Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, August 20, 2015

"သူရ ဦးရွှေမန်း" နိဒန်း နဲ့  နိဂုံး


"သူရ ဦးရွှေမန်း" နိဒန်း နဲ့  နိဂုံး
-----------------
( ဦးခင်ရွှေ ။ ဦးတေဇ ။ ဦးဇော်ဇော် မျက်ခုံးလှုပ်လောက်ပြီ )

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကို 
ပဲခူးတိုင်း ကညွှတ်ကွင်းရွာမှာ ၁၁ ဇူလိုင်
၁၉၄၇ ခုနှစ်က ဖွားမြင်ပါတယ်။

အသက် (၆၈) နှစ် ရှိပြီး ၁၉၆၉ ခုနှစ် DSA
(Defence Services Academy) အပတ်စဉ်
(၁၁) ဖြင့် ဗိုလ်သင်တန်း ဆင်းခဲ့သူ ဖြစ်ပါတယ်။

၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံကြီးကို
စစ်တပ်က အကြမ်းဖက်နှိမ်နင်းတုန်းက
ဗိုလ်မှူး အဆင့်ပဲ ရှိပါသေးတယ်။

၁၉၈၉ ခုနှစ်မှာတော့ Karen National Union
(KNU) နှင့် ဖြစ်သော မဲသဝေါ တိုက်ပွဲမှာ
အစွမ်းပြနိုင်ခဲ့လို့ "သူရ" ဘွဲ့တံဆိပ်ကို ရခဲ့ပြီး
ဗိုလ်မှူးကြီး အဆင့်အထိ ရာထူး တိုးမြှင့် ခံခဲ့ရပါတယ်။

၁၉၉၁ မှာ တပ်မ (၆၆) ရဲ့ ဗျူဟာမှူး၊ ၁၉၉၆ ခုနှစ်မှာ
ဗိုလ်မှူးချုပ်အဆင့်ထိ တိုးမြှင့်ခံရပြီး
ရန်ကုန်မြို့လုံခြုံရေးကို တာဝန်ယူရတဲ့ တပ်မ (၁၁) ရဲ့ တပ်မမှူး
ဖြစ်လာပါတယ်။

နောက်တနှစ်အကြာ ဧရာဝတီတိုင်း ပုသိမ်မြို့မှာ
အနောက်တောင်တိုင်း တိုင်းမှူးဖြစ်လာပြီး
နအဖ စစ်ကောင်စီရဲ့ယာယီ အဖွဲ့ဝင် ဖြစ်လာပါတယ်။

သက္ကရာဇ် ၂၀၀၀ ပြည့်နှစ် မှာတော့
ဗိုလ်ချုပ်အဖြစ် ရာထူး တိုးမြှင့်ခံရပြီး
စစ်ကောင်စီရဲ့ အမြဲတမ်း အဖွဲဝင် ဖြစ်လာပါတော့တယ်။

အထက်အမိန့်ကို တသဝေမတိမ်း လိုက်နာပြီး
အောင်မြင်အောင်လည်း အကောင်အထည်ဖော်ပေးတတ်တဲ့
သူရရွှေမန်းကို ဗိုလ်ချုပ်မှူးကြီးက မျက်စိကျသလို

ဇနီးဖြစ်တဲ့ ဒေါ်ခင်လေးသက် ကလည်း
ဒေါ်ကြိုင်ကြိုင်ကို အောက်သက် ကြေအောင် ပြုစုတတ်သူမို့
အရှင်မွေးတော့ နေ့ချင်းကြီးခဲ့ပါတယ်။

ဒေါ်ခင်လေးသက် အောက်သက်ကြေပုံကတော့
ဗိုလ်ချုပ်မှူးကြီးရဲ့ မြေးအစဉ်အဆက်ကို ထိန်းပေးခဲ့သလို၊

သမီးတွေရဲ့ ဝေယျာဝစ္စတွေနဲ့ အိမ်မှုကိစ္စတွေကိုပါ
မျက်နှာအောက်ချ လုပ်ပေးခဲ့တယ်လို့
အတွင်းသိတချို့က ဆိုပါတယ်။

နောက်ဆုံးတော့ ဗိုလ်ချုပ် ရွှေမန်းဟာ
ကာကွယ်ရေး ဝန်ကြီးဌာနမှာ တာဝန်ချထားခြင်းခံရပြီး
တပ်မတော်သမိုင်းမှာ တခါမှ မရှိဘူးသေးတဲ့
ရာထူးအသစ် ဖြစ်သည့် တပ်မတော် ညှိနှိုင်း ကွပ်ကဲရေးမှူး အဖြစ်
ခန့်ထားခြင်း ခံခဲ့ရပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကလည်း
ဦးရွှေမန်းကို ဘယ်လောက်အထိ ယုံသလဲဆိုရင်
တပ်အပေါ် သြဇာ အရှိဆုံး တယောက်ဖြစ်တဲ့
စစ်တပ်ကို ပိုက်ဆံ ရှာပေးနေတဲ့
ဦးပိုင် လီမိတက် ဥက္ကဋ္ဌဟောင်းလည်းဖြစ်
စစ်ထောက်ချုပ်ဟောင်းလည်းဖြစ်တဲ့
ဗိုလ်ချုပ်ကြီး တင်အေးနဲ့ တွဲပြီး
(၂၀၀၈)ခုနှစ်မှာ စစ်လက်နက်ပစ္စည်း ဝယ်ယူဖို့
မြောက်ကိုရီးယားကို စေလွှတ်ခြင်းခံခဲ့ရပါတယ်။

