Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, August 31, 2015

နင်အပျိုစစ်ရဲ့လားဆိုတဲ့မေးခွန်း..


နင်အပျိုစစ်ရဲ့လားဆိုတဲ့မေးခွန်း..
========••••••=========

ယခုခေတ်ကြီးတွင် ယခင်ကဲ့သို့ အတွဲ (သမီးရည်းစား) များ ချိန်းတွေ့ရာနေရာမှာ ပန်းခြံများမဟုတ်တော့ Mini Cinema ၊ တည်းခိုခန်း၊ ဟိုတယ်၊ မိုတယ်စသည့်ဖြင့် ယောက်ျားလေး၊ မိန်းကလေး နှစ်ယောက်တည်း တံခါးပိတ် ဆွေးနွေးတိုင်ပင်နိုင်သောနေရာများမှာ တစ်စ တစ်စတိုးမြင့်ဖွင့်လှစ်လာခြင်းကြောင့် သမီးပျိုများအတွက် လက်ထပ်ထိမ်းမြားခြင်းမပြုလုပ်ရသေးဘဲ အပျိုဘ၀စွန့်လွှတ်ရာနေရာ၊ ဘ၀ပျက်ရာ နေရာတစ်ခု ကဲ့သို့ ဖြစ်လာနိုင်သည်ဟု သမီးရှိမိဘများက တွေးပူနေကြပြီ၊ တာဝန်ရှိသူတွေကရော ဒီအတိုင်း ကြည့်နေကြတော့မှာလား။

တွေးပူတာနဲ့တင်မပြီးသေးပါဘူး၊ ဖြစ်စဉ်တွေလည်းရှိနေပါတယ်၊ နယ်မြို့လေးတစ်မြို့က မန္တလေးမြို့ပေါ်ကိုရောက် အလုပ်တစ်ခုမလုပ်မီမှာ ရည်းစားထား၊ အဆိုပါ နေရာတွေကို သွားရတာ လွယ်ကူတဲ့အတွက် သွား၊ ကိုယ်ဝန်ရ၊ ရတဲ့ကိုယ်ဝန်နဲ့ ပတ်သက်ပြီး တာဝန်ယူနိုင်တဲ့ အနေအထားမရှိတဲ့သူနဲ့ တွေ့ပြီး တဲ့နောက် ကိုယ်ဝန်ကိုလက်သိပ်ထိုးဖျက်ချ၊ ဆရာဝန်မဟုတ်တဲ့သူက ကိုယ်ဝန်ဖျက်ချပေးတော့ ကျေးရွာတစ်ခုက ကွမ်းတော်ကိုင်ပန်းတော်ကိုင် အသက်၂၁နှစ် အရွယ် မိန်းကလေးတစ်ဦးမှာ အသက်မသေဆုံးသင့်ဘဲ သေဆုံးခဲ့သည့်ဖြစ်စဉ်တစ်ခုနဲ့ ပတ်သက်ပြီး မိခင်ဖြစ်သူက ပြောပြခဲ့ပါတယ်။

“ဆေးရုံပြဖို့လုပ်တယ်၊ အမျိုးသမီးဆေးရုံကြီးကို သွားမပြဘူးလို့ အတင်းငြင်းတဲ့အတွက် မန္တလေးပြည်သူ့ဆေးရုံကြီးကိုပြတယ်၊ ဟိုစစ်ဒီစစ်ဆေးနေပြီး ဘာရောဂါ မှ မတွေ့ရှိပါဘူး၊ ဘာမှမဖြစ်ဘူးလို့ ထင်တဲ့အတွက် ရွာပြန်လာတယ်၊ ရွာရောက်တော့ အသားအရေမည်းခြောက်နေပြီးဆရာဝန်နဲ့ကုမရလို့ သားဖွားဆရာဝန်မ တစ်ဦးကိုပြကြည့်ရာမှ သားအိမ်ထဲမှ ကျန်တဲ့ အသားက ပုတ်နေပြီ အမြန်ဆေးရုံပို့လို့ပြောပေမယ့် ပို့တဲ့လမ်းမှာတင် အသက်သေဆုံးသွားခဲ့ရပါတယ် ”မျက်ရည်မ ဆည်နိုင်အောင်ငိုကြွေးထားသော မိခင်က သမီးဖြစ်စဉ်အား ရှင်းပြခဲ့သည်။

တက္ကသိုလ်အနီးဝန်းကျင်မှာ အတွဲတွေအတွက် လေအေးစက်ပါတဲ့အခန်းတွေကို တစ်နာရီကို ကျပ်နှစ်ထောင်ဝန်းကျင်နဲ့ အတားအဆီးမရှိ ဖွင့်လှစ်ခွင့်ပြုထားတာ။

