ပဲခူးမှာ မှတ်သားစရာ မိန့်ခွန်းခြွေသွားတဲ့ အဘ၀န်ကြီး ဦးဥာဏ်ဝင်းရှင့်..
စုပြည့်စုံ
2nd Aug, 2015 (Sun)
ပဲခူးမှာ မှတ်သားစရာ မိန့်ခွန်းခြွေသွားတဲ့ အဘဝန်ကြီး ဦးဉာဏ်ဝင်းရှင့်..
ဘာမှမလုပ်ဘဲ လှူထားတာတွေ စားနေရလို့ ကျွန်မတို့တွေ ပျော်နေကြတယ်လို့များ ထင်နေပါသလားရှင့်။
ကျွန်မတို့ဟာ ဘယ်သူမှ သူများပေးစာကမ်းစာ မစားချင်ပါဘူး။ ကိုယ့်ထမင်းကိုယ်စား ခပ်တင်းတင်း ကင်းကင်းရှင်းရှင်း နေချင်ကြတဲ့ သူတွေချည်းပါပဲ။
မျက်နှာလေး အောက်ချပြီး ဝေလာမယ့် ရိက္ခာထုတ် မျှော်ရတာကို ဝမ်းမသာကြပါဘူး။ ကိုယ်စားချင်တဲ့အချိန် စားချင်တာကို ထပြီး ချက်စားချင်ကြတဲ့သူတွေပါ။
အလုပ်မလုပ်ရလို့ သက်သာလှချည်ရဲ့လို့ ပျော်နေတဲ့သူ တစ်ယောက်မှ မပါပါဘူး။ ရှိစုမဲ့စု လယ်လေးတွေ၊ နွားတွေကအစ ခွေးလေးကြောင်လေးအဆုံး ရေထဲမှာ ပါသွားတာ၊ တစ်သက်လုံး ကြိုးစားပန်းစားတည်ဆောက်ထား တဲ့ အိမ်တွေ၊ တဲတွေ ရေအောက် တတိတိရောက်သွားတာကို မချိတင်ကဲ ထိုင်ကြည့်နေရတဲ့သူတွေပါ။ ဒီရေကျသွားရင် ငါတို့ ဘာလုပ်ကိုင်စားရတော့မလဲဟဲ့ လို့ စိတ်ပူသောက ရောက်နေသူတွေပါ။
နောက်နှစ်ရေကြီးပါစေ လို့ ဆုတောင်းဖို့ နေနေသာသာ အခုရေဘေးကြောင့် ညတောင် ဖြောင့်အောင် မအိပ်နိုင်ဘဲ ခဲမှန်ဖူးတဲ့စာသူငယ်လို တထိတ်ထိတ်ကြောက်နေကြတဲ့သူတွ ေပါ။
အလှူရှင်တွေ ရှိနေလို့ တစ်ဘဝလုံးစာ ဖူလုံသွားကြတာ မဟုတ်ပါဘူး။ စားတော့ ခေါက်ဆွဲခြောက်၊ ဝတ်တော့ မတော်တရော် အဝတ်ဟောင်း၊ နေတော့ ဘုန်းကြီးကျောင်းမှာ စုပြီး အပေါ့အလေးသွားဖို့ကအစ အဆင်မပြေဘဲ ဒုက္ခပေါင်းစုံ ရောက်နေကြတာပါ။ အလှူရှင်တွေ ကျဲပါးသွားတဲ့တစ်နေ့ တစ်က ပြန်စရမယ့်အခြေအနေကို ရင်ဆိုင်အားတင်းထားရသူတွေပါ ။
အဲဒီလိုလူတွေကို အဘ ဝန်ကြီးချုပ်က နောက်နှစ်ရေကြီးပါစေ ဆုတောင်းမနေနဲ့တဲ့လား။
ဆုတောင်းတိုင်းသာ ပြည့်ရင် ဆုတောင်းပေးချင်ပါတယ် အဘ။
အဘတစ်သက်တာမှာ သူများပေးစာကမ်းစာ အလှူလေးတွေကို လက်ဖြန့်တောင်းရတဲ့ ကျွန်မတို့လို ဘဝမျိုး မရောက်ပါစေနဲ့။
ရေကြီးလို့ ဘဝပျက်တဲ့အဖြစ်မျိုး မကြုံရပါစေနဲ့။
နူရာဝဲစွဲ လဲရာသူခိုးထောင်း ဆိုသလို စိတ်ဓာတ်တွေပြိုလဲအားငယ်နေခ ျိန်မှာ စော်ကားနှိမ့်ချတဲ့စကားမျို း အပြောမခံရပါစေနဲ့။
မြန်မာပြည်သူတစ်ယောက်အနေနဲ့ ဆုတောင်းပေးလိုက်ပါတယ်အဘ..
