ဦးလေးလှဆွေသို့ ပေးစာ
=================
=================
သို့
ဦးလေး လှဆွေ
နင်နေကောင်းလား
ဦးလေး လှဆွေ
နင်နေကောင်းလား
ငါတော့ နေကောင်းတယ်
နင့်အမေ့ ငါ့ဘွားမေလည်း နေကောင်းတယ်တဲ့...
နင့်အမေ့ ငါ့ဘွားမေလည်း နေကောင်းတယ်တဲ့...
နင့်ကို နင်လို့ သုံးပြီး ငါ့ကို ငါလို့သုံးတာကို နင့်သမီးတွေသိရင် ရိုင်းတယ်ထင်မှာနော်
နင်သိပါတယ်
ငါတို့က တောသားလေ
နဲနဲ ရိုင်းတယ်၊ ဓလေ့ကလည်းဖြစ်နေတော့ အကျင့်ပါနေလို့ အခုလိုပြောမှ ရင်းနှီးတယ်လို့ ခံစားရတယ်..
ငါတို့က တောသားလေ
နဲနဲ ရိုင်းတယ်၊ ဓလေ့ကလည်းဖြစ်နေတော့ အကျင့်ပါနေလို့ အခုလိုပြောမှ ရင်းနှီးတယ်လို့ ခံစားရတယ်..
အာ့ကြောင့် နင်နားလည်ပေး
နင်လည်း လွှတ်တော်အမတ်ဖြစ်မှ နာမည်တော်တော်ကြီးလာတာပဲနော်
ဟိုနေ့ကတောင် dvb မှာ တွေ့လိုက်သေးတယ်
ဟိုနေ့ကတောင် dvb မှာ တွေ့လိုက်သေးတယ်
ငါ့အဖေကတောင် နင့်ကိုကြည့်ပြီးပြောနေသေးတယ်
ဒီကောင်က စကားတော့ တတ်တယ်၊ ဒါပေမယ့် သူ့စကားသူ မမှတ်မိဘူး တဲ့..
ဒီကောင်က စကားတော့ တတ်တယ်၊ ဒါပေမယ့် သူ့စကားသူ မမှတ်မိဘူး တဲ့..
ဒါနဲ့ နင်အခု ကသာမှာ လက်ဝှေ့သွားထိုးမယ်ဆိုလို့ ဘွားမေက မှာလိုက်တယ်
သူ့ဆီဝင်ခဲ့အုံးတဲ့..
ဘုန်းကြီးပင့်ထားတယ်၊ သရဏဂုံလည်း တင်သွားအုံးတဲ့..
ဘုန်းကြီးပင့်ထားတယ်၊ သရဏဂုံလည်း တင်သွားအုံးတဲ့..
နောက်ဆုံးအနေနဲ့လို့သဘောထားပြီး အမျိုးတွေကို လိုက်နှုတ်ဆက်လှည့်ပါအုံးတဲ့...
အမေ့ကျေးဇူးဆပ်တဲ့အတွက် ဘွားမေက ဝမ်းသာနေတယ်..
ငါတို့တနယ်လုံးလည်း ဂုဏ်ယူလို့မဆုံးဘူးဖြစ်နေတယ်..
ငါတို့တနယ်လုံးလည်း ဂုဏ်ယူလို့မဆုံးဘူးဖြစ်နေတယ်..
နင်က ပေါတောတောနဲ့ဆိုပေမယ့် အမေ့တော့ အတော်ချစ်ရှာသားပဲဆိုပြီး တနယ်လုံးပြောမဆုံးဖြစ်နေတယ်
နောက်ပြီး တို့နယ်ထဲက ကုလားတွေကလည်း နင့်ကို အားပေးနေကြတယ်
သူတို့က နင့်ပရိတ်သတ်တွေတဲ့လေ
သူတို့က နင့်ပရိတ်သတ်တွေတဲ့လေ
၂၀၁၂ တုန်းက ထင်တယ်၊ NLD က ဒေါက်တာ မြတ်ဉာဏစိုးက ခိုးဝင်တွေကို စိစစ်ဖို့၊ အရေးယူဖို့ အဆိုတင်တာကို နင်က ကန့်ကွက်ပေးလို့တဲ့...
မဟုတ်ရင် သူတို့ အကုန်အရေးယူခံရမှာတဲ့..
အာ့ကြောင့် ကျေးဇူးအရမ်းတင်တယ်တဲ့...
အာ့ကြောင့် ကျေးဇူးအရမ်းတင်တယ်တဲ့...
ငါ့အဖေ နင့်အကိုကြီးဆိုရင် နင်ပြောမှပဲ မြန်မာဝတ်စုံဆိုတာ ကုလား ပုဆိုးနဲ့ တရုတ်အင်္ကျီမှန်း သိတာတဲ့..
အာ့ကြောင့် နင့်လို ဉာဏ်ပညာကြီးတဲ့လူမျိုးကို တို့နယ်အတွက် အမတ်ရွေးရတာ တန်တယ်လို့ပြောကြတယ်..
ဘွားမေကဆို ငါ့သားလုပ်တာ မှန်တယ်ဆိုတာပဲ ပြောနေတယ်
ဂျာနယ်လစ်တွေကို တကယ်လို့နြူကလီးယားစက်ရုံဖြစ်ရင်တောင် ငံပြာရည်စက်ရုံလို့ လိမ်ရေးခိုင်းတာဟာ မှန်တယ်တဲ့...
အရင် စစ်အစိုးရတုန်းကလည်း ဒီလိုပဲ လိမ်ခဲ့ကြတာပဲတဲ့..
အခုငါ့သားက အဲဒီစနစ်အတိုင်းပြောတာမို့ မှန်တယ်တဲ့...
အခုငါ့သားက အဲဒီစနစ်အတိုင်းပြောတာမို့ မှန်တယ်တဲ့...
အပေါ်က အရပ်ဝတ်ပြောင်းသွားပေမယ့် သောက်ကျင့်က ပြောင်းစရာမလိုဘူးတဲ့..
ဘယ်သူမှလဲ လာမစစ်ဘူးတဲ့...
ဘယ်သူမှလဲ လာမစစ်ဘူးတဲ့...
နင်က လက်ဝှေ့ထိုးပြီးရင် လွှတ်တော်က ထွက်မယ်ဆိုလို့ တချို့က စိတ်မကောင်းဖြစ်နေကြတယ်
အရင်က ဟာသကားတွေကြိုက်တဲ့လူတွေတောင် နင်ပြောတာတွေနားထောင်ပြီး ဟာသကားက နင်ပြောတာလောက်မရီရဘူးလို့ပြောနေကြတယ်
ငါဝမ်းသာလိုက်တာ
ငါ့ဦးလေးတယောက် အခုလို အောင်မြင်ကျော်ကြား လူကြိုက်များနေတာကို သိရတော့ ဂုဏ်ယူလို့မဆုံးဘူး...
ငါ့ဦးလေးတယောက် အခုလို အောင်မြင်ကျော်ကြား လူကြိုက်များနေတာကို သိရတော့ ဂုဏ်ယူလို့မဆုံးဘူး...
ဒါပဲနော်
ကျမ္မာရေး ဂရုစိုက်ပါ ဦးလေး
ကျမ္မာရေး ဂရုစိုက်ပါ ဦးလေး
ဘကြီးကလည်း ကြုံရင် စာရေးအုံးမယ်တဲ့...
ဦးလေးလှဆွေရဲ့ ချစ် တူလေး
.
Yae TayZa
==================
==================
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။