ထို့ဖြစ်စဉ်ဖြစ်ပွားရခြင်း အစပထမမှာအရှက်ကို ရှေ့တန်းမတင်ဘဲ နောက်ပိုင်း ပြဿနာဖြစ်ပွားကာမှ အရှက်တရား ကို ရှေ့တန်းတင် ဆေးကုသမှုမပြုခဲ့တာကြောင့် အခုလိုအဖြစ်မျိုး ကြုံတွေ့ခဲ့ရတာဖြစ်တဲ့အတွက် မိဘတွေထိန်းသိမ်းဖို့၊ ကာယကံရှင် မိန်းမပျိုတွေအနေနဲ့လည်း ထိန်းသိမ်းဖို့လိုလာနေပြီဆိုတာကို သိသာထင်ရှားစွာ မီးမောင်းထိုးပြလိုက်တာပါပဲ။သိသာထင်ရှားစွာ ပေါ်လွင်လာတာနဲ့အတူ လက်ရှိအနေအထားအရ အထက်ပါဖြစ်စဉ်လိုမျိုး ဘယ်နှဦးလောက်ဖြစ်နေပြီလဲ ဆိုတာကတော့ အတိအကျမသိရပါဘူး။

ဒါပေမဲ့ အရေအတွက်အရတော့ အနည်းတော့ဘူးဆိုတာကတော့ တွေးကြည့်ရုံနဲ့သိသာပါတယ်။

အဲဒါတွေဖြစ်ပွားလာရတဲ့ အကြောင်းအရင်း တစ်ခုအနေနဲ့ကတော့ ကျောင်းပတ်ဝန်းကျင်၊ တက္ကသိုလ်နားဝန်ကျင်မှာ လည်းဟိုတယ်၊ မိုတယ်၊ Mini Cinema တွေကိုမှိုလိုပေါက်အောင် ဖွင့်လှစ်ခွင့်ပြုထားတာတွေကြောင့် အချိန်ပိုင်းအနားယူသွားအိပ်၊ဘ၀ပျက်ကြရတာတွေကလည်း ဒုနဲ့ဒေးပါပဲ၊ စာပေပိုင်းဆိုင်ရာကို လေ့လာမှုကတော့ မသိဘူး၊ နိုင်ငံတကာယဉ်ကျေးမှုကိုတော့ လိုက် နာနေကြတာကတော့ မြေကြီးလက်ခတ်မလွဲဘဲ တွေ့မြင်နေရတာပါပဲ။

ဒီကိစ္စနဲ့ပတ်သက်ပြီး အသက် ၂၄ နှစ် အရွယ်မခင်ခင်က(အမည်လွှဲ) “နယ်မြို့ကလာတဲ့မိန်းကလေးတွေ အများဆုးံဝန်ထမ်းအလုပ်လုပ်ပြီး မြို့မှာနေထိုင်ကြတာများတယ်၊သူတို့က ငွေကို အဓိကထားတယ်၊ ဝေဖန်တာမဟုတ်ပါဘူး၊ အမြင်ကိုပြောတာဖြစ်ပါတယ်၊ အဆောင်တစ်ခုမှာ မိန်းကလေး၃၀ဦး လောက် ရှိမယ်ဆိုရင် ငါးဦးနဲ့ ရှစ်ဦးကြားမှာဖြစ်နေတယ်။ ကျွန်မနေခဲ့တဲ့ အဆောင်က အနေအထားကို ပြောတာပါ၊အဲဒီထဲမှာ တချို့ဗိုက်ပေါ်လို့ပြန်သွားတာ၊လက်သိပ် ထိုးဖျက်ချတာ မျိုးစုံရှိပါတယ်၊အဓိကတော့အလေးမထားတာနဲ့လွယ်လွယ်ကူကူ ဖြစ်နိုင်တဲ့နေရာတွေ ပေါလာတာကြောင့်လို့ထင်တယ်၊ဒါတင်မကတစ်ယောက် နဲ့တစ်ယောက် ဘယ်ဟိုတယ်၊ ဘယ်နေရာက သန့်တယ်ဆိုတာမျိုးအထိ လမ်းညွှန်လုပ်ဆောင်လာကြတာမျိုး ဖြစ်လာနေပြီ” ဟု ပြောသည်။

ယင်းကဲ့သို့သောပြောင်းလဲမှုအပြင် မန္တလေးမြို့မှာ အခါကြီးရက်ကြီး အလည်ထွက်၊ ဘုရားဖူးသွားတဲ့ ခေတ်မဟုတ်တော့ဘဲ ဟိုတယ်လူပြည့်တဲ့အထိ စည်ကား တဲ့မြို့၊မာဆတ်တွေ တောင်ပုံရာပုံဖွင့်လှစ်ခွင့်ပေး အဲဒီမှာရရှိတဲ့ ငွေကြေးအနည်း ငယ်ကြောင့် ဘ၀ပျက်သွားရတဲ့ သမီးပျိုတွေနေထိုင်တဲ့မြို့၊ အရက်သေစာ သောက်စားဖို့အတွက်လည်း အသက်၁၈ နှစ်ပြည့်ပြီလားဆိုတာမကြည့်၊ ရောင်းချဖို့ရဖို့အတွက် အဓိကဦးစားပေးနေတဲ့မြို့ စသည့်ဖြင့် ထိန်းချုပ်ကန့်သတ်မှု မရှိတော့တဲ့ မြို့အဖြစ် တဖြည်းဖြည်း ပုံပြောင်းလို့လာနေပါပြီ။

