ချစ်သမီးအတွက် ပေးစာ
-------------------------- ---
သမီးငယ်
သမီး မင်္ဂလာဆောင်တော့မယ်ဆိုတဲ့ သတင်းကြားတော့ သမီးအတွက် မေမေတို့ဝမ်းသာကြတယ်။ မိုင်ပေါင်းထောင်သောင်းဝေးေ နလို့ သမီးမင်္ဂလာပွဲကို မေမေတို့အရောက် မလာနိုင်ခဲ့ဘူး။ မင်္ဂလာပွဲမှာ ဆုံးမသြဝါဒတွေ မပေးနိုင်ခဲ့ဘူး။ ဒါကို မေမေတို့ စိတ်မကောင်းဖြစ်မိကြတယ်။ သမီးက မေမေတို့ရဲ့ သမီးပဲ... မေမေတို့ ခံစားရတာတွေကို သမီးနားလည်မယ်လို့ မျှော်လင့်ပါတယ်။
ဟိုတစ်နေ့က သမီးနဲ့ ဖုန်းပြောပြီးနောက် သမီးဖေဖေနဲ့မေမေတို့ ခဏလောက် တိတ်ဆိတ်သွားကြတယ်။ အော်... ငါတို့သမီးလေးတောင် ဒီလောက်ကြီးပြင်းခဲ့ပြီလို့ ...
သမီးဖေဖေက မှန်ရှေ့မှာရပ်ပြီး “ကြည့်စမ်း... ငါ့ခေါင်းပေါ်က ဆံပင်ဖြူတွေတောင် ဒီလောက်များနေပြီ။ သမီးလည်း အိမ်ထောင်ပြုဖို့ အရွယ်ရောက်ပြီပေါ့” တဲ့။ သမီးဖေဖေ ခေါင်းပေါ်က ဆံပင်ဖြူတွေက မေမေတို့ ဖြတ်သန်းခဲ့တဲ့ အတိတ်တွေကို ဖော်ညွန်းနေသလိုပါပဲ သမီး...
ခေါင်းထဲပေါ်လာတဲ့အတိတ်ကပုံရိပ်တွေကို သမီးဖေဖေက တစ်ခုပြီးတစ်ခု ထုတ်ပြနေတယ်။ ကဲ.. သမီးဆီ စာတစ်စောင် ရေးလိုက်ဦးဆိုလို့ ဒီစာကို မေမေ ရေးဖြစ်လိုက်တယ် သမီး.. သမီးအတွက် ဖေဖေမေမေတို့ရဲ့ မင်္ဂလာလက်ဖွဲ့လို့ သဘောထားပါနော်။
သမီးရေ.. မေမေတို့က ကမ္ဘာပေါ်မှာ ရှိသမျှမိဘတွေလိုပဲ သာမန်တဲ့ မိဘတွေပါ။ သမီးဟာလည်း သာမန်သားသမီးတွေထဲက သာမန်သမီးလေးတစ်ယောက်ပါပဲ။ ဒါကြောင့် မေမေတို့ အများကြီး မတောင်းဆိုဘူး။ သမီးလျှောက်လှမ်းမယ့် မင်္ဂလာလမ်းဟာ ပျော်ရွှင်ခြင်း၊ သာယာခြင်းတွေနဲ့ ပြည့်နေပြီး ခရီးဆုံးတိုင် လျှောက်လှမ်းနိုင်ဖို့ပဲ မေမေတို့မျှော်လင့်တယ်။ အဲဒီလို သာယာမယ့်လမ်းအတွက် မေမေတို့ တွေ့ကြုံခဲ့တာလေးကို မျှဝေချင်ပါတယ် သမီး....
