ဆလိုင်း သားမိုက် added 2 new photos.
The Chin (ချင်း) ဆိုသည်မှာ
===================
ချင်းတိုင်းရင်းသားများ ပေါ်ပေါက်လာပုံနှင့် ပါတ်သက်...၍ ပညာရှင်များကြားတွင် ကွဲလွဲမှုများရှိသည်။ ပညာရှင် အချို့က ချင်းတိုင်းရင်းသားတို့သည် မွန်ဂိုလီယန်းအနွယ် တိဗက် – ဗမာအုပ်စုဝင်” သက်” လူမျိုးစုမှ လည်းကောင်း၊ အရှေ့တီဗက် – ဗမာ အုပ်စုမှ လည်းကောင်း၊ အနောက် တိဗက် – မြန်မာ အုပ်စုမှ လည်းကောင်း ဆင်းသက် လာသည်ဟူသော မတူညီတဲ့ ယူဆချက်များလည်းရှိသည်။
ထို့အပြင် ချင်းလူမျိုးတို့သည် ပြည်ထောင်စု မြန်မာနိုင်ငံတွင် နေထိုင်ကြသော တိုင်းရင်းသားမျိုးနွယ်စုများ၏ မူရင်းမျိုးနွယ်စုဖြစ်သော ချီအငယ့် Chiang မျိုးနွယ်စုမှ ဆင်းသက်လာ သည်ဟူသော ယူဆ ချက်လည်း ရှိသေးသည်။ အချို့သော ချင်းသမိုင်းသုသေသီတို့ကမူ ချင်းလူမျိုးတို့သည် တရုတ်ပြည် ခူလ် ( Khul) ( ဂူ) မှ စတင်ပေါက်ဖွားလာသည်ဟု ဆိုသည်။ မည်သို့ပင်ဆိုဖြစ်စေ ချင်းတောင်တွင် နေထိုင်ကြသော ချင်းလူမျိုးတို့သည် မိမိတို့ အစုကို အမည်အမျိုးမျိုးနှင့် ခေါ်ကြပြီး သီးခြားမျိုးနွယ်များဟု ယုံကြည်ကြသည်။ သို့သော် အားလုံးသည် တခု တည်းသော မျိုးနွယ်စုမှ ဆင်းသက်လာကြသည်။ တနည်းအားဖြင့် ချင်းတိုင်းရင်းသားတို့သည် တောင်ပေါ်နေ လူမျိုးနွယ် များဖြစ်ကြပြီး တိဗက် – ဗမာ ပင်မ ဘာသာစကားကြီး၏ ဒေသန္တရ ဘာသာစကားကွဲမျိုးစုံကို ပြောကြပြီး မိမိတို့၏ အမည် ကို အမျိုးမျိုး မှည့်ခေါ်ကြသူများဖြစ်သည်။ ယင်းတို့၏ ဖွဲ့စည်းအုပ်ချုပ်မှုဖွဲ့စည်းပုံ၊ တောင်ယာစပါးစိုက်ပျိုးနည်း၊ ဓလေ့ထုံးစံများ၊ အမူအ ရာ အသွင်အပြင်များ၊ ယုံကြည်ကိုးကွယ်မှု နှင့် စွဲလန်းမှုအားလုံး၏ တူညီမှုတို့က တမျိုး နွယ်တည်းဖြစ် သည်ဟု သာဓက ပြလျက် ရှိနေသည်။ချင်းတိုင်းရင်းသားများ ပေါ်ပေါက်လာပုံနှင့် ပါတ်သက်...၍ ပညာရှင်များကြားတွင် ကွဲလွဲမှုများရှိသည်။ ပညာရှင် အချို့က ချင်းတိုင်းရင်းသားတို့သည် မွန်ဂိုလီယန်းအနွယ် တိဗက် – ဗမာအုပ်စုဝင်” သက်” လူမျိုးစုမှ လည်းကောင်း၊ အရှေ့တီဗက် – ဗမာ အုပ်စုမှ လည်းကောင်း၊ အနောက် တိဗက် – မြန်မာ အုပ်စုမှ လည်းကောင်း ဆင်းသက် လာသည်ဟူသော မတူညီတဲ့ ယူဆချက်များလည်းရှိသည်။
