နေဝင်းရဲ့ အောင်သီးအောင်ပွင့်များ
***************************
Aug 12 ညက ကြံ့ဖွတ်ဌာနချုပ်ကို လုံခြုံရေးတွေနဲ့ဝိုင်းထားပြီး အစိုးရအဖွဲ့ကနေ ဝင်ပြီးရှာဖွေစစ်ဆေးနေတယ်ဆိုတဲ့ သတင်းနဲ့ ရွှေမန်းရဲ့လုံခြုံရေးဖြစ်တဲ့ ဒုရဲမှုးကို ရဲချုပ်ကခေါ်စစ်နေတယ်ဆိုတဲ့သတင်းတွေ ထွက်လာတယ်။ ဒါဟာ ကြံ့ဖွတ်ပါတီနဲ့ အစိုးရကွဲနေပြီ၊ လွှတ်တော်နဲ့အစိုးရ၊ လွှတ်တော်နဲ့စစ်တပ်ကွဲနေပြီဆိုတာ ဟန်ဆောင်တာမဟုတ်ဘူးဆိုတာတွေကို အတည်ပြုလိုက်တာလည်းဖြစ်တယ်။ ဘောင်းဘီချွတ်သူဌေးကြီးတွေနဲ့ အရိုးတောင်မကိုက်ရသေးတဲ့စစ်တပ်တို့ မာန်ဖီသံတွေဖြစ်သလို ကိုယ်မွေးတဲ့မျောက်က ကိုယ့်ပြန်ခြောက်လို့ တုတ်နဲ့ရွယ်နေရပုံလည်းပေါက်နေပါတယ်။
နောက်ဆက်တွဲသတင်းတွေအရ ကြံ့ဖွတ်ပါတီဥက္ကဋ္ဌနေရာကို သမ္မတသိန်းစိန်က ပြန်လည်ရယူပြီး ပူးတွဲဥက္ကဋ္ဌအဖြစ် အရင်က ဒုဥက္ကဋ္ဌဌေးဦးကိုခန့်ထားလိုက်ပါတယ်။ ကြံ့ဖွတ်ပါတီထိပ်ပိုင်းစာရင်းထဲမှာ ရွှေမန်းမပါဝင်တော့ပါဘူး။ ရွှေမန်းရဲ့အတောင်အလက်တွေကို တစ်စစီရိုက်ချိုးကာ ပါတီဥက္ကဋ္ဌနေရာဝင်ယူတဲ့ သမ္မတသိန်းစိန်ရဲ့လုပ်ရပ်ဟာ အတော်ကို အရှက်မဲ့လွန်းလှပါတယ်။ အရှင်းဆုံးပြောရရင် သူကိုယ်တိုင်ရေးဆွဲအတည်ပြုခဲ့တဲ့ နာဂစ်ဖွဲ့စည်းပုံကို သူကိုယ်တိုင်ပဲ သရော်မော်ကားလုပ်ကာ ချိုးဖောက်လိုက်တာပါပဲ။
ဒီအဖြစ်တွေကိုကြည့်ရင် တိုင်းပြည်အတွက်ဘာမှအကျိုးမရှိတဲ့အပြင် စစ်တပ်က ပိုပြီးဖိတော့မယ်ဆိုတဲ့ အချက်ပေးသံလည်းဖြစ်တယ်။ စစ်တပ်အနေနဲ့ ဒီ ၄၊ ၅ နှစ်အတွင်းမှာ ကွာကျသွားတဲ့ မျက်နှာဖုံးကို ပြန်ကောက်မတက်တော့ဘဲ ဘီလူးအတိုင်းပဲနေတော့မယ်လို့ ဆုံးဖြတ်လိုက်ပုံကိုတွေ့လိုက်ရလို့ဖြစ်ပါတယ်။ ဖွဲ့စည်းပုံပြင်ရေး လွှတ်တော်တွင်းမဲခွဲစဉ်မှာ အဆိုရှုံးနိမ့်သွားတုန်းက တီးခဲ့ကြတဲ့လက်ခုပ်သံနဲ့
Right to recall နဲ့ ရွှေမန်းကို ဖြုတ်ချဖို့စစ်တပ်ကကြိုးပမ်းစဉ်က အခြေအနေတွေဟာ ဒီအချက်ကိုခိုင်မာကြောင်းပြနေတာပဲဖြစ်တယ်။ နောက်ဆုံးတော့ ဘီလူးဟာ ဘီလူးပါပဲ။