ပထမဦးဆုံး သမီးကို ပြောချင်တာက “အိမ်” ဆိုတာ သင့်တင့်လျော်ကန်တဲ့နေရာ မဟုတ်သလို အလွယ်တကူ ဖြစ်လာတာလည်း မဟုတ်ဘူး။ သင့်တင့်လျော်ကန်တဲ့နေရာ မဟုတ်ဘူးလို့ပြောတာ အဓိပ္ပာယ်မရှိပေမယ့် လုံးဝမှန်တယ် သမီး။
"အိမ်"ဆိုတာ လင်မယားနှစ်ယောက်၊ မိသားစုဝင်တွေက (မေမေတို့ အပါအဝင်) အချိန်ကာလ၊ အချစ်အမုန်း၊ အတင်းအဖျင်း၊ အမှားအမှန်၊ အချိုအခါး စတာတွေ၊ သပွတ်အူလို ရှုပ်ထွေးပွေလီတဲ့ ပြဿနာပေါင်းစုံထဲကနေ နောက်ဆုံးရလာတဲ့ ရလဒ်တစ်ခုပဲဖြစ်တယ်။
လင်မယားနှစ်ယောက်စပြီး အချေအတင်ဖြစ်ပြီဆိုရင် အိမ်ကို အရိပ်မည်းတွေ လွှမ်းမိုးစပြုလာပြီ သမီး... အတ္တကိုယ်စီနဲ့ သူမှန်တယ်၊ ငါမှန်တယ်လို့ ငြင်းခုံနေကြရင် နောက်ဆုံးမှာ နှစ်ဦးနှစ်ဖက် ထိခိုက်ကြရတယ်။ လင်မယားတစ်ချို့က အတ္တ၊ ခေါင်းမာတာတစ်ခုတည်းနဲ့ အချစ်မဲ့ကုန်ကြတယ်။ “အိမ်” ဆိုတာ အတ္တမာနတွေပြိုင်၊ မကျေနပ်တာတွေ ရှင်းဖို့အတွက် သင့်တင့်လျော်ကန်တဲ့နေရာမဟု တ်ဘူးဆိုတာကို သူတို့ နားမလည်ကြဘူး။
ဒါဆိုရင် “အိမ်” ဆိုတာ ဘာလဲ..
သမီးငယ်.. မေမေတို့ငယ်ရွယ်စဉ်က ဒီမေးခွန်းကိုမဖြေတတ်ခဲ့ကြဘူး။ တစ်ခြား လင်မယားတွေလိုပဲ ကိစ္စအသေးအမွှားလေးနဲ့ ဖေဖေမေမေတို့ ငြင်းခုံတတ်ကြတယ်။ တစ်ခါက သမီးဦးလေးရဲ့ ကိစ္စတစ်ခုကြောင့် ဖေဖေနဲ့မေမေရန်ဖြစ်ကြတာ ကွာရှင်းဖို့အထိ ဖြစ်ခဲ့သေးတယ်။ အဲဒီခေတ်အချိန်အခါမှာ ကွာရှင်းဖို့ မေမေတို့သတ္တိမရှိခဲ့ကြလို့ မကွာရှင်းဖြစ်ခဲ့ကြဘူး။
တစ်နေ့မှာ မိတ်ဆွေတစ်ဦးက သူ့သားမင်္ဂလာဆောင်မှာ “အိုအောင်မင်းအောင် ပေါင်းရပါစေ။ အမြဲချစ်နိုင်ကြပါစေ” ဆိုတဲ့ ဆုတောင်းစကား တိုတိုလေးက မေမေရင်ထဲ ဝင်ဆောင့်ခဲ့တယ်။ မှန်ပါတယ်... အိမ်ဆိုတာ မေတ္တာစကား၊ ချစ်ခြင်းစကားတွေသာ ပြောဖို့ သင့်တင့်တဲ့နေရာပါ။
ခဏလေးချစ်ဖို့လွယ်ကူပေမယ့် တစ်သက်၊ တစ်ဘဝချစ်နိုင်ဖို့ဆိုတာ မလွယ်ကူဘူး သမီး။ တစ်သက်၊ တစ်ဘဝဆိုတဲ့ အချစ်ထဲမှာ နားလည်ခြင်း၊ ခွင့်လွှတ်ခြင်း၊ သည်းခံခြင်း၊ ကြင်နာခြင်းတွေရှိရတယ်။
နောက်ဆုံးအနေနဲ့ ပြောရရင် အိမ်ထောင်ဆိုတာ ဘူးအလွတ်တစ်လုံးနဲ့တူတယ် သမီး။ အဲဒီ ဘူးလွတ်ထဲကို ပစ္စည်းတွေဖြည့်ပေးမှ ကိုယ်လိုချင်တဲ့ ပစ္စည်းကို ပြန်ထုတ်ယူနိုင်မှာဖြစ်တယ်။ များများထည့်လေ များများပြန်ရလေပဲ သမီး...
