Kumudra added 3 new photos.
ဆင်ခြင်း၊ ဆန္ဒပြမှုရဲ့နောက်ကွယ်ကအဓိက လှုံ့ဆော်ပေးတဲ့ သန့်ရှင်းမျှတတဲ့ရွေးကောက်ပွဲဖြစ်ရေးညွှန်ပေါင်းအဖွဲ့ဖြစ်တဲ့ Bersih အဖွဲ့ရဲ့ လိုဂိုသုံးစွဲခြင်းတို့ကိုလည်း တားမြစ်ခဲ့ပါတယ်။
ဇူလိုင်လက ပြင်ပကိုပေါက်ကြားခဲ့တဲ့စာရွက်စာတမ်းတွေအရ နာဂျစ်ရဲ့ ကိုယ်ပိုင်ဘဏ်စာရင်းထဲကို အစိုးရရင်းနှီးမြုပ်နှံမှုရန်ပုံငွေလုပ်ငန်း 1MDB မှ ဒေါ်လာသန်း ၇၀၀ခန့်ရောက်နေကြောင်းတွေ့ရပြီးတဲ့နောက် ၀န်ကြီးချုပ်ဟာ နိုင်ငံရေးသက်ရှည်ဖို့ ရုန်းကန်ကြိုးစားနေရပါတယ်။ နောက်ပိုင်းမှာတော့ သူက သည်ပိုက်ဆံတွေဟာ အရှေ့အလယ်ပိုင်းက လှူဒါန်းငွေဖြစ်ကြောင်းပြောပြီး သူ့လက်ထောက်နဲ့ အစိုးရအဖွဲ့ဝင် ၄ဦးကို ရာထူးကထုတ်ပယ်ခဲ့တဲ့အပြင် သူ့ကိုစုံစမ်းနေတဲ့ အစိုးရရှေ့နေချုပ်ကိုပါ အလုပ်ထုတ်ပစ်ခဲ့ပါတယ်။
အ၀ါရောင် Bersih လိုဂိုတီရှပ်ဝတ်၊ ခေါင်းပတ်တွေ ပတ်ထားတဲ့ ဆန္ဒပြသူတွေဟာ ဒီကနေ့မှာ နေရာ ၅ခုမှာစုဝေးပြီး လွတ်လပ်ရေးရင်ပြင်ကို စုဝေးချီတက်ဖို့ ပြင်ဆင်ထားကြပါတယ်။ အဆိုပါရင်ပြင်မှာ မလေးရှားရဲ့ ၅၈နှစ်မြောက် အမျိုးသားနေ့ကို တနလာင်္နေ့မှာ ကျင်းပမှာဖြစ်ပါတယ်။
ရင်ပြင်ဆီသွားမယ့်လမ်းတွေကို အဓိကရုဏ်းရဲတွေ ပိတ်ဆို့ထားပြီး ရင်ပြင်ဟာ ဆန္ဒပြသမားတွေကို ကန့်သတ်ထားတဲ့နေရာလို့ အာဏာပိုင်တွေက ပြောပါတယ်။
ဘာသာပြန် - စုပြည့်စုံ
Ref: AP
ပုံ - AP

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။