အမေ
--------
အမေဆိုတာ ကျွန်တော်တို့ အားလုံးအတွက်အကြင်နာမိုးတွေ အဆက်မပြတ်ရွာသွန်းပေးနေတဲ့ သူရဲကောင်းတစ်ဦးပါ။
အမေပာာ ဖယောင်းတိုင်လိုပဲ အလင်းရဖို့ အတွက်သူ့ဘဝတွေကို လောင်ကျွမ်းခဲ့ရပါတယ်။ အမေပာာ ဝမ်းကြာတိုက်တွင် ကိုးလလွယ် ၍ ဆယ်လဖွားရန် အပူ ၊အငန်၊ အစပ်စသည်ရှောင်၍ ဒုက္ခခံခဲ့ရပါတယ်။ အမေရဲ့ မေတ္တာပာာ ဘယ်လိုအရာနဲ့မျှ နှိုင်းယှဉ်လို့မရပါဘူး။
ကံကြမ္မာလှိုင်း ဘယ်လောက်ပင် ကြမ်းတမ်းပါစေ သားသမီးအတွက်ဆိုရင် လောကဓံကိုအပြုံးမပျက်ပဲ ရှေ့ဆုံးက ရင်ဆိုင်နေရသူပါ။ အမေပာာ ကျွန်တော်တို့ အာလုံးအတွက်ထာဝရ သူရဲကောင်းပါ။ အမေမျက်နှာလေးပြုံးလိုက်ရင် လောကတစ်ခုလုံး သာယာသွားပါတယ်။ အမေမျက်နှာလေးညိုးနေရင် တစ်လောကလုံး မိုးထစ်ချူန်းနေသလိုပါ။ အဆိုတော်တွေ ဘယ်လောက်ကောင်းတယ်ပြောပြော အမေထက်ကောင်းအောင်ဆိုပြနိုင်တဲ့ အဆိုတော် ဒီကမ္ဘာပေါ်မှာမရှိပါဘူး။
အဆိုတော်တွေပာာ လူတွေအမျိုးမျိုး စိတ်ကျေနပ်အောင် အမျိုးမျိုးတီထွင် ဖန်တီးလုပ်ပြ နိုင်စွမ်းရှိပါတယ်။ ဒါပေမယ့် အမေကတော့ ငိုနေတဲ့ သားသမီးကို အငိုတိတ်သွားအောင် ဆိုပြနိုင်စွမ်းက ကမ္ဘာကျော်အဆိုတော်တွေတောင် လက်မှိုင်ချသွားလို့ရပါတယ်။ အမေပာာ အရေးကြုံလာခဲ့ရင် အသက်ကိုပင် ပဓာနမထားပဲ ရှေ့ဆုံးကပင် သားသမီးတွေအတွက် အမြဲတမ်း ရဲရဲဝံဝံ ရပ်တည်ပေးနေတဲ့ အနှိုင်းမဲ့ ကျေးဇူးရှင် တစ်ဦးပါ။
အမေပာာ ကျွန်တော်တို့အတွက် ဘယ်ရာသီမှာ ဘယ်လိုအစားအစာတွေနဲ့ ကျန်းမာရေးနှင့် ညီညွှတ်တယ်၊ ဘယ်လိုပာာက ကျန်းမာရေးနဲ့ မညီညွှတ်ဘူးဆိုတာကို အမေ့လောက်သိတာ အမေပဲရှိပါတယ်။ နေမကောင်းဖြစ်တဲ့ အခါမှာလည်း အကောင်းဆုံး ဆရာဝန်တစ်ယောက်လို၊ သူနာပြုတစ်ယောက်လို အနေဖြင့် သားသမီးတွေ အနားမှာ ၂၄နာရီလုံး စောင့်ရှောက်ပေးခဲ့ပါတယ်။ သားသမီးတွေရဲ့ အကြိုက်ကို ကောင်းကောင်းသိတာလည်း အမေပါပဲ။ အမေပာာ အကောင်းအဆိုးကို သားသမီးတွေအတွက် နေ့စဉ်ညွှန်ကြားပြသပေးသူ ဖြစ်ပါတယ်။
မိသားစုဘဝလေးနေ့စဉ် အဆင်ပြေဖို့ အတွက်ဝင်ငွေနဲ့ ထွက်ငွေကို မျှအောင်စီမံခန့် ခွဲရတာလည်း အမေပါပဲ။ ဒါကြောင့် ဆံပင်ဖြူ ပါစေ သွားကျိုးနေပါစေ အမေ့ရုပ်ရည်ပာာ အမြဲလှနေပါတယ်။ အမေဆင်းရဲလို့လည်းအပြစ်မတင် ပါနဲ့ ၊ အမေမှားနေလို့လည်း အပြစ်မတင်ပါနဲ့၊ တကယ်တော့ အမေပာာ သားသမီးအတွက်ဆိုရင် အချိန်တိုင်း ဘာမှ မျှော်လင့်ချက်မပါပဲ အဖြူရောင်သက်သက် မေတ္တာနဲ့ပေးဆပ်နေတဲ့ အနှိုင်းမဲ့ မေတ္တာရှင်ပါ။
