Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, August 30, 2015

အမျိုးစောင့်တယ်ဆိုတာ


အမျိုးစောင့်တယ်ဆိုတာ
============

အမျိုးစောင့်သည်ဆိုသည့်အဓိပ္ပါယ်ကို..
တိကျစွာနားလည်လျှင်..

ပြည်သူများ၏မျှားဦးသည်..
ဘယ်ဘက်သို့လှည့်မည်နည်း..၊

အထောက်အထားများစွာဖြင့် သုံးသပ်ပါမည်..

ဘယ်သူကအမျိုးကိုနိမ့်ကျအောင်လုပ်သလဲ
ဘယ်သူကအမျိုးဂုဏ်ကိုမြှင့်တင်သလဲ..
အဖြေထုတ်ပါမည်..၊

ဝေဘန်လိုသူများ...
ဝင်ရောက်ဆွေးနွေးနိုင်ပါသည်..၊

--------------------

(၁)

စစ်အစိုးရလက်ထက်မှ အခုချိန်ထိ...

တစ်နှစ်လျှင် သတို့သမီး သန်း ၂၀ ခန့်..
လိုအပ်နေသော တရုတ်နိုင်ငံသို့
ကျွန်တော်တို့နိုင်ငံမှ တိုင်းရင်းသူများ..
လျိုအလျို လူမှောင်ခိုကူးခံကြရ သည်။

လက်ရှိအစိုးရလက်ထက်တွင်...
လူမှောင်ခိုလုပ်ငန်းအား ပပျောက်အောင်
အပီအပြင်လုပ်နေသည်ကို တွေ့ရသည်..

ဘယ်လိုလုပ်သနည်းဆိုသော်..

လူမှောင်ခိုအား..
တရားဝင်ဖြစ်အောင်..အိမ်ဖေါ်အမည်ဖြင့်..
ပြောင်းလည်းခြင်းပင်တည်း...

အလွန် စိတ်ပျက်ဖွယ်ကောင်းလေစွ..။

---------------

(၂)

ဦးသန်းရွှေလက်ထက်တုန်းက
အဆိုးဆုံးပင်ဖြစ်သည်..

ပြည်သူကို နားလှည့်ပါးရိုက်လုပ်သည့်အနေဖြင့်..
ပြည့်တန်ဆာများကို ပပျောက်ရေးလုပ်ခဲ့ဖူးသည်..

ပြည့်တန်ဆာများကတော့...
ပပျောက်ပါ၏..

သို့သော်..ကေတီဗီ ၊မာဆပ် ၊ကလပ် များ..
တစ်နိုင်ငံလုံးပွထလာပြီး..
ပြည့်တန်ဆာနာမည်..မခံသော်လည်း
ပြည့်တန်ဆာကဲ့သို့ဖြစ်နေသော..
မြန်မာအမျိုးသမီးများ.ပေါများလာခဲ့သည်..။
နည်းမျိုးစုံဖြင့်...ရေတိမ်နစ်ရရှာသည်..

စားဝတ်နေရေးမပြေလည်သော ခေတ်ဖြစ်၍ ..
ပိုဆိုးသည်..

နာဂစ် ကာလအလွန် ခေတ်များတွင်..
သာ၍ သာ၍ ပိုဆိုးသေးသည်..
ရေဘေးသင့်ကျေးရွာပေါင်းများစွာမှ..
အမျိုးသမီးငယ်ထောင်ပေါင်းများစွာ...
မြို့တက်ပြီး.ကြုံရာလုပ်ကြရင်.း...အနှိပ်ခန်း၊
ကေတီဗီခန်းများသို့ရောက်ရှိကာ..
ရေတိမ်နစ်ရရှာလေသည်။

အခုလတ်တလောဖြစ်နေသော..
ရေကြီးမှုနောက်ပိုင်းတွင်..
အလုပ်လက်မဲ့ဖြစ်လာပြီး..
ခိုးကိုးရာမဲသွားမည့်..မြန်မာတိုင်းရင်းသား
အမျိုးသမီးငယ်များ.အနေနှင့်
တာဝန်ယူမှုအားနည်းသည့်အစိုးရလက်တွင်
ဘယ်လောက် ရေတိမ်နစ်လိမ့်ဦးမည်ကို မသိသေးချေ..