ထဘီခြေဖနောက်ဖုံးဝတ်တဲ့ ယဉ်ကျေးမှုမြို့တော် မန္တလေးက မန္တလာသူကနေ ဒူးအောက်မဆင်းအ၀တ်အစားတွေဝတ်လာပြီး ယဉ်ကျေးမှုပြယုဂ် နွမ်းပါးလာတဲ့ မြို့အဖြစ် တဖြည်းဖြည်း ပုံပြောင်းစပြုလာနေပြီလို့ ထင်တယ်။ ဒါတွေသာမက အမျိုးသမီး များအနေဖြင့် ယခင်ကလိုမျိုး မိမိတစ်သက်တာ ပေါင်း သင်းနေထိုင် မည့်သူနှင့် နေထိုင်ခြင်းကို အချို့သောသူများက လုပ်ဆောင် ကြသော်လည်း ယခုခေတ်တွင် ယင်းကဲ့သို့ ပုံစံမျိုး မဟုတ်ဘဲ မည့်သည့်အကြောင်း အရင်းမျှ မသိရသေးသောသူများနှင့် သမီးရည်းစားဖြစ်ကာ အလေးမထားဘဲ အတူတကွနေထိုင်ခြင်းကြောင့် ယခုကဲ့သို့ ဖြစ်ပွားမှုများရှိလာခြင်းဖြစ်ကာ အထက်ပါ ဖြစ်စဉ် များကဲ့သို့ အသက်သေဆုံးသည့်အထိ ဖြစ်ပေါ်လာခြင်းဖြစ်သည်ဟု အသက် ၄၅နှစ်ရှိဒေါ်အေးက သုံးသပ်ပြောဆိုခဲ့သည်။

သုံးသပ်ချက်များအပြင် လက်ရှိအချိန်ကာလအား ဒီမိုကရေစီခေတ်ဟုဆိုက ဖော်ချွတ်မော်ဒယ်များ တဖြည်းဖြည်းတိုးတက်လာခြင်း၊ အမျိုးသမီးများအရက်သေ စာသောက်စားမှုများကို ပေါ်ပေါ်ထင်ထင်ပြုလုပ်လာကြခြင်း၊ သမီးရည်း စားနေထိုင်မှုပုံစံ ပွင့်လင်းသထက် ပွင့်လင်းလာခြင်းတို့ကြောင့် အတုမြင် အတတ်သင် လာနိုင်ခြင်း၊ သုံးသပ်ချက်များအပြင် လက်ရှိအချိန်ကာလအား ဒီမိုကရေစီခေတ်ဟုဆိုကေ မလိုလားအပ်သော အတုယူမှားများကိုလူငယ်၊ လူရွယ်များမှ ရယူ လာခြင်းကြောင့်လည်း တဖြည်းဖြည်း ယခုကဲ့သို့ အသွင်ပြောင်းလဲလာခြင်းဖြစ်သည်။

“မူးယစ်ဆေးဝါးလက်တစ်ကမ်းမှာဝယ်ယူနိုင်တဲ့အနေအထား၊ ဆယ်ကျော်သက်များ လိင်မှုဆိုင်ရာ စူးစမ်းမှုအနေထား၊၁၈+ကားများ ဆိုင်များအား အလွယ်တ ကူဝယ်ယူနိုင်သည့် အနေအထားများကြောင့် အနောက်တိုင်း ယဉ်ကျေးမှုဝင်ရောက်လာပြီး၊လက်မထပ်မီအတူနေထိုင်ခြင်းတွေ ဖြစ်ပေါ်တာပါ၊ ဒါ့အပြင် သူများနိုင်ငံတွေလို ကျန်းမာရေးအသိစိတ်ဓာတ်၊ ဆေးဝါးပိုင်းဆိုင်ရာအသိ စသည့်တို့ကို သိရှိနားလည်ခြင်းမရှိတာကြောင့် ဒီလိုတွေဖြစ်ကုန်တာ၊အဲလိုမျိုးတွေမဖြစ်အောင် အားလုံးကို သိရှိလုပ်ဆောင်ပေးဖို့ သက်ဆိုင်ရာမှာ တာဝန်ရှိတယ်” ဟု ဒေါ်အေးကပြောသည်။