မြန်မာနိုင်ငံသမိုင်းစဉ်တွင် ကြီးကျယ်ခမ်းနားသော ယဉ်ကျေးမှု အစဉ်အလာကောင်းတို့ပေါ်ထွန်းစေခဲ့သည့် ပုဂံခေတ် ( ခရစ်နှစ် ၉ ရာစုမှ ၁၃ ရာစုထိ) မြန်မာနိုင်ငံကို ထိုခေတ်တိုင်းရင်းသားလူမျိုးပေါင်းစုံတို့က စည်းလုံးညီညွတ် စွာဖြင့် တည်ထောင်ခဲ့ကြသည်။ ယင်းတိုင်းရင်းသားများထဲတွင် ချင်းတိုင်းရင်းသားများလည်း ပါဝင်ခဲ့သည်၊ မဟာရာဇ၀င် တော်ကြီး (ပ) တွင် အနော်ရထာမင်း ဟအနိရုဒ္ဒ ( ခရစ်နှစ် ၁၀၄၄ – ၁၀၇၇) လက်ထက်နိုင်ငံ အကျယ်အ၀န်း ကိုဖော်ပြရာ တွင်— အနောက်သို့လားသော် ပဍိက္ကရားလ- မည် ကုလားပြည်လျှင် အခြားတည့် ဟု ပါရှိသည်။ ထို့အပြင် သြီတြိဘုဝ နာဒိတျာပ၀ရ ပဏ္ဍိတဓမ္မရာဇာနရတိဘွဲ့ခံ ဒုတိယစည်သူမင်း ( ခရစ်နှစ် ၁၁၆၅ – ၁၂၁၁) လက်ထက်သက္ကရာဇ် ၅၅၈ ( ခရစ်နှစ် ၁၁၉၆) ခုနှစ် ထိုးဓမ္မရာဇိက ကျောက်စာတွင် အရိမဒ္ဒနပူရ ( ပုဂံ) ပြည်၏ နယ်နမိတ်အပိုင်းအခြားတွင် — အ နောက်ကား မစ္ဆကရီ (မစ္ဆဂီရိ) ပတိက္ကာ ( ပဋိက္ကရား) ဟု ရေးထိုးထားသည်။ ( ဓမ္မရာဇိက ကျောက်စာ မျက်နှာ ဖက် ကြောင်းရေ ၆- ၁၀) ပဋိက္ကရားပြည်သည် စစ်တကောင်းမြို့၏ မြောက်ဖက်၊ မဏိပူရ ကသည်းပြည်၏ အနောက် တောင်ဖက်၊ ယခုခေတ် ကိုမီလာ ( Comilla) မြို့၏ အရှေ့ဖက်တွင် ရှေးအခါက ထွန်းကတိပ်ပရားထ ( Tipperah) ဒေသ ပင်ဖြစ်သည်။ ( Than Tun, Dr, RO B Vol.X, P.116) ထို့အပြင် မစ္စဂီရိ ( မစ္ဆ= ငါး၊ ဂီရိ = တောင်) သည် ယခု သရက်ခရိုင်၏ ၀န်းကျင်ဒေသဖြစ်သော ဧရာဝတီမြစ်အနောက်ဖက်ရှိ တောင်စဉ်တောင်တန်းဒေသဖြစ်ပြီး ထိုအချိန်က သက်လူမျိုးများနေထိုင်ရာ ဒေသဖြစ်နိုင်သည်။ တနည်းအားဖြင့် ဆိုသော် ချင်းတောင်တန်းဒေသသည် ပုဂံခေတ်မှစ၍ ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ နယ်နိမိတ်အစိတ်အပိုင်းတစ်ရပ်အဖြစ်တည်ရှိနေသည်။ ပုဂံခေတ်၊ အင်းဝခေတ် ( ခရစ် နှစ် ၁၃ ရာစုမှ ၁၅ ရာစုထိ)၊ ကုန်းဘောင်ခေတ်( ခရစ်နှစ် ၁၈ ရာစုမှ ၁၉ ရာစုထိ) ကျောက်စာ အထောက်အထားများအရ ချင်းဟူသောဝေါဟာရအမည်သည် ဗမာတိုင်းရင်းသားများက ခေါ်ဝေါ်သော အမည်နာမပင်ဖြစ်သည်။ချင်းလူမျိုးများသည် မြန်မာနိုင်ငံ၏ တောင်ပေါ်ဒေသနှင့် မြေပြန့်ဒေသများ၌ ရှေးပဝေသဏီကပင်နေထိုင်ခဲ့ကြပြီး ယင်းတို့ နေထိုင်ရာ ဒေသသည် တောတောင်ထူထပ်ပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကြောင့် ဘာသာစကားနှင့် ဓလေ့ထုံးတမ်းစဉ် လာများအနည်းငယ်ကွဲပြားလာကာ ဒေသအလိုက် မိမိတို့ ကိုယ် မိမိတို့ အခေါ်အဝေါ်များ ကွဲပြားလာခဲ့သည်။