အခုထက်လည်း ပိုဆိုးမည့်အနေအထားဖြစ်သည်..

ထိုကေတီဗီမာဆပ်..လုပ်ငန်းများကို
လာဘ်လာဘရယူပြီး..ဖုံးဖိဖါထေးကာ..
လုပ်ပိုင်ခွင့်မတန်တဆပေးနေသော..
အာဏာပိုင်များလည်း..
လက်ဖျားငွေသီးရင်းသီး ဖြစ်နေပေသည်..

----------------------------

(၃)

တစ်ချို့ အမျိုးကောင်းသားသမီးများကား..
ဇတ်တူသားစားသောခရိုနီများနှင့်
လူမျိုးခြားသူဌေးများလက်တွင်..
စပွန်ဆာဘ၀..၊စမော ဘ၀များနှင့်
ရေတိမ်နစ်ရရှာပေသည်...
လူမသိသူမသိ ခြေတော်တင်ခံကြရသည်
အဓိကက စီးပွားရေးအဆင်မပြေမှုကြောင့်ပေတည်း.."

မော်ဒယ်ရှိုးများ..ဖက်ရှင်ရှိုးများတွင်ပါဝင်သည့်..
မိန်းကလေးများအပြန်ကို
ကားတစ်စီးနှင့်မှောင်ရိပ်အတွင်းမှ
စောင့်နေသူများလည်း..ဒုနဲ့ဒေးပင်....၊
သေခါနီးများတောင်ပါသေးသည်...။

တစ်ချို့သည်...နယ်စပ်မှတစ်ဆင့်..
တစ်ဘက်နိုင်ငံများဖြစ်သော.
.ထိုင်းနိုင်ငံ မဲဆောက် ..
တရုတ်နိုင်ငံလွယ်ကျယ်..
ရွှေလီစသောဒေသများတွင်
ကိုယ်ခန္ဓာနှင့်ရင်းကာ စားသောက်ရရှာသည်..။

ထိုအမျိုးသမီးငယ်များ၏အနေအထားမှာ...
HIV ပိုး မည်သူ့တွင်ရှိသည်မရှိသည်ကိုပင်..
စစ်ဆေး၍ မရနိုင်သော..ရောထွေးမှုပင်ဖြစ်သည်..

မြန်မာ့သမိုင်းတွင်..မကြုံဖူးသော..
မြန်မာအမျိုးသမီးများ၏
ဂုဏ်ရည် ညှိုးနွမ်းမှုပင်ဖြစ်ပါသည်..

ထို့ကြောင့်....
စစ်အစိုးရလက်ထက်တွင်..
မြန်မာတို့၏ အမျိုးဂုဏ်ဇာတိဂုဏ်သည်
ကြီးအာသီးကဲ့သို့ အတွင်းလှိုက်စားကာ..
အတွင်းပုတ်သကဲ့သို့ဖြစ်နေပေသည်..။

မည်သူတရားခံနည်း ?

အမျိုးစောင့် ဇတ်ညွှန်းရေးသူများကသာ
တရားခံဖြစ်ပါသည်..၊

-----------------------

(၄)

အမျိုးဘာသာစောင့်ရှောက်ရေးဟု..
ကိုယ့်ကိုယ်ကို နာမည်ခံကာ..
အမျိုးစောင့်ဥပဒေ စကားတွင်တွင်ပြောနေသည့်
ပုဂ္ဂိုလ်များအားလုံးကို...
အကြံပေးလိုပါသည်...။

ရန်ကုန်မြို့အပါဝင်မြို့ကြီးအချို့တွင်..
အနှိပ်ခန်း၊ကေတီဗီခန်းများ..
ပေါများစွာရှိနေပါသည်..