လာဘ်စားတာ ဒီတိုင်းပြည်ထဲမှာ မတော်မတရားခံစားခွင့်တွေ လုပ်ပိုင်ခွင့်တွေရယူပြီး ကိုယ်နဲ့ကိုယ့်မိသားစု ချမ်းသာအောင်လုပ်တယ်ဆိုတာ စစ်ခေါင်းဆောင်တွေကနေ အောက်ခြေအထိရတဲ့နေရာ ရသလိုလုပ်စားနေကြတာဖြစ်ပေမယ့် သားသမီးမြေးမြစ်အထိ မတော်မတရားချမ်းသာနေပုံများ သူတို့အချင်းချင်းတောင် ယှဉ်လို့မရတော့တဲ့အထိ ချမ်းသာနေသူဆိုတာ သူတို့ထဲမှာ လက်ချိုးရေလို့တောင်ရတာဖြစ်တယ်။ သန်းရွှေ၊ အောင်သောင်း၊ တင်အေး၊ ရွှေမန်းတို့လောက်ပဲရှိတာ။ အောင်သောင်းသေပြီးမှ ဒီဇာတ်လမ်းစလာတာဖြစ်သလို အောင်သောင်းဟာ မသေခင်က ရွှေမန်းဘက်ကဆိုတာလည်း သိထားဖို့ဖြစ်ပါတယ်။
ဒီလို ဒီလောက်တောင်ဖြစ်နေလို့ ပြည်သူတွေအတွက် ဝမ်းသာစရာလို့မြင်ရင် မှားပါလိမ့်မယ်။ အခုဖြစ်ရပ်ရဲ့ အဓိပ္ပါယ်အစစ်က စစ်တပ်ဟာ ပြောင်းလဲရေးကိုလက်မခံ၊ ဖွဲ့စည်းပုံမှာ စစ်တပ်ရဲ့ဦးဆောင်မှုကဏ္ဍ၊ ကာလုံ၊ နောက်ဆက်တွဲဇယား၊ အစိတ်သား စသည် စသည် တံတိုင်းအထပ်ထပ်ကာထားတာတောင် လုံခြုံတယ်လို့မထင်နိုင်သေးတဲ့ သိမ်ငယ်စိတ်တွေနဲ့ပြည့်နေတဲ့ စစ်တပ်ကို သနားစရာတွေ့လိုက်ရပါတယ်။ ယူနီဖောင်းဝတ် သေနတ်ကိုင်ထားပေမယ့် မျက်နှာမှာ သနပ်ခါးအဖွေးသားနဲ့ပါ။
ဒါတွေ ဒီလိုဖြစ်အောင်ကို နေဝင်းက ကြိုးပမ်းခဲ့တာ။ စစ်တပ်ဆိုတာ မိုးပေါ်ထောင်မပစ်လို့ပြောခဲ့တဲ့ ၈၈ ကတည်းက သူစိုက်ခဲ့တဲ့ အာဏာရူးမျိုးစေ့တွေက သန်းရွှေခေတ်မှာ တစ်အုပ်တစ်မ တောလေးဖြစ်လာခဲ့ပြီး၊ ခုချိန်မှာတော့ ဗမာတစ်ပြည်လုံး သူတို့ခုတ်လို့ကုန်သွားတဲ့ သစ်တောကြီးတွေနေရာမှာ အစားပေါက်လာတဲ့ တောကြီးလို တစ်တိုင်းပြည်လုံးကို ကိုလိုနီခေတ် မတိုင်ခင်ကလိုပဲ ဖုံးလွှမ်းသွားခဲ့ပြီဖြစ်ပါတယ်။ ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက် စတဲ့ သစ်ကောင်းတွေမဟုတ်ပါ။ အာဏာရူးတောကြီးဖြစ်ပါတယ်။ အခုဖြစ်နေတာတွေက အဲဒီအာဏာရူးတောကြီးထဲက အာဏာခွက်စောင်းခုတ်တဲ့ ကိုက်ခဲမာန်ဖီသံတွေပါ။