ယင်းအချက်အလက်များကြောင့်လက်ရှိအချိန်တွင် နင်အပျိုစစ်ရဲ့လားလို့ မေးခွန်းပိုင်းဆိုင်ရာမှာ အခုခေတ်လူငယ်ကြားတွင်
ဖြေဆိုဖို့မ၀ံ့မရဲတဲ့ဖြစ်စဉ်တွေ တော်တော်များများ ဖြစ်လာခဲ့ကြောင်း ၊အားလုံးခြုံငုံသုံးသပ်ပြောဆိုခြင်းတော့ မဟုတ်ပါဘူး၊ လက်ရှိလူငယ်တွေကို အဓိကထားဆိုခြင်းဖြစ်တယ်လို့ အမျိုးသမီးတစ်ဦးကပြောခဲ့ပါတယ်။

ထို့ကဲ့သို့သောဖြစ်စဉ်များနှင့် ပတ်သက်၍ ၀န်ထမ်းအမျိုးသားတစ်ဦးဖြစ်သည့်ကိုအေး(အမည်လွှဲ) အား ထင်မြင်ချက်မေးမြန်းရာ “ ကျွန်တော်တို့ ယောက်ျားေ လးတွေက ကိုယ်တစ်သက်တာ လက်တွဲရမယ့်သူဖြစ်မယ့်မိန်းတွေမှာ ရှိသင့်တဲ့အပျိုဂုဏ် ဆိုတာမျိုးကို တန်ဖိုးထားနေကြဆဲပါ၊အဖော်အချွတ်တွေ ပေါ်လာလို့ လည်းယောက်ျားဖြစ်တာကြောင့် ကြည့်တယ်၊အလေးထားမှုတော့မရှိပါဘူး”ဟု ပြောဆိုသွားခဲ့ပါတယ်။

ဒါမျိုးတွေမဖြစ်၊ သမီးပျိုတွေကို ဝေဖန်နေ တာမျိုးတွေရှိလာရတဲ့ အဓိက အချက်ကတော့ သက်ဆိုင်ရာကနေ ထိန်းချုပ်မှုမပြုတာ၊ လူငယ်လူရွယ်တွေ နေထိုင် သွားလာမှုများတဲ့ ကျောင်း၊ တက္ကသိုလ်ပတ်ဝန်းကျင်မှာ အဲလိုမျိုးဆိုင်တွေကို ဖွင့်လှစ်ခွင့်ပြုတာ၊ ဟိုတယ်တွေမှာ ကျောင်းသား၊ လူငယ်တွေကို တည်းခိုခွင့်ကို ကြပ်မတ်လုပ်ဆောင်တာ၊ အရက်ဆိုင်၊ ဘီယာဆိုင်များကို ဖွင့်လှစ်ခွင့်ကန့်သတ်တာတို့ လုပ်ဆောင်သင့်ပါတယ်။

ဒါပေမဲ့ လုပ်ဆောင်ခြင်းကတော့ အခုထိ ထင်ထင်ရှားရှားမရှိသေးပါဘူး။ ဥပမာအနေနဲ့ပြောရင် တက္ကသိုလ်အနီးဝန်းကျင်မှာ အတွဲတွေအတွက် လေအေးစက်ပါတဲ့အခန်းတွေကို တစ်နာရီကျပ်နှစ်ထောင်ဝန်းကျင်နဲ့ အတားအဆီးမရှိ ဖွင့်လှစ်ခွင့်ပြုထားတာ၊ အဲဒီနေရာမှာ တစ်နေ့ကို အတွဲပေါင်းရာဂဏန်းဝန်းကျင် အထိနေ့စဉ် လာရောက်ကြတာ၊အဲဒီထဲမှာ ဘယ်လောက်များ သမီးပျိုလေးတွေရဲ့ ဘ၀ပျက်စီးသွားရပြီလဲဆိုတာကိုချင့်ချိန်တွေးတောကြည့်နိုင်ပါတယ်။ အမြင် မတင့်တယ်သလို ဥပဒေအရလည်း ခွင့်ပြုမယ်လို့ မထင်ပါဘူး၊ ဒါတွေမဖြစ်အောင်သက်ဆိုင်ရာအနေနဲ့ လျစ်လျူရှုမနေပါနဲ့လို့ ပြောချင်ပါတယ်။

"ဒီအတိုင်းပဲ ကြည့်နေကြတော့မှာလား" တက္ကသိုလ်အနီးဝန်းကျင်မှာ အတွဲတွေအတွက် လေအေးစက်ပါတ့ အခန်းတွေကို တစ်နာရီကျပ်နှစ်ထောင်ဝန်းကျင်နဲ့ အတားအဆီးမရှိ ဖွင့်လှစ်ခွင့်ပြုထားတာ ။

Credit: Mizzima

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။