အနှိပ်ခန်း၊ကေတီဗီခန်း..ဆိုသည်နှင့်
ရိုးရိုးနှိပ်သည်ဟုထင်ကြသည်.
အနှိပ်ခန်းတွင်အလုပ်လုပ်ကိုင်နေသော.
.မြန်မာအမျိုးသမီးများက ...
သမာအာဇီဝကျကျလုပ်ကိုင်သော်လည်း..
နောက်ပိုင်းတွင်..နားလည်မှုများဖြင့်..
စပွန်ဆာဘ၀ ၊ စမောဘ၀..
တိတ်တဆိတ်ဆက်သွယ်ရသည့်..
ဖါဘ၀များ ရောက်ကုန်ကြပါသည်...

ထိုလုပ်ငန်းများကို..
ဆွဲဆောင်သောသူများမည်သူဖြစ်သနည်း...၊
ဖျက်ဆီးသောသူများမည်သူဖြစ်သနည်း..၊
ထိုလုပ်ငန်းများကို ပိုင်ဆိုင်သူများမှာ မည်သူများနှင့်
ဆက်နွယ်နေသနည်း..
မျက်နာမနာပဲ..လေ့လာစေလိုပါသည်။

တစ်ချို့အနှိပ်ခန်းများဆိုလျင် Oil ဖြင့်နှိပ်သော
အနှိပ်မျိုးပင်ဖြစ်သည်..ဘယ်လို နှိပ်သနည်း ၊
ဘယ်သူကခိုင်းသနည်း ..
ပိုင်ရှင်မည်သူနည်း..ဆိုသည်ကို
လေ့လာစေလိုပါသည်..။

ရေကူးဝတ်စုံဖြင့် ရေအတူတူကူးသော.. Pool bar..
အဲဒီအလုပ်တွေကို ဘယ်သူကခွင့်ပြုသလဲ.
.လေ့လာစေလိုပါသည်။

ထိုအလုပ်များသည် လူမျိုးစုံဘာသာစုံကို..
ဖျော်ဖြေရသောအလုပ်များဖြစ်သည်..၊

ကေတီဗီများတွင်လည်း...
သမာအာဇီဝကျကျသီချင်းဆိုသောမိန်းကလေးများအား..
..တဖြည်းဖြည်းကျုံးသွင်းဖျက်စီးသောသူများ..
ဧည့်သည်မလာလာအောင် လုပ်သောလုပ်ငန်းရှင်များ..
မည်သူဖြစ်သနည်း..ဆိုသည်ကို
လေ့လာစေလိုပါသည်..

ခေတ်မီပြီးငွေကြေးချမ်းသာသောအသိုင်းအ၀ိုင်းတွင်..
ထိန်းမရသိမ်းမရထွန်းကားနေသော Sponsor ပေးခြင်းသည်..
မည်သည်ကို ဆိုလိုသည်ကို လေ့လာစေလိုပါသည်..။

ထိုအလုပ်များသည်..
အမျိုးဘာသာကို အမှန်တကယ်ညစ်နွမ်းစေသော
အလုပ်များဖြစ်သော်လည်း..

ထိုအလုပ်များသည် မျိုးနှစ်များလေကျယ်နေသော
အမျိုးစောင့်ပဒေကို ပျက်ရယ်ပြုနေလျှက်ရှိပါသေးသည်..

----------------------------

(၅)

ဘာပဲပြောပြော..
မြန်မာအမျိုးသမီးများနှစ်စဉ်..
ရေတိမ် နစ်နစ်နေရသော...
ညှီနံ့သင့်သည့် လုပ်ငန်းများကို..
အတိုက်အခံပါတီက...
တစ်ခုမှ မလုပ်ခဲ့တာသေချာပါသည်...။

အမျိုးကို ချစ်သည်ဟုပြောကာ..
လုပ်စားနေကြသော စစ်တပ်အနွယ်..
ခွေးသူတောင်းစားများကသာ..
ခွင့်ပြုလုပ်ကိုင်နေကြပါသည်...

