကလေး

သစ်သားခွက်ကလေး
~~~~~~~~~~~~~~
တစ်ခါတုန်းက အဖိုးအိုတစ်ဦး ဟာ ရွာမှာ တစ်ယောက်တည်းအထီးကျန်ဆန်စွာနေရတယ် ။
တစ်နေ့ တော့အဖိုး အိုက သူ့ သားနဲ့ သူ့ချွေးမ
သူ့မြေးလေးတွေရှိတဲ့နေရာမှာ သွားနေမယ် ဆိုတဲ့ မျှော်လင့်ချက်နဲ့ ရွာကနေထွက်လာခဲ့တယ်။
ဒီလိုနဲ့ ခရီးရှည်ကြီးကိုဖြတ်သန်းပြီးတော့ သူ့သားချွေးမ နဲ့ မြေးကလေးတို့နေတဲ့အိမ်ကိုရောက်လာ
ပါတယ် ။
စစရောက်ခြင်းမှာ သားဖြစ်သူတို့မိသားစုက ၀မ်းပမ်းတသာကြိုဆိုကြတယ် ။ အိမ်ဦးခန်းမှာ နေရာပေးကြ
တယ် ။ ဒီလိုနဲ့ အဖိုးအိုဟာ သူ့သားမိသားစုနဲ့အတူ
နေထိုင်ရင်း တစ်ပတ်တိတိ အချိန်ကိုရောက် လာခဲ့တယ် ။ နေ့တိုင်းနေ့တိုင်းမှာ မိသားစုထမင်းဝိုင်းမှာ
အားလုံးအတူဝိုင်းစားကြတယ်။ အဖိုးအိုရဲ့ မျက်လုံးတွေဟာ မှုန်ရီနေပါပြီ ။
အဖိုးအိုရဲ့လက်တွေက အသက်အရွယ်ကြောင့် တုန်ယင်
နေခဲ့တယ် ။

"ဆရာဝန့်လက်ရေး"


"ဆရာဝန့်လက်ရေး"

တစ်ခါက လူနာတစ်ယောက် ဆရာဝန်လာပြတယ်။
ဆရာဝန်က လိုအပ်တာ စမ်းသပ်စစ်ဆေးပြီး၊ သူ့ကို ဆေးစာတစ်စောင် ရေးပေးလိုက်တယ်။
လူနာကလည်း မေ့တတ်တဲ့သူဆိုတော့ အဲဒီဆေးစာကို အိပ်ကပ်ထဲ ထည့်ထားလိုက်တာ၊ နောက်ရက် ပြန်ဖတ်တော့ ဘာရေးထားမှန်းလဲမသိ ဘာစာရွက်မှန်းလဲမသိဘူး ဖြစ်နေတယ်တဲ့။

" စိတ်ကွယ်ရာ.."


" စိတ်ကွယ်ရာ.."
-----

"ဒီည ဆရာမျိုး ရဲ့ နှုတ်ဆက်ပွဲရှိတယ်နော်"
"KTV သွားမယ် အပြတ်ဟဲမယ် ခင်ဗျားအိမ်ပြန်ဖို့မစဉ်းစားနဲ့တဲ့."
ရုံးကတစ်ယောက် ပြောတဲ့စကားကို ကျွန်တော်ခေါင်းညိတ် ပြလိုက်တယ်...အမှန်အတိုင်း ပြောရရင် အိမ်ကိုပြန်ချင်သည်..နေ့လည်ကမှ ခိုင် ဆီကဖုန်းဆက်တယ်..ဒီနေ့ ကို ကြိုက်တဲ့ ဘဲဥချဉ်ရည်ဟင်း ချက်ထားတယ်.
စောစောပြန်ခဲ့ပါတဲ့( အိမ်မှာ ခိုင်နဲ့ သမီးလေး မျှော်နေရှာမယ်)..

ဒါပေမယ့်လည်း ဆရာအရင်းတစ်ယောက်လုံးရဲ့ နှုတ်ဆက်ပွဲကိုရှောင်လို့မကောင်း ခိုင့်ကို နားလည်အောင်ပြောပြီး နောက်ကျမယ့်အကြောင်းကို ဖုန်းဆက်ရအုံးမည်

ဆိုင်ရောက်တော့ နှုတ်ဆက်ပွဲမှာ လူစုံတက်စုံ သောက်ကြစားကြခိုင့်ကို မသောက်တော့ဘူးလို့ ကတိပေးထားပေမယ့် အားနာတာနဲ့နဲနဲသောက်ဖြစ်သွားသည်(ခိုင် နားလည်မှာပါလေ)…