လူအများက မင်္ဂလာဆောင်တဲ့အချိန်မှာ အဲဒီမင်္ဂလာထဲမှာ မျှော်လင့်ချက်တွေ ထည့်ထားတတ်ကြတယ်။ မင်္ဂလာထဲကနေ ပစ္စည်းဥစ္စာ၊ ချစ်ခြင်းမေတ္တာ၊ တည်ငြိမ်ခြင်း၊ ပျော်ရွှင်ခြင်း၊ ကျန်းမာခြင်း၊ ခွင့်လွှတ်ခြင်းတွေ မျှော်လင့်ကြတယ်။ မေမေ အထက်ကပြောခဲ့သလို မင်္ဂလာဆောင်စမှာ၊ အိမ်ထောင်ပြုစမှာ ကိုယ်က ဘူးအလွတ်တစ်လုံးပဲ ပိုင်ဆိုင်ထားတယ်။ အဲဒီဘူးထဲကို ကိုယ်မျှော်လင့်တဲ့ ပစ္စည်းတွေ ဖြည့်ထည့်ပေးရတယ်။ ချစ်ခြင်းတွေ၊ ဖေးမ အားပေးတာတွေထည့်မှ ဘူးက တစ်နေ့တစ်ခြား ပြည့်လာမှာဖြစ်တယ်။
ဘူးအလွတ်ထဲ “သတိရ တမ်းတခြင်း” တွေ အရင်ထည့်သင့်တယ် သမီး... တွေ့စ၊ ချစ်စအချိန်ကနေ အိမ်ထောင်ပြုတဲ့အထိ နှစ်ယောက်အတူ ဖြတ်သန်းခဲ့ကြတဲ့ သတိရခြင်း၊ တမ်းတခြင်းတွေက အရိုးထဲအထိ စွဲဝင်နေခဲ့လို့ပဲ သမီး။ သတိရ တမ်းတခြင်းက စိတ်ညစ် အားငယ်နေတဲ့အချိန် အိမ်အရောက် ဖောက်ထားတဲ့ လမ်းငယ်လေးတစ်ခုဖြစ်သလို ချမ်းအေးတဲ့ ဆောင်းညမှာ အနွေးဓာတ်ပေးတဲ့ မီးလင်းဖိုလည်းဖြစ်တယ်။ ပင်ပင်ပန်းပန်းနဲ့ အပြင်ကပြန်လာသူအတွက် အိမ်တံခါးအဖွင့်မှာ အမွှေးနံ့သာကိုလည်း ပေးနိုင်စွမ်းတယ်။
ဘူးအလွတ်ထဲ နောက်ထပ်ထည့်ရမှာက “အနုပညာ” အိမ်ထောင်ဘဝရဲ့ အနုပညာဖြစ်တယ်။
အိမ်ထောင်မှာလည်း အနုပညာရှိတယ်။
စိတ်ဆိုးတဲ့အနုပညာ၊ ရန်ဖြစ်တဲ့ အနုပညာ စတာတွေဖြစ်တယ်။
တစ်ခါက သားသမီး ငါးယောက်ရှိတဲ့ လင်မယားနှစ်ယောက် သားသမီးကိစ္စ အသေးအမွှားနဲ့ ရန်ဖြစ်ကြတယ်။ ရန်ကဖြစ်လေ ကြီးလေ နောက်ဆုံး ထိန်းမနိုင် သိမ်းမနိုင်ဖြစ်တဲ့အချိန် မယားက ရုတ်တရက် “ခဏနေအုန်း... ငါ ကလေးသွားမွေးအုန်းမယ်” လို့ ပြောတယ်။ ဒါဟာ ရန်ဖြစ်တဲ့ အနုပညာပဲသမီး...
မင်္ဂလာဘူးလွတ်ထဲမှာ “သတိရတမ်းတခြင်း” နဲ့ “အနုပညာ” တွေအပြင် တစ်ခြားထည့်စရာ ပစ္စည်းတွေအများကြီး ရှိသေးတယ်သမီး။ သမီးတို့နှစ်ယောက်အတူပြည့်ေ အာင် ဖြည့်ကြပါနော်။
နောက်ဆုံးအနေနဲ့ စာရေးဆရာတစ်ဦးရဲ့ စကားတစ်ခွန်းကို လက်ဆောင်ပါလိုက်ပါတယ် သမီး .....