မရှင်း၍ မေးလိုသည်က..

အဲဒီပြစ်မှုများတွင်တာဝန်ရှိသော...
ပုဂ္ဂိုလ်များကို...အဘယ့်ကြောင့်..
အမျိုးစောင့်သည်ဟုပြောကာ
ထောက်ခံနေကြသနည်း..?

မြန်မာတိုင်းရင်းသူ...သိန်းပေါင်းများစွာ
ဘ၀ပျက်စေသောသူများကို
အဘယ့်ကြောင့်ထောက်ခံနေသနည်း...?

အလွန်ပင်ရယ်ဖွယ်ရာဖြစ်ပေသည်..၊

စစ်အာဏာရှင်များ အမွေပေးခဲ့သော..
မြန်မာပြည်၏ အရှုပ်ထွေးဆုံးရန်ကုန်မြို့၏ ..
အပြာရောင်ညများကို
မြင်တွေ့သွားပါက...
အမျိုးစောင့်မည်ဟုကြိမ်းဝါးသောသူများ..
ပါးစပ်ဘယ်လိုပိတ်သွားမည်ကို..
မြင်ချင်လှပေသည်။

-------------------------

(၆)

ဒေါ်စုအကျယ်ချုပ်မှလွတ် ပြီးသည့်ချိန်အထိ..
မြန်မာအမျိုးသမီးများ၏ ဂုဏ်သရေနှင့် အရည်အချင်းကို...
ပြည်ပနိုင်ငံများ သိပုံမရပေ...၊

သူတို့သိသည်ကား...
မြန်မာနိုင်ငံသည် ထိုင်းနိုင်ငံပြီးလျင်..
ဒုတိယမြောက်..သွေးသားဈေးကွက်သစ်..
တစ်ခုဖြစ်လာနေပြီး..
ထိုဈေးကွက်သည် ထိုင်းနိုင်ငံထက်
ဈေးသက်သာနိုင်သည်ဟူသော
အချက်ပင်ဖြစ်သည်..

အဘယ့်ကြောင့်ဆိုသော်...မြန်မာနိုင်ငံသည်..
ဆင်းရဲသောနိုင်ငံဖြစ်ပြီး..ထိုင်းနိုင်ငံသည်..
ချမ်းသာလာသောကြောင့်ပင်ဖြစ်သည်။

အမျိုးစောင့်နာမည်ခံတို့ သတိထားရမည့်အချက်ကား..
အမျိုးစောင့်ဥပဒေကိစ္စများကိုတစ်ဘက်က လုပ်ပြလေ..
တစ်ဘက်တွင် အလုပ်လက်မဲ့ များပြားလာသည့်အစိုးရ၏
ညံ့ဖျင်းမှုကြောင့်.. လူမျိုးစုံဘာသာစုံကို နည်းမျိုးစုံဖြင့်..
ပျော်တော်ဆက်မည့် မြန်မာ့ ကေတီဗီမာဆပ်များမှ
မြန်မာအမျိုးသမီးငယ်မျာ...
မှိုလိုပေါက်လာခြင်းပင်ဖြစ်သည်..

ရီရမလား..ငိုရမလားပင်မသိပေ..၊

--------------------

(၇)

ထို့နောက်တွင်..အရာရာအားလုံ
ပြောင်းလည်းသွားပါသည်..။

ဘယ်လိုပြောင်းလည်းသနည်း......?

ဒေါ်စုသည်အကျယ်ချုပ်မှလွတ်လာခဲ့သည်...

ထို့နောက်...
ဒေါ်စုသည်နိုင်ငံတကာသို့စတင်ထွက်ခွါသည့်
အချိန်တွင်.....
အလွန်ထူးခြားသောအပြုအမူကို ပြုမူခဲ့ပေသည်.
ထိုအပြုအမူမှာ...