တောင်ပေါ် ဒေသ နေချင်းတို့အနက် တီးတိန်နှင့် တွန်းဇံနယ်တွင် နေထိုင်ကြသူများက မိမိတို့ကိုယ်ကို ဇို (Zo)၊ ယို ( Yao) ဟု ခေါ်ဆိုရာမှ ဇိုမီး (Zomi) ဟု အချင်းချင်းခေါ်ဆိုကြသည်။ ဖလမ်း၊ ဟားခါး၊ ထန်တလန်နယ်တွင် နေုထိုင်ကြ သူများက လိုင် ( Lai) ၊လိုင်ဇို ( Laizo) ဟု ခေါ်ဆိုရာမှ လိုင်မီး ( Laimi)ဟု ခေါ်တွင်ကြသည်။ မင်းတပ်၊ ကန်ပ လက်နယ်များတွင်မူ ချို (Cho, Chou)၊ ချော ( Chhaw) ဟု ခေါ်ဆိုကြသည်။ ပလက်ဝနယ်တွင် ခူ ( Khu), ခူမီ( khumi), ခမီ(Khami) ဟူ၍ ဆင်တူယိုးမှား အမည်များသုံးစွဲခေါ်ဝေါ်ကြ၏၊ မြေပြန့်ဒေသသရက်၊ သံတွဲ၊ မြေထဲ( အောင်လံ)၊ မင်းဘူး၊ တောင်တွင်းကြီး၊ နတ်မောက်၊ ပျဉ်းမနားမြို့စသော မြို့နယ်များတွင် နေထိုင်သော ချင်းလူမျိုးများသည် မိမိတို့ကိုယ်ကို အရှို ( Asho) ဟု ခေါ်ဆိုကြသည်။ ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ငဖဲနယ်များတွင် ယော( Yaw), ချော( Chhaw), ကျော ( Kyaw), စော ( Saw) စသည်ဖြင့် အမျိုးမျိုးမှည့်ခေါ်ကြသည်။ ထို့အပြင် အခြားသော တိုင်းရင်းသား များကလည်း ချင်းလူမျိုးတို့အား အမည်အမျိုးမျိုးခေါ်ဆိုကြပြန်သည်။ ရှမ်းနှင့် ကချင်တိုင်းရင်းသားများကမူ ချင်းတို့ကို ချန်း ( Chang), ခန်း ( Khang) ဟု ခေါ်ဆိုကြသည်။ ကရင် နှင့် ရခိုင်တိုင်းရင်းသးတို့က ချော( Chhaw) ဟု ခေါ်စမှတ် ပြုကြသည်။ မွန်တိုင်းရင်းသားများကမူ ချီယဲန်း ( Chiang), ခယဲန်း ( Khyeng) ဟု ခေါ်ဆိုကြသည်။
ချင်းလူမျိုးတို့သည် ဘီစီ ၆၀၀ ခန့်လောက်တွင် တိဗက်မှ ဟိုမြစ်ကြောင်း အတိုင်းဟူးကောင်းချိုင့်ဝှမ်းကို ဖြတ်၍ ချင်းတွင်း မြစ်ကြောင်း တလျှောက်၊ ထိုမှ တဆင့် အရှေ့ဖက်လှည့်၍ တကောင်းမြို့သို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။ အခြားတဖွဲ့မှာ
ချင်းမျိုးနွယ်တို့သည် ဘီစီ ၁၀၀ ခန့်ကာလမှစ၍ ပုဂံဒေသ၊ မင်းတိုင်ပင်၊ မုံရွာ၊ ဒီပဲရင်း၊ ပုလဲ၊ သရက်၊ အောင်လံ၊ မင်းဘူး၊ မင်းတုန်း၊ တောင်တွင်းကြီး၊ပုပါး စသော ဒေသ အနှံ့အပြားတွင် နေထိုင်ခဲ့ကြကြောင်း တွေ့ရသည်။ အေဒီ ၈ ရာစုခန့်တွင် သလ္လာဝတီမြစ်နှင့် ဧရာဝတီမြစ်ဆုံအရပ်တွင် အလုံးအရင်းနှင့် နေထိုင်ခဲ့ပြီး ချင်းတွင်း ဟူသော အမည်တွင်ခဲ့သည်။ အေဒီ ၈၃၅ တွင် ချင်းတွင်းဒေသရှိ ရှို မြို့တော်ကို တရုတ်ပြည်၊ ယူနန်နယ်မှ နန်ချို ဘုရင့် တပ်များက ၀င်ရောက်တိုက်ခိုက်ဖျက်ဆီးခဲ့သည်။ ခရစ်နှစ် ၁၄၄၉ ခုနှစ်တွင် တရုတ်စစ်သူကြီး ၀မ်ချိ ( Wang- Chi) သည် ရှမ်းတို့အား တိုက်ခိုက်အောင်မြင်ကာ မိုးညှင်းမြို့တော်ကို သိမ်းပိုက်လိုက်၏၊ တရုတ်ရန်ကြောင့် ဧရာဝတီအနောက်ဖက် ကမ်းသို့ထွက် ပြေးလာသော ရှမ်းတို့သည် အခြေစိုက်နေထိုင်ရန်နေရာမရှိသောကြောင့် ပတ်ကွိုင်တောင်တန်း တစ် လျှောက် တက်သွား ရာမှ အသံပြည်ကို သိမ်းပိုက်ကာ အဟုမ်မင်းဆက်တည်ထောင်နိုင်ခဲ့သည်။ ခရစ်နှစ် ၁၅၂၇ ခုနှစ်တွင် အင်အားကြီးမား လာပြီးဖြစ်သော ရှမ်းများက အင်းဝမြို့တော်ကို တိုက်ခိုက်သိမ်းပိုက်နိုင်လေတော့သည်။

