Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, August 30, 2015

ချမ်းသာသူကို ဘယ်လိုလက်ထပ်ယူရမလဲ


ချမ်းသာသူကို ဘယ်လိုလက်ထပ်ယူရမလဲ
-----------------------------------------------------
လှပချောမောတဲ့မိန်းမပျိုလေးတစ်ယောက် အမေရိကားရှိစီးပွားရေးဖိုရမ်တစ်ခုမှာ “ကျွန်မ ဘယ်လိုလုပ်မှ ချမ်းသာတဲ့သူကိုရနိုင်မလဲ” လို့ ခေါင်းစဉ်တပ်ပြီး အောက်ပါအတိုင်းမေးခဲ့တယ်။

“အောက်ကစာတွေက ကျွန်မစိတ်ထဲကစကားတွေပါ။ ကျွန်မအသက်၂၅နှစ်၊ လူတကာငေးမောရလောက်အောင် လှတယ်။ စကားပြောယဉ်ကျေးတယ်။ သိမ်မွေ့တယ်။ တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၅သိန်းဝင်ငွေရှိသူနဲ့ လက်ထပ်ယူချင်ပါတယ်။ ကျွန်မကို လောဘကြီးတယ်လို့ လူတွေထင်ကြမယ်။ ဒါပေမဲ့ နယူးယောက်လိုနေရာမျိုးမှာ တစ်နှစ်ကို ဒေါ်လာ၁ဝသိန်းရသူကတောင် အလယ်အလတ်တန်းစားဖြစ်တဲ့အတွက် ကျွန်မတောင်းဆိုတာမများဘူးလို့ထင်ပါတယ်။

ဒီဖိုရမ်မှာ တစ်နှစ်၅သိန်းဝင်ငွေရှိတဲ့ လူမရှိဘူးလား၊ သူတို့လက်ထပ်ကုန်ပြီလား။ အားလုံးကို ကျွန်မမေးခွန်းတစ်ခုမေးချင်ပါတယ်။ ကျွန်မဘယ်လိုလုပ်မှ ရှင်တို့လိုသူဌေးတွေကိုရနိုင်မလဲ၊ ကျွန်မချိန်းတွေ့ဖူးတဲ့လူတွေထဲမှာ အချမ်းသာဆုံးက တစ်နှစ်ဝင်ငွေ၂သိန်းခွဲရတဲ့ လူတွေဖြစ်တယ်။ ဒါ ကျွန်မရဲ့အနိမ့်ဆုံး ကန့်သတ်ချက်ပေါ့။ နယူးယောက်မြို့လယ်မှာနေဖို့ဆိုတာ တစ်နှစ်ဝင်ငွေ၂သိန်းခွဲနဲ့ ဘယ်လိုမှမလောက်နိုင်ပါဘူး။ ကျွန်မက တကယ်အကြံဉာဏ် လာတောင်းသူပါ။ ကျွန်မ ထပ်မေးချင်ပါတယ်။

(၁) သူဌေးလူလွတ်တွေ ဘယ်မှာအချိန်ဖြုန်းကြသလဲ၊ (အရက်ဘား၊ ဟိုတယ်၊ gym စတာတွေရဲ့ လိပ်စာ အတိအကျကို သိချင်ပါတယ်)

(၂) ဘယ်အရွယ်သူဌေးတွေကို ကျွန်မပစ်မှတ်ထားရမလဲ၊

(၃) ဘာဖြစ်လို့ တချို့သူဌေးတွေရဲ့ဇနီးမယားတွေက ရုပ်ရည်အတင့်အသင့်ပဲရှိကြတာလဲ။ ကျွန်မမြင်ဖူးတဲ့ တချို့မိန်းကလေးရဲ့ရုပ်ရည်က ရွက်ကြမ်းရေကျိုပါပဲ။ ဘာဆွဲဆောင်မှုမှ မရှိကြဘူး။ ဒါပေမဲ့ သူဌေးတွေကို သူတို့လက်ထပ်နိုင်ခဲ့တယ်။ လူတကာငေးမောရတဲ့ အရမ်းလှ၊ အရမ်းချောတဲ့မိန်းမတွေက ကံမကောင်းကြဘူး။

(၄) ဘယ်မိန်းကလေးမျိုးကို လက်ထပ်မယ်၊ ဘယ်မိန်းကလေးမျိုးကိုတော့အပျော်တွဲမယ်လို့ ရှင်တို့ ဘယ်လို သတ်မှတ်ကြသလဲ (အခု ကျွန်မရဲ့ ရည်ရွယ်ချက်က လက်ထပ်ဖို့ပါ)

---------------

သူ့အမေးကို နယူးယောက် Wall Street မှာ အလုပ်လုပ်နေသူတစ်ဦးက အောက်ပါအတိုင်းဖြေခဲ့တယ်။

“ချစ်လှစွာသော မိန်းကလေး
ရေးထားတဲ့စာအားလုံးကို ကျွန်တော်စိတ်ဝင်တစားဖတ်ခဲ့ပါတယ်။ မိန်းကလေးအများကလည်း ခင်ဗျားလိုပဲမေးချင်ကြမယ်ထင်ပါတယ်။ ခင်ဗျားရဲ့အမေးကို ရင်းနှီးမြှုပ်နှံသူရှုထောင့်ကနေ ကျွန်တော်ဖြေပါရစေ။ ကျွန်တော်ရဲ့ နှစ်စဉ်ဝင်ငွေ ဒေါ်လာ၅သိန်းကျော်ပါတယ်။ ဒါကြောင့် ဒီစာဖတ်သူတွေရဲ့အချိန်ကို ကျွန်တော်မဖြုန်းဘူးလို့ယုံကြည်ပါတယ်။