ဘယ်နိုင်ငံသွားသွား..သွားသည့်နိုင်ငံတိုင်းတွင်..
မြန်မာအမျိုးသမီးဝတ်စုံကို..ယဉ်ကျေးစွာ..
ခန်းနားစွာ...၀တ်ဆင်ခြင်းပင်တည်း..

နှစ်ပေါင်း(၅၀အတွင်း...
မည်သည့်စစ်အာဏာရှင်မှ..
မြန်မာဝတ်စုံဝတ်ဆင်ပြီး
နိုင်ငံခြားသွားသည်ကို..
မတွေ့ခဲံဘူးသော ကျွန်တော်တို့အဖို့
ကြက်သီးထလောက်အောင်ပင်...

ဥရောပ ၊ အာရှ ၊ မြောက်အမေရိက ၊
နေမ၀င်အင်ပါရာ နိုင်ငံများ ၊
ကမ္ဘာ့အတိုးတက်ဆုံးနိုင်ငံများ.....

ထိုနိုင်ငံများသို့သွားတိုင်း.....

မြန်မာအမျိုးသမီးဝတ်စုံကို စနစ်တကျဆင်မြန်းပြီး..
ကမ္ဘာ့ အခန်းနားဆုံးသော...ခန်းမကြီးများတွင်...

ပညာရင့်သန်မှုကိုအရင်းတည်၍...
ထက်မြက်သောအတွေးအခေါ်ကို ဖေါ်ဆောင်ကာ...

မြန်မာပြည်သူများ အား..နိုင်ငံတကာမှ ..
ဂရုဏာသက်စေမည့်စကားများ..
ကူညီစေမည့်စကားများအား...

နိုင်ငံတကာလေးစားလောက်သော
အဆင့်မြင့်သည့် သုံးသပ်ချက်များဖြင့်..
ဟောပြောခဲ့လေသည်...။

ထိုအကျိုးရလာဒ် များထဲမှ တစ်ချက်ကား....

မြန်မာအမျိုးသမီးများကို...နိုင်ငံတကာမှ..
လုံးဝ( လုံးဝ) အထင်မသေးခြင်းပင်ဖြစ်သတည်း..။

နိုင်ငံတကာတွင် နေထိုင်လုပ်ကိုင်ကြသော.
.မြန်မာလူမျိုးများ...အသိဆုံးပင်ဖြစ်ပါသည်..။

သူမသည်..သူမအာဏာမရရှိမီကပင်..
မြန်မာအမျိုးသမီးများအား..
နိုင်ငံတကာတွင်မျက်နှာရအောင
စွမ်းဆောင်ထားခဲ့ပြီးဖြစ်သည်..

ကမ္ဘာ့နာမည်ကြီးအမျိုးသမီးများပါသည့်..
ကမ္ဘာ့အမျိုးသမီးညီလာခံနှင့်လဲ ချိတ်ဆက်ကာ..
နိုင်ငံတွင်းတွင် ကျင်းပလာသည်ကိုလဲတွေ့ရသည်..

သူမသာအာဏာရရှိပါက..
မြန်မာအမျိုးသမီးများ၏ အခွင့်အရေးသည်
ကြီးများကျယ်ပြန့်လာမည်မှာမလွဲပင်ဖြစ်သည်..

----------------------------

(၈)

တကယ်ဆိုရင်..

အမျိုးစောင့်ဇာတ်ညွှန်းရေးသူများလက်ထက်တွင်
မြန်မာအမျိုးသမီးငယ်များ၏ဘ၀သည်..
ပျက်စီးခဲ့ရပြီးဖြစ်သည်..၊

အဲဒီတော့..

ဘယ်သူက..အမှန်တကယ်..
အမျိုးစောင့်ခဲ့ပါသလဲ..?
ဆိုတာကို..။

အမျိုးစောင့်မည် ဆိုသူများအားလုံး..

နားလည်သဘောပေါက်ရန် လိုအပ်ပါကြောင်း..
ပြောကြားလိုပါသည်။

( Pa Yit)

Photo- မူရင်းလူ
 

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။