ဒါကြောင့် သူငယ်ချင်းတို့လည်း အမေကဘာပဲဖြစ်နေဖြစ်နေ အမေကအမေပါပဲဆိုတာကို ဘယ်တော့မှမမေ့ပါနဲ့။ တစ်နေ့ အမေပာာ အသက်ကြီးလာတဲ့အခါ လမ်းမလျှောက် နိုင်တော့ရင် အမေလက်ကလေးကိုဆုပ်ကိုင်ထားပါ၊ အမေ့ဘေးမှာ နေပြီးအဖော်ပြုပေးပါ၊ ဖြည်းဖြည်းချင်းတွဲခေါ်ပေးပါ ။ တစ်ချိန်က သင့်လက်ကလေးကိုဆွဲပြီး သင်လမ်းလျှောက်တတ်အောင်သင်ေ ပးသွားခဲ့သလိုပေါ့။အဲဒါ လေးကို သင်ပြန်သတိရတဲ့အခါ အချိန်လွန်နောင်တမဖြစ်ရလေအောင် အမေရှိတုန်းလေး ပြုစုပေးပါ၊ ကြင်နာပေးပါ၊ စောင့်ရှောက်ပေးကြပါ
သူငယ်ချင်းတို့
ကမ္ဘာပေါ်ရှိသားသမီးများအားလုံး အချိန်မနှောင်းမီ မိဘကျေးဇူးဆပ်နိုင် ကြပါစေ။
ရှမ်းပုတ်(မိုမိုလေး)
--------
အမေဆိုတာ ကျွန်တော်တို့ အားလုံးအတွက်အကြင်နာမိုးတွေ
အမေပာာ ဖယောင်းတိုင်လိုပဲ အလင်းရဖို့ အတွက်သူ့ဘဝတွေကို လောင်ကျွမ်းခဲ့ရပါတယ်။ အမေပာာ ဝမ်းကြာတိုက်တွင် ကိုးလလွယ် ၍ ဆယ်လဖွားရန် အပူ ၊အငန်၊ အစပ်စသည်ရှောင်၍ ဒုက္ခခံခဲ့ရပါတယ်။ အမေရဲ့ မေတ္တာပာာ ဘယ်လိုအရာနဲ့မျှ နှိုင်းယှဉ်လို့မရပါဘူး။
ကံကြမ္မာလှိုင်း ဘယ်လောက်ပင် ကြမ်းတမ်းပါစေ သားသမီးအတွက်ဆိုရင် လောကဓံကိုအပြုံးမပျက်ပဲ ရှေ့ဆုံးက ရင်ဆိုင်နေရသူပါ။ အမေပာာ ကျွန်တော်တို့ အာလုံးအတွက်ထာဝရ သူရဲကောင်းပါ။ အမေမျက်နှာလေးပြုံးလိုက်ရင်
အဆိုတော်တွေပာာ လူတွေအမျိုးမျိုး စိတ်ကျေနပ်အောင် အမျိုးမျိုးတီထွင် ဖန်တီးလုပ်ပြ နိုင်စွမ်းရှိပါတယ်။ ဒါပေမယ့် အမေကတော့ ငိုနေတဲ့ သားသမီးကို အငိုတိတ်သွားအောင် ဆိုပြနိုင်စွမ်းက ကမ္ဘာကျော်အဆိုတော်တွေတောင် လက်မှိုင်ချသွားလို့ရပါတယ်။ အမေပာာ အရေးကြုံလာခဲ့ရင် အသက်ကိုပင် ပဓာနမထားပဲ ရှေ့ဆုံးကပင် သားသမီးတွေအတွက် အမြဲတမ်း ရဲရဲဝံဝံ ရပ်တည်ပေးနေတဲ့ အနှိုင်းမဲ့ ကျေးဇူးရှင် တစ်ဦးပါ။
အမေပာာ ကျွန်တော်တို့အတွက် ဘယ်ရာသီမှာ ဘယ်လိုအစားအစာတွေနဲ့ ကျန်းမာရေးနှင့် ညီညွှတ်တယ်၊ ဘယ်လိုပာာက ကျန်းမာရေးနဲ့ မညီညွှတ်ဘူးဆိုတာကို အမေ့လောက်သိတာ အမေပဲရှိပါတယ်။ နေမကောင်းဖြစ်တဲ့ အခါမှာလည်း အကောင်းဆုံး ဆရာဝန်တစ်ယောက်လို၊ သူနာပြုတစ်ယောက်လို အနေဖြင့် သားသမီးတွေ အနားမှာ ၂၄နာရီလုံး စောင့်ရှောက်ပေးခဲ့ပါတယ်။ သားသမီးတွေရဲ့ အကြိုက်ကို ကောင်းကောင်းသိတာလည်း အမေပါပဲ။ အမေပာာ အကောင်းအဆိုးကို သားသမီးတွေအတွက် နေ့စဉ်ညွှန်ကြားပြသပေးသူ ဖြစ်ပါတယ်။
မိသားစုဘဝလေးနေ့စဉ် အဆင်ပြေဖို့ အတွက်ဝင်ငွေနဲ့ ထွက်ငွေကို မျှအောင်စီမံခန့် ခွဲရတာလည်း အမေပါပဲ။ ဒါကြောင့် ဆံပင်ဖြူ ပါစေ သွားကျိုးနေပါစေ အမေ့ရုပ်ရည်ပာာ အမြဲလှနေပါတယ်။ အမေဆင်းရဲလို့လည်းအပြစ်မတင်
ဒါကြောင့် သူငယ်ချင်းတို့လည်း အမေကဘာပဲဖြစ်နေဖြစ်နေ အမေကအမေပါပဲဆိုတာကို ဘယ်တော့မှမမေ့ပါနဲ့။ တစ်နေ့ အမေပာာ အသက်ကြီးလာတဲ့အခါ လမ်းမလျှောက် နိုင်တော့ရင် အမေလက်ကလေးကိုဆုပ်ကိုင်ထားပ
သူငယ်ချင်းတို့
ကမ္ဘာပေါ်ရှိသားသမီးများအားလု
ရှမ်းပုတ်(မိုမိုလေး)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။