“ သားသမီးတွေကို မိဘတွေက ကျွေးမွေးခဲ့တယ်၊ ပြုစုပျိုးထောင်ခဲ့တယ်။ မိဘတွေရဲ့တာဝန်ကို အတတ်နိုင်ဆုံး ကျေပွန်ခဲ့တယ်။ နောက်ဆုံး သူတို့အတွက် အကောင်းဆုံးလက်ဆောင်ကို ပေးလိုက်ပါ။ အဲတာကတော့ အတောင်ပံတစ်စုံပဲဖြစ်တယ်”
သမီးငယ် ဒီစာဟာ သမီးအတွက် ဖေဖေမေမေတို့ရဲ့ မင်္ဂလာလက်ဖွဲ့ပါ။ ဖေဖေမေမေတို့ရဲ့ တောင်းဆုနဲ့အတူ သမီးပျော်ရွှင်စွာ ပျံသန်းနိုင်ပါစေ...
ချစ်တဲ့
ဖေဖေနဲ့မေမေ
-----------
မူရင်း...... http://www.tw001.net/ novels
နိုင်းနိုင်းစနေ (Friday, November 21, 2008)
--------------------------
သမီးငယ်
သမီး မင်္ဂလာဆောင်တော့မယ်ဆိုတဲ့ သတင်းကြားတော့ သမီးအတွက် မေမေတို့ဝမ်းသာကြတယ်။ မိုင်ပေါင်းထောင်သောင်းဝေးေ
ဟိုတစ်နေ့က သမီးနဲ့ ဖုန်းပြောပြီးနောက် သမီးဖေဖေနဲ့မေမေတို့ ခဏလောက် တိတ်ဆိတ်သွားကြတယ်။ အော်... ငါတို့သမီးလေးတောင် ဒီလောက်ကြီးပြင်းခဲ့ပြီလို့
သမီးဖေဖေက မှန်ရှေ့မှာရပ်ပြီး “ကြည့်စမ်း... ငါ့ခေါင်းပေါ်က ဆံပင်ဖြူတွေတောင် ဒီလောက်များနေပြီ။ သမီးလည်း အိမ်ထောင်ပြုဖို့ အရွယ်ရောက်ပြီပေါ့” တဲ့။ သမီးဖေဖေ ခေါင်းပေါ်က ဆံပင်ဖြူတွေက မေမေတို့ ဖြတ်သန်းခဲ့တဲ့ အတိတ်တွေကို ဖော်ညွန်းနေသလိုပါပဲ သမီး...
ခေါင်းထဲပေါ်လာတဲ့အတိတ်ကပုံရ
သမီးရေ.. မေမေတို့က ကမ္ဘာပေါ်မှာ ရှိသမျှမိဘတွေလိုပဲ သာမန်တဲ့ မိဘတွေပါ။ သမီးဟာလည်း သာမန်သားသမီးတွေထဲက သာမန်သမီးလေးတစ်ယောက်ပါပဲ။ ဒါကြောင့် မေမေတို့ အများကြီး မတောင်းဆိုဘူး။ သမီးလျှောက်လှမ်းမယ့် မင်္ဂလာလမ်းဟာ ပျော်ရွှင်ခြင်း၊ သာယာခြင်းတွေနဲ့ ပြည့်နေပြီး ခရီးဆုံးတိုင် လျှောက်လှမ်းနိုင်ဖို့ပဲ မေမေတို့မျှော်လင့်တယ်။ အဲဒီလို သာယာမယ့်လမ်းအတွက် မေမေတို့ တွေ့ကြုံခဲ့တာလေးကို မျှဝေချင်ပါတယ် သမီး....
