Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, August 29, 2015

အကောင်းဆုံးယတြာများ



**အကောင်းဆုံးယတြာများ**

(ကောင်း လွန်းလို့ တင်ပေးလိုက်တာပါ ဖတ်ဖြစ်အောင် ဖတ်ပေးပါ။ ဖတ်ပြီးလျှင်လည်း တပါးသူများကို ပြန်လည်ပို့ချပေးပါ။ )

၁။ ဝင်ငွေမ ကောင်းတဲ့အခါ ချွေတာသုံးစွဲတာ အကောင်းဆုံးယတြာ။
၂။ လမ်းသွားတဲ့အခါ ကြီးမားတဲ့ဝီရိယထားခြင်းဟာ အန္တရာယ်ကင်းဖို့ အတွက် အကောင်းဆုံးယတြာ။
၃။ ရန်လိုနေတဲ့လူနဲ့ ဖက်ပြိုင်ပြီးမငြင်းတာ အကောင်းဆုံးယတြာ။
၎။ ဒေါသထွက်စရာ ကြုံတဲ့အခါ စိတ်ဖြေသာတဲ့နေရာကို ရှောင် ထွက်သွား ခြင်းဟာ အကောင်းဆုံးယတြာ။
၅။ မနာလိုဝန်တိုစိတ်ကိုမမွေးအောင် ကံ ကံရဲ့အကျိုးကိုလက်ခံနိုင်အောင် ကြိုးစားတာ အ ကောင်းဆုံးယတြာ။
၆။ စိတ်ကောင်းထားခြင်း ရိုးသားမှုရှိခြင်းဟာ ကြီးပွားရာ ကြီးပွားကြောင်း အတွက် အကောင်းဆုံးယတြာ။
၇။ အားလပ်ချိန်မှာ စာဖတ်တဲ့အကျင့်ကို မွေးမြူခြင်းဟာ အသိအလိမ္မာတိုးတက်စေဖို့အတွက် အကောင်းဆုံးယတြာ။
၈။ ကံဆိုးချိန်မှာ ရတနာသုံးပါးကိုအထူးတလည် ဆည်းကပ်ကိုးကွယ်တာသည် ကံကောင်းတွေရောက်စေဖို့အတွက် အကောင်းဆုံးယတြာ။
၉။ တစ်စုံတစ်ရာ ကျွေးမွေး ပေးအပ်သူကို ကျေးဇူးရှင် တစ်ဦးအဖြစ် မမေ့အပ်တာ အကောင်းဆုံးယတြာ။
၁၀။ သူ့တာဝန် ကိုယ့်တာဝန်ကို တိတိကျကျ ခွဲခြားပြီး တာဝန်ကျေပွန်စွာ လုပ်တာ အကောင်းဆုံးယတြာ။
၁၁။ ရှေ့နောက်မြော်မြင် တတ်တဲ့ ပညာရှိ လူကြီးမိဘရဲ့ ဆိုဆုံးမမှုကို လိုက်နာတာ အကောင်းဆုံးယတြာ။
၁၂။ မရ သေးတဲ့ဥစ္စာကို အပူတပြင်းမတောင့်တ မလိုချင်တာ စိတ်ချမ်းသာစေဖို့အတွက် အကောင်းဆုံးယတြာ။
၁၃။ တတ်နိုင် သလောက် စုဆောင်းသွားတာဟာ အနာဂတ်ခရီးအတွက် အကောင်းဆုံးယတြာ။
၁၄။ ဘဝအရေးနိမ့်တဲ့ကာလမှာ စိတ်ဓါတ်ကိုကြံ့ကြံ့ခံနိုင်အောင် သတိထားမွေးမြူခြင်းဟာ မိမိ မပျက်စီးဖို့အတွက် အကောင်းဆုံးယတြာ။
၁၅။စီးပွားဖြစ်တဲ့အခါ အောက်ခြေမလွတ်အောင် သတိတရားနဲ့နေထိုင်တာ အကောင်းဆုံးယတြာ။
၁၆။ ငယ်စဉ်အခါ ပညာသင်ချိန်မှာ ပညာတတ်ရေးတစ်ခုတည်းကို ရှေ့ရှု့ပြီးတစိုက်မတ်မတ် ကြိုးစားခြင်း ဟာ နောင်ရေးအတွက် အကောင်းဆုံး ယတြာ။
