BrainWave ဉာဏ်လှိုင်း added 2 new photos.
ကြိုက်လိုက်တာဗျာ
ဒေါ်အောင်ဆန်းစုကြည် ရဲ့ သံလျင် ဟောပြောပွဲမှာ လာထိုင်ကြည့်နေတဲ့ ဆရာမ တယောက်ရဲ့ ပုံကို ကိုမျိုး ကျော် ဆိုတဲ့ လူက ကောက်ကြောင်းချစ်ထားတာပါ။
လူထု ခေါင်းဆောင်ကြီး ပြောသမျ ကို တစိမ့်စိမ့်ကြည့်ပြီး ကျေးနပ် ပီတိ ဖြစ်နေတဲ့ ဆရာမရဲ့ ပုံဟာ ပြောစရာ မလိုလောက်အောင် ပီပြင်လွန်းလှပါတယ်။
နားထောင်ရင်း သူမရဲ့ အတွေးထဲမှာ ငါ့ သားသမီးတွေ၊ ငါ့တပည့်တွေ ငါတို့ ဖြတ်သန်းခဲ့ရတဲ့ ဘ၀ဆိုးမျိုး ကြုံရတော့မှာ မဟုတ်ဘူးဆိုတဲ့ အတွေးမျိုး ပေါ်လာပြီး ၀မ်းသာအားရ ဖြစ်နေလိုက်တာ။
ငါ့သမီးလေး ကြီးလာရင် သူများနိုင်ငံမှာ အိမ်ဖေါ် သွားလုပ်ရမှာ မဟုတ်တော့ဘူး၊ ငါ့သားလေးလဲ တရုတ် ကုလားတွေ ဆီမှာ မျက်နှာ အောက်ချပြီး သွား က္ဈန်ခံနေ စရာ မလိုတော့ဘူး လို့ သူ စိတ်ချလာနေပြီ ဆိုတာ သူ့ မျက်နှာမှာ တဖြေးဖြေး ပေါ်လွင်လာတာကို အမိအရ ရိုက်ယူ နိုင်ခဲ့တဲ့ မူရင်း ဓါတ်ပုံဆရာကိုလည်း များစွာ ချီးကြူးမိပါတယ်။
ဒီလိုမျိုး နှလုံးသားကနေ ယိုစီးလာတဲ့ ဆရာမ ရဲ့ အပြုံးကို ဖျက်လိုဖျက်ဆီး လုပ်ဘို့ ကြံနေကြတဲ့ သူခိုးဓါးရိုးကမ်းတဲ့ မသမာသူတွေရဲ့ ရန်ကို ၀ိုင်းဝန်းကာကွယ် ပေးကြဘို့ က္ဈန်တော်တို့မှာ အရင်ကထက် ပိုပြီး ကြီးလေးတဲ့ တာဝန်ကြီး တခု နောက်ထပ် ရောက်လာခဲ့ရပြီပေါ့။
ဆရာမရဲ့ မျော်လင့်ချက်တွေ ပြည့်ရပါစေမယ်။
HSW
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။