ယင်းကဲ့သို့သော မောရှမ်းတို့၏ စစ်ရေးစစ်ရာ လှုပ်ရှားမှုများသည် ချင်းတွင်းချိုင့်ဝှမ်းဒေသရှိ ချင်းများ၏ ငြိမ်ဝပ်ပိပြား ရေးကို မငြိမ်မသက်ဖြစ်စေသည်။ ထို့ကြောင့် ခရစ်နှစ် ၁၄ ရာစုနှင့် ၁၅ ရာစုနှစ်များတွင် ချင်းလူမျိုးများသည် ချင်းတွင်း ဒေသမှ စွန့်ခွါလျက် ချင်းတွင်းမြစ်ဖျားဒေသမှ အောက်ဖက် ဘင်္ဂလားပင်လယ်အော်ကမ်းခြေအထိ ရောက်သော အနောက် ရိုးမ တောင်တန်းဒေသများသို့ ရွှေ့ပြောင်းသွားကြဟု ယူဆကြသည်။ ထို့ကြောင့် ချင်းတိုင်းရင်းသားတို့သည် လွန်ခဲ့သော နှစ်ပေါင်းများစွာက အစပြု၍ ဤပြည်ထောင်စုမြေပေါ်၌ အတူတကွ နေထိုင်လာခဲ့ကြသော သွေးရင်းညီရင်းအ ကိုများပင် ဖြစ်ကြပေသည်။
တဖန် (၁) ချင်းကချင် အုပ်စု၊
(၂) မြန်မာနှင့် ရှေးမြန်မာ အနွယ်အုပ်စု၊
(၃) လိုလိုမုဆိုး အုပ်စု
တဖန် (၁) ချင်းကချင် အုပ်စု၊
(၂) မြန်မာနှင့် ရှေးမြန်မာ အနွယ်အုပ်စု၊
(၃) လိုလိုမုဆိုး အုပ်စု
ဟူ၍ သုံးမျိုးကွဲကာ လမ်းကြောင်း သုံးသွယ်မှ မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက် နေထိုင် လာကြသည်။
ချင်းတို့သည် အနောက်မြောက်နှင့် အရှေ့မြောက်ဖက်စီမှ ဝင်လာကြပြီး နောက်ထပ် ဝင်လာသူများအား
နေရာပေးရင်း အနောက်ရိုးမဖက်သို့ ပြောင်းရွှေ့ သွားကြလေသည်။ အချို့မှာ မြန်မာ့ နယ်နိမိတ်ကိုလွန်၍
လူရှိုင်း (လူရှေ) တောင်တန်းများသို့ လည်းကောင်း၊ မဏိပူရနယ်သို့ လည်းကောင်း ရောက်ရှိ သွားကြသည်။

အခြေခံအားဖြင့် ချင်းတို့ကို ကသည်း၊ မေထေးချင်းနှင့် ချင်းရိုးရိုးဟု ခွဲထားသော်လည်း ဒေသကိုစွဲ၍လည်း
ဒေသအမည်ဖြင့် ခွဲခြား ခေါ်ဝေါ် နေကြခြင်းများ ရှိသည်။ ဤနည်းဖြင့် တီးတိန် (တဲဒင်မ်) ချင်း၊ ဖလမ်းချင်း၊
ဟားခါးချင်း၊ မင်းတပ်ချင်း၊ မတူပီချင်း၊ ကန်ပက်လက်ချင်း၊ ပလက်ဝချင်းနှင့် မြေပြန်ချင်းဟူ၍ အမည်အမျိုးမျိုး
ရှိ၍နေသည်။ ပထ၀ီအနေအထားအရ မြောက်ပိုင်း၊ တောင်ပိုင်းဟုခွဲ၍ ထိုဒေသ အတွင်းနေထိုင်ကြသော ချင်းများကို လေ့လာသော် အောက်ပါအတိုင်း တွေ့ရှိရသည်။

မြောက်ပိုင်းချင်းတောင်
တီးတိန် (တဲဒင်မ်)၊ ဖလမ်း၊ ဟားခါး မြို့နယ်သုံးခုကို အခြေပြု၍ ချင်းမျိုးနွယ်စုများကို လေ့လာသော် -
တီးတိန် (တဲဒင်မ်) မြို့နယ်အတွင်းရှိ ၁၀ မျိုး
(၁) တီးတိန် (တဲဒင်မ်)၊ (၂) ဆိဇန်၊ (၃) ထာ့ဒို၊ (၄) ဇို၊ (၅) တေဇန်၊ (၆) ဆိုင်းဇန်၊ (၇) ခေါနိုး၊ (၈) ဒင်မ်၊
(၉) ဂွေးတဲ၊ (၁၀) ဟွာလ်ငို။

ဖလမ်း မြို့နယ်အတွင်းရှိ ၁၀ မျိုး