ပထမဦးဆုံး သမီးကို ပြောချင်တာက “အိမ်” ဆိုတာ သင့်တင့်လျော်ကန်တဲ့နေရာ မဟုတ်သလို အလွယ်တကူ ဖြစ်လာတာလည်း မဟုတ်ဘူး။ သင့်တင့်လျော်ကန်တဲ့နေရာ မဟုတ်ဘူးလို့ပြောတာ အဓိပ္ပာယ်မရှိပေမယ့် လုံးဝမှန်တယ် သမီး။
"အိမ်"ဆိုတာ လင်မယားနှစ်ယောက်၊ မိသားစုဝင်တွေက (မေမေတို့ အပါအဝင်) အချိန်ကာလ၊ အချစ်အမုန်း၊ အတင်းအဖျင်း၊ အမှားအမှန်၊ အချိုအခါး စတာတွေ၊ သပွတ်အူလို ရှုပ်ထွေးပွေလီတဲ့ ပြဿနာပေါင်းစုံထဲကနေ နောက်ဆုံးရလာတဲ့ ရလဒ်တစ်ခုပဲဖြစ်တယ်။
လင်မယားနှစ်ယောက်စပြီး အချေအတင်ဖြစ်ပြီဆိုရင် အိမ်ကို အရိပ်မည်းတွေ လွှမ်းမိုးစပြုလာပြီ သမီး... အတ္တကိုယ်စီနဲ့ သူမှန်တယ်၊ ငါမှန်တယ်လို့ ငြင်းခုံနေကြရင် နောက်ဆုံးမှာ နှစ်ဦးနှစ်ဖက် ထိခိုက်ကြရတယ်။ လင်မယားတစ်ချို့က အတ္တ၊ ခေါင်းမာတာတစ်ခုတည်းနဲ့ အချစ်မဲ့ကုန်ကြတယ်။ “အိမ်” ဆိုတာ အတ္တမာနတွေပြိုင်၊ မကျေနပ်တာတွေ ရှင်းဖို့အတွက် သင့်တင့်လျော်ကန်တဲ့နေရာမဟု
ဒါဆိုရင် “အိမ်” ဆိုတာ ဘာလဲ..
သမီးငယ်.. မေမေတို့ငယ်ရွယ်စဉ်က ဒီမေးခွန်းကိုမဖြေတတ်ခဲ့ကြဘ
တစ်နေ့မှာ မိတ်ဆွေတစ်ဦးက သူ့သားမင်္ဂလာဆောင်မှာ “အိုအောင်မင်းအောင် ပေါင်းရပါစေ။ အမြဲချစ်နိုင်ကြပါစေ” ဆိုတဲ့ ဆုတောင်းစကား တိုတိုလေးက မေမေရင်ထဲ ဝင်ဆောင့်ခဲ့တယ်။ မှန်ပါတယ်... အိမ်ဆိုတာ မေတ္တာစကား၊ ချစ်ခြင်းစကားတွေသာ ပြောဖို့ သင့်တင့်တဲ့နေရာပါ။
ခဏလေးချစ်ဖို့လွယ်ကူပေမယ့် တစ်သက်၊ တစ်ဘဝချစ်နိုင်ဖို့ဆိုတာ မလွယ်ကူဘူး သမီး။ တစ်သက်၊ တစ်ဘဝဆိုတဲ့ အချစ်ထဲမှာ နားလည်ခြင်း၊ ခွင့်လွှတ်ခြင်း၊ သည်းခံခြင်း၊ ကြင်နာခြင်းတွေရှိရတယ်။
နောက်ဆုံးအနေနဲ့ ပြောရရင် အိမ်ထောင်ဆိုတာ ဘူးအလွတ်တစ်လုံးနဲ့တူတယ် သမီး။ အဲဒီ ဘူးလွတ်ထဲကို ပစ္စည်းတွေဖြည့်ပေးမှ ကိုယ်လိုချင်တဲ့ ပစ္စည်းကို ပြန်ထုတ်ယူနိုင်မှာဖြစ်တယ်။
လူအများက မင်္ဂလာဆောင်တဲ့အချိန်မှာ အဲဒီမင်္ဂလာထဲမှာ မျှော်လင့်ချက်တွေ ထည့်ထားတတ်ကြတယ်။ မင်္ဂလာထဲကနေ ပစ္စည်းဥစ္စာ၊ ချစ်ခြင်းမေတ္တာ၊ တည်ငြိမ်ခြင်း၊ ပျော်ရွှင်ခြင်း၊ ကျန်းမာခြင်း၊ ခွင့်လွှတ်ခြင်းတွေ မျှော်လင့်ကြတယ်။ မေမေ အထက်ကပြောခဲ့သလို မင်္ဂလာဆောင်စမှာ၊ အိမ်ထောင်ပြုစမှာ ကိုယ်က ဘူးအလွတ်တစ်လုံးပဲ ပိုင်ဆိုင်ထားတယ်။ အဲဒီဘူးထဲကို ကိုယ်မျှော်လင့်တဲ့ ပစ္စည်းတွေ ဖြည့်ထည့်ပေးရတယ်။ ချစ်ခြင်းတွေ၊ ဖေးမ အားပေးတာတွေထည့်မှ ဘူးက တစ်နေ့တစ်ခြား ပြည့်လာမှာဖြစ်တယ်။