၁၇။အခွင့်အလမ်းပေါ်လာတဲ့အခါ လုံ့လဝီရီယကို ရှေ့တန်းတင်ပြီး အမိအရဆုပ်ကိုင် လိုက်ခြင်းဟာ အောင်မြင်ကြီးပွားဖို့အတွက် အကောင်းဆုံးယတြာ။
၁၈။ ဘာကိုမှမစဉ်းစားပဲ မလုပ်တာမပြောတာ နောင်မှ နောင် တ ရ တယ်ဆိုတဲ့ အဖြစ်မျိုးကို မ ရောက်ဖို့ အတွက် အကောင်းဆုံးယတြာ။
၁၉။သုံးနိုင်တဲ့အခြေအနေရှိရက်နဲ့ စိတ်ကိုလွှတ်ပေးပြီး အရမ်းမဲ့မသုံးစွဲတာဟာ နောင် စိတ်ဆင်းရဲစရာ မကြုံဖို့အတွက် အကောင်းဆုံးယတြာ။
၂၀။ ဘေးရှိတဲ့စကား ကြမ်းတမ်းတဲ့စကားကိုမဆိုခြင်းဟာ နောင် အခါပြဿနာအရှုပ်အရှင်းနဲ့ ရင်မဆိုင်ရဖို့အတွက် အကောင်းဆုံးယတြာ။
၂၁။ သူ့ဘက် ကိုယ့်ဘက်မျှမျှတတ ကြည့်တာ စဉ်းစားတာ လုပ်ကိုင်တာသည် ရေရှည်လက်တွဲဖို့အတွက် အကောင်းဆုံးယတြာ။
၂၂။ မနိုင်တဲ့ဝန်ကို မထမ်းတာဟာ အသက် ရှည်ဖို့အတွက် အကောင်းဆုံးယတြာ။
၂၃။မိမိကိုယ်ကိုအမှန်ရှု့ထောင့်မှ ဝေဖန်သုံးသပ်တာဟာ ရှေ့လျှောက်ရမယ့်ဘဝခရီးမှာ ပန်းခင်းလမ်းဖြစ်ဖို့အတွက် အကောင်းဆုံးယတြာ။
၂၄။ ဒေါသကို အပြင် မထွက်အောင် ထိန်းနိုင် တာဟာ အစစအရာရာ ပြဿနာနည်းပါးစေဖို့အတွက် အကောင်းဆုံးယတြာ။
၂၅။ ကျော်ဖြတ် ရတဲ့ဘဝခရီးမှ အမှားများကို ဆင်ခြင်သုံးသပ်ပြီး ချက်ချင်းပြုပြင် သွားတာ ရှေ့ခရီး ချောမောဖို့အတွက် အကောင်းဆုံးယတြာ။
၂၆။ အတိတ်ကို ပြန်တွေးပြီးလဲ မပူဆွေး။ အနာဂတ်အရေးကို လှမ်းမျှော်ပြီးလည်းမပူပန်။ ပစ္စုပ္ပန်တည့်တည့်မှာသာရပ်ပြီး လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်ကိုင် သွားတာဟာ တိုးတက်ဖို့အတွက် အကောင်းဆုံးယတြာ။
၂၇။ အ ကောင်းမြင် ဝါဒနဲ့ ဘဝခရီးကိုဆက်ခြင်းဟာ အကောင်းဆုံးယတြာ။
၂၈။ ကျန်းမာရေးယိုယွင်းစေတဲ့ အပျော်အပါး လိုက်စားမှု မူးယစ်ဆေးဝါးနဲ့အရက် သေစာကို ရှောင်ရှားတာဟာ အသက်ရှည် ကျန်းမာစေ ဖို့အတွက် အကောင်းဆုံးယတြာပါ။ နေ့စဉ်ဒီအချက်ကလေးတွေနဲ့အညီ ကျင့်ကြံနေထိုင်သွားကြမယ်ဆိုရင်တော့ ယတြာဆိုတာအထူးချေစရာမလိုပါဘူး လို့ ပြောချင်ပါတယ် သူငယ်ချင်းတို့။

ဒါ့ကြောင့်—- ”အဖိုးတန်တဲ့လူသားတစ်ယောက် ဘဝကိုရဖို့ နေ့စဉ်ယတြာချေကြစို့” ကိုးဘွဲ့ ရဆရာတော် အရှင်အာစာရာလင်္ကာရ။

(အရှင်နာယက)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။