ဘာပဲဖြစ်နေနေ ၂၀၁၅ ရွေးကောက်ပွဲဟာကိုတော့ လုပ်မှဖြစ်မယ်ဆိုတာ သူတို့သိပြီးသား။ ၂၀၁၀ ရွေးကောက်ပွဲနဲ့ သူတို့ရပ်တည်မှုကို ခိုင်မာအောင်မလုပ်နိုင်သေးဘူးဆိုတာ ခုဖြစ်ရပ်တွေကပြနေတာဖြစ်တယ်။ ဒါကြောင့် ၂၀၁၅ မှာလည်း စစ်တပ်ရဲ့ပါတီဟာ နိုင်ကိုနိုင်ရပါလိမ့်ဦးမယ်။ ဘယ်လိုနိုင်အောင်လုပ်မယ်ဆိုတာတော့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ရွေးကောက်ပွဲအကြိုကာလ ညစ်လုံးတွေကြည့်ပြီး အကဲခတ်နိုင်သလို၊ ခုလိုအခြေအနေမျိုးကြောင့်လည်း ဒီထက်ဆိုးတာတွေလည်းဖြစ်နိုင်တယ်ဆိုတာ သိထားရပါလိမ့်မယ်။
ခုဖြစ်တဲ့ကိစ္စတွေရဲ့အစဟာ ဖွဲ့စည်းပုံပြင်ဖို့ကြိုးစားရာကနေ စစ်တပ်ဟာ နာဂစ်ဖွဲ့စည်းပုံကိုကာကွယ်ဖို့ သူဖွဲ့ထားတဲ့ ကြံ့ဖွတ်ပါတီက ဖွဲ့စည်းပုံကိုပြန်ပြင်ဖို့လုပ်တယ်လို့ ယူဆရာကနေဖြစ်လာတာ။ ဒီနေရာမှာ ဖွဲ့စည်းပုံပြင်မယ်ဆိုပြီး ရွေးကောက်ပွဲဝင်လာတာက NLD ပါ။ တစ်ခုတော့ တွေးကြည့်လို့ရပါတယ်။ ဆိုပါတော့ ၂၀၁၅ အလွန် လွှတ်တော်မှာ NLD က အများစုနေရာယူပြီး အစိုးရဖွဲ့၊ ပြီးတော့ ဖွဲ့စည်းပုံပြင်ဖို့ကြိုးစား။ သိပ်ကြည့်ကောင်းလာပါလိမ့်မယ်။ ဘီလူးကြီးရဲ့ အသက်ဗူးလေးကို အပ်နဲ့ကလော်ဖွင့်ဖို့ ကြိုးစားသလိုတွေ့ရပါလိမ့်မယ်။ တကယ်တော့ သိမ်ငယ်စိတ်တွေအပြည့်ဝင်နေတဲ့ စစ်တပ်ကိုမြင်နေရသလို၊ တစ်ဖက်ကကြည့်ရင်လည်း အာဏာရှင်နေဝင်းစိုက်ခဲ့တဲ့ အပင်တွေဟာ အောင်သီးအောင်နှံတွေပွင့်လာတာမို့ ရုပ်ခန္ဓာကတော့ ပြာအဖြစ်နဲ့ လေထဲလွင့်သွားပေမယ့် ငရဲမှာချိုးကပ်နေတဲ့ဝိညာဉ်ကတော့ ဒီလောက်ပူနေတဲ့ကြားက ပြုံးတုံးတုံးကြီးလုပ်နေမယ်ထင်ပါတယ်။ တစ်နေ့ ဂုဏ်တော် ၁၀၀၀ ပုတီးစိတ်နေတဲ့ ဒုတိယအာဏာရှင်ကလည်း မကြာခင်ရောက်တော့မယ့် ငရဲအိုးကမီးကိုလှမ်းကြည့်ရင်း အသေဖြောင့်တော့မယ်ထင်ပါတယ်။
အဲဒီလိုအခြေမှာ NLD ဟာ ဘာပဲဖြစ်နေနေ ရွေးကောက်ပွဲမှာ အပြတ်အသတ်နိုင်အောင်လုပ်ရမှာဖြစ်သလို၊ နိုင်ခဲ့ရင်လည်း အစိုးရအဖွဲ့ကိုဖွဲ့နိုင်ဖို့လိုပါတယ်။ ၉၀ ရွေးကောက်ပွဲကိုမေ့ရမှာမဟုတ်ပေမယ့် အဲဒီလိုဖြစ်ခဲ့ရင် ဘယ်လိုလုပ်မလဲဆိုတဲ့မေးခွန်းအတွက် အနည်းဆုံးအဖြေသုံးခုလောက်ကို