ဘူးအလွတ်ထဲ “သတိရ တမ်းတခြင်း” တွေ အရင်ထည့်သင့်တယ် သမီး... တွေ့စ၊ ချစ်စအချိန်ကနေ အိမ်ထောင်ပြုတဲ့အထိ နှစ်ယောက်အတူ ဖြတ်သန်းခဲ့ကြတဲ့ သတိရခြင်း၊ တမ်းတခြင်းတွေက အရိုးထဲအထိ စွဲဝင်နေခဲ့လို့ပဲ သမီး။ သတိရ တမ်းတခြင်းက စိတ်ညစ် အားငယ်နေတဲ့အချိန် အိမ်အရောက် ဖောက်ထားတဲ့ လမ်းငယ်လေးတစ်ခုဖြစ်သလို ချမ်းအေးတဲ့ ဆောင်းညမှာ အနွေးဓာတ်ပေးတဲ့ မီးလင်းဖိုလည်းဖြစ်တယ်။ ပင်ပင်ပန်းပန်းနဲ့ အပြင်ကပြန်လာသူအတွက် အိမ်တံခါးအဖွင့်မှာ အမွှေးနံ့သာကိုလည်း ပေးနိုင်စွမ်းတယ်။
ဘူးအလွတ်ထဲ နောက်ထပ်ထည့်ရမှာက “အနုပညာ” အိမ်ထောင်ဘဝရဲ့ အနုပညာဖြစ်တယ်။
အိမ်ထောင်မှာလည်း အနုပညာရှိတယ်။
စိတ်ဆိုးတဲ့အနုပညာ၊ ရန်ဖြစ်တဲ့ အနုပညာ စတာတွေဖြစ်တယ်။
တစ်ခါက သားသမီး ငါးယောက်ရှိတဲ့ လင်မယားနှစ်ယောက် သားသမီးကိစ္စ အသေးအမွှားနဲ့ ရန်ဖြစ်ကြတယ်။ ရန်ကဖြစ်လေ ကြီးလေ နောက်ဆုံး ထိန်းမနိုင် သိမ်းမနိုင်ဖြစ်တဲ့အချိန် မယားက ရုတ်တရက် “ခဏနေအုန်း... ငါ ကလေးသွားမွေးအုန်းမယ်” လို့ ပြောတယ်။ ဒါဟာ ရန်ဖြစ်တဲ့ အနုပညာပဲသမီး...
မင်္ဂလာဘူးလွတ်ထဲမှာ “သတိရတမ်းတခြင်း” နဲ့ “အနုပညာ” တွေအပြင် တစ်ခြားထည့်စရာ ပစ္စည်းတွေအများကြီး ရှိသေးတယ်သမီး။ သမီးတို့နှစ်ယောက်အတူပြည့်ေ
နောက်ဆုံးအနေနဲ့ စာရေးဆရာတစ်ဦးရဲ့ စကားတစ်ခွန်းကို လက်ဆောင်ပါလိုက်ပါတယ် သမီး .....
“ သားသမီးတွေကို မိဘတွေက ကျွေးမွေးခဲ့တယ်၊ ပြုစုပျိုးထောင်ခဲ့တယ်။ မိဘတွေရဲ့တာဝန်ကို အတတ်နိုင်ဆုံး ကျေပွန်ခဲ့တယ်။ နောက်ဆုံး သူတို့အတွက် အကောင်းဆုံးလက်ဆောင်ကို ပေးလိုက်ပါ။ အဲတာကတော့ အတောင်ပံတစ်စုံပဲဖြစ်တယ်”
သမီးငယ် ဒီစာဟာ သမီးအတွက် ဖေဖေမေမေတို့ရဲ့ မင်္ဂလာလက်ဖွဲ့ပါ။ ဖေဖေမေမေတို့ရဲ့ တောင်းဆုနဲ့အတူ သမီးပျော်ရွှင်စွာ ပျံသန်းနိုင်ပါစေ...
ချစ်တဲ့
ဖေဖေနဲ့မေမေ
-----------
မူရင်း...... http://www.tw001.net/
နိုင်းနိုင်းစနေ (Friday, November 21, 2008)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။