(၁) တိုင်ချွန်း၊ (၂) လိုင်ဇို၊ (၃) ခွန်လီ ခေါ် ဆင်းမ်၊ (၄) ခွာလ်ဆင်းမ်၊ (၅) ဇာဟောင်၊ (၆) ဇန်ညပ် (ဇန်နိယပ်)၊
(၇) တပေါင်၊ (၈) လင်တဲ၊ (၉) ငွန်း၊ (၁၀) ဟွာလ်ငို။

ဟားခါး မြို့နယ်အတွင်းရှိ ၇ မျိုး
(၁) လိုင်၊ (၂) ဆင်ထန်၊ (၃) လောက်တူ၊ (၄) ဇိုဖေ၊ (၅) မီရမ်၊ (၆) မိအဲ၊ (၇) ထောရ်။

ကဘော-တမူး ဒေသရှိ ၃ မျိုး
(၁) မြန်မာလူရှိုင်း၊ (၂) အနန်၊ (၃
(၁) မြန်မာလူရှိုင်း၊ (၂) အနန်၊ (၃
တောင်ပိုင်းချင်းတောင်
မင်းတပ်၊ ကန်ပက်လက်၊ မတူပီ မြို့နယ်သုံးခု အတွင်းရှိသော ချင်းမျိုးနွယ်စုများကို လေ့လာသော် -
မင်းတပ်မြို့နယ် အတွင်းရှိ ၃ မျိုး
(၁) မွင်း၊ (၂) မကန်း၊ (၃) ရောင်တူ။
(၁) မွင်း၊ (၂) မကန်း၊ (၃) ရောင်တူ။
ကန်ပက်လက် မြို့နယ်အတွင်းရှိ ၃ မျိုး
(၁) မွင်း၊ (၂) ယင်ဒူး (ဒိုင်)၊ (၃) အူးပူ။

မတူပီ မြို့နယ်အတွင်းရှိ ၅ မျိုး
(၁) မတူ၊ (၂) မီရမ် ခေါ် မရာ၊ (၃) ဒိုင် (ယင်ဒူး)၊ (၄) ဇိုတုံး၊ (၅) လောက်တူ။

ပလက်ဝ နယ်တွင်းရှိ ပလက်ဝ၊ ရှင်းလက်ဝ၊ ဒလက်မေ၊ သမိန် (ဆမီ)၊ ဂါရာပြင် မြို့နယ်ခွဲ ငါးခု အတွင်းရှိသော
ချင်းမျိုးနွယ်စုများကို လေ့လာသော် -
ချင်းမျိုးနွယ်စုများကို လေ့လာသော် -
ပလက်ဝမြို့နယ်ခွဲ
(၁) ခမီ၊ (၂) ဝါကင်းမ် ခေါ် မရို၊ (၃) အနူး၊ (၄) ခေါင်စို၊ (၅) ပနမ်း၊ (၆) လေးမြို့။

ရှင်းလက်ဝ မြို့နယ်ခွဲ
(၁) မရာ၊ (၂) ကလင်ကော့ (လူရှေ)။
(၁) မရာ၊ (၂) ကလင်ကော့ (လူရှေ)။
အခေါ်အဝေါ် ကွဲသော်လည်း မျိုးနွယ်တူချင်းကို ပေါင်းလိုက်ပါက ၄၄ မျိုးသာ ရှိသည်။ ချင်းမျိုးနွယ်စုများ
ကွဲပြားမှုနှင့် ပတ်သက်၍ မှတ်သားရမည့် အချက်မှာ အခြေခံမူ လေးချက်ကို အကြောင်းပြု၍ ကွဲလွဲမှုပင်
ဖြစ်သည်။ ယင်းတို့မှာ

(၁) ပထဝီဝင်အရ ကွဲပြားသောမူ၊
(၂) ပြောဆိုသော ဘာသာစကားအရ ကွဲပြားသောမူ၊
(၃) ဆွေမျိုး မိသားစုအရ ကွဲပြားသောမူ၊
(၄) နိုင်ငံရေး အုပ်ချုပ်မှုအရ ကွဲပြားသောမူများ ဖြစ်သည်။

ထို့ကြောင့် မျိုးနွယ်စုဟု ဆိုရာတွင် လူမျိုးအုပ်စု (Tribes) ကို ဆိုလိုပါသလော၊ မိသားစု (Family) ကို
ဆိုလိုပါသလော၊ မျိုးနွယ်စု (Clan) ကို ဆိုလိုပါသလော၊ ဒေသအနွယ် (Area Inhabitants) ကို ဆိုလို
ပါသလော ဟူ၍ ချင်းအမျိုးသားများမှအပ အခြားသူတို့ လွယ်ကူစွာ နားမလည်နိုင်ခြေ။
ဤနေရာတွင် ချင်းလူမျိုးနှင့် ပတ်သက်၍ ၁၉၀၀ ပြည့်နှစ် အစောပိုင်းမှ ပေါ်ပေါက် လာသယောင်၊ ချင်း (Chin)
ဟူသော ဝေါဟာရသည်ပင်လျှင် အင်္ဂလိပ်တို့၏ ဝေါဟာရ အမွေအလား ထင်မှတ်မှား နေသူများအဖို့