ဗိုလ်ချုပ်ကြီး ရွှေမန်း ကိုယ်၌ကလည်း
တပ်အသိုင်းအဝိုင်း အတွင်းမှာ လူရှိန်အောင်
စမတ်ကျကျ နေတတ်တယ်၊
အနေအထိုင် ဟော့ဟော့ရမ်းရမ်းမရှိ၊
အသောက်အစားကလည်း
လူကြီးလူကောင်း ဆန်ဆန်၊
တပ်ထဲမှာဆိုရင် တခြားဗိုက်ပူ ဗိုလ်ချုပ်တွေနဲ့ မတူဘဲ

နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းနဲ့
သူ့ကို စမတ် ကျတယ်ဆိုပြီး အမှတ်ပေးကြတယ်။

ဘယ်လောက်တောင် စမတ်ကျသလဲ ဆိုရင်
တခြား ဗိုလ်ချုပ်တွေလို မိန်းမကြိုက်တတ်တာကိုတောင်
သူ့ဆရာ ဗိုလ်ချုပ်မှူးကြီး မသိရှာဘူးလို့တောင် ပြောရပါမယ်။

စစ်သား စစ်ဗိုလ်ဆိုတာ မိန်းမကိစ္စနဲ့ မကင်းတာ ဓမ္မတာပါပဲ၊
ဒါပေမယ့် သူ့ရှေ့က မျိုးချစ် ဗိုလ်ချုပ်ကြီးတွေနဲ့
မတူတာကတော့ သူရ ဦးရွှေမန်း က
နိုင်ငံတကာအမြင် ပိုရှိတယ်လို့ ဆိုရမယ်

နီးစပ်သူတွေရဲ့ အဆိုအရတော့
ဦးရွှေမန်းဟာပြည်တွင်းဖြစ်ထက်
ထိုင်းနဲ့ အနောက်တိုင်းသူတွေကိုမှ ပိုပြီး
အာသီသရှိပါသတဲ့၊

ဆက်သွယ်
ရေး လမ်းကြောင်းကတော့
သူ့သား အောင်သက်မန်းရဲ့ဆရာဦးတေဇပါပဲ၊
အဲယားပုဂံနဲ့ဘန်ကောက်က သွားပင့်လာပြီး
ရန်ကုန်က ထိပ်တန်း ဟိုတယ်ကြီးတွေမှာ ပျော်ပါး ပါသတဲ့။

သူ့ရဲ့သား အောင်သက်မန်းရဲ့ ဧရာရွှေဝါ ကုမ္ပဏီက
၁၉၉၇ ကတည်းက ဦးတေဇရဲ့ထူး ကုမ္ပဏီနဲ့ ပူးပေါင်းခဲ့ပြီး

အခု အချိန်မှာတော့ စားအုန်းဆီ၊
ဓာတ်မြေသြဇာနဲ့ လယ်ယာလုပ်ငန်းသုံး စက်ကိရိယာများနဲ့
ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများ တင်သွင်းခြင်း၊
ရွှေတူးဖော်ရေး လုပ်ငန်း၊
ဆန်၊ ပဲ၊ သစ်၊ ငါး ပုစွန် စတဲ့ ပစ္စည်းတွေကို တင်ပို့ရေးအပြင်
လောင်စာဆီတင်သွင်း ရောင်း
ဝယ်ခြင်း လုပ်ငန်းတွေ လုပ်ကိုင်ပါတယ်။

နီးစပ်သူတယောက်ကတော့
“လက်နက်ကလွဲရင် အကုန်လုပ်တယ်”လို့ ပြောပါတယ်။

မိုးကုတ်နဲ့ ဖားကန့်မှာလည်း ကျောက်တူးဖော်ရေး
လုပ်ငန်းတွေ အကြီးအကျယ်လုပ်နေပြီး
ရန်ကုန်မှာလည်း မြေကွက် အမြောက်အမြား ပိုင်ထားပါတယ်။

ဘန်ကောက်၊ မလေးရှား၊ စင်ကာပူနဲ့ သြစတြေးလျမှာ
ကွန်ဒိုတွေ ဝယ်ထားပြီး
မလေးရှားနဲ့ ထိုင်း
က ဘဏ်တွေမှာ ငွေစာရင်း ဖွင့်ထားတယ်လို့
အတွင်းသိတွေက ဆိုပါတယ်။

ချမ်းသာကြွယ်ဝတဲ့ ဇေကမ္ဘာ ဦးခင်ရွှေရဲ့သမီးနဲ့ ထိမ်းမြားထားတဲ့
သူရ ဦးရွှေမန်းရဲ့သားငယ် တိုးနိုင်မန်းဟာလည်း
ဆက်သွယ်ရေး ကုမ္ပဏီအချို့နဲ့
ချယ်ရီ ရေဒီယို FM ပိုင်ဆိုင်တယ်လို့
သိရပါတယ်။

“အဖေနှင့် သားများ ကုမ္ပဏီ” ထူထောင်ကြတဲ့
စစ်ဗိုလ်ချုပ်များရဲ့ နောက်ဆုံးသွားရာလမ်းကတော့
ကြက်ကလေး ငှက်ကလေးများ ဘဝလို
အဆုံးသတ်ကြရပြီး
ရာထူး ရှိနေစဉ်
ကာလမှာလည်း ရသမျှ အကုန်ယူ အကုန်ခိုးတွေ ဖြစ်ကြတာမို့
အထင်ကြီးစရာ မရှိသလို လူထုအတွက်ကောင်းကျိုး တခုမှ ပြုခဲ့သူတွေ
မဟုတ်လို့ ရာထူးက ဖယ်ရှားခံရလျှင်လည်း
မည်သူ တစုံ တဦးတယောက်ကမှ ဝမ်းနည်း
လိမ့်မည် မထင်ကြောင်း တင်ပြလိုက်ရပါလေတော့သတည်း။
Andrew Soe
၁၃ ဩဂုတ် ၂၀၁၅။
 

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။