စုပြည့်စုံ
2nd Aug, 2015 (Sun
နောက်နှစ်ရေကြီးပါစေ လို့ ဆုတောင်းဖို့ နေနေသာသာ အခုရေဘေးကြောင့် ညတောင် ဖြောင့်အောင် မအိပ်နိုင်ဘဲ ခဲမှန်ဖူးတဲ့စာသူငယ်လို တထိတ်ထိတ်ကြောက်နေကြတဲ့သူတေ
စုပြည့်စုံ
2nd Aug, 2015 (Sun)
ပဲခူးမှာ မှတ်သားစရာ မိန့်ခွန်းခြွေသွားတဲ့ အဘဝန်ကြီး ဦးဉာဏ်ဝင်းရှင့်..
ဘာမှမလုပ်ဘဲ လှူထားတာတွေ စားနေရလို့ ကျွန်မတို့တွေ ပျော်နေကြတယ်လို့များ ထင်နေပါသလားရှင့်။
ကျွန်မတို့ဟာ ဘယ်သူမှ သူများပေးစာကမ်းစာ မစားချင်ပါဘူး။ ကိုယ့်ထမင်းကိုယ်စား ခပ်တင်းတင်း ကင်းကင်းရှင်းရှင်း နေချင်ကြတဲ့ သူတွေချည်းပါပဲ။
မျက်နှာလေး အောက်ချပြီး ဝေလာမယ့် ရိက္ခာထုတ် မျှော်ရတာကို ဝမ်းမသာကြပါဘူး။ ကိုယ်စားချင်တဲ့အချိန် စားချင်တာကို ထပြီး ချက်စားချင်ကြတဲ့သူတွေပါ။
အလုပ်မလုပ်ရလို့ သက်သာလှချည်ရဲ့လို့ ပျော်နေတဲ့သူ တစ်ယောက်မှ မပါပါဘူး။ ရှိစုမဲ့စု လယ်လေးတွေ၊ နွားတွေကအစ ခွေးလေးကြောင်လေးအဆုံး ရေထဲမှာ ပါသွားတာ၊ တစ်သက်လုံး ကြိုးစားပန်းစားတည်ဆောက်ထား
နောက်နှစ်ရေကြီးပါစေ လို့ ဆုတောင်းဖို့ နေနေသာသာ အခုရေဘေးကြောင့် ညတောင် ဖြောင့်အောင် မအိပ်နိုင်ဘဲ ခဲမှန်ဖူးတဲ့စာသူငယ်လို တထိတ်ထိတ်ကြောက်နေကြတဲ့သူတွ
အလှူရှင်တွေ ရှိနေလို့ တစ်ဘဝလုံးစာ ဖူလုံသွားကြတာ မဟုတ်ပါဘူး။ စားတော့ ခေါက်ဆွဲခြောက်၊ ဝတ်တော့ မတော်တရော် အဝတ်ဟောင်း၊ နေတော့ ဘုန်းကြီးကျောင်းမှာ စုပြီး အပေါ့အလေးသွားဖို့ကအစ အဆင်မပြေဘဲ ဒုက္ခပေါင်းစုံ ရောက်နေကြတာပါ။ အလှူရှင်တွေ ကျဲပါးသွားတဲ့တစ်နေ့ တစ်က ပြန်စရမယ့်အခြေအနေကို ရင်ဆိုင်အားတင်းထားရသူတွေပါ
အဲဒီလိုလူတွေကို အဘ ဝန်ကြီးချုပ်က နောက်နှစ်ရေကြီးပါစေ ဆုတောင်းမနေနဲ့တဲ့လား။
ဆုတောင်းတိုင်းသာ ပြည့်ရင် ဆုတောင်းပေးချင်ပါတယ် အဘ။
အဘတစ်သက်တာမှာ သူများပေးစာကမ်းစာ အလှူလေးတွေကို လက်ဖြန့်တောင်းရတဲ့ ကျွန်မတို့လို ဘဝမျိုး မရောက်ပါစေနဲ့။
ရေကြီးလို့ ဘဝပျက်တဲ့အဖြစ်မျိုး မကြုံရပါစေနဲ့။
နူရာဝဲစွဲ လဲရာသူခိုးထောင်း ဆိုသလို စိတ်ဓာတ်တွေပြိုလဲအားငယ်နေခ
မြန်မာပြည်သူတစ်ယောက်အနေနဲ့
စုပြည့်စုံ
2nd Aug, 2015 (Sun
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။