ပုဂံဝန်ထောက်မင်း ဦးတင်၏ ကဗျာဗန္ဓသာရ ကျမ်း လာ ဝေါဟာရ ဖြေရှင်းချက်အား ဖြည့်စွက် တင်ပြလိုက်ရ
ပါမည်ဆိုလျှင်
ချင်း = လူမျိုး အထူးဟူသောအနက်၊ ငစဥ့်ကူးမင်း နားတော်သွင်းတွင် “သောင်သွပ်ခန္တီး၊
ကြက်သီးဝှန်းပြင်း၊ ထပြန်ခြင်းကြောင့်၊ ချင်း နှင့် ကချင်၊ ကြံဆင်ခြင်၍၊ ကြောက်ငြင်မသန်၊
ကျွန်ချည်းမှန်မှ” ဟူ၍လည်းကောင်း၊ ကဗျာသာရတ္ထတွင် “လူမျိုး ချင်း စစ်၊ ချင်းတွင်းမြစ်နား”
ဟူ၍လည်းကောင်း …..ဟူသောစာဆို
ရေးသားမှုများရှိခဲ့ပါသည်။

လူမှုရေးသမိုင်းရှုထောင့်မှသော်၎င်း၊ မနုသာဗေဒအရသော်၎င်း၊ ဘာသာဗေဒအရသော်၎င်း၊ ချင်းလူမျိုးများသည် မွန်ဂိုလ် ( Mongol ) အနွယ်ဝင်၊ တိဘက်-တရုတ် မိသားစုကြီး ( Tibeto-Chinese Family/ Sino-Tibetan) မှ ခွဲထွက်သော တိဘက်-မြန်မာမိသားစု (Tibeto-Burman Sub-Family ) အနက် Assam-Burma Branch ကူကီး-ချင်း (Kuki-Chin) အုပ်စုဝင်များဖြစ်ကြပါသည်ဟုလည်းအဆိုရှိပြန်ပါသည်။ ချင်းအမျိုးသားတို့သည်လျှိုမြောင် ကမ်းပါးထူထပ် သည့် တောအပြိုင်း ပြိုင်းတောင်အထပ် ထပ်မြစ်ချောင်း အသွယ် သွယ်ရောပြွန်း သည့်ဒေသတွင် နေထိုင်သူများဖြစ်သည်နှင့်အညီ ဘာသာ စကားကွဲ (Dialects) အမျိုးမျိုးကိုပြောဆိုကြပြီး မိမိတို့ဘာသာစကား ကိုယ်စီဖြင့် မိမိတို့ အမျိုးနာမည်ကို မှည့် ခေါ်ကြ သည်၊ တနည်းအားဖြင့်ဆိုသော် ချင်းတစ်မျိုးသားလုံး အားညွှန်းဆိုသော ဘုံနာမည် (Common Name / Collective Name / Nomenclature) မရှိခဲ့ဟုဆိုရပါမည်၊
ချင်းလူမျိုးများသည် မွန်ဂိုလွိုက်အနွယ်ဝင်များ ဖြစ်ကြ ကြောင်းကို ရှေးဟောင်းပစ္စည်း အမွေအ နှစ်ရှာ ဖွေ ကြသူများနှင့် သမိုင်းသုတေသီများ အဆိုအရ တင်ပြမည်ဆိုပါက စီလူဝီစ် (Luwis)ရေး သားသော“The tribes of Burma” Burma research Journal No(4)
စာအုပ်တွင် ချင်းလူမျိုးများသည် မွန်ဂိုလွိုက်အနွယ်ဝင် များဖြစ်ကြောင်း C.A Soppitt ရေးသားသော A short History of Kuki-Lusha စာအုပ်၊ Lt.col.J.Shakespear ရေးသားသော The lushai-Kuki Clan. Carry & H.N Tuck ရေးသားသော The Chin Hill နှင့် F.K.Leman ရေးသားသော The strucrute of Chin society စာအုပ်များတွင် ချင်းလူမျိုးများသည တရုတ်ပြည်မှ ဆင်းသက် လာကြပြီး တိဗက်မြန်မာ အနွယ်ဝင်များဖြစ် ကြောင်း ထို့ပြင် ချင်းအမျိုးသား ထဲမှလည်း Pu sing Khaw Khai ရေးသားသော “The Chin Their Name and Tradition စာအုပ်၊ (Central-CLCC Annual Magazine) စာအုပ်မှ ပါမောက္ခဒေါက်တာ အေးအေးငွန် ရေးသားသော ချင်းတို့၏ မှုလဇာတိ နှင့် မှုရင်းဒေသဆောင်းပါး၊ Dr. Vum Son ရေးသားသော Zo History စာအုပ် နှင့် အခြားချင်းအမျိုးသားတော်တော်များများမှလည်း ချင်းလူမျိုးတို့သည် တရုတ်ပြည်တိဗက်ဒေသမှ ဆင်းသက်လာကြပြီး မွန်ဂိုလွိုက် အနွယ်ဝင်များဖြစ်ကြောင်း တညီတညွတ်တည်း လက်ခံကြသည်။ ဗိတိသျှစွယ်စုံကျမ်းဖော်ပြချက်အရ တရုတ်ပြည်မှ ဆင်းသက်လာကြသူများသည် အုပ်စုလေးစုခွဲရာ အာလ်တိုက် (Altaic) အော်óတိ-အာရှတစ် (Austro-Asiatic)၊ အင်-ယူရိုပီယန် (Indo-Europe) နှင့် ဆိုင်နို တိဗက်တန် (Sino-Tibetan)များဖြစ်ကြသည်။ ဆိုင်နိုတိဗက်တန် အုပ်စုတွင်း၌ ဟန်-ချိုင်းနစ် (Han-Chinese)၊ ဟွီ-ချိုင်းနစ် (Hui-Chinese)၊ မယို-ရန် (Miao-Yan)၊ ထိုင်း (Tai)၊ တိဗက်-မြန်မာ (Tibet-Burma) ဟူ၍ ပြန်လည် စိတ်ဖြာဆင်းသက်လာ ကြသည်။ မြန်မာ့သမိုင်းအဆိုအရ Tibeto-Burma အုပ်စု တွင် ရခိုင်၊ ဗမာ၊ ချင်း၊ ကချင်၊ လားဟူ၊ လီဆူး၊ လိုလို မိုဆို၊ နာဂတို့ပါဝင်ကြသည်။ ၁၉၅၅ ခုနှစ် အင်းဝမြို့သို့ အင်္ဂလိပ် သံတမန်ကြီး၏ အတွင်းဝန်အဖြစ် လိုက်ပါလာ သော ကပ္ပတိန် ယူလီကမူ ချင်းနှင့်လူရှိုင်းလူမျိုးများသည် အင်ဒိုချိုင်းနား အနွယ်ဝင် များဖြစ်ကြပြီး ကူကီး၊ နာဂ၊ ချင်းအနွယ်ဝင် များဖြစ် ကြကြောင်း သိရှိရသည်ဟု ရေးသားထားပါသည်။ Dr. Vum Son. Zo History ဖော်ပြချက်အရ ချင်းစကားပြောအုပ်စု တွင် အရှို၊ ချိုး၊ ခူမီး၊ ကူကီး၊ လိုင်မီး၊ မီဇို၊ နာဂနှင့် ဇိုမီး စသည်တို့ ပါဝင်ကြ သည်။
အနောက်ဖက်ရှိ ဘင်္ဂလီကုလားများက ကူကီး (Kuki ) ဟူ၍ ၎င်း၊ အရှေ့ဖက် ရှိမြန်မာများက ချင်း ( Chin) ဟူ၍ ၎င်း ခေါ်ကြသည်၊ ကူကီးဟူသော စကားလုံးအဓိပါယ်ကို သေချာတိကျစွာမသိရသော်လည်း သာမန်အား ဖြင့်တောင်တန်း သားများ ဟူသောအနက် ရဟန်တူပါသည်၊ ချင်း ဟူသော စကားလုံး၏ အဓိပါယ်မှာ လူသား ဟူ၍ ဆိုရပါမည်၊ တိဘက်ကုန်းပြင်မြင့်တွင် ချိယန် ( Qi’an / Chi’an ) ဟူသော ခွေး၊ ဝက်များ မွေးမြူသည့်လူစုရှိခဲ့ရာ ၄င်းတို့သည် တိဘက် ကုန်းပြင်မြင့် အရှေ့တောင် ခြေလျှောအရပ်သို့ရောက်ရှိလာပြီး နှစ်ကာလကြာမြင့်စွာ နေထိုင် ခဲ့ကြသည်ဟုဆိုပါသည်၊ တိဘက်-တရုတ်တို့နှင့်အပြိုင် ယဉ်ကျေးမှု အဆင့်အတန်းရှိခဲ့ကြပြီး အဆိုပါ တိဘက်-တရုတ် တို့၏ ကျုးကျော်တိုက်ခိုက်မှုဒါဏ်ကြောင့် မလွှဲသာမရှောင်သာဘဲ ထိုဒေသကို စွန့်ခွါခဲ့ပြီး အထက်မြန်မာပြည် ဧရာဝ တီ မြစ်ဖျားအရပ် သို့ ရောက်ရှိလာကြသည်၊ ၄င်းအဆိုမှန်ကန်ကြောင်း သာဓကတစ်ခုမှာ ဟူးကောင်း ချိုင့်ဝှမ်း မြောက် ဘက် ချင်းတွင်းမြစ်ဖျားတွင် ချင်းရွာဟောင်းနေရာ များရှိကြောင်း ဆာအလက်ဇင်းဒါးမက္ကင်းဇီး (Sir Alexander Mackenzie ) ကဖော်ပြထားခဲ့သည်၊ ချိယန်၏ အနက်မှာ လူသား ဟုပင်ဖြစ် သည်၊