ကြိုစဉ်းစားထားဖို့လိုပါလိမ့်မယ်။ ခုအတိုင်းဆိုရင် စစ်ဘီလူးကအစွယ်ကုန်ထုတ်ပြခဲ့ပြီးပြီမို့ အရာရာကို အကောင်းဖက်ကမြင်လို့မရတော့ပါ။ စစ်သားဟာ ယောက်ျားပီပီသသနဲ့ ကျားကျားလျားလျားမနေနိုင်တော့ဘဲ သနပ်ခါးလိမ်းပန်းပန်ပြီး နွဲ့တဲ့တဲ့လုပ်နေပုံကိုသာ မြင်နေရလို့ဖြစ်ပါတယ်။
__________________________________
လေးစားစွာဖြင့်
Ko Soe Win
**************************
Aug 12 ညက ကြံ့ဖွတ်ဌာနချုပ်ကို လုံခြုံရေးတွေနဲ့ဝိုင်းထာြး
နောက်ဆက်တွဲသတင်းတွေအရ ကြံ့ဖွတ်ပါတီဥက္ကဋ္ဌနေရာကို သမ္မတသိန်းစိန်က ပြန်လည်ရယူပြီး ပူးတွဲဥက္ကဋ္ဌအဖြစ် အရင်က ဒုဥက္ကဋ္ဌဌေးဦးကိုခန့်ထားလိုက
ဒီအဖြစ်တွေကိုကြည့်ရင် တိုင်းပြည်အတွက်ဘာမှအကျိုးမ
Right to recall နဲ့ ရွှေမန်းကို ဖြုတ်ချဖို့စစ်တပ်ကကြိုးပမ်
လာဘ်စားတာ ဒီတိုင်းပြည်ထဲမှာ မတော်မတရားခံစားခွင့်တွေ လုပ်ပိုင်ခွင့်တွေရယူပြီး ကိုယ်နဲ့ကိုယ့်မိသားစု ချမ်းသာအောင်လုပ်တယ်ဆိုတာ စစ်ခေါင်းဆောင်တွေကနေ အောက်ခြေအထိရတဲ့နေရာ ရသလိုလုပ်စားနေကြတာဖြစ်ပေမယ
ဒီလို ဒီလောက်တောင်ဖြစ်နေလို့ ပြည်သူတွေအတွက် ဝမ်းသာစရာလို့မြင်ရင် မှားပါလိမ့်မယ်။ အခုဖြစ်ရပ်ရဲ့ အဓိပ္ပါယ်အစစ်က စစ်တပ်ဟာ ပြောင်းလဲရေးကိုလက်မခံ၊ ဖွဲ့စည်းပုံမှာ စစ်တပ်ရဲ့ဦးဆောင်မှုကဏ္ဍ၊ ကာလုံ၊ နောက်ဆက်တွဲဇယား၊ အစိတ်သား စသည် စသည် တံတိုင်းအထပ်ထပ်ကာထားတာတောင
ဒါတွေ ဒီလိုဖြစ်အောင်ကို နေဝင်းက ကြိုးပမ်းခဲ့တာ။ စစ်တပ်ဆိုတာ မိုးပေါ်ထောင်မပစ်လို့ပြောခဲ
ဘာပဲဖြစ်နေနေ ၂၀၁၅ ရွေးကောက်ပွဲဟာကိုတော့ လုပ်မှဖြစ်မယ်ဆိုတာ သူတို့သိပြီးသား။ ၂၀၁၀ ရွေးကောက်ပွဲနဲ့ သူတို့ရပ်တည်မှုကို ခိုင်မာအောင်မလုပ်နိုင်သေးဘ
ခုဖြစ်တဲ့ကိစ္စတွေရဲ့အစဟာ ဖွဲ့စည်းပုံပြင်ဖို့ကြိုးစာ
အဲဒီလိုအခြေမှာ NLD ဟာ ဘာပဲဖြစ်နေနေ ရွေးကောက်ပွဲမှာ အပြတ်အသတ်နိုင်အောင်လုပ်ရမှ
__________________________
လေးစားစွာဖြင့်
Ko Soe Win
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။