စီးပွားရေးသမားတစ်ဦးရဲ့အမြင်ကနေကြည့်ရင် ခင်ဗျားနဲ့လက်ထပ်တာ အဆိုးရွားဆုံးရောင်းဝယ်မှုပဲဖြစ်တယ်။ အကြောင်းက ရှင်းရှင်းလေးပါ။ ကျွန်တော်ရှင်းပြပါရစေ။ ခင်ဗျားပြောတဲ့စကားအရဆိုရင် ဒါဟာ “ရုပ်ရည်” နဲ့ “ငွေကြေး” လဲလှယ်မှုတစ်ခုပါပဲ။ တစ်ဖက်က ရုပ်ရည်ပေးမယ်၊ တစ်ဖက်က ငွေကြေးပေးမယ်။ ဒါဟာ သင့်မြတ်တဲ့လဲလှယ်မှုပေါ့။ ဒါပေမဲ့ မပြောမဖြစ် ပြောစရာတစ်ခုရှိတယ်။ ခင်ဗျားရဲ့ရုပ်ရည်က ပျောက်ပျက်တတ်တယ်။ ငွေတွေက ဘာမှမလုပ်ပဲနဲ့တော့ မပျောက်ပျက်သွားတတ်ဘူး။ ကျွန်တော်ရဲ့ဝင်ငွေက တစ်နှစ်ထက် တစ်နှစ်တိုးနေမှာပဲ။ ခင်ဗျားက တစ်နှစ်ထက်တစ်နှစ် လှပနိုင်မှာမဟုတ်ဘူး။

စီးပွားရေးပညာအရပြောရမယ်ဆိုရင် ကျွန်တော်က တန်ဖိုးတက်ပစ္စည်း၊ ခင်ဗျားက တန်ဖိုးကျပစ္စည်း ဖြစ်တယ်။ ကျတာတောင်မှ အရှိန်အမြန်နဲ့ကျမယ့်ပစ္စည်းဖြစ်တယ်။ ခင်ဗျား အခု၂၅နှစ် နောက်ထပ်၅နှစ်မှာ ခင်ဗျားအခုလိုလှပတဲ့ကိုယ်လုံး၊ မြင်သူငေးတဲ့ရုပ်ရည်က တစ်နှစ်ထက် တစ်နှစ်ဆုတ်လျှော့လာမှာပဲ။ လှပတဲ့မျက်နှာက ဆုတ်လျှော့တာပိုမြန်လိမ့်မယ်။ တကယ်လို့  ရုပ်ရည်ဟာ ခင်ဗျားရဲ့အရင်းအနှီးဆိုရင် နောင်၁ဝနှစ်မှာ ခင်ဗျား ဘာမှမရှိတော့ဘူး။

ကျွန်တော်တို့ Wall Streetစကားအရ ပြောရမယ်ဆိုရင် ရောင်းဝယ်တဲ့ပစ္စည်းတိုင်းမှာ အနေအထားတစ်ခုတော့ရှိတယ်။ ခင်ဗျားနဲ့ဆိုရင်တော့ လဲလှယ်မှုအနေအထား (trading position)ပေါ့။ ဈေးကျတာနဲ့ ချက်ချင်းလက်လွတ်လိုက်ရတယ်။ ကြာရှည်သိမ်းထားလို့ မဖြစ်ဘူး။ ဈေးကျမြန်တဲ့ပစ္စည်းတစ်ခုကို လူတွေကအပိုင်ဝယ်မထားဘဲ ခဏတဖြုတ်သာချေးငှားကြမှာပဲ။ တစ်နှစ်ဝင်ငွေ ၅သိန်းဝင်တဲ့လူတွေက လူတုံးလူအတွေတော့မဟုတ်ကြဘူး။ ဒါကြောင့် ကျွန်တော်တို့ဟာ ခင်ဗျားကို ခဏတဖြုတ်ပဲတွဲကြမယ်။ လက်ထပ်ဖို့အထိတော့ရည်ရွယ်ကြမှာ မဟုတ်ဘူး။ သူဌေးတွေကို ဘယ်လိုလက်ထပ်ယူရမလဲဆိုတဲ့ လျှို့ဝှက်ချက်ကို ပင်ပင်ပန်းပန်းရှာမနေပါနဲ့လို့ ကျွန်တော်အကြံပေးပါရစေ။

ကိုယ့်ကိုယ်ကို တစ်နှစ်ဝင်ငွေ ၅သိန်းဝင်တဲ့လူဖြစ်အောင် ကြိုးစားတာက တုံးအတဲ့သူဌေးတစ်ယောက်ကို လက်ထပ်ယူတာထက်စာရင် ပိုမြတ်တယ်လို့ နောက်ဆုံး စကားတစ်ခွန်းပါးလိုက်ပါတယ်။

----
ဖတ်ခဲ့ဖူးတဲ့စာတစ်ပုဒ်ကို ကြိုက်နှစ်သက်လို့ ဘာသာပြန်မျှဝေပါတယ်..

နိုင်းနိုင်းစနေ (Sunday, March 09, 2008)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။