အမှန်တစ်ကယ်ဆို ကျွှန်တော်တို့ တောင်ပိုင်းချင်း k'Cho (Chou)လူမျိုးများ နှင့် Asho ချင်းတို့အခေါ် Kchang (ချာမ်းလ်)ကနေ ချင်းဖြစ်လာတာလို့ပဲ သုံးသပ်ပါတယ်။ Kchang ၏ အနက်အဓိပ္ပါယ်မှာ လူမျိုးဖြစ်ပြီး K'Cho Kchang ၏အဓိပ္ပါယ်မှာ ချိုး လူမျိုးဟူရ်ျဖြစ်သည်။ Kchang ကို ဗမာစာဖြင့် အသံထွက်ပီပြင်အောင် ရေးဖို့ ပြောဖို့ မလွယ်ကူသောကြောင့် ဗမာနှင့် အခြားသောတိုင်းရင်းသားများ၏ အသံထွက် မပီပြင်မှုတွေကနေတစ်ဆင့် ချာမ်းလ် kChang ကနေ (ချင်း)ဖြစ်လာတာ ဖြစ်နိုင်ပါသည်။ ကျွန်တော်တို့ K'Cho(သို့ )Chou ချိုး ချင်းလူမျိုးတို့သည် မြန်မာနိုင်ငံ၏ ရှေးအကျဆုံးမြို့များဖြစ်ကြသော ပိဿနိုးမြို့ နှင့် ပုဂံပြည်ခေတ်ကတည်းကပင် အခြားသော တိုင်းရင်းသားလူမျိုးများနှင့် အတူရှင်တွဲ နေထိုင်လာခဲ့ကြသည့် လူမျိုးဖြစ်သည်။ သက်သေသာဓကများအနေဖြင့် ဘိုးဘွားများ၏ မျိုးရိုးယျဉ်ကျေးမှု အမွေအနှစ်များနှင့် ရှေးဟောင်းသုဒေသန အဖွဲ့များ၏ တူးဖေါ်တွေ့ရှိချက်များ အရသော်၎င်း ခုလက်ရှိအချိန်ထိ တည်ရှိနေသေးသော ပုဂံပြည်ရှိ ရှေးဟောင်း ကျောက်ဖြ...ာကြီးများကို ကြည့်ခြင်း အားဖြင့်သော်၎င်း သိရှိနိုင်သည်။ယခုအချိန်ထိ ယောနယ်သူယောနယ်သားများမှ အနီးစပ်ဆုံးအသံထွက်ဖြင့် kchangကို ချန်းလ်ဟု ခေါ်ကြသေးသည်ကို ကြည့်ခြင်းအားဖြင့် Kchang or Chang မှသည် ချင်း ဖြစ်လာနိင်သည်ကို ငြင်းစရာမရှိပေ။

ဥပမာတွေအနေနှင့် ဘာသာပြန်ချင်း
ုk'Cho kchang (Cho Chin=ချိုး ချင်းလူမျိုး)
Zopa Kchang (Zopa Chin ရိုဘာ ချင်းလူမျိုး)မြောက်ပိုင် ချင်းလူမျိုး
Laimi Kchang (Laimi Chin လိုင်မီ ချင်းလူမျိုး)
Asho kChang (Asho Chin အရှို ချင်းလူမျိုး)
Zomi Kchang ( Zomi Chin ဇိုမီ ချင်းလူမျိုး)ဟူရ်ျဖြစ်သည်။
ထို့အပြင်ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်ဖြစ်သည့်
''DPI/1316-03025 November 1992-9M ''
အရ ချင်းလူမျိုးသည် မြန်မာနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေရှ့်နိုင်ငံများတွင် ပြန့်နှံ့နေထိုင်ကြပြီး ကမ္ဘာ့လူမျိုးများ အလယ်တွင် လူမျိုးတမျိုးအဖြစ် အသိအမှတ်ပြုရပ်တည်နိုင်ခဲ့ပြီးဖြစ်သည်။
By chin k'cho k'ho
From,@mixweb